ကံထူးမပတ်ဝန်းကျင်မှပျောက်ကွယ်သွားသော
ကျေးရွာများ
၉။အုန်းကုန်းရွာ
အုန်းကုန်းရွာသည် ဇီးပေါက်ရွာ၏ လက်ရှိနေရာ၏ အနောက်မြေက်ဘက် တစ်မိုင်ခွဲခန့်အကွာ တောရကျောင်း ဘုရားအိုခုနှစ်ဆူတန်း၏ အနောက်ဘက်
နှစ်ပြခန့် အကွာ၌ တည်ရှိခဲ့သည်။ (မှတ်ချက်။ဇီးပေါက်ရွာဟောင်းနေရာသည် လက်ရှိနေရာ၏ မြောက်ယွန်းယွန်း စည်ပတုန်းခေါ် စည်တုံးလုံးချောင်းဘေး၌ တည်ရှိခဲ့သည်။)
အုန်းကုန်ရွာသည် ရှေလူကြီးသူမများ ပြောခဲ့သည့် ဇီးပေါက်ရွာအနီး၌ ရှိခဲ့ဖူးသော မန်ကျည်းကုန်း၊ အုန်းကုန်း၊

ဝါးလက်ခုပ်ကုန်းဟူသော
ချင်းရွာသုံးရွာထဲမှတစ်ခုဖြစ်သည်။မန်ကျည်းကုန်ရွာကား မန်ကျည်းကုန်းတော၏
အနောက်ဘက်ကပ်လျက်ရှိသော
ကျွန်ုပ်တို့ငယ်ငယ်က မယ်သူဇာ့သရက်ပင် ခေါ်သော ဧရာမသရက်ပင်ကြီး
ရှိခဲ့သည့်နေရာပင်
ဖြစ်မည်။ သရက်ပင်ကြီးမှာ လူကြီးလေးငါးယောက်ဖက်လောက် ကြီးမားသည်။ အခုမရှိတော့ပါ။ ဝါးလက်ခုပ်ကုန်းကား
ဇီးပေါက်ရွာဟောင်းနေရာ၏ အနောက်ဘက် ခပ်လှမ်းလှမ်း၌ရှိခဲ့သည်။ ဤရွာနှစ်ရွာ၏ အထောက်အထားရှာမရပါ။
အုန်းကုန်းရွာကား သက္ကရာဇ်၁၁၆၈ခု ဆုန်လဆန်း ၁၀ရက်နေ့စွဲပါ ပုရပိုက်တွင် တပိုးသူကြီးက အုန်းကုန်းရွာနေ ဆြာကြီးဦးမြတ်ပုံထံ ပေါင်ထားသည့် ငွေရွက်နီ ချိန်၈၀ိနီကို ငစိန်ခက်က ရွေးနုတ်ယူရသည်ဟု လည်းကောင်း။

၁၂၆၄ခု
တပေါင်းလဆန်း ၁၅ရက်နေ့တွင် ရွာသစ်ကုန်းရွာနေ မောင်မှီ မယားရှင်ကောံတို့က ဘမိတို့ရှိစဉ်
အုန်းကုန်းရပ်နေ
ဦးနှစ်ကြီးက ငွေဒင်္ဂါးပျားရေ ၁၇၆ စ္ပါးတင်းချင် ၄၀ ငွေစပါးများစွာနှင့် ပေါင်ထားရှိသည်ကို ဟူ၍ ပါရှိသဖြင့်
၁၂၆၄ခုနှစ်ထိ ရှိနေသေးကြောင်း သိရှိရသည်။ယခုလက်ရှိတွင် ဒေါ်မိတော သရက်ပင်ဟု

ခေါ်သောသရက်ပင်ကြီးများ
တည်ရှိသည်။ ကျွန်ုပ်မိဘများပိုင် အုန်းကုန်းလယ်နှင့် ဦးအောင်ကြိုင်ပိုင် အုန်းကုန်းလယ်များထဲမှ
လယ်ထွန်ရာတွင် ဆေးတံအိုးများ အတော်များများရရှိခဲ့သည်။ကျွန်ုပ်ထံ၌ ၁၂လုံးခန့် သိမ်းဆည်းထားရှိသည်။
ကျွန်ုပ်ဟိုတယ်တစ်ခု၌ အလုပ်လုပ်နေစဉ်က ပြင်သစ်ပါမောက္ခကြီးနှင့် သူ၏ဒေါက်တာဘွဲ့ ယူမည့် ကျောင်းသူကျောင်းသား လေးဦး နှစ်စဉ် လာရောက်တည်းခိုသဖြင့် အတော်လေးရင်းနှီးသည်။၎င်းတို့မှာ ပျော်ဘွယ်မြို့အနီးရှိ ရှေးယခင်က
ရှိခဲ့ဖူးသော ရွာဟောင်းတစ်ခုကို တူးဖော်၍ ကျမ်းပြုနေကြသူများ ဖြစ်သည်။မုံရွာအနီးမှ ညောင်ကန်
ရွာဟောင်းကဲ့သို့ ပင်။ ကျွန်ုပ်၏ဆေးအိုးများကို ပြသကြည့်ရာ နှစ် နှစ်ရာသုံးရာခန့်မျှသာ ရှိသေးကြောင်း
ပြောပြသည်။
အုန်းကုန်းရွာဟောင်းကိုသွားလိုလျှင် ဇီးပေါက်ရွာ အနောက်မြောက်ဘက် တောရကျောင်း အနောက်ဘက်၌ရှိပါသည်။ သရက်ပင်များသာ ကျန်ရှိတော့သည်။သို့သော် သွားရကျိုးနပ်ပါမည်။ တောရကျောင်း ဘုရားဟောင်းများကို

ဖူးမျှော်နိုင်ပါသည်။
ဘုရားဖူးယင်း စေတနာ သဒ္ဒါပေါက်လာပါက ပြုပြင်မည့်သူကို မျှော်နေရှာသည့်
ဘုရားခုနှစ်ဆူကို ပြုပြင်ပြီး ဘုရားတကာဘွဲ့ ခံယူနိုင်သည်။ ရေကန် သုံးကန်ရှိရာရေတစ်စက်မျှ
မရှိပါ။ လွန်ခဲ့သော ၈နှစ်ခန်က
ရေကန်ပေါင်ကျိုး၍
ကျွန်ုပ်တို့မိသားစုမှ ငွေနှစ်သိန်းခန့် အကုန်ခံ၍ အုတ်ပေါင် ဆည်ပေးထားသည်။ သို့သော်
အနှီချစ်စရာကောင်းသော ဇီးပေါက်သားများက အုတ်ပေါင်၏မြောက်ဘက်မှ ချိုးချပြီး ကန်ရေကို ဖောက်ချကာ ငါးဖမ်းကြသဖြင့် ကန်ပေါင်ကြီးမှာ ၁၄ ပေ အနက် ပေ ၂၀ အကျယ်ခန့် ကျိုးနေသဖြင့် ရေမရှိတော့ပါ။ကောင်းကျိုး

အတော်ပေးသော
ရွာသားများပေ။ သိုနှင့်ပြီးခဲ့သော သကြန်က ဘုရားများ၏ အရှေ့ဘက်၌ ကျွန်ပ်မှ
ရေဘုံဘိုင်တွင်းတူး၍ ရေချမ်းစဉ် တည်ပေးထားခဲ့ရသည်။
အုန်ကုန်းရွာဟောင်းအကြောင်းကားဤမျှသာ။
အုန်ကုန်းရွာဟောင်းအကြောင်းကားဤမျှသာ။
No comments:
Post a Comment