Thursday, October 10, 2013

ပြုံးတော်မူ(၈)

ငါ့ဦးကြီးတင်ညွန့်က ထန်းတက်ပြီး ရတဲ့ထန်းရည်တွေကို အခါးဖောက်ပြီး ရောင်းတယ်။ တစ်ရက်မှာတော့ ထန်းရည်ခါးက ဝယ်သောက်တဲ့လူနည်းတော့ အများကြီး ပိုနေတယ်။ဒါနဲ့ ကိုတင်ညွန့်လည်း ထန်းရည်ခါးတွေကို အရက်ချက်ဖို့ လုပ်တာပေါ့။ အရက်ချက်မယ်ဆိုရင် အိုးသုံးအိုးလိုတယ်။
အောက်ဆုံးကအိုးထဲ ထန်းရည်ခါးထည့်။ အပေါ်ဆုံးအိုးက ဒန်အိုးထဲ ရေအေးထည့်။ အောက်ဆုံးအိုးကို မီးပူပေးတော့ ထန်းရည်ခါးက အငွေ့ပျံပြီး ဒန်အိုးဖင်မှာ အရက်ဖြစ်ပြီး တစ်ပေါက်ခြင်း ပြုတ်ကျ။ အဲဒါကိုမှ အလယ်က ပေါင်းချောင်ထဲမှာ ခွက်ကလေးနဲ့ ခံပြီး အပြင်ကို ဝါးလုံးခေါင်း သေးသေးလေးနဲ့ထုတ် ပုလင်းထဲကို အရက် စုရတာကိုး။ငါ့ဦးကြီးက
အရက်က မချက်ဖူးဘူးပဲ ချက်တော့ ဝါးလုံးခေါင်းထဲကနေ အရက်က ကျမလာဘူးတဲ့။ ဒါနဲ့ အရက်ချက်နေကျ ဘအီဆီ
သွားမေးတာပေါ့။ ဘအီကလည်း ကိုတင်ညွန့်ကလည်း ဝါးလုံးခေါင်း အဝကနေ ပါးစပ်နဲ့ စုပ်လိုက်ပေါ့တဲ့။ ဒါနဲ့ ဦးကြီးတင်ညွန့်လည်း အိမ်ပြန်ရောက်တော့ ဘအီအကြံပေးတဲ့အတိုင်း ဝါးလုံးခေါင်းအဝကနေ အားပါပါနဲ့ စုပ်ချလိုက်တာပေါ့။ ပြောတဲ့လူက ပြောဦးတော့ လိုက်လုပ်တဲ့လူကလည်း  မစဉ်းစားဘူး။အောက်က မီးပြင်းငြင်းနဲ့
ထိုးထားတော့ အရက်ငွေ့တွေက အိုးနဲ့အပြည့်။ ကိုတင်ညွန့်လည်း စုပ်လိုက်ရော ပါးစပ်ထဲ အလုံးအရင်းနဲ့ဝင်ပြီး
ပါးစပ်တစ်ခုလုံး အရက်ငွေ့တွေလောင်လို့ ဦးကြီးတင်ညွန့်လည်း ခုနစ်ရက်လောက် ထမင်းမစားနိုင်ဘူး။ အရည်လေးပဲသောက်နေရတယ်။ ဘဝအမောပြေနိုင်ကြပါစေ။

No comments:

Post a Comment