ငါ့ညီလေးတွေကလည်း
စာရေးကနည်းသကွာ။ ကိုကြီးမှာတော့ တို့ကံထူးမအုပ်စုကလေး ခြောက်နေတယ် ပြောမှာစိုးလို့
ပြီးတော့ ငါ့ညီလေးတွေ ပျင်းနေမှာစိုးလို့ ကိုကြီးပဲ ဒိုင်ခံရေးနေရတယ်။အင်ပင်အိုင်က
ဘုန်းကြီးကျောင်းသားတေ ရန်ဖြစ်လို့ ဘုန်းကြီးက ရန်ဖြစ်တာ ဘယ်သူတုန်းမေးတော့
ပေါကြွယ်ဘုရားလို့ လျှောက်ကြတယ်။ဘုန်းကြီးက ဟ ပေါကြွယ်မေးတာ မဟုတ်ဘူး။တစ်ဘက်လူကို မေးတာတဲ့။ကိုကြီးလည်း
ပေါကြွယ်လို ပါလေရာကြီးများ ဖြစ်နေရောမလားပဲ။
ခေတ်ကာလကလည်း အရမ်းတိုးတက်လာသကိုးကွဲ့။
တို့ငယ်တုန်းကတော့ ဓာတ်စက်ဆိုတဲ့ဟာကလေး နားထောင်ရဖို့ရာ သွေးပေးလိုက်ရတဲ့အပ်သွား။လှည့်ပေးလိုက်ရတဲ့ သံပတ်။ဓာတ်ပြားခေတ်ကိုး။ရေဒီယိုကလည်း ဘုန်းကြီးကျောင်းက တစ်လုံးနဲ့ရွာထဲမှာလည်း နှစ်လုံးပဲရှိတယ်။
နောက်မှ ကက်ဆက်တဲ့။ ဒါတောင် ကံများကျောင်းဘုန်းကြီးနဲ့ ငါ့ဦးလေးကံမြင့်ပဲ ကိုင်နိုင်ကြတာ။အဲဒီနောက်တော့မှ တီဗွီ ဗွီဒီယိုတွေ ပေါ်လာရော။အခု ငါ့ညီတွေ ခေတ်လည်းရောက်ရော လိုက်လို့ကို မမှီတော့ဘူး။
ဟိုကန်ကလေးကုန်းက မိန်းမကြီး ဘယ်လိုများ ပြောလေမလဲလို့ ကိုကြီး စဉ်းစားနေမိတယ်။ဗွီဒီယိုတွေ ပေါ်လာတော့ သူ့ယောက်ျားက မဟုတ်တဲ့ကားတွေ ကြည့်လာတာကိုး။အဲဒါ အဲဒီမိန်းမကြီးက ဆဲတယ်တဲ့။
တကတဲတော် ကလေးငါးယောက် မွေးခဲ့ပြီးပါပြီ။ရိုးရိုးပဲနေလာခဲ့ရတာပါ။ အခု ဒီသေခြင်းဆိုး ဗွီဒီယိုတွေ ပေါ်လာမှ ဟိုလိုကုန်းခိုင်း ဒီလိုကုန်းခိုင်းနဲ့ ကုန်းလိုက်ရ ကွလိုက်ရတာတဲ့။ပြုံးတော်မူ။

No comments:
Post a Comment