Thursday, October 10, 2013

ပြုံးတော်မူ(၆)

ငါတို့ရွာက တန့်ဆည်နယ်ထဲမှာ။ဟိုညောင်ရမ်းမင်းကြီး မတိုင်ခင်ကနေ သီပေါမင်းလက်ထက်
တိုင်အောင် ရွှေခွန်ဆက်ရတဲ့ ရွှေကျင် ၁၃ရွာထဲက တစ်ခုပေါ့။ ရွာနာမည်က ဇီးပေါက်တဲ့။ ရွှေအလယ်ကြောင်းထဲမှာ ပါသပေါ့လေ။ ငါတို့ရွာရဲ့အနောက်မြောက်နား ၅မိုင်လောက်မှာတော့ လိပ်ခြံရွာရှိတယ်။ လိပ်ခြံ။ပကာ။ ရွာမုံတောင၊်ဒီရွာတွေက သစ္စေးခြောက်ရွာလို့ ခေါ်တယ်။ ဘုရင့်ဆီ သစ္စေး ဆက်သရတာကိုး။ လိပ်ခြံရွာဆိုလည်း အလောင်းစည်သူ လက်ထက်ကတည်းက လို့ရှိခဲ့တယ်လို့ ရွှေအလယ်ကြောင်း စာအုပ်မှာဖတ်ခဲ့ဘူးတယ်။
ပြီးခဲ့တဲ့၎၊၅နှစ်က လိပ်ခြံရွာက နှစ်တစ်ရာပြည့် လုပ်တယ်တဲ့လေ။ ငါတို့တတွေလည်း မှတ်တမ်းမှတ်ရာ အားနည်းခဲ့တော့ ကိုယ်မွေးတဲ့ရွာတောင် ဘယ်နှစ်နှစ်ရှိမှန်း မသိနိုင်ကြဘူး။နှစ်တရာနဲ့ နှစ်တစ်ထောင် မှားလိုမှားပေါ့လေ။
ဒီနေရာကနေ တောရွာဟာသလေးတွေ ဝေမျှချင်လို့ စကားဦးလေး သန်းနေရတာပါ။
ဒိုရွာရဲ့ အရှေ့တောင် ယွန်းယွန်းမှာတော့ ဖိုနှုတ်ရွာ ဆိုတာရှိတယ်။ဒီရွာက ဦးဖိုးရှောင်က တစ်ရက်မှာ လှည်းဝင်ရိုးလုပ်သတဲ့။ လှည်းဝင်ရိုးကို ရွေဘော်တွေထိုး၊ဝက်စွယ်နေရာတွေ ဖေါက်လည်းင်္ပြီးရော လှည်းဘီးကြီနှစ်ဘီးကို
စွပ်လိုက်သတဲ့။ပြီးတော့ လှည်းဘီးဘေးကပိုနေတဲ့ အစွန်းနှစ်ခုလုံးကို လွှနဲ့ ဖြတ်ချလိုက်တာပေါ့။
ဖြတ်ပြီးမှ ဟာ မှားပြီဟေ့။သွားပြီကွာ။နားစောက်ပေါက် ဖေါက်စရာ မရှိတော့ဘူးလို့ ဆိုသတဲ့။ နားစောက်ပေါက်ဆိုတာက လှည်းဘီးအပြင်ဘက်မှာ ဘီးပြုတ်မထွက်အောင် ဝင်ရိုးကို အပေါက်ဖေါက်ပြီး ငုတ်ကလေး စိုက်ထားတဲ့ နေရာကိုခေါ်တာ။
ဒါနဲ့ပဲ ဦးဖိုးရှောင်လည်း စိတ်ညစ်ပြီး အိမ်ပေါ်တက်၊ ဝမ်းလျားမှောက် အိပ်နေသတဲ့။ တစ်ရေနိုးတော့ အိမ်ပေါ်ကနေ ဖိုးရှောင် အကြံရပြီဟေ့။ ဖိုးရှောင် အကြံရပြီ ဆိုပြီး ဆင်းလာတယ်။သူ့အမျိုးသမီးက အိမ်အောက်ကနေ ဘယ်နှယ်များ

လုပ်မှာလဲ ကိုဖိုးရှောင်ရဲ့ ဆိုတော့ ဦးဖိုးရှောင်က အသစ်တစ်ခု ထပ်လုပ်မယ်တဲ့။
ဘဝအမောပြေနိုင်ကြပါစေ။

No comments:

Post a Comment