Thursday, October 10, 2013

ပြုံးတော်မူ(၉)

ငါ့ညီလေးတွေ ဖတ်ဖို့ ဒီနေ့ ဘာများ ရေးရကောင်းမလဲ စဉ်းစားနေတာ။ ငါ့အဒေါ် မစန်းမြင့် တရားစခန်းဝင်တော့ တရားစစ်တဲ့ ဘုန်းကြီးက ဒကာမကြီး တရားထိုင်တုန်း ဘာနိမိတ်တွေများပေါ်လဲလို့ မေးတော့ တပည့်တော်မ ရွာက ဒေါ်ဖွားမှန်ရဲ့ ဆံထုံးသေးသေးလေးပဲ အာရုံထဲ ပေါ်ပေါ်နေပါတယ် ဘုရားတဲ့။ရောက်လိုက်မယ့် နိဗ္ဗာန်င်္ကြီးကွာ။
ကျုပ်မှာလဲ ဒီနေ့ ကျုပ်ဦးလေး ဦးမိုးရေကိုပဲ အာရုံထဲပေါ်နေသဗျ။ ဦးလေးမိုးရေက တစ်ရက်မှာ ထင်းခုတ်သွားတယ်။ သူ့သမီးလေး ငါးနှစ်အရွယ် ကလေးမလေးကို အဖော်ရအောင် ခေါ်သွားတယ်။ တောထဲရောက်တော့ ထင်းခုတ်ပြီး လှည်းပေါ်အပြည့်တင် အိမ်ပြန်မောင်းခဲ့ကြတယ်။
လမ်းရောက်တော့ ထင်းကလည်း အပြည့်တင်လာ
ဝင်ရိုးကလည်း ဟောင်းဆိုတော့ လှည်းဝင်ရိုးက ကျိုးရောဗျိုး။ ဒါနဲ့ ဦးလေးလည်း အနီးအနားရွာက လှည်းဝင်ရိုးဟောင်းလေး တောင်းပြီး ကျိုးသွားတဲ့ဝင်ရိုးကို ဖြုတ်လဲနဲ့ အလုပ်ရှုပ်လို့ပေါ့လေ။ လှည်းလည်းပြင်ပြီးရော မိုးကလည်းချုပ်ရော။ ဒါနဲ့ သားအဖနှစ်ယောက် လှည်းမောင်းပြီး ပြန်ခဲ့ကြတာပေါ့။ ဦးလေးမှာတော့ စိတ်မောလူမောနဲ့ပေါ့လေ။ ဒီလိုနဲ့ ပြန်လာကြတော့ လမ်းမှာ သမီးက အဘရေ လှည်းကျိုးလို့နော်။ လှည်းမကျိုးလျင် အခုနေဆို အိမ်ရောက်ရော့မယ်နော် တဲ့။ ခဏနေပြန် အဘရေ လှည်းကျိုးလို့ လှည်းမကျိုးရင် အခုနေဆို အိမ်ရောက်ပြီ လုပ်ပြန်ရော။ အဲဒီလို သုံးလေးခါလောက် ပြောတော့ ဦးလေးက ထမင်းကစာ စိတ်ပန်းလူပန်း ဆိုတော့ ဒေါသက ထွက်ထွက်နဲ့ သူ့သမီးကို ပြန်အော်လိုက်တယ်။
ဟ လှည်းကျိုးလို့ပေါ့ ဟ။လှည်းမကျိုးယင် အိမ်ရောက်လို့ နင့်အမေေ--ာက်--ုတ်ကြီးတောင်  --ိုး
ပြီးပြီဟ တဲ့။(ပြုံးတော်မူ)

No comments:

Post a Comment