Thursday, October 10, 2013

ဖိုးရဲကျား(၃)

ဖိုးရဲကျား ကျေးကန်သားဗျ။ သူ့အဖေကဦးအောင်မာ။ 
ကျုပ်အဖိုးဦးလှရင်ရဲ့ အကိုကြီးကလည်း ဦးအောင်မာပဲ။
ဒေါ်ဖွားမြိုင် မွေးတာပေါ့။ဖိုးရဲကျားနဲ့ကျုပ်အဖိုး ဦးအောင်မာကလည်း သူငယ်ချင်းတွေ။တစ်ရက်တော့ ဖိုးရဲကျားအဖေ ဦးအောင်မာက ငါ့သား သူငယ်ချင်း အိမ်ခဏခဏလာတဲ့ကောင်လေး။ဖွားမြိုင်သားကွာ။ဒီကောင်လေး နာမည်မေ့နေတာကွာ။ငါ့နာမည်နှင့် အတူတူပါဟ လို့ဆိုသတဲ့။ကိုယ်နာမည်နဲ့တူတာတောင် မေ့နေတယ်တဲ့။
ဖိုးရဲကျားက ဇီးပေါက်ရွာလာလည်ရင်း ဒေါ်ရွှေငကို
မျက်စိကျတာပေါ့။ ငယ်တုန်းက ဒေါ်ရွှေငက ချောတယ်ဆိုပဲ။ကျုပ်ယောက်ဖ ထွန်းအောင်လိုများ ဖြစ်နေလားမသိဘူး။ထွန်းအောင်က ကျုပ်အမဝမ်းကွဲ
အေးရွှင်နဲ့ ရီးစားဘဝက မိုးကုတ်တစ်မြို့လုံး အေးရွှင်လောက် လှတာမတွေ့ခဲ့ဘူးဆိုပဲ။ဖိုးရဲကျားလည်း
အဲဒီလိုများလား မသိပါဘူး။ဖိုးရဲကျားက ဒေါ်ရွှေငကို မြင်တော့ တကယ်လှတဲ့ စပယ်ငရယ် ဆယ်ဘဝလောက် ခယ်မတော်ချင်တယ်တဲ့။နောက်တော့ ဒေါ်ရွှေငနဲ့ရတာပေါ့။သူ့မှာ အငယ်ကလည်း ရှိသေးတယ်ဗျ။ကန်ကလေးကုန်းက
ဒေါ်ဖွားဇံတဲ့။ အဲဒါဖိုးရဲကျားက အကြီးရော အငယ်ရော
ပါအောင် ပဲကြား ရေပွ ဆားငံ ရဲကျား ရွှေင ဖွားဇံလို့
ဆိုထားသဗျ။
ဒေါ်ဖွားဇံက မုဆိုးမ ခပ်ငယ်ငယ်။ဖိုးရဲကျားကလည်း ကြံနေတာကိုး။တနေ့တော့ အိမ်တိုင် အဝိုင်းတိုက်ခေါ်လို့ ဖိုးရဲကျားရော ဒေါ်ဖွားဇံရော လှည်းတစ်စီးစီနဲ့ လိုက်ကြတာကိုး။ဒေါ်ဖွားဇံက နောက်ဆုံက ဖိုရဲကျားက သူ့ရှေ့ကပေါ့။ဖိုးရဲကျားက အကြံသမားဆိုတော့ လှည်းကို ဖြေးဖြေးမောင်းနေတော့ ရှေ့ကလှည်းတွေနောက် မမှီတော့ဘူတဲ့။ဒါနဲ့မိုချုပ်သွားတော့
တနေရာမှာ လှည်းချွတ်ပြီး အိပ်ကြရတာပေါ့။ ကိုယ့်လှည်းအောက်ကိုယ် အိပ်ကြတာပေါ့။ဖိုးရဲကျားက
နွားဘွဲ့ကြိုးနှစ်ခုကို ဆက်ပြီး တဘက်က ဒေါ်ဖွားဇံရဲ့လှည်းထမ်းပိုးတုံးမှာ ချည်၊တဘက်က သု့ခြေမကြား
ညှပ်ထားသတဲ့။ခဏနေတော့ သူ့ခြေမက ကြိုးစကို ခြေထောက်နဲ့ဆွဲတော့ လှည်ထမ်းပိုးတုံးက ကျွိကျွိ
မြည်တာကိုး။။ဒေါ်ဖွားဇံကလည်း ကိုရဲကျားတစ္ဆေ
ခြောက်တာလား မသိဘူးတဲ့။ မဟုတ်ပါဘူးဟ နင် ဘာကြားလို့လဲတဲ့။သုံးလေးခါလောက် လုပ်လိုက်ရော
ဒေါ်ဖွားဇံလည်း ကျုပ်တော့ တစ်ယောက်ထဲ မအိပ်ရဲတော့ဘူးဆိုပြီး အဲဒီတွင် ဖိုးရဲကျားလည်
ပဲကြားရေပွဆားငံ
ရဲကျားရွှေငဖွားဇံဖြစ်သွားတာပဲတဲ့။

No comments:

Post a Comment