သက္ကရာဇ် ၁၂၃၇ခု တဆောင်မုံး လပြည့်ကျော် ၃ ရက်နေ့တွင် ရွှေကျင်၁၃ရွာ အ၀င် ဇီးပေါက်ရွာ သူကြီး မောင်ဘိုးသန့်က အမိန့်တော်ရွေးရန် ကြေးငွေ မထပ်မကုံပါ။ ၎င်းမှုနှင့် ကုန်ကြရန် ကြေးငွေများကို စိုက်ထုပ် ကျနုပ် အမိန့်တော်ကို ရွေးနုပ်ပေးပါ ။ ကျနုပ်ကို ရင်ခွင်ပိုက်၍ ဇီးပေါက်ကျေးရွာ အစီအရင် အရာနှင့် ဆောင်ရွက်ပါ။ သူကြီးတို့ စားရိုးစားစည် တောခွန်အုန်းခွန် မှစ၍ တူညီစားယူစီရင်ပါ ကျနုပ်တွင် အရပ်ရပ် ပေးဆပ်ရန်ကြေးငွေများကို ကျေးရွာနယ်မြေပေါ်မှာ ထပ်ယူဆပ်ပေးပါ။ ကံကလေးကုံးရွာနေ အုပ်ကျောင်းတကာ ဦးပေါ်သစ်ကို ဆိုလျင် ၎င်းစာချုပ်ဝင် သူကြီးမောင်ဘိုးသန့်အဆိုအတိုင်း အမိန့်တော် ထုပ်ရာ ကုန်ရန်မှန်သမျှ ကျေးငွေကို စိုက်ထုပ်၍ အရပ်ရပ် ကျေးရွာနယ်မြေမှုနှင့် စပ်ဆိုင်သည့် ကြွေးမည်ရပ်များကို ဦးပေါ်သစ်က ကျေးရွာနယ်မြေပေါ်မှ ထပ်ယူဆပ်ပေးမည်။ စာချုပ်ပါ သူကြီးမောင်ဘိုးသန့်က ဖောက်ပြန်လျင် အမိန့်တော်ရွေးရာ ကုံဇရိပ် စာချုပ်ရာကုန်ငွေ ဒင်္ဂါးများကို နှစ်ဆဒါဏ်ပြန်ပေး၍ စာချုပ်ပြစ်ဒါဏ် ၃၀ ကို ငဘိုးသန့်က ဦးပေါ်သစ်သို့ ပေးပါမည် ဆို၍ စာချုပ်ထားကြသည် ကာလသိရှိသူ ရွေးလက်ရာအမှုထမ်း မသိမ်။ ရွာသာရာ ရှေ့နေ မောင်ဘိုးသဲ မောင်ဘိုးသင် ။စာစီစာရေး ညောင်လယ်၃ဆင့် သွောံကြီး ဦးဘုန်း။
၎င်းစာချုပ်နေ့ စုံရာညာဏ်၂ဘက်တွက် ကျောင်တကာဦးပေါ်သစ်ကထုပ် ဒင်္ဂါးပျား.. ၁၂၃၇ခု တဆောင်မုံးလပြည့်ကျော် ၅ရက်နေ့ အမိန့်တော်ခံရံ မြို့ခံမောင်ပြိုပေး ဒင်္ဂါး ၅ပျား
၎င်းလပြည့်ကျော် ၅ရက်နေ့ ကျောင်တကာ လွှတ်ခေါင်း မောင်အိန်ပေးရံ လယ်သက္ကရာဇ် လွှဲငွေဒင်္ဂါး ၁၁ပျား ၄င်းသူကြီး မောင်ဖိုးသန် သင်အိံထောင်စုံ ထန်းရာ စရိပ်ပေးငွေ ၁၀ ပေါင်း ၂၆
×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××
ငရံကင်း မိခရာလယ်မှု
ငပွားနှင့် ဇီးပေါံရွာသူကြီးတို့ ပြောဆိုကြသည့် တောမြေမှုစကားမှာ ငပွားက အထက်သူကြီး ငထွတ် ပေါင်ထား တောကုံးကို သက္ကရာဇ်မြားကို တင်ပြစေဦး။ ကောံယူစီရင်ရာ ငပွာ တင်ပြသည့် သက္ကရာဇ်ကလည်း ငထွတ်သူကြီးဆို၍ ငွေ ၁၀၅ူးနှင့် ၀ါကျံကြီးတောကုံမြောံသစ်စိုသစ်ချောံများကို ခုပ်ယူသုံးဆောင်ပါတော့ ပါရှိသည်အတိုင်း သူကြီး ငထွန်းဝက ငပွား တင်ပြ သက္ကရာဇ်သည် ဖြစ်ကြောင်း စားသုံးရံယူကြောင်း။ သက္ကရာဇ်တွင် အသေအချာ တတ်ရာမပါသောကြောင့် ငထွန်းဝက ငရံကင် မိခရာတို့က အထက်သူကြီး ငကြွယ်ဝ လက်ထက်ကကို ယခုတိုင် လက်ရှိ ချတင်လုပ်စားရကြောင်း ငပွားကလည်း ငထွတ် ၄င်း သက္ကရာဇ်နှင့် ပေါင်စင်ကကို ယခုတိုင် လက်ရှိလုပ်စားချတင် လုပ်စားရသောကြောင့် လဲ ဆိုပြန်သည် ဖြစ်၍ သူကြီး ငထွန်းဝက ပေါင်သူ ၂ဦးတို့ တရားရပ်နားမှ ငထွန်းဝမှာ မြေရှင်ဖြစ်သည်အတိုင်း တိုက်ရာသိမ်းယူစေ။ ငရံကင်းလက်ထက်တွင် ၄င်းကုံးမြေရပ်ကို ငကြွယ်ဝ လက်ထက်က ယခုတိုင် လုပ်စားရကြောင်း ပြပါမည်။ ထပ်မံလဲ ဆိုပြံသောကြောင့် ငရံကင် မိခရာတို့လဲဆိုချက်အတိုင်း ပျစေ။ ပျဆိုနိုင်လျင် ငပွားက ပေါင်ရင်းလူ ငထွပ် သားမြေးတို့မှာ ကုံးပေါင်ငွေကို အလျော်တောင်းစေ။ ငရံကင်မိခရာတို့က မပျနိုင်လျင် ငပွားက သက္ကရာဇ်တွက်ငွေကို ငရံကင်းက ကျေးများသူ ဖြစ်သည့်အတိုင်း ရွေးနုပ်စေ။ တရားနှင့် စရိပ်မှာ ရှုံးသူက ခံပြန်စေ။ ဟူ၍ သက္ကရာဇ် ၁၂၃၆ခု တုတိရ ၀ါဆိုလဆန်း ၉ရက်နေ့ ရွှေခွန်တော်မှူးမင်းရှေ့ ကံသစ်ရွာ အစီရင် ဦးအိမ် ကောံယူစီရင်ချက်။ကို အမှုသည် ငပွားနှင့် သူကြီး ငထွန်းဝ ငရံကင်းတို့စုံညီ လဘ်လှန်စားကြသည်။ကာလ လဘက်ပေး ငရွှေဘီ။
ကောံနုပ်ချက်များကို ကျေးရွာနေ ရုံလောက်သူ လူ တရောံတံသည် ၂ရောံတံသည် တရားထုံးဇံရှိယာပျ။ ငရံကင်း ပြသက်သေတို့ အချုပ်မေး။
ငရံကင် မိခရာတို့ ၄င်းအချင်းဆို။ ကုံးမြေကို ငကြွယ်ဝလက်ထက်က ယခုတိုင် လက်ရှိချတင်လုပ်စားသည်။ မှံသည် မှံပါသည်။
လျောံဆိုချက်မှာ။ ။ ကောံချက် ချုပ်ချက် လဘက်စား ဖြတ်စာအရ ငရံကင်း မိခရာတို့က ၄င်းရွာနေ လူရုံချည်လောံသူ လူ၂ရောံ ပျပေးစေ။ ပေးပျသည့် သက်သေတို့ကို ငရံကင် မိခရားတို့ အချုပ်နှင့် တရားထုံးဇံရှိရာ မေးမည် ရှိသည်တွင် ငရံကင်း မိခရာတို့ ပျပေးသည့် သက်သေမည်သူသည် ငရံကင် မိခရားတို့နှင့် ဆွေမျိုးကျေးဇူးမကင်း ၄င်း မည်လည်း ကတိ၅ပါး မထောံမလျောံတတ်သူဖြစ်၍ ရုံချည်လောံသူ မဟုပ်ပါသောကြောင့် ထပ်မံခဲလောံ ဆိုပါရသည်။
×××××××××××××××××××××××××××××××××××××××××××××××××××××××××
၁၂၃၈ခုနှစ် ဇီးပေါက်နယ်တွင်ရှိ …သစ်ဝါးတို့ ….စာရင်း
ငရွှသာ ၂၅ူး ငမှံ ၂၅ူး ငလှော် ၂
ငချက် ၂ ငလှောင် ၂ တောခွန်ထန်းညက်ဖိုး ၂ ပေါင်း ၁၃ သင်ထပ်ငွေ ၁၈၉ူး
