Thursday, October 10, 2013

ဗဟုသုတ

ငါတို့ဆဋ္ဌမတန်းတုန်း(၁၉၈၃/၈၄)က အင်္ဂလိပ်စာက
ဆရာဦးကံဆောင် သင်တာပေါ့။ ဗန္ဓုလတို့ မြန်မာနိုင်ငံအလံတို့ လောဘကြီးသောခွေးတို့ ပေါ့။
ဆရာဦးကံဆောင်က နောက်တစ်နှစ်ကြတော့ တန့်ဆည်ကို ပြောင်းသွားတယ်။မှတ်မိသေးတယ်။စာသင်နေတုန်း ပုဝါ
အသေးလေး ပုခုံးပေါ်တင်လို့။ ဆရာသမား ပြောင်းသွားပြီးတဲ့နောက် ကိုးတန်းမှာ တန့်ဆည်ကျောင်းက စစ်တာမို့ အတန်းတင်စာမေးပွဲကို သူနဲ့အခြားဆရာတစ်ယောက် လာစစ်ကြတယ်။ကိုယ့်တပည့်ဟောင်းတွေမို့  ဆရာသမားက
ငါတို့ သိပ္ပံတွဲက ကျောင်းသားတွေကို အတော်လေး ဖေးဖေးမမ လုပ်ပေးရှာတယ်။ ငါတို့ဆရာကို အဲဒီကတဲက
မတွေ့ရတော့ဘူး။ တွေ့မယ့်တွေ့တော့ သတင်းစာထဲမှာ။ ကျုပ်လည်း ၈၈အရေးခင်းကြောင့် ကျောင်းတွေပိတ်ထားတော့
မိုးကောင်းမြို့မှာ လက်သမားလုပ်နေရတာ။အဲဒီတစ်နေ့က မိုးကောင်း ဈေးကုန်းရပ်က အိမ်တစ်အိမ်မှာလက်သမားလုပ်ရင်း
ခဏနားတုန်း သီတင်းစာလေး ကောက်ကြည့်မိပါတယ်။ ဓာတ်ပုံက ၁၆ ပုံ။ ချိုထွန်းဆိုတဲ့သူက ထိပ်ဆုံးက။
ဆက်ကြည့်လိုက်တော့ ငါတို့ဆရာဦးကံဆောင်။အားလုံးသေဒါဏ်တဲ့။ကျုပ်မျက်စိတွေပြာသွားတယ်။
ကိုယ့်မျက်စိကိုယ်တောင် မယုံဘူး။ ဘာတွေဖြစ်ကုန်ပြီလဲဟ။ ငါတို့ဆရာ ဘာတွေကျူးလွန်ခဲ့လို့လဲ။ ကျောင်းဆရာနှင့် သေဒါဏ်ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ကျုပ်လည်း အလုပ်ကို ဆက်မလုပ်နိုင်တော့ဘူး။ အိမ်ရှင်ဆီက သတင်းစာတောင်းယူပြီး အိမ်ရောက်တော့ ဓာတ်ပုံတွေကို ကပ်ကျေးနဲ့ အသာညှပ်ပြီး သိမ်းထားရတယ်။ တွေ့တဲ့လူတိုင်းမေးပေါ့။ ငါတို့ဆရာ ဘာကျူးလွန်လို့လဲ။ဘယ်သူ့မေးလို့မှ မရပါဘူး။ စိတ်ထဲမှာလည်း ဘယ်လိုမှ မကောင်းဘူး။ ကိုယ့်ဆရာ သေဒါဏ်မှ
လွတ်မြောက်ပါစေလို့ အမြဲဆုတောင်းရတယ်။ကျုပ်မှာလည်း
တက္ကသိုလ်ဘဝတလျောက်လုံး ကိုယ့်စရိတ်ကိုယ်ရှာ ရုန်းကန်နေရတော့ ရွာဘက်လည်းခြေဦးမလှဲ့နိုင်ခဲ့ဘူး။ ဖားကန့်မှာ ခေါက်စားထမ်းရ၊ရေထမ်းရောင်းရ၊ဆန်ပိုးရောင်းရ၊စက်လှေစပယ်ယာလုပ်ရ၊လက်သမားလုပ်ရနဲ့ပေါ့။ဆရာ့အကြောင်း တွေ့တဲ့လူတိုင်းမေး။ဂဃဏနကို မသိရဘူး။ ဘွဲ့ရခါနီးမှ ပဲငါတို့ဆရာ အယူခံနဲ့လွတ်ပြီးပြီတဲ့။ အခုတော့ ရေဦးမှာ နေထိုင်နေတယ်တဲ့။အဲဒီကြမှပဲ စိတ်ချမ်းသာရတော့တယ်။ ငါတို့ဆရာကြီး ဦးကံဆောင် ကျန်းမာချမ်းသားပါစေ။ဘဝဆက်တိုင်း ကျောင်းဆရာတွေကို သေမိန့်ပေးတယ်ဆိုတာမျိုး နောက်ထပ် မကြုံရမကြားရပါလို၏ မြတ်စွာဘုရား။
နိုင်ငံရေးဆိုတာ တိုင်းပြည်အတွက် လိုအပ်နေတဲ့အချိန်မှာ ဘယ်သူမှ လက်ပိုက်ကြည့်နေနိုင်မှာ မဟုတ်ပါဘူး။ဆရာဦးမင်းဒင်ပြောသလိုပေါ့။ခေတ်ကာလက တောင်းဆိုနေရင် ဘယ်သူမဆို လုပ်ကြရမှာပဲ။
ဆရာသမားများအားလုံး ကျန်းမာချမ်းသာကြပါစေ။
တမလွန်သို့ ရောက်ရှိသွားကြကုန်သော ဆရာသမားအားလုံးလည်း ကောင်းရာသုဂတိ လားကြပါစေသောဝ်။


No comments:

Post a Comment