Thursday, October 10, 2013

ပြုံးတော်မူ(၇)

ရွာက ဘုန်းကြီးကျောင်းလေး တစ်ခုမှာပေါ့လေ။ ဘုန်းကြီးတစ်ပါးနဲ့ ကပ္ပိယကြီးတစ်ယောက်ပဲ နေကြတယ်။ ရွာကလေးကလည်း ငယ်ပြီး ရွာသားတွေကလည်း ဆင်းရဲရှာကြတော့ ဆွမ်းကွမ်းကလည်း ရှားပါးတာပေါ့။ ဘုန်းကြီးခမျာလည်းနေ့တိုင်း  သက်သတ်လွတ်ကြီး ဘုန်းပေးနေရတာပေါ့လေ။ တစ်နေ့တော့ ကံအားလျော်စွာ
ရှားရှားပါးပါး ဝက်သားဟင်းလေးတစ်ခွက် ဒကာတစ်ဦးက လာပို့တယ်။ ကပ္ပိယကြီးကလည်း ဘုန်းကြီး
ဆွမ်းစားပြီးလျင်တော့ စားရချေသေးရဲ့ပေါ့လေ။ ဘုန်းကြီးကလည်း တစ်နှစ်လောက်နေမှ အသားဟင်းက ဒီတစ်ခါပဲ ပါတာဆိုတော့ စားကောင်းကောင်းနဲ့ စားလိုက်တာ ဝက်သားဟင်းလေး အကုန်ပြောင်ပါလေရော။
ကပ္ပိယကြီးကလည်း ဘေးကနေ ထိုင်နေတာဆိုတော့ သူ့ဖို့ရာ ဝက်သားက မကျန်တော့ ဒေါသတွေ ထွက်နေတာပေါ့။ ဘုန်းကြီးကလည်း စားပြီးတော့ အေးအေးမနေဘူး။အင်း သူများအသားလေး ကိုယ့်အသားထဲဝင်တော့ တယ် အရသာ
ရှိသကိုးကွဲ့ ကပ္ပိယကြီးရဲ့ တဲ့။ ဟိုကပ္ပိယကြီးလည်း ဒေါသထွက်ထွက်နဲ့ ပြန်ပြောလိုက်တယ်။
အဲဒါဆို ကိုယ်တော် ဖင်ကြီး ကုန်းဘုရားတဲ့။
ဘဝအမောပြေနိုင်ကြပါစေ။

No comments:

Post a Comment