Thursday, October 10, 2013

ကံထူးမပတ်ဝန်းကျင်မှပျောက်ကွယ်သွားသော ကျေးရွာများ(၃)

ကံထူးမပတ်ဝန်းကျင်မှပျောက်ကွယ်သွားသော
ကျေးရွာများ

၃။မြို့ထင်ရွာ

ပုရပိုက်ထဲတွင် မြို့တင်ဟု ရေးထားသည်။
ဤမြို့ထင်ရွာသည် အလောင်းစည်သူမင်းကြီး တိုင်ခန်းလှည့်စဉ် ခပ်လှမ်းလှမ်းမှမြင်ရသော ကျေးကန်ရွာကို မြို့လာရွာလားဟု မေးမြန်းရာ ရွာပါဘုရားဟု ဖြေကြရာ ရွာကလည်း မြို့ထင်ရလောက်အောင် ကြီးလှတယ်။ဒီနေရာမှာ ဘုရားတည်၍ မြို့ထင်ဟု သမုတ်စေဟု မိန့်တော်မူခဲ့သည် ဆို၏။ဤကား ပါးစပ်ရာဇဝင်မျှသာ။
ကျေးကန်ရွာသည် ကြီးသည်မှာ ဖြစ်နိုင်ချေရှိ၏။
အဘယ့်ကြောင်ဆိုသော် ၁၂၃၀ခုနှစ်စာရင်းတွင် ကျေးကန်ရွာအိမ်ခြေသည် အခြားရွာများထက် နှစ်ဆခန့်များသည်ကို တွေ့ရသည်။
မည်သို့ဆိုစေ မြို့ထင်ရွာရှိခဲ့သည်ကို ကားငြင်းပယ်၍ မရနိုင်ပါချေ။၁၁၃၅ခု တပေါင်းလပြည့်ကျော်၁၀ရက်နေ့
အခွန်တော်စာရင်းအရ လယ်ပိုင်ရှင်နှင့်လယ်တော အမည်များကို ဤသို့တွေ့ရှိရသည်။
ငကျော်ဦး သစ္စေးပင်လှတော
ငကောင်းညွန့် ငွေပေါင်ရွာရှေ့တော
မိလှဦး ငွေပေါင်ရွာနောက်တော
ငအောင်ကြိုင် သက္ခါးရွာမြောံတော
ငပုလယ် ကျေးကန်ရွာအရှေ့တော
ငကြွယ်လှ အင်ရေအိုးကျောင်းရှေ့တော
ငအိ မြို့တင်ရွာနောက်တော
ငအယ်ဘော မျက်ဆည်းလည်းရွာအရှေ့တောဟူ၍ဖြစ်သည်။
အထက်တွင်ဖော်ပြခဲ့သည့် အတိုင်း မြို့ထင်ရွာ၏ အနောက်ဘက်၌ ရှိသောလယ်တောကို ငအိမည်သော
သူသည် ပိုင်ဆိုင်ခဲ့ကြောင်းသိရှိရသည်။ ထို့ပြင် သက္ကရာဇ်၁၁၇၅ ပဌမဝါဆိုလညြ့်ကျော်၅ရက်နေ့တွင်
မြေဒူးမြို့တဘယ်မြေတိုင်းကြီးရာဇပြန်ချည်က မြို့တင်နယ်မြေအတွင်း ယုကြောင်ပယ်အဝင်
ပျင်ပင်လယ်၊သုံးဒေါင့်လယ်၊တောင်ပြိုးခင်းလယ်၊မျက်ကတောလယ်မြေမိသားတစု မျိုးလူ၁၄တင်းကျဲများသည်
လယ်မြေရှင်မိသ္ဒါနှင့်ငညိုပါတို့ တမြို့တရွာပြောင်းသွားရှိ။ လယ်ခွန်တော်ထမ်းဆောင်မည်မရှိ။အခွန်တော်
လစ်လပ်ရှိကြောင်းနှင့် မြို့တင်သူကြီးမောင်ကျံက အစီရင်ခံသည်ဖြစ်၍ ဟုရေးသားထားရာ ၁၁၇၅ခုနှစ်က မျြို့တင်သူကြီးဦးကျန်ဖြစ်ကြောင်းကိုပါသိရှိနိုင်ပေသည်။အဆိုပါမြို့ထင်ရွာကားမရမ္မိ၊သရက်ခါးရွာ၏
မြောက်ဘက်တစ်မိုင်ခန့် အကွာတွင်ရှိ၏။ရှေးယခင်ကဘုရားစေတီများစွာရှိခဲ့ရာစေတီများဟောင်းနွမ်းပြိုပျက်
နေသောကြောင့် ၄င်းစေတီများအားလုံးကို စုစည်း၍ ဓာတ်ပေါင်းစုစေတီအဖြစ် ပြောင်းလဲ၍ တည်ထားကိုးကွယ်
ထားကြောင်းသိရသည်။ဘုရားပွဲတော်ကိုနှစ်စဉ်သီတင်းကျွတ်လပြည့်ကျော်၇ရက်၈ရက်နေ့များတွင်ကျင်းပလျက်ရှိသည်။
ကံထူးမနယ်၏ တစ်နှစ်တာ၏ ပထမဆုံးကျင်းပသော ဘုရားပွဲလည်းဖြစ်သောကြောင့်

နှစ်စဉ်စည်ကားသိုက်မြိုက်သည်ကို တွေ့ရသည်။ ဘုရားရှေ့တွင် ရေကန်ကြီးတစ်ကန်ရှိ၍ ဘရားနှင့်ပနံတင့်လှပေသည်။ငယ်စဉ်ကဘုရားပွဲသို့တပျော်တပါးသွားခဲ့ကြရသည်ကိုသာသတိရမိပါတော့သည်။

No comments:

Post a Comment