Thursday, October 10, 2013

ဖိုးရဲကျား(၂)

ဖိုးရဲကျားက ကျုပ်ငယ်တုန်းကဆို သူ့ဆီသွားသွားပြီး ဟိုဟာလေးမှတ်ခိုင်း ဒီဟာလေးမှတ်ခိုင်းနဲ့ဗျ။ ငါ့မြေးမင်း
တစ်ယောက်ပဲ အဖိုးရဲ့အမွေ ရရစ်မှာတဲ့။ စာပေအမွေပြောတာ။ မင်းတစ်ယောက်ပဲ စာတိုပေစ စိတ်ဝင်စားတာတဲ့။ ဆေးမြီးတို၊အတိတ်နိမိတ်စသဖြင့်ပေါ့။ သူငယ်တုန်းက ဘုန်းကြီးကျောင်နားက သစ်ပင်ပေါ် ဆော့နေတော့ ကျုပ်အဖွားမအောင်မှီတို့ မယ်သီလလေးတွေက သီချင်းဆိုသွားတယ်တဲ့။
ကျမအမယ်သီပါရှင် ရွယ်တူမရတာကြောင့်
မယ်သီလကိုတဲ့ လုပ်ရပါသရှင် လို့ဆိုသတဲ့။ငါ့မြေးရဲ့ မှတ်ထားကွဲ့။
သားသေ လင်ဆုံး၊ကုန်ရှုံး ကြွေးတင်၊လိုလင်မရ၊လဝေး လဝ မယ်သီလ တဲ့ကွဲ့။

ဖိုးရဲကျားပြောခဲ့တာ ပြောတာနော်။ဘယ်သူ့မှမရည်ရွယ်ပါဘူး။
ဒါနဲ့အဖိုးရာ လဝေးလဝ ဆိုတာ ဘာလဲ အဖိုးရ ဆိုတော့ ငါ့မြေးရာ ယောက်ျားနဲ့ကွဲနေတာ လဝေး ယောက်ျားတွေအများကြီးရတဲ့ဟာ လဝ ခေါ်သကွတဲ့။ဖိုးရဲကျားစာချိုးလေး မေ့ပျောက်သွားမှာ စိုးလို့ပါနော်။
ပြုံးတော်မူ။

No comments:

Post a Comment