Thursday, October 10, 2013

သမိုင်း

မြန်မာသက္ကရာဇ် ၁၂၃၀/၁၂၃၁ ခှုစ်တွင် ကံထူးမ ပါတ်ဝန်းကျင် ကျေးရွာအချို့၏ အိမ်ခြေစာရင်းကို ပုရပိုက်ထဲ၌ အောက်ပါအတိုင်း တွေ့ရ၏။ဗဟုသုတ အလို့ငှာ ရေးသားမျှဝေပါ၏။

၁။မြေခုရွာ ၆၅ အိမ်
၂။ကျေးကန် ၉၁ အိမ်
၃။ကျက်ဆူကန် ၆၁ အိမ်
၎။အင်ရေအိုး ၅၃ အိမ်
၅။ကန်ကလေးကုန်း ၅၂ အိမ်
၆။ကံထူးမရွာ ၄၄ အိမ်

၁၂၃၁ခှုစ် တန်ဆောင်းမုန်းလဆန်း()ရက် ရွှေကျင် ၁၃ ရွာ အိမ်ခြေစာရင်း

၁။မြေခုခရိုင် ၅၄၈ အိမ်
၂။ကံသစ် ၁၂၀ အိမ်
၃။အင်ရေအိုး ၇၅ အိမ်
၎။ကြောင်ဆင်းအိုင် ၇၇ အိမ်
၅။ရေရှင် ၁၀၀ အိမ်
၆။ရွာငယ်၂၀ အိမ်
၇။ခင်မင်၂၀ အိမ်
၈။ဇီးပေါက် ၄၀ အိမ်
၉။အင်းပက်လက်ရွာ ၃၉ အိမ်
အင်းပက်လက်ရွာသည် ရွာသစ်ကုန်းရွာ၏ အနောက်မြောက်ဘက် တစ်မိုင်ခန့် ဇီးပေါက်ရွာ၏ အနောက်ဘက် သုံးမိုင်ခန့် ယခု လက်ရှိ မောင်းဦးကုန်းရွာ၏ တောင်ဘက် မိုင်ဝက်ခန့်၌ ဘုရင့်လက်ထက်က ရှိခဲ့လေ၏။ ယခုသော်ကား ဘုရားဟောင်း
တစ်ဆူသာ ကျန်ရစ်၏။၁၂၃၃တွင် ရွာသစ်ကုန်းတည်ရာသို့  ၁၂အိမ် ပြောင်းရွှေ့သွားရာအင်းပက်လက်၌ ၁၀အိမ်သာ
ကျန်ရစ်၏။ ၁၂၄၆/ ၁၂၄၇ခုနှစ်ထိ ရွှေကျင် ၁၃ရွာ စာရင်းတွင် အင်းပက်လက်ကို တွေ့ရသေးသည်။နောက်ပိုင်း၌ ရွာပျက်သွားတော့၏။

*******************************************************************
မြေခုရွာသည် ရှေးရှင်ဘုရင်များ လက်ထက်တော်အခါက ရွှေကျင်၁၃ရွာ၏ ရွှေမှူးများနေထိုင်ရာ အရပ်ဖြစ်လေ၏။ရွှေကျင်၁၃ရွာ နယ်မြေအားလုံးကို အုပ်ချုပ်ခဲ့သည့်ရွာ ဖြစ်လေသည်။ ကံထူးမရွာသည်ပင်လျှင် မြေခုရွာအောက်၌ ရှိခဲ့လေ၏။ ကံထူးမရွာသည် စစ်ပြေးလမ်းမကြီး ဖောက်လုပ်ပြီးသောအခါ အချက်အချာကျ၍ တိုးတက်လာသောအခါ မြေခုသည်ငုပ်နေရစ်တော့သည်။၁၂၄၁/၁၂၄၂ခုနှစ်များတွင် ရွှေကျင်၁၃ရွာရွှေမှူးငဘုန်း
နှင့်မြေခုရွာသူကြီး ငကြွက်ဖြူတို့က သဿမေဓ အခွန်တော်များကို ကျသင့်သည်ထက် ပိုမိုကောက်ခံသောကြောင့်
ဇီးပေါက်ရွာသူကြီးငရန်နုကန်သစ်ရွာသူကြီး ငရွှေခို၊အင်းပက်လက်ရွာခေါင်း ငတော၊မြေခုရွာသား ၂၁ ဦးတို့က
ဘုရင့်ရုံးတော်သို့ တိုင်ကြားရာ အထက်ရုံးတော်မှ တိုင်တားမင်းကြီး အပါအဝင် ဝန်ရှင်တော်သေနတ်ဝန်
လယ်ကိုင်းမြို့စား မင်းကြီး၊ဝန်ရှင်တော် တောင်ခွင်မြို့စားမင်းကြီး  မင်းကြီးသုံးပါးတို့ အဆုံးအဖြတ်အရ
မြေခုခရိုင် စီရင်စု ရွှေကျင်၁၃ရွာ အစီအရင်ကို ငပေါ်သစ်အား လွှဲပြောင်းပေးအပ်သည်။

၎င်းနောက်ပိုင်း၌ မြေခုရွာသူကြီးအဖြစ် ဦးရွှေလုံး၊ရွှေမှူး ဦးချမ်းသာဟူ၍ ဖြစ်လာ၏။

No comments:

Post a Comment