ကံထူးမပတ်ဝန်းကျင်မှပျောက်ကွယ်သွားသော
ကျေးရွာများ
၂။ကျွဲခိုးရွာ
အဆိုပါကျွဲခိုးရွာသည် သစ္စေးပင်လှနှင့် သစ်ရာပင်ရွာသစ်ကြား၌ ရှိခဲ့သည်။ ရွာသစ်ရွာ၏တောင်ဘက် သစ္စေးပင်လှ၏ မြောက်ဘက် ရာဇဂြိုဟ်ရွာဟောင်း၏မြောက်ဘက်၌ တည်ရှိခဲ့သည်။ယခုသော်ကားကျွဲခိုးလယ်ခြင်းအဖြစ်သာလူအများ
သိကြတော့သည်။ကျွဲခိုးရွာကို မြန်မာသက္ကရာဇ်၁၁၁၀ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။အလောင်းမင်းတရားကြီး
ရွှေဘိုထီးနန်း စတင်ချိန်ထက် ၅ နှစ်ခန့်စော၏။။ရွာစတင်တည်ထောင်ချိန်တွင်အိမ်ခြေ ၆ အိမ်သာရှိ၏။
၁။ဖိုးခြစ်လှောင်
၂။ဖိုးခြစ်သာ
၃။ဖိုးခြစ်ပုံ
၎။မယ်တိသာ
၅။မယ်တိကြွယ်
၆။မယ်မိဇင်ဟူ၍ တွေ့ရသည်။မောင်နှမသားချင်းများစု၍ ရွာတည်ခြင်း ဖြစ်ပေမည်။လွန်ခဲ့သောနှစ်ပေါင်း၂၆၀
ကျော်ကပင်။ရွာသက်တမ်း မည်မျှကြာခဲ့သည်ကို ရှာဖွေမတွေ့ရှိပါ။ သို့သော် အဆိုပါကျွဲခိုးလယ်ခြင်း၌

၁၂၂၂ခုနတ်တော်လ၌
ရွှေဘိုမြို့ရုံးတော်မှာ ငတုံက ကန်ကလေးကုန်းရွာနေ ငပေါ်သစ်နှင့်လူပေါင်း
၆ယောက်တို့က
ကန်းကလေးကုန်းရွာအရှေ့ ကျွဲခိုလည်ချင်းတွင် ခရဉ်းသွားအိသည်ကို (ခရီးသွားဧည့်သည်ကို)ဓားပြတိုက်
လုယူဖြစ်ကြောင်းနှင့်
ရွှေဘိုမြို့
ဗိုလ်ချုပ်မင်းက
ဆင့်ခေါ်ရာ အရပ်ရပ်ကုန်ငွေဟု ပုရပိုက်တွင် ဖတ်ရှုရသဖြင့် အဆိုပါ ၁၂၂၂ခုလောက်တွင် ရွာရှိချေတော့မည်မဟုတ်ဟု
ယူဆရ၏။
အကယ်၍ ရွာများရှိနေသေးလျင်
ဓားပြတိုက်ကြလိမ့်မည်
မဟုတ်ဟု ယူဆရခြင်းသာ။ မည်သို့ဆိုစေ ဤအရပ်၌ ကျွဲခိုးရွာသည် ရှိခဲ့ဖူးလေသည်ဟု သာမှတ်သားကြပါရန်။
ဤပုရပိုက်တစ်ခုထဲပေါ်တွင်ပင် အခြားရွာတစ်ခုကိုလည်းမှတ်သားထားသေးသည်။
သက္ကရာဇ်၁၁၂၅ခုနှစ် မုံဒိုင်ရွာတည်သည့်စာရင်း
၁။ဖိုးရွှေရန်
၂။ဖိုးရွှေနု
၃။ဖိုးရွှေလှောံ (လှောက်)
၎။ဖိုးရွှေပေါံ(ပေါက်)
၅။ဖိုးရွှေနန်းယူ၍ဖြစ်သည်။
မုံဒိုင်ရွာသည် မည်သည့်နေရာ၌ ရှိမှန်း ကျွန်ုပ်မသိပါ။
သိရှိသူများ ထိုရွာတည်သည့်သက္ကရာဇ်ကို လက်ဆင့်ကမ်းပြောပေးလိုက်ကြပါရန်။
မုံဒိုင်ကျင်းလည်း ဟုတ်ဟန်မတူပါ။မုံဒိုင်ရွာသည် အနီးအနား ပတ်ဝန်းကျင်၌ ရှိမည်ထင်ပါသည်။

No comments:
Post a Comment