Thursday, October 10, 2013

ဖိုးရဲကျား(၅)

တို့ရွာမှာ ဖိုးရဲကျားဆိုတာ ရှိတယ်။ပန်းပဲလုပ်တယ်။ဆေးမီးတို။အတိတ်နိမိတ်။ဗေဒင် အားလုံးစွယ်စုံပဲ။
စကားပြောရင် ဦးပုညစာတွေလို ကာရံနဘေနဲ့။မိန်းမကလည်း ၂ယောက်။အကြီးက ဒေါ်ရွှေင၊အငယ်က
ဒေါ်ဖွားဇံ။အဲဒါကို ပဲကြား ရေပွ ဆားငံ ရဲကျား ရွှေင ဖွားဇံ လို့ နဘေထပ်နဲ့ ပြောလေရဲ့။ တစ်နေ့တော့

ဖိုးရဲကျားက နွားသတ်တဲ့နေရာက နွားထီးရဲ့ ဟိုဒင်းကြီးကို တောင်းလာခဲ့တယ်။ တို့တောအရပ်က
သိုလို့ ခေါ်ကြတာပေါ့။ ဖိုးရဲကျားက ခွေခွေလေး ကိုင်လာတဲ့ နွားသိုကို အိမ်ရောက်တော့ ဒေါ်ရွှေငကို မြေအိုးထဲ ထည့်ပြုတ်ခိုင်းတယ်။ဘာကြီးလဲလို့ ဒေါ်ရွှေငက မေးတော့ နွားသိုလေးပါဟာ။ဆေးဖေါ်မလို့တဲ့။
ဒါနဲ့ ဒေါ်ရွှေငလည်း မြေအိုးထဲ အခွေလိုက်ထည့် စလောင်းဖုံးလေး ဖုံးပြီး မီးဖိုပေါ်တင် ပြုတ်ထားတယ်။
နာရီဝက်လောက်နေတော့ အိမ်ဘေးက အဒေါ်ကြီးက အလည်လာရင်းနဲ့ မီးဖိုပေါ် မျက်စိက ရောက်သွားတယ်။
ဟိုဒင်းပြုတ်ထားတဲ့ အိုးက အဖုံးကလည်း အောက်ပြုတ်ကျကွဲနေတယ်။ အိုးထဲက ဟိုဒင်းကြီးက အိုးပေါ်ကို ထောင်ထွက်လာပြီး စလောင်းဖုံးကို ထိုးချလိုက်တာကိုး။ ပြုတ်ထားတဲ့ရေက ပူလာတော့ အထဲက ဟိုဒင်းကြီး ဇာတိပြလာတာပေါ့။ လာလည်တဲ့ အဒေါ်ကြီးက ဟဲ့ ရွှေင ဘာတွေပြုတ်ထားတာလဲ ဆိုပြီး ဝင်ကြည့်တယ်။ ဟောတော့ နွားလီးကြီး ပြုတ်ထားတာပါလေ တဲ့။ အဲဒီကြမှ ဒေါ်ရွှေငက သေနာက ငါ့ပြောတော့ နွားသိုလို့ပြောတာဟဲ့။ နွားလီးလို့ မပြောဘူးတဲ့။ဒီသေချင်းဆိုး နွားသိုးကလည်း သေပြီးတာတောင်မှ ငါ့စလောင်းဖုံးကို ကွဲအောင်ထိုးသွားလိုက်သေးတယ် တဲ့။ဘဝအမောပြေနိုင်ကြပါစေ။

No comments:

Post a Comment