Thursday, October 10, 2013

ဗဟုသုတ

အာဇာနည်နေ့လည်း နီးလာပြီ ဖခင်ဗိုလ်ချုပ်ကို ဆုံရှုံးခဲ့ရတဲ့ နှစ်တွေလည်း မနည်းတော့ဘူး။ ဗိုလ်ချုပ်တို့ ဘန်ကောက်မှာ ဘီအိုင်အေဖွဲ့ကြတော့ နာမည်တွေ အသီးသီးပြောင်းကြတယ်။ ဗိုလ်ချုပ်ကတော့ ဗိုလ်တေဇပေါ့။ ဗိုလ်မှူးကြီးစူဇူကီးကို နာမည်ပြောင်းကြမယ်ဆိုတော့ ဗိုလ်ချုပ်က ဗိုလ်မိုးကြိုးလို့ မှည့်ပေးလိုက်တယ်။အင်းကို ဟင်္သာဆင်းမည်။ ဟင်္သာကို
မုဆိုး လေးနဲ့ပစ်မည်။
မုဆိုးကို ထီးရိုးရိုက်မည်။ ထီးရိုးကို မိုးကြိုးပစ်မည် ဆိုတဲ့ တဘောင်အတိုင်း ဗိုလ်ချုပ်က ရွေးပေးလိုက်တာပေါ့။
အင်းဝကို ဟံသာဝတီက လာသိမ်းမည်။ ဟံသာဝတီကို မုဆိုးဖို(ရွှေဘို)က လေးနဲ့ ပစ်မည်။ မုဆိုးဖိုမင်းဆက်ကို ထီးရိုးဆိုတဲ့ အင်္ဂလိပ်က သိမ်းမည်။ အဲဒီထီးရိုးကို မိုးကြိုးက ပစ်ခွင်းမည်ဆိုတဲ့ တဘောင်ကို ယူပြီး ဗိုလ်မိုးကြိုးလို့ ပေးခဲ့တာပေါ့။ နောက်တော့ ဂျပန်တွေက လွတ်လပ်ရေးပေးမယ် ပြောပြီး မပေးလို့ ဗိုလ်ချုပ်အောင်ဆန်းတို့က ဗိုလ်မိုးကြိုးဆီ သွားပြောတော့ ဗိုလ်မိုးကြိုးက အောင်ဆန်း ဘယ်နိုင်ငံမှာများ လွတ်လပ်ရေးကို အလွယ်တကူနဲ့ ရတာမြင်ဖူးသလဲတဲ့။ လွတ်လပ်ရေးဆိုတာ တိုက်ယူမှရတာ။ ငါသာ မင်းနေရာဆိုရင် ရတော့မယ့် လွတ်လပ်ရေးကို အဆုံးရှုံးမခံဘူး။ ရအောင်ယုမှာပဲ။ ဂျပန်ကိုတိုက်ပြီးမှ လွတ်လပ်ရေးရမယ်ဆိုရင် အခုထတိုက်ပါ။ ဒါပေမယ့် ငါဟာ ဂျပန်တစ်ယောက် ဖြစ်နေတဲ့အတွက် ဂျပန်ဘက်က ဝင်တိုက်ရမှာ။ ငါရှိနေလို့  မင်းတို့တိုင်းပြည် လွတ်လပ်ရေးအတွက် အနှောင့်အယှက်ဖြစ်နေရင် ငါ့ကို အရင်သတ်။ ပြီးတော့ မင်းတို့နိုင်ငံ လွတ်လပ်ရေးကို ရအောင်ယူကြတဲ့။ အဲဒီလို ပြောပြီး သူ့ရဲ့ဓားကို ပေးတယ်။ ဗိုလ်ချုပ်တို့ခင်မျာလည်း ဆရာသမားအရင်းက အဲဒီလိုပြောတော့ ဆရာကြီး မြန်မာပြည်မှာ ရှိနေစဉ် ဂျပန်ကို မတော်လှန်ပါဘူး ဆိုပြီး ပြန်ခဲ့ကြရတယ်။ မကြာခင်မှာပဲ ဗိုလ်မိုးကြိုးကို ဂျပန်ကို ပြန်ခေါ်သွားလို့ ဗိုလ်ချုပ်တို့လည်း ဖက်ဆစ်တော်လှန်ရေးကို  လုပ်နိုင်ကြတော့တယ်။ ဗိုလ်မိုးကြိုးခေါ် ဗိုလ်မှူးကြီးစုဇူကီးရဲ့ မြန်မာပြည်အပေါ်ထားတဲ့ စိတ်ရင်းကလေး ငါ့ညီတို့ သိအောင် ပြန်ပြီး ဖောက်သည်ချရတာပါ။


No comments:

Post a Comment