ဇမ္ဗူဒီပါတောင်ကျွန်းသြဘာနိမိတ်ထွန်း
ဇမ္ဗူဒိတ်နိမိတ်ထွန်းတဲ့။
တခြားတိုင်းပြည်တွေတော့ မသိဘူး။ ကိုကြီးတို့နိုင်ငံကတော့ အတိတ်၊နိမိတ်၊တဘောင်တွေနဲ့ ကင်းလို့ကို မရဘူး။
အလောင်းမင်းတရားကြီး နန်းတက်တော့ အဌမင်္ဂလံဆိုတဲ့ ဂါထာကို ထပ်ခါတလဲလဲ ရွတ်ပြီး နန်းတက်တော့ ပညာရှိအမတ်ကြီးက ဘုရင်ကြီးနန်းသက် ၈နှစ်ပဲကြာမယ်လို့ နိမိတ်ဖတ်တယ်။ အလောင်းမင်းတရားကြီးဟာ တကယ်ပဲ ၈နှစ်ထဲ နန်းစံရတယ်။ဘိုးတော်ဦးဝိုင်းနန်းတက်တော့ ဆေးတံဆိုတဲ့ တဘောင်ပေါ်တယ်။ ဆေးတံဆိုတော့ ၃၇။

ဒါကြောင့် ဒီဘုရင်ကြီးဟာ ၃၇ နှစ် နန်းစံရနယ်။သီပေါမင်းကြတော့
ဆင်ဖြူတော် ဂွေးစိခြောက်လုံးဆိုတဲ့
တဘောင်အတိုင်း ၆နှစ်ကျော်ရုံပဲ
နန်းစံခဲ့ရတယ်။ ကနောင်မင်းသားကြီး အသတ်ခံရတဲ့နှစ်မှာ ဆင်ပြောင်ကြီး
ဖြုတ်ကိုက်လို့ သေဆိုတဲ့ တဘောင်ပေါ်တယ်။
တို့ကလေးတုန်းက ၂ တန်းလောက်မှာ တယောက်က နာမည်ခေါ်လိုက်ရင် ဗျို ဗျာ မထူးကြဘူး။ ဂေါင်းနီရေ
ဆိုရင် အနံ့ ဂွက်ထော်ရေ ခေါ်ရင် အသက် စသဖြင့် ထူးကြတယ်။ လူကြီးတွေက ဆဲကြတယ်။ ဒီကလေးတွေ
နိမိတ်မရှိ နမာမရှိတဲ့။ အဲဒီတုန်းက မိုးတွေ ၃ နှစ်လောက် ခေါင်လို့ ရွာသားတွေ
စားစရာမရှိလို့ ဆန်ပြုတ် သောက်ကြရတယ်။ဆန်ပြုတ်မှာ ဆန်က ပါတယ်ဆိုရုံလေး
အနံ့အသက်လောက်ပဲ။ ၈၈ အရေးအခင်း နားကြတော့ အတုံးအတစ်တဲ့။ အသတ်ခံကြရတာ အတုံးအတစ်လိုက်ပေါ့။
နိမိတ်တွေက ရှိနေတာပဲ။ ကျုပ်တို့တတွေ နားမလည်နိုင်ကြလို့သာပေါ့။၂၀၀၇ ဘုန်းကြီးအရေးအခင်းမတိုင်ခင်
၆လလောက်ကတဲက အရပ်ထဲမှာ
ကျုပ်ကလေးနှစ်ယောက်နဲ့ တခြားကလေးတွေ ဆိုလိုက်ကြတာ။
ရဲဘော်တွေတန်းစီဗိုလ်ကြီးအီးပေါက်သည်
ရှေ့ဆုံးကရဲဘော် ခါချဉ်ကိုက်လို့အော်
နောက်ဆုံးကရဲဘော် အီးပေါက်လို့အော်တဲ့။
စစ်သားတွေလည်း မြို့ထဲတန်းစီလို့ ဘုန်းကြီးတွေလည်း တန်းစီလို့ ရှေ့ဆုံးက ဘုန်းကြီးတွေ အဖမ်းခံရ။ ကျောင်းရှိတဲ့ သံဃာတွေလည်း ဝါကျိုးလို့။ ရွာကို အတင်းအကြပ် ပြန်ပို့ခံရပေါ့။တဘောင်တွေ ပြောပါတယ်။
ကျုပ်ဦးလေးကံမြင့်က မဲဇာဘက်ကကောင်မနဲ့ မင်္ဂလာဆောင်ဖို့ မိဘတွေလာခေါ်တော့ မိဘတွေ၊သားချင်းတွေက

ပိုက်ဆံရှာကြ ခရီးသွားဖို့ ပြင်ကြနဲ့ပေါ့
။ပိုက်ဆံရှာကြတော့ ငွေသုံးထောင်ရတယ်။ အဲဒါ သားအငယ်ဖိုးစန်းက အမေ မင်္ဂလာဆောင်သွားမှာ
ပိုက်ဆံ ဘယ်လောက်ပါတုန်း မေးတော့ အမေလုပ်တဲ့လူက သုံးထောင်တဲ့။ အဲဒီဖိုးစန်းက အမေရယ်
သုံးထောင်ထဲနှင့်တော့ လက်ပြတ်ပဲ ရတော့မှာပေါ့တဲ့။ အင်္ကျီဆိုရင် ၂ ကိုက်မှ လက်ရှည် ချုပ်လို့
ရတာကိုး။သုံးတောင်ဆိုတော့ လက်တိုလက်ပြတ်ပေါ့။သူကတော့ ရွှတ်နောက်နောက်မို့ ပြောတာပေါ့။
မဲဇာရောက်တော့ သတို့သမီးက လက်မခံလို့ ပြန်ခဲ့ကြတော့ ရထားအတက်မှာ ရထားပေါ်က
ပြုတ်ကြလို့ မိခင်ဖြစ်တဲ့ ဒေါ်အေးမှာ ရထားက ကျိတ်သွားလို့ လက်တဖက် ပြတ်သွားပါရောလား။
သုံးတောင်နဲ့တော့ လက်ပြတ်ပဲ ရတော့မှာပေါ့ဆိုတဲ့ သားလုပ်သူရဲ့ နိမိတ်အတိုင်း အဘွားဒေါ်အေးလည်း
သေသည်အထိ လက်တဖက်ပြတ်နဲ့ နေသွားရရှာတယ်။
မင်္ဂလာရှိသော စကားများများ ပြောကြပါစို့။
မင်္ဂလာရှိသော စကားများများ ပြောကြပါစို့။
No comments:
Post a Comment