ရွှေအလယ်ကြောင်းတွင်ပါဝင်သောကျေးရွာအုပ်စုကြီး
(၇)ခုရှိကျေးရွာများအမည်များမှာ
မက်တောင်ငါးရွာ
၎င်းရွာများအနီးရှိမှက်ကောင်များပေါများသောတောင်ကိုမစွဲပြု၍မှက်တောင်ဟုခေါ်ရာမှကာလရွေ့လျောလာသောအခါမက်တောင်ဟူ၍ဖြစ်လာသည်ဟုဆိုကြသည်။
ထိုမက်တောင်ငါးရွာမှာ
၁။နန်းကျေးသာ
၂။ရေရှင်
၃။ကုန်းကြီး
၎။အောင်းပင်
၅။ဟဲခင်းတို့ဖြစ်သည်။
အင်တိုင်းငါးရွာမှာ
၁။အင်တိုင်း
၂။ကြက်သွန်ကူ
၃။ရေယိမ်း
၎။ကုန်းဈေး
၅။ခေါင်နန်းဟူ၍လည်းကောင်း
၁။အင်တိုင်း၂။ကြက်သွန်ကူ၃။ဝင်ရဲ၎။သရက်ပင်
၅။ကုန်းဈေးဟုလည်းကောင်းရှိသည်ဟုသိရသည်။ကုန်းဈေးမှာကျွန်ုပ်ဖြတ်သွားခဲ့စဉ်ကကုန်စီးဟုခေါ်ကြသည်။ထိုကုန်းစီးနှင့်သရက်ပင်မှာသဖန်းဆိပ်ဆည်ရေပြင်အောက်သို့ရောက်ရှိသွားပြီလား
မသိရပါ။
No comments:
Post a Comment