မောင်ရွှေသန်သုံး ဒင်္ဂါးရန်ပို ၃ ၄င်းမင်းလက်ဆောင် ၁ ၄င်းလဘက်ဖိုးရှင်းငေးငွေ ၁ သစ်ခုပ်ခပေးငွေ ၁
မောင်ငယ်အတွက် ရုံးဆောင် ဒင်္ဂါး ၉ ၄င်းအမှုနှင့် ချဝပ်ပေးငွေ ၂ ၄င်းမောင်ငယ်သုံး ဒင်္ဂါး ၂ ပေါင်း ၁၃
၁၂၃၈ခုဝါဂေါင်လဆန်း၈ရက်နေ့တွင် ရေဦးရွာအဆောင်မျဲ မောင်ကေထံ မောင်ငယ်တွက် ကျေးစာ ခင်ရင်ဆပ်ရံ မောင်မာ မောင်ဖိုးသန်းတို့အပ်ငွေးင်္ဂါးပျားရေ ၂၅ ၄င်းတရပ် မောင်ဖိုးသန်း အခန်းပေးငွေ ၂ ၄င်းတရပ် ကျွဲဝယ်ရံ မောင်ငယ်ပေးငွေ ၅ ၁၂၃၈ခုဝါဂေါင်လဆန်း၈ရက်နေ့ အဆောင်မျဲ မောင်ကေထံ မောင်ငယ်တွက် ခင်ပျားရင် အညွန့်ဝပ်တွက်ပါ မောင်မာ မောင်သန်းတိုပဆပ်ငွေ ၅၉
မောင်ရံနု သုံးဒင်္ဂါး ၅ ၄င်းတရပ် မောင်ရံနု ပေးငွေ ဒင်္ဂါး ၂ အရပ်ရပ်ရငွေပေါင်း ၉၀ ရွှေဘွားတော်အောံ မောင်ဘိုးသန်းအသွားတွင် ပေးငွေ ဒင်္ဂါး ၁၁ိ
ဇီးပေါက်ရွာသူကြီး မောင်ရန်နုက ဇီးပေါက်ကျေးရွာခရိုင်ကို အစီအရာအရာနှင့် အုပ်ထိန်း၍ ကျရောံသည့် မင်းမှုတော်ရပ်ရှိလျင် ခရိုင်ကျေးရွာခရိုင်မှာ ခွဲခန့်ကောံခံ၍ ပြေပိုင်အောင် ဆောင်ရွက်ပြီးလျင် ဇီးပေါက်ခရိုင် နယ်မြေမှုကျေးရွာတွင် ပြောရာဆိုရန် တရားရာဇ၀ပ်ရေး ခိုးသေမီးပွါးအရပ်ရပ် ပေါ်ပေါံရှိလျင် သူကြီး အစီအရင်တို့ တိုင်ပင်ပြောဆိုခွဲခန့် ဆောင်ရွံပြီး လျင် ဇီးပေါက်ခရိုင် နယ်မြေ၄ရပ်၈ရပ်အတွင်း လယ်မြေတောကုန်း သစ်ဝါးများကို တူညီရွေးနုပ်ဖော်ယူ ထမ်းမြေချထားလုပ်စား တရားကွန်းဘိုး ထွက်သင့်များကို သူကြီး အစီအရင်တို့ တိုင်ပင်ပြောဆို၍ တူညီစားယူပါမည်။ ဘိုးတော်အုပ်ကျောင်းတကာဦးပေါ်သစ်ကို အစီအရင်အရာ ခန့်အပ်ထားစေသောကြောင့် ထိုအုပ်ကျောင်းတကာကလည်း ဇီးပေါက်ခရိုင်နယ် လယ်မြေတောကုန်းသစ် ၀ါးများကို ပြောဆိုနုတ်ယူရန် ရှိသည်များကို ပြောဆိုရွေးနုပ်ယူပြီးလျင် ကျေးရွာတွင်း မင်းမှုတော်ရပ် ပေါ်ပေါက်ရှိလျင် သူကြီးနှင့် တိုင်ပင်ပြောဆို ဆောင်ရွံက်ပါမည်။သူကြီးမောင်ရန်နု။တခါရင်း အုပ်ကျောင်း တကာဦးပေါ်သစ်တို့ သပေါတူ။ ၁၂၃၈ခု ၀ါဆိုလဆန်း ၁၀ရက်နေ့ ဇီးပေါက်တောရဆရာတော်ရှေ့ သဘောတူ စာချုပ်နှင့် အစီရင်ခန့်အပ်ကြသည်။ကာလသိရှိသူ ဇီးပေါက်ရွာနေ ကြေးထန်းကြီး မောင်စံရွှင်။ မောင်လိန်၊ မောင်တုပ်ကြီး။ အစီအရင် ဦးပေါ်သစ်။ စာရေးသူကြီးမောင်ရန်နု။
သက္ကရာဇ် ၁၂၄၀ပြည့် တပိုတွဲလပြည့်ကျော် ၅ရက်နေ့တွင် ဇီးပေါံရွာသူကြီး မောင်ရန်နုက ဇီးပေါံ နယ်မြေအတွင်း အင်၃ကွ ၆ တင်း ကျဲ တော လယ်မြေ ကုန်းရပ် သစ် ၀ါး ထန်း ပေ ရှိသည်များကို အ္ထံ (အထက်) ကျနုပ် ဘေးဘိုးကျေးထန်းတို့က ၁၁၆၇ခုနှစ် ငစိန်သိမ် ဘိုးဘတို့ထံ ကျေးနှင့် အပေါင်ရောက်သည်ကို ပြောဆိုရွေးနုပ်လုပ်စားပါ ။ ၎င်းလယ်တောကုန်းများကို ရွေးပေါ်လျင် အ္ထံရွေးနုပ်ကုံစရိပ်များနှင့် သက္ကရာဇ် တွက်ငွေ အရပ်ရပ် ရှိသည်များကို ပေး၍ ရွေးနုပ်ပါမည်။ ဘိုးကျောင်းတကာဦးပေါ်သစ်ကို ဆိုလျင် ၎င်း သူကြီးမောင်ရန်နု အဆိုအတိုင်း သဘောအတူတူမျှကျ၍ သူကြီး မောင်ရန်နုနှင့် ကျောင်းတကာ ဦးပေါ်သစ် သဘောတူ စာချုပ်ကြသည် ကာလသိရှိသူ ဇီးပေါံ နေ ခေါင်းမင်းဦးချို ဦးရန်ခင် စာစီ ကိုးဆူတကာ ဦးပေါ်သစ် စာရေး မောင်ပြောင် ။
၁၂၄၁ခု ကဆုံလပြည့်ကျော် ၅ရက်နေ့တွင် ဇီးပေါံရွာသူကြီး မောင်ရန်နုက ဇီးပေါံမြေအတွင်း အင်သုံကွ ကျွန်းရင်းတောလယ်မြေရပ်သည် ဘေးဘိုးတို့က ၁၁၅၅ခုနှစ်က အင်နားရွာနေ ဦးပေါ်ထွေးထံ အနုကံ ပေါင်ထားရှိသည်ကို ရွေးပေါ်မည် ဦးပေါ်ထွေး သားမြေး အမွေခံတို့ထံ ပြောဆို ပါသည်ကို အရွေးမခံနေသည်။ ၎င်းလယ်မြေ တောကုန်းသစ်ဝါးများကို စကားပြောဆို ရွေးနုပ် လုပ်စား နှင့်ပါ ပြောဆိုကုန်ကျသမျှ စရိပ်နှင့် ရွေးနုပ်ရသည့် ငွေစ္ပားကို ပေးရွေးနုပ်ယူပါမည် ကန်ကလေးကုန်းရွာနေ ဘိုးတော်သူ အုပ်ကျောင်းတကာ ဦးပေါ်သစ် ဆိုလျင် ဇီးပေါက်ရွာသူကြီး မောင်ရန်နုက လွှဲအပ်ပြောဆိုသည်။ ကျွန်းရင် အင်သုံခွ လယ်တောကုန်းသစ်ဝါးရှိသည်များကို စကားပြောဆို ရွေးမည်။ ကျောင်းတကာ ဦးပေါ်သစ်က ပြောဆိုရှိ၍ သူကြီးမောင်ရန်နု နှင့် ကျောင်းတကာ ဦးပေါ်သစ်တို့ သဘောတူစာချုပ်နှင့် လွှဲအပ်ကာလ သိရှိသူ မောင်ရံကင်း မောင်ပုံကျော် မောင်ဒင် မောင်ပြု စာစီ မောင်ထွန်း စာရေး မောင်ပြောင်
၁၂၄၁ခု ကဆုံလပြည့်ကျော် ၅ရက်နေ့တွင် ကျွန်းရင်တောလယ်မြေကို သူကြီးဦးပုက ၁၁၅၅ခုနှစ်က အင်းနားရွာနေ ဦးပေါ်ထွေးထံ အနုဂံပေါင်ထားရာ ရွေးနုပ်မည် ပြောဆိုရာ ဦးပေါ်ထွေး အမွေခံ ငရွှေဘော်တို့က တရားခုဂံပြောဆိုရာ အရပ်ရပ်ကုံငွေ
တရားစရိပ်ကုန်ငွေ ၁၅ိ
စုံရာညာဏ်ပေးငွေ ၁၀ ခိုင်ဆောင်ရငွေ ၂၅ိ ဖြတ်စာတင်ပေးငွေ ၂ိ စုစုပေါင်း ၅၂ိ
ကျွန်းရင်တောလယ်မြေငွေရွက်ချိန် ၂ိ ရွက်နီမီးတက်ငွေ၂ဲ၅ိချိန် ၅၀ လယ်ရွေးရာ စုံရာကုံငွေ ၄ စုစုပေါင် ၂၅၄ိ
စပါးတင်ချင် ၁