နောင်တော်ကြီးမင်းကြီးက တစ်ခါတစ်ရံ အားလပ်တဲ့ အချိန်မှာ သူ့ရဲ့ ငယ်ကျွန်တွေနဲ့ ဥယျာဉ်ထဲဆင်းပြီး
မန်ကျည်းသီးခူးပြီး ထောင်းစားလေ့ရှိသတဲ့။တစ်ခါတော့ ဘုရင်ကြီး အဲဒီလို လုပ်စားနေတုန်း
မူးမတ်တွေက အရှင့်သား ဘုရင်ဖြစ်နေပါပြီ။အခုလို သေးသိမ်တဲ့အလုပ်တွေ မလုပ်ပါနဲ့ဘုရားလို့
လျှောက်ကြတယ်။မင်းကြီးက ငါအခုလို မန်ကျည်းသီးထောင်းစားတာ တိုင်းပြည်အတွက် ဝန်လေးသလား
မင်းကြီးတို့ လို့နောင်တော်ကြီးမင်းက မေးတယ်။တိုင်းပြည်အတွက်တော့ ဝန်မလေးပါဘူးဘုရား လို့

ဖြေကြတယ်။တိုင်းပြည်အတွက်ဝန်လေးမယ့်အမှုဆိုရင်ငါရှောင်ပါ့မယ်။တိုင်းပြည်အတွက်
ဝန်မလေးဘူးဆိုရင်တော့ ငါစားချင်တာလေး
ငါ့ဟာငါ ထောင်းစားစမ်းပါရစေကွယ် တဲ့။
တိုင်းပြည်ကို အုပ်ချုပ်ခဲ့ကြတဲ့ ပုဂ္ဂိုလ်ကြီးတွေ တိုင်းပြည်ဝန်လေးမယ့်အမှုတွေ နောင်တော်ကြီးမင်းကြီးလို ရှောင်ကြဉ်ခဲ့ကြမယ်ဆိုရင် ငါတို့တိုင်းပြည်ကြီးလည်း အခုလောက်ဆိုရင် သူများနဲ့ ရင်ပေါင်တန်း နေလောက်ပြီထင်ပါရဲ့။

No comments:
Post a Comment