Thursday, October 10, 2013

ဖိုးရဲကျား(၄)

လိပ်ခြံရွာက ပန်းပဲဆရာက ဖိုးရဲကျားပန်းပဲဖိုက ထွက်တဲ့ဓားက လေခုတ်၊ရေခုတ်၊ကြက်ဆူပဒိုင်းကိုင်းရှောင်(ကိုင်းပင်)

သစ်ရာအင်ကြင်း သတင်းမကြားစေနဲ့လို့စာချိုးလို့ ဖိုးရဲကျားက လိပ်ခြံပန်းပဲ
ဟိတ်ဟန်မနဲပါဘူး ထွက်လာတဲ့ဓားကတော့ ထိပ်လန်
လဗြဲအတိုင်းပဲတဲ့။
ဒေါ်ဖွားဇံဆီ သွားတော့ လမ်းက ဇီးဖြူပင်က အသီးတွေ
ကောက်လာပြီး ဖွားဇံရေ ရွှေငကပေးလိုက်တာဟ
နင်စားဖို့လို့ ဆိုသတဲ့။ အပြန်ကျတော့ ဇီးဖြူသီးတွေ
ကောက်လာပြီး ရွှေငရေ ဖွားဇံကပေးလိုက်တာဟနင်စားဖို့ဇီးဖြူသီးတဲ့။မယားနှစ်ယောက်လည်းတဲ့လို့ပေါ့။ပိုက်ဆံကငါးကျပ်တန်လေးနှစ်ရွက်ရှိတာ။တစ်ရွက်ကိုပုဆိုးထဲဝှက်ပြီးရွှေငရေပိုက်ဆံလေးငါးကျပ်ဖွားဇံပေးလိုက်မယ်နော်ဆိုပြီးလက်ထဲကဟာပြတော့ဘာလို့ပေးရမှာတုန်းဆိုပြီး
ဆတ်ကနဲယူသွားသတဲ့။ဒေါ်ရွှေငကတော့တတ်နိုင်တုန်းပေါ့။ပုဆိုးထဲကငါးကျပ်သူမှမမြင်တာကိုး။ပိုက်ဆံလေးတဆယ်တောင်အကြီးလည်းစိတ်ချမ်းသာအောင်အငယ်လည်းသုံးရအောင်အဲဒီလို
ပေးသတဲ့။ကြံကြံဖန်ဖန်ဖိုးရဲကျားရယ်။

No comments:

Post a Comment