ငါတို့ ဆဌမတန်းတုန်းက
Aခန်းမှာ ဆရာဦးငွေက အတန်းပိုင် ဆရာပေါ့။အခုတော့ ငါတို့ဆရာကြီးလည်း
သက်ရှိထင်ရှားရော ရှိသေးရဲ့လား မသိတော့ပါဘူး။ နွေရာသီ အားလပ်ချိန်ရလျင် ကလေးတွေကို

စာသင်ပေးလျင်
ဆရာငွေပြောပြတဲ့ ပုံပြင်လေး ခဏခဏ ပြောပြမိတယ်။
သတိမမူ ဂူမမြင်တဲ့။
တစ်ခါက လင်မယား နှစ်ယောက်ရှိတယ်။ယောက်ျားလုပ်တဲ့သူက ဘာအလုပ်မှ မလုပ်ချင်ဘူး။
ဒါကြောင့် မိန်းမလုပ်တဲ့သူကပဲ အားလုံး သိမ်းကြုံးလုပ်ရတယ်။ လယ်ယာလုပ်ငန်း အားလုံးပဲပေါ့။ တစ်နေ့တော့ အမျိုးသမီးက သူနေထိုင်မကောင်းလို့ဒီနေ့ တစ်ရက်လောက် ယာတောသွားစောင့်ပေးပါလို့
ပြောတယ်။ ဒါနဲ့ ယောက်ျားကြီးကလည်း ပျင်းပျင်းရိရိနဲ့ သွားရတာပေါ့။။ တောရောက်တော့ ဝမ်းလျားမှောက်

အိပ်နေတုန်း
ဘုရင်ကြီးတစ်ပါး မျက်စိလည်ပြီး ရောက်လာတယ်။ဒါနဲ့ လူကြီးက နေရာထိုင်ခင်းပေးပြီး ယာထဲက
သခွါးသီး၊ဖရဲသီးတို့နဲ့ ဧည့်ခံတာပေါ့။အရှင်မင်းကြီး ကျွန်တော်မျိုးကိုယ်တိုင် ထွန်ယက်စိုက်ပျိုးထားတဲ့

အသီးများ စားတော်မူပါ
ဘုရားတဲ့။ဘုရင်ကြီးလည်း အသီးများ စားပြီးတော့ လူကြီးကို ဟဲ့ ငယ်ကျွန်ကြီး
ငါကိုယ်တော်မြတ်ကြီး ဝမ်းသွားတော်မူချင်တယ်။ ကျင်းတူးစမ်းဟဲ့ တဲ့။ ဒါနဲ့ ကျင်းတူးပေးရသတဲ့။
ဘုရင်ကြီးလည်း ဝမ်းသွားပြီးတော့ ငယ်ကျွန်ကြီး ငါကိုယ်တော်ကြီး ပြီးသွားပြီဟဲ့။ လာပြီး အညစ်အကြေးတွေ သုတ်သင်ပေးစမ်း လို့ ခိုင်းတယ်။ဒါနဲ့လူကြီးလည်း ကြောက်ကြောက်နှင့် အီးကုန်းပေးရတာပေါ့။

ခဏနေတော့ ဘုရင်ကြီးလည်း ပြန်ထွက်သွားတယ်။ ယောက်ျားကြီးလည်း နေစောင်းတော့
အိမ်ပြန်လာတယ်။အိမ်ရောက်တော့ သူ့မိန်းမကို ဒီနေ့ ယာတောကို ဘုရင်ကြီး
ရောက်လာတဲ့
အကြောင်း သစ်သီးများ ခူးကျွေးလိုက်ကြောင်း ပြောပြတယ်။ဒါနဲ့ မိန်းမကြီးက အခန်းထဲက ပစ္စည်းလေး
တစ်ခု ယူပေးဖို့ ပြောတာနဲ့ အထဲဝင်သွားလိုက်တော့ အခန်းထဲမှာ နေ့လည်က ဘုရင်ကြီး ဝတ်ထားတဲ့

အဝတ်အစားတွေ
စုပုံထားတာကို တွေ့လိုက်ရတယ်။ယောက်ျားလုပ်တဲ့လူဟာ သတိမမူမိတော့ ဂူပေါက်ကြီးကို
မမြင်ခဲ့ဘူး တဲ့လေ။ပြုံးတော်မူ။
No comments:
Post a Comment