သန်းဇော်ဦးက
သူ့ဘဝ ကြမ်းလွန်းလို့တဲ့။ ဝမ်းလည်းနဲပါတယ်။ ကိုယ့်တိုင်းပြည် အုပ်ချုပ် မင်းလုပ်ခဲ့တဲ့ကောင်တွေ
သောက်သုံးမကျခဲ့တော့
ငါ့ညီတို့တတွေလည်း ရပ်ဝေးမြေခြားမှာ မိသားစုနဲ့ဝေးကွာပြီး ရုန်းကန်လှုပ်ရှားနေကြရတာ။
ဘဝဆိုတာ ဒီလိုပါပဲ။ ပျော်ရာမှာမနေရ တော်ရာမှာနေရတဲ့။ စိတ်မညစ်ပါနဲ့။ လူတိုင်း ကိုယ်လိုပဲ
ရုန်းကန်နေကြရတယ်လို့ မှတ်ပါလေ။ကိုကြီး ငါးတန်းတက်တော့ တို့ရွာက စုစုပေါင်း ၁၃ ယောက်တက်တယ်။
အားလုံးခြေလျင်ပေါ့။ မင်းတို့ အင်ပင်အိုင်ရွာထဲက ဖြတ်ပြီး သွားကြရတာ။အဲဒီ ၁၃ ယောက်မှာ
၁၀ ယောက်အောင်တယ်။ နှစ်ကျတစ်ယေက်နဲ့ဆို ၆တန်းမှာ ၁၁ ယောက်။ ဒီထဲက ၆ ယောက်အောင်တော့
၇ တန်းမှာ ၆ ယောက်ပေါ့။ ကျောင်းဖွင့်ပြီး တစ်လလောက်နေတော့ ကျန်တဲ့ငါးယောက်က စက်ဘီးကိုယ်ဆီနဲ့
သွားကြရော။ ကိုကြီးတစ်ယောက်ထဲပဲ ခြေလျင်ပေါ့။ ကျန်တဲ့လူငါးယောက် စက်ဘီးစီးလာတာမြင်တော့
ကိုကြီးမှာ သူတို့ကို ရင်မဆိုင်ရဲလို့ ဘော်ကတောရဲ့ တောင်နားက လယ်ခြင်းလမ်းကနေ ဖြတ်ပြီး
ကျောင်းကို သွားခဲ့ရတာ။ လမ်းမှာ ကိုယ့်ဘကို ဝမ်းနည်းပြီး မျက်ရည်ကျခဲ့ရတာ
အခုထိကိုကြီးမေ့လို့ မရသေးပါဘူး။ ကိုကြီး အဲဒီတုန်းကတဲက ဘဝကို အရှုံးပေးခဲ့ရင် မဟာဘွဲ့တောင်
ရမှာမဟုတ်ပါဘူးကွယ်။
ငါးတန်းကနေ ၁၀တန်းထိ ခြေလျင်လျောက် အသွားအပြန် ၈ မိုင်ကျော်ခရီး ခြေလျင်လျောက် ကျောင်းတက်ခဲ့ရတဲ့ဘဝတွေ ကိုကြီး ခုထိ မေ့လို့မရပါဘူး။ အဲဒီတော့ ငါ့ညီ ဘဝကိုစိတ်မညစ်ပါနဲ့။ ကိုယ့်ထက်ဆိုးတဲ့ လူကြီးပဲလို့ပဲ စိတ်ထဲမှာ ထားပြီး ကြိုးစားပစ်လိုက်ပါ။ဘဝဆိုတာ တိုက်ပွဲပဲပေါ့။
ကိုကြီးဆို ရင်စက်ဘီးမပြောနဲ့ ဖိနပ်တောင် ကောင်းကောင်းမစီးခဲ့ရဘူး။ မှတ်မိသေးတယ်။ ရှစ်တန်းတုန်းက ဖိနပ်က သဲကြိုးပြတ်တော့ ဝယ်စရာမရှိလို့ တွယ်အပ်နဲ့ ထိုးတွယ်ပြီးစီးတော့ အဲဒီသူကောင့်သား တွယ်ချိတ်က ခရမ်းခြံက ကောင်မလေးတွေရှေ့ ပြုတ်ထွက်လာလို့ သောက်ရှက်ကွဲခဲ့ရတာ။ ၉တန်းစာမေးပွဲဖြေပြီး ပကာရွာဘက် ရွှေကျင် လိုက်သွားတယ်။ကျောင်းလခရအောင်လို့ပေါ့။ပိုက်ဆံရရချင်း စင်ကြယ်ဖိနပ် ပြေးဝယ်ပြီးစီးခဲ့ရတာ။ နောက်ထပ် အရှက်မကွဲအောင်လို့။ခုနစ်တန်းတုန်းက စက်ဘီးနဲ့သွားတဲ့ ကောင်မလေးတစ်ယောက်က သူ့ကို ခဏခဏကွင်းရလွန်းလို့ စိတ်တိုပြီး ကျောင်းကအပြန် တစ်ညနေလုံး နင်တို့ချီးပဲ ကွင်းပေးနေရတယ် ပြောတော့ ငါတို့ရှိလို့ စီးရတာတဲ့။ ကိုကြီး ဘဝကို တော်တော်နာသွားတယ်။စိတ်ထဲကနေ ပြောလိုက်ပါတယ်။ ငါ ကားစီးနိုင်တဲ့ အချိန်ကြရင် နင့်ကို ငါ ကားနဲ့ တိုက်သတ်မယ်လို့။ ကိုကြီး ရုန်းကန်ခဲ့ရတာတွေ ငါ့ညီတွေ သိစေချင်လို့ပါ။ ပထမနှစ်ကနေ မဟာဘွဲ့ရတဲ့ထိ ဖားကန့်မှာ ခေါက်စားထမ်းရ၊ ရေထမ်းရောင်းရ၊မှော်ရှန်နဲ့ဖားကန့်ဆန်ပိုးရောင်းခဲ့ရ၊

လုံးခင်းနဲ့ဖားကန့်ပြေးတဲ့စက်လှေမှာ
စပယ်ယာလုပ်ခဲ့ရ၊ လက်သမားလုပ်ခဲ့ရ၊ နန့်မဖြစ်နဲ့ဖားကန့် ကုန်စိမ်း အငှားထမ်းခဲ့ရနဲ့။
ငါ့ညီတို့မှာ ကိုကြီးလောက် ဘဝတွေ မဖြတ်သန်းခဲ့ရသေးပါဘူးကွယ်။ဇွဲမလျော့ပါနဲ့။
စိတ်ဓာတ်မကျပါနဲ့။ငါတို့အကိုကြီးတောင် အခက်အခဲ အမျိုးမျိုးကို ကျော်လွှားပြီး အင်္ဂလိပ်စာနဲ့ မဟာဘွဲ့ရအောင်

ယူခဲ့သေးတာပါလားလို့
စိတ်ညစ်တဲ့အချိန်
စိတ်မွန်းကြပ်တဲ့အခိန်မှာ ကိုကြီးကို သတိရပြီး ဘဝမှာ ခွန်အားတွေ
တိုးတက်နိုင်ပါစေလို့ ဆန္ဒမွန်ဖြင့် အင်ပင်အိုင်သားကြီး သန်းဇော်ဦးနဲ့ အဝေးရောက် ညီငယ်၊ညီမငယ်များနှင့်တန့်ဆည်သူ၊တန့်ဆည်သား
အားလုံးသို့
အမှတ်တရ။
ဦးကျော်ရင်မြင့်၏ ဘဝဇာတ်ခုံ စာအုပ်စာမျက်နှာ ၁၂၉၌ ကိုကြီးအကြောင်း ဖတ်ရှုနိုင်ပါကြောင်း။။

No comments:
Post a Comment