Thursday, October 10, 2013

ရွှေကျင်၁၃ရွာ

ဆရာကြီးဦးကျော်ရှင်း၏ ရွှေအလယ်ကြောင်းစာအုပ်တွင်ရွှေကျင်၁၃ရွာကို
၁။မြေခု
၂။ဇီးပေါက်
၃။အင်းပက်လက်          ၄။နွားကူး          ၅။တောင်ကြောင်း
၆။ရေရှင်  ၇။တဆန်း  ၈။ခင်မင်  ၉။ရငယ်
၁၀။အင်းကြီး  ၁၁။ကန်သစ်  ၁၂။အင်းရှေ  ၁၃။ရကဲဟူ၍ဖြစ်သည်။

သို့သော် ကျွန်ုပ်ဖတ်ရှုခဲ့သော ပုရပိုက်တွင် ၁၂၄၆/၁၂၄၇ခုနှစ် ရွှေကျင်၁၃ရွာစာရင်းတွင် ရကဲ မပါဝင်တော့ချေ။
နွားကူးတောင်ကြောင်းမှာ တစ်ခုထဲ ဖြစ်သွားပြီး သဲထောင်နှင့် ကြောင်ဆင်းအိုင်တို့ ပါရှိ၏။ ထိုပုရပိုက်အရဆိုသော်

ရွှေကျင် ၁၃ ရွာမှာ
၁။အင်းကြီး
၂။ခင်မင်
၃။ရွာငယ်
၎။သဲထောင့်
၅။အင်းပက်လက်
၆။ဇီးပေါက်
၇။ကန်သစ်
၈။အင်းရှည်
၉။မြေခု
၁၀။ရေရှင်
၁၁။နွားကူးတောင်ကြောင်း
၁၂။ကင်းဇန် (တဆန်းဖြစ်မည်)
၁၃။ကြောင်ဆင်းအိုင် တို့ဖြစ်သည်။

No comments:

Post a Comment