မိုးကလည်း တစ်ပေါက်မှ
မကျဘူး။ ဒီနှစ်လည်း မိုးခေါင်ပြန်ဦးမယ် ထင်ပါရဲ့။ ငါတို့ နှစ်တန်းတုန်းဆီက သုံးနှစ်လောက်
ဆက်တိုက်မိုးခေါင်လို့ ရွာသူရွာသားတွေ ပြောင်းဆန်နဲ့ရောရ၊ ပဲနဲ့ရောရ၊ဆန်ပြုတ်သောက်ကြရနဲ့၊မှတ်မိသေးတော့တယ်။
အခုလိုမိုးမရွာတဲ့အခါမျိုး ဖိုးရဲကျားဆီသွားပြီး မိုးဘယ်တော့ရွာမလဲ အဖိုး ဟုမေးကြည့်တော့
ရွာရပ်ကတော့ ဝါကပ်မှပဲ ရွာတော့မယ်။ဒါပေမယ့်
သူဋ္ဌေးငရဲကို မမေးပဲနှင့် အပြေးမဆဲကြနဲ့ဦး
အခုမှ မှိုက ကလေးလဗြဲလောက်ပဲ ရှိသေးတယ်တဲ့။
ဖိုးရဲကျားက ပန်းပဲလုပ်တယ်။ ရွာထဲက အဒေါ်ကြီးက သူ့ဆီက ဓားမကြီး ဝယ်လာပြီး ခုတ်တော့ ပဲ့သွားရော။
ဒါနဲ့ဖိုးရဲကျားဆီ ပြန်သွားပြီး အဖိုးဓားမကြီးက ပဲ့သွားပြီဆိုတော့ နင်က ခုတ်လာတာ နေမှာကိုးဟဲ့ တဲ့။
သစ်သားတွေ အနှစ်ဆိုရင်တော့ ဘာသားပဲဖြစ်ဖြစ် ကောင်းမှာပဲဆိုပြီး နဘဲသားနဲ့ အိမ်ဆောက်သတဲ့။
နဘဲသားအိမ်ဆောက် ငရဲကျားအိမ်ရောက်
နဘဲသားလည်း အနှစ်ကျန်
ငရဲကျားလည်း လထစ်ကျန်
နဘဲသားဘည်း ဆွေးရော
ငရဲကျားလည်း ပြေးရောတဲ့။
ရွာထဲက တစ်ယောက်က နတ်တင်ခိုင်းတော့
နတ်ရေ တိုင်ထိပ်ကနေ ထိုင်ကြိတ်ပေတော့
ရဲကျား ဖျင်းတယ်လို့ မပြောနဲ့ ပဲကြားဟင်တဲ့။

ကိုက်ချင်ရင်ရွှေသင့်သာကိုက်တဲ့။
ရွာသစ်က အဒေါ်ကြီးနှစ်ယောက် နွားပျောက်လို့
ဖိုးရဲကျားဆီ လာမေးတယ်။ တစ်ယောက်က ဆံထုံးနှစ်ထုံးနှင့်။ နောက်တစ်ယောက်က ဆံထုံးက တစ်ထုံးထဲ။ အဲဒီ အဒေါ်ကြီးကလည်း နှာခေါင်းမှာ အမာရွတ်ကြီးနဲ့။အဖိုးရယ် နွားနှစ်ကောင် ပျောက်သွားလို့ တွက်ချက်
ပေးစမ်းပါဆိုတော့ ဟဲ့ နင်တို့နွားနှစ်ကောင်က တစ်ကောင်က ချိုကျိုးနေတယ် မဟုတ်လားတဲ့။ ဟာ ဟုတ်တယ် အဖိုးတဲ့။ အဲဒီ ချိုကျိုးတဲ့ အကောင်က နှာခေါင်းရိုးပေါ်မှာ ကြာပါတယ်နော်တဲ့။ ဟာ ဟုတ်တယ် အဖိုးရေ ဟုတ်တယ်။ ဆံထုံးတစ်ထုံးနဲ့ မိန်းမကြီး အတိတ်ကောက် ပြောနေတာ။ အဲဒီလို မေးနေတဲ့အချိန် အိမ်ထဲက နွားကျွေးခေါင်းကို နွားကြီးနှစ်ကောင် ခြံစည်းရိုး ခုန်ဝင်ပြီး စားတော့ ဖိုးရဲကျားက ပြန်ကြတော့ဟ။ စားကျင်းနှိုက်နေပြီတဲ့။
အဒေါ်ကြီးတွေ အိမ်ရောက်တော့ နွားတွေက အဟုတ်ကို အိမ်မှာရောက်လို့ အစာစားနေကြပြီ။
အတိတ်နိမိတ်ကောက်တဲ့ ပညာပေါ့။ အခုတော့သိတဲ့လူ ရှားသွားပြီ။ ဖိုးရဲကျား ကောင်းရာသုဂတိလားပါစေ။

No comments:
Post a Comment