ပုဂ္ဂိုလ်ခြောက်ဦးအတ္တကျူး
အထူးကြည့်လို့ရှောင်
ဂဏန်းပုတ်သင်
ဝါးပင်လိပ်မျိုး
နွားသိုးတောက်တဲ့။
၁။ဂဏန်းလိုဘေးတိုက်သွားသူ။လက်မထောင်သူ။ရန်လိုတတ်သူ။
၂။ပုတ်သင်လိုခေါင်းသာညိတ်တတ်သူ
၃။ဝါးပင်လိုလေယူရာယိမ်းတတ်သူ
၎။လိပ်ကဲ့သို့ကိုယ့်ဗိုက်အောက်သာယက်တတ်သူတကိုယ်ကောင်းဆန်သူ
၅။နွားသိုးကဲ့သို့ ရန်လိုတတ်သူ တဏှာရာဂထူပြောသူ
၆။တောက်တဲ့ကဲ့သို့ကိုယ့်ဂုဏ်ကိုဖေါ်တတ်သူတဲ့။
အဲဒီတော့ ငါ့ညီတွေ လူပေါင်းမမှားကြစေနဲ့ဗျား။ လူပေါင်းမှားရင်တော့ မင်းတို့မပြောနဲ့။ ရုက္ခစိုးနတ်မင်းကြီးတောင်

မခံနိုင်ဘူးလို့မှတ်ကြလေ။ဟိုတုန်းက
လူငယ်လေးသုံးယောက်က မြို့ပြင်က ညောင်ပင်ကြီးအောက်မှာ
ဖိုးလာလာရှူကြသတဲ့။
အဲဒီလို ကောင်လေးတွေ နေ့တိုင်း ဖိုးရှူကြတာကို သစ်ပင်ပေါ်က ရုက္ခစိုးမင်းကြီးမြင်တော့
ဒီကောင်လေးတွေ
ငါ့အပင်အောက်လာလာပြီး ဒီမီးခိုးငွေ့တွေ ရှူရှူပြီး မျက်စိတွေပိတ် မှိန်းနေလိုက်ကြတာ။
ဒီမီးခိုးငွေ့တွေက
ဘယ်လောက်များ ကောင်းလို့ပါလိမ့်ဆိုပြီး ကောင်လေးတွေဆီက ထွက်လာတဲ့ မီးခိုးကို သူက
အပေါ်က နေရှူကြည့်သတဲ့။ အားလားလား တယ်ကောင်းပါလားဆိုပြီး ရုက္ခစိုးမင်းကြီးလည်း ဖိုးစွဲရောတဲ့ဗျို့။ ဒီလိုနဲ့ ကောင်လေးတွေက အောက်ကရှူ ရုက္ခစိုးကြီးက အပေါ်ကရှူနဲ့ပေါ့။ တနေ့တော့ ကောင်လေးတွေက ပိုက်ဆံကမရှိတော့ ဖိုးက မဝယ်နိုင်ဘူးတဲ့။ ဒါနဲ့ ညောင်ပင်ကြီးအောက် လာမှိုင်နေကြတာပေါ့။ ရုက္ဂစိုးကြီးကလည်း ဖိုးမရှူရတော့ အပေါ်က မနေနိုင်၊မထိုင်နိုင်ဆိုတော့ ဘိုးကြီးအို ယောင်ဖန်ဆင်းပြီး ကောင်လေးတွေကို မေးသတဲ့။ မင်းတို့ ဒီနေ့ ငြိမ်လှပါလား။နေ့တိုင်းလို မလုပ်ကြဘူးလား ဆိုတော့ ကောင်လေးတွေက ပိုက်ဆံမရှိလို့ဗျ ဆိုတယ်။ ဒီလိုဆို မြင်းသွားပြိုင်ပါ့လား။ ငါ့မှာ မြင်းကောင်းကောင်း တစ်ကောင်ရှိတယ်။ သူနဲ့ဝင်ပြိုင်ရင် မင်းတို့နိုင်မှာကွ ဆိုပြီး သူ့ကိုယ်သူ မြင်းထီးကြီး ဖန်ဆင်းလိုက်တယ်။ ကောင်လေးတွေလည်း မြင်းကြီးနဲ့သွားပြိုင်တော့ ရုက္ခစိုးမြင်းကြီးဆိုတော့

သူချည်းနိုင်တာပေါ့။
ဒါနဲ့ ကောင်လေးတွေလည်း အဆင်ပြေ။ရုက္ခစိုးကြီးလည်း အဆင်ပြေလို့ပေါ့။
လေးငါးဆယ်ရက်ကြာတော့
ကောင်လေးတွေက ဖိုးမရှူပဲ ညောင်ပင်အောက် လာမှိုင်နေပြန်ရော။ ဒါနဲ့ ရုက္ခစိုးကြီးက အပေါ်က
ဖိုးမရှူရတော့ ရင်းထလာတော့ ဘိုးကြီးအိုယောင်ဆောင်ပြီး ကောင်လေးတွေကို ဟ ဘယ်လိုဖြစ်ပြန်တာတုန်းဟ
မင်းတို့ အဆင်မပြေပြန်ဘူးလား မေးတော့ ကောင်လေးတွေက ခင်များမြင်းထီးကြီးက ပြိုင်တိုင်းနိုင်လို့
ပြိုင်ပွဲက လက်မခံတော့ဘူးဗျ ဆိုတော့ ဒါဆို မြင်းထီးနဲ့ ပြိုင်မရရင် မြင်းမနဲ့ပြိုင်ကွာ
ဆိုပြီး ရုက္ခစိုးက သူ့ကိုယ်သူ မြင်းမကြီး ဖန်ဆင်းလိုက်တယ်။ ဒီမြင်းမကြီးကလည်း ရုက္ခစိုးတဖြစ်လည်း
ဆိုတော့ ပြိုင်တိုင်းးနိုင်
ပြန်ရော။ အဲဒါနဲ့
ကျန်တဲ့မြင်းပိုင်ရှင်တွေက သဘောကြပြီး မင်းတို့မြင်းမကြီးက အတော်ကောင်းသကွာ။ ဒီကောင်မက
မွေးတဲ့မြင်းတွေဆိုပိုကောင်းမှာကွ။ ငါတို့ မြင်းမကြီး သားစပ်ပေးရအောင်ဆိုပြီး မြင်းထီးကြီးခေါ်ပြီး
သားစပ်ပေးကြသတဲ့။
ရုက္ခစိုးနတ်မင်းကြီးတောင်
လူပေါင်းမှားတော့ မြင်း--ိုးခံရသတဲ့။ဟီးဟီး။
ပြုံးတော်မူ။
ပြုံးတော်မူ။
No comments:
Post a Comment