ကံထူးမပတ်ဝန်းကျင်မှ
ပျောက်ကွယ်သွားသော
ကျေးရွာများ
၁။ရာဇဂြိုဟ်ရွာ
ရေစကြိုဟုလည်း ခေါ်ကြသည့် ရာဇဂြိုဟ်ရွာသည် ယခုလက်ရှိ သစ္စေးပင်လှရွာ၏ မြောက်ဘက်၌

တည်ရှိခဲ့၏။
သစ္စေးပင်လှမှရွာ သစ်ရွာသို့ သွားသည့်လမ်း၏ အရှေ့ဘက်၌ တည်ရှိခဲ့သည်။
၁၁၉၆ခုနှစ် တပေါင်းလပြည့်ကျော်(၃)ရက်နေ့ နေ့စွဲဖြင့် ရာဇဂြိုဟ်ရွာနေ ဦးဘေ သားမောင်ရွှေညံ ဟူ၍

တွေ့ရသည်။မည်သည့်အချိန်တွင်
ရွာပျက်သွားကြောင်းမသိရပါ။ သီပေါမင်းပါတော်မူပြီး နောက်ပိုင်းတွင်
ပျက်မည်ဟု
ခန့်မှန်းရသည်။ ရွာအချို့မှာ ၁၂၄၇နောက်ပိုင်းတွင် ပုရပိုက်ပေါ်၌ မတွေ့ရတော့ချေ။
မည်သို့ဆိုစေ ရာဇဂြိုဟ်ရွာဟောင်းသို့ သွားလိုလျင် သစ္စေးပင်လှရွာ၏ မြောက်ဘက် ရွာသစ်လမ်းဘေး၌ ရှိပါသည်။သစ္စေးပင်လှရွာမှ ဒကာများ ပြုပြင်ထားသော ဘုရား ၃ ဆူကို သပ်ပယ်စွာ ဖူးမြော်နိုင်ပါသည်။

အေးချမ်းတိတ်ဆိတ်၍
ဘာဝနာတရားပွားများလိုသူများ သွားရောက်၍ ကုသိုလ်ပွါးနိုင်ပါသည်။
ဘုန်းကြီးကျောင်းငယ်လေး တစ်ဆောင်ရှိပြီး သစ္စေးပင်လှရွာမှ ကိုရင်ကြီးကိုဆယ်မောင် သီတင်းသုံး

နေထိုင်လျက်ရှိပါကြောင်း
ကျွန်ုပ်ဖတ်ခဲ့ ရောက်ခဲ့ဖူးသမျှ ဝေမျှလိုက်ပါသည်။
No comments:
Post a Comment