ဈေးထဲမှာ အင်ဥတွေ
မြင်တော့ ငယ်တုန်းက အဖြစ်အပျက်ကလေး သွားပြီး သတိယမိတယ်။ ငါ ငါးတန်း လောက်တုန်းကပေါ့။
ဒီအင်ဥတွေပေါက်တဲ့ မိုးဦးကျမှာ ငါရယ်၊ ငါ့ညီဝမ်းကွဲသန်ရွန်းရယ် ငါတို့ အကိုတွေ၊အမတွေ
ရွှေကျင်နေတဲ့ နေရာဆီ ဆန်နဲ့ချက်စရာ သွားပို့ရတယ်။ ဆန်လွယ်အိတ်နှစ်လုံးကိုဘယ်ညာလွယ်ပြီး
ရွာကနေ
ခုနစ်မိုင်လောက်ခရီးကို ခြေလျင်သွားရတာပေါ့။လမ်းတလျောက်လုံးကလည်း အင်ပြန်တောကြီးပဲပေါ့။ညီအကို
နှစ်ယောက်လည်း
သွားရင်းနဲ့ လမ်းဘေးမှာ အင်ဥတွေမြေကြီးထဲကနေ အာထွက်နေတာမြင်တော့ အင်ဥရှာကြတာပေါ့။ အင်ဥဆိုတာ
အင်ပင်တွေအောက်က အင်ရွက်ဆွေးတွေအောက်မှာ ပေါက်တာကိုး။ ပဲပင်ပေါက်၊သစ်ပင်ပေါက်တွေ
မြေကြီးထဲကထွက်ရင်
မြေကြီးက အာလာသလိုပေါ့။ ဒါနဲ့ အင်ဥတွေရှာ၊ရတဲ့အင်ဥကို ဆန်လွယ်အိတ်ထဲ ထည့်ပေါ့လေ။ ဟိုရောက်တော့
အမတွေကလည်း အင်ဥတွေရလာတော့ ပျော်လို့ပေါ့။နေ့လည်ထမင်းစားတော့ ဇာတ်လမ်းက
စတော့တာပဲ။တစ်ယောက်က
ထမင်းထဲ သဲပါလို့ဆဲ။နောက်တစ်ယောက်က ကျောက်ခဲသေးသေး ကိုက်မိလို့ ထဆဲနဲ့ဗျိုး။
ကျုပ်တို့ အင်ဥတွေ
ဆန်ထဲထည့်လာတော့ အင်ဥက သဲတွေ ဆန်ထဲ ရောက်ကုန်တာပေါ့။ငါတို့ညီအကိုလည်း ယူလာတဲ့ဆန်မကုန်မချင်း မေတ္တာပို့ခံနေရတော့တာပေါ့။။ဘဝအမောပြေနိုင်ကြပါစေ။
No comments:
Post a Comment