ကံထူးမပတ်ဝန်းကျင်မှပျောက်ကွယ်သွားသော
ကျေးရွာများ
၈။သုံးထောင့်ရွာ
သုံးထောင့်ရွာသည် ရွာသစ်ကုန်းရွာမှ လိပ်ခြံရွာသို့သွားသည့် လမ်းအနောက်ဘက်၌ ရှိခဲ့သည်။
ကျေးရွာများ
၈။သုံးထောင့်ရွာ
သုံးထောင့်ရွာသည် ရွာသစ်ကုန်းရွာမှ လိပ်ခြံရွာသို့သွားသည့် လမ်းအနောက်ဘက်၌ ရှိခဲ့သည်။
ယခုမောင်းဦးကုန်းရွာ၏
အရှေ့တည့်တည့် တစ်မိုင်ခန့်အကွာ လှည်းလမ်းဘေး ရေရိုးအနီးတွင်ရှိခဲ့သည်။
လက်ရှိအချိန်တွင်
သုံးထောင့်တွင်းဟုခေါ်သော ရေတွင်းတစ်တွင်းသာ ကျန်ရှိတော့သည်။
ရေတွင်းမှာအုတ်အင်္ဂတေတို့ဖြင့်
အခိုင်အမာ ပြုလုပ်ထားသည်။ ကျွန်ုပ်တို့ ငယ်စဉ်က တောကြို တောကြား
သွား၍ ရေဆာလျင် ထိုရေတွင်းထဲ တစ်ယောက်က ဆင်း၍
ရေခပ်သောက်ကြရသည်။ ရွာသစ်ကုန်ရွာသည် ရေနက်သော်လည်း အဆိုပါရေတွင်းမှာ လေးငါးပေထက် မပိုချေ။
ထိုရေတွင်း၏ အနောက်ဘက် ခပ်လှမ်းလှမ်းတွင်
သင်္ချိုင်းကုန်းနေရာ ဟုဆိုသော သစ်တောအုပ်အုပ်တစ်ခု ရှိသည်။ရေတွင်း၏အရှေ့နားတွင် ကျွန်ုပ်
သင်္ချိုင်းကုန်းနေရာ ဟုဆိုသော သစ်တောအုပ်အုပ်တစ်ခု ရှိသည်။ရေတွင်း၏အရှေ့နားတွင် ကျွန်ုပ်
ခုနစ်တန်းကျောင်းသား
အရွယ်ကကိုယ်တိုင်ပါဝင် တူးခဲ့ရသော တစ်ဖက်ရပ်ဆည်ပျက် ရှိသည်။ တူးပြီးပြီးချင်း
ပျက်သောဆည်ပင်။သုံးထောင့်ရွာရိုးမှ
စီးလာသော
ရေကိုတား၍ စိုက်ပျိုးရေရရန်
တူးခဲ့ခြင်း ဖြစ်သည်။
ဦးလူဆင်တော၏
အနောက်ဘက်ကပ်လျက် ရှိသည်။
ဤသုံးထောင့်ရွာကို ပုရပိုက်ထဲတွင် သက္ကရာဇ် ၁၂၂၁ ခု ကဆုန်လပြည့်ကျော် ၃ရက်နေ့ ဇီးပေါက်စီရင်စု
၃ဒေါင့်ရွာနေ သူကြီးဦးကူဟု ပါရှိသည်။ ထိုပြင် ဇီးပေါက်ကျေးရွာဘုန်းကြီးကျောင်းရှိ ပေစာထုပ် ၂၀ထဲတွင် သုံးထောင့်ရွာသားတစ်ဦး လှူဒါန်းထားသော ပေစာတစ်ထုပ်ကိုလည်း တွေ့ရသည်။၁၂၂၁ခုနှစ်သည်
မန္တလေး တည်သည့်နှစ် ဖြစ်သည်။သို့ဖြစ်၍ သုံးထောင့်ရွာသည် မန္တလေးမတိုင်မီကပင် တည်ရှိခဲ့သော
ရွာတစ်ရွာ ဖြစ်ကြောင်း သိရှိရပါသည်။

No comments:
Post a Comment