ကိုကြီးတို့ ဇီးပေါက်ရွာကလည်း ဘုန်းကြီးက
သိပ်မမြဲဘူးကွ။ အခုလက်ရှိ ကျောင်းတိုင်နေတဲ့ ဦးကဝိထိဆိုရင် ၈ပါးပဲရှိသေးတယ်။၁၂၇၄ ခုနှစ်ကနေ
လက်ရှိအချိန်ထိပေါ။ ဒီ ၈ပါးထဲမှာလည်း ပထမဆုံး ဘုန်းကြီး ဖိုးနန္ဒိယနဲ့ ပဉ္စမမြောက် ဦးပညောဘာသ
နှစ်ပါးပဲ ပျံတော်မူတဲ့ထိ ကျောင်းထိုင်လို့ ဒီနှစ်ပါးပဲ ဘုန်းကြီးပျံ လုပ်ခဲ့ရတယ်။
ကျန်တဲ့ဘုန်းကြီးတွေကတော့ လူထွက်တာက တစ်ပါး၊ကျောင်းပြောင်းတာက တစ်ပါး၊
မိန်းမရတာက သုံးပါးရှိတယ်။
ဒီဘုန်းကြီး၈ပါးထဲမှာ ဦးပညောဘာသရဲ့ ငယ်မည်က မောင်သက်ပြန်တဲ့။ ကလေးတုန်းက သေပြီဆိုပြီး အသုချတာ မြေမြှုတ်ခါနီးမှ ခေါင်းဖွင့်ကြည့်တော့ မျက်စိတွေဖွင့်နေလို့ မသေသေးမှန်း သိရတော့ ပြန်ခေါ်လာပြီး သက်ပြန်လို့
ဒီဘုန်းကြီး၈ပါးထဲမှာ ဦးပညောဘာသရဲ့ ငယ်မည်က မောင်သက်ပြန်တဲ့။ ကလေးတုန်းက သေပြီဆိုပြီး အသုချတာ မြေမြှုတ်ခါနီးမှ ခေါင်းဖွင့်ကြည့်တော့ မျက်စိတွေဖွင့်နေလို့ မသေသေးမှန်း သိရတော့ ပြန်ခေါ်လာပြီး သက်ပြန်လို့
နာမည်ပေးပြီး ကိုရင်ဝတ်ပေးကြတယ်။ဖိုးပြင်ချောက
စာသိပ်မတတ်ရှာဘူးတဲ့။ ဖိုးပညောကို အရပ်ခေါ် ဖိုးပြင်ချောပေါ့။ တန်းရည်ခါးကလည်း
အတော်ကြိုက်တယ် ဆိုပဲ။ ညနေတိုင်ကြရင် ရွာထဲက ဦးတင်မောင်က ကိုယ်တော် လန်ကျက်ဆိုရင် သူက
အေး အေး ဖရောက်အား လို့ဆိုသတဲ့။ လက်ကျန်ချမယ်ပေါ့၊ ဘုရားအောက်မှာပေါ့။ဒါပေမယ့် ဒီဘုန်းကြီးက
ရွာကိုတော့ ဒုက္ခမပေးဘူးတဲ့။ ကျောင်းမိုးက
မိုးယိုတာတောင် မပြင်ခိုင်းဘူ။ ဒီနားက ယိုရင် ဟိုနား ရွှေ့အိပ်တယ်တဲ့။
ရွာထဲမှာ ဟင်းပေါ်တယ် ဆိုရင် ကျောင်းသားတွေရောစားရအောင်ဝယ်ချက်ပေးသတဲ့။
သူပျံတော်မူလို့ ဘုန်းကြီးပျံလုပ်ဖို့ ရင်ခွဲ မီးကင် ကြတော့ ဖိုးကျောက်တင်တို့ မီးကင်တာလွန်သွားလို့ မီးလောင်သွားတာ မနည်းပြန်သတ်ရတယ် ဆိုပဲ။ တို့ဆီက ဓလေ့ကလည်း မကောင်းဘူးကွ။ ပြင်သင့်ကြပြီ။ သေပြီးမှတော့ တခါထဲ သင်္ဂြိုလ်တာပဲ ကောင်းတယ်။လေး ငါး ခြောက်လကြာမှ ဘုန်းကြီးပျံ ဆိုပြီး လျောက်လုပ်ကြတာ။ ထားပါတော့လေ။

ဒီဘုန်းကြီး ဦးပျင်ချောက ကျုပ်ဦးလေး
ဘသီတို့၊သန်းမောင်တို့ကို စာသင်ပေးသတဲ့။ တရက်မှာတော့ ဦးပျင်ချောက ဟဲ့ သန်းမောင် ၇ နဲ့
၂ ပေါင်းရင် ဘယ်လောက်တုန်းတဲ့။သန်းမောင်က ၉ ဘုရားဆိုတော့ လာစမ်း လာစမ်း ဒီလောက် အ
ရသလားဆိုပြီး ခေါင်းခေါက်သတဲ့။ အဲဒါကို ဘေးနားက အာဂန္တုဘုန်းကြီးက ကြားတော့ ဟုတ်တယ်
ကိုယ်တော်ရဲ့ ၉ ရတာ မှန်တယ်ဆိုတော့ ဟေ ဟုတ်သလား ငါမှားတယ်ကွ ငါ့ခေါင်းပြန်ခေါက်လို့
ဆိုသတဲ့လေ။
ပြုံးတော်မူ။
ပြုံးတော်မူ။
No comments:
Post a Comment