ငါ့အမေရဲ့ဦးကြီးက
ဦးအောင်မာတဲ့ကွ။ငါ့အဖိုး တော်သပေါ့လေ။တို့ကလေးတုန်းကတော့ ဖိုးအောင်မာလို့ ခေါ်ရသကိုး။
ဖိုးအောင်မာရဲ့မြေးဦးကချစ်ဌေးတဲ့ကွ။
ကြီးလာတော့အိမ်ကနေထွက်ပြေးလေတပ်ထဲဝင်ပြီး
လေထီးတပ်သားဖြစ်သွားတယ်။အခုတော့ဘုန်းကြီးဝတ်နဲ့မော်လမြိုင်ဘက်မှာဆိုလားပဲ။
အဲဒီချစ်ဌေးငယ်တုန်းကအဆော့သန်သတဲ့။
ဖိုးအောင်မာကလည်းမြေးဦးဆိုတော့အသေချစ်ဆိုဘဲ။
တစ်နေ့ဖိုးအောင်မာကနေ့လည်ခင်းခဏတဖြုတ်
အိပ်နေတယ်။အသက်ကလည်းကြီးလာတော့ပဆိုးမနိုင်ဘာမနိုင်နေမှာပေါ့။သူအိပ်နေတုန်းဘွားဘက်တော်ဥနှစ်လုံးကကုတင်ကျမ်းပေါက်ကနေအောက်တွဲလောင်းကျနေတာပေါ့။အဲဒါကိုချစ်ဌေးကကြိုးသေးသေးလေးနဲ့ချည်တယ်။ကျန်တဲ့တစ်ဘက်ကိုကုတင်တိုင်မှာချည်တယ်။
ပြီးတော့အဖိုးရေနွားမိတ်ရိုင်းတွေပြေးလာပြီဗျို့အော်တယ်။ဖိုးအောင်မာလည်းအိပ်ယာကနိုးလာပြီး
ထပြေးတာပေါ့။စဉ်စားသာကြည့်ပေတော့ဟေ့။
ဖိုးအောင်မာစိတ်ရှိစိတ်ကုန်ထပြေးတာ။လပြွတ်ကကြမ်းအောက်မှာကြိုးနဲ့ချည်ခံထားရတာ။ကြိုးတစ်ဖက်ကကုတင်တိုင်မှာချည်လို့။ထအပြေးလိုက်ကြိုးကဆောင့်ဆွဲထားသလို။
ပြုံးတော်မူ။

No comments:
Post a Comment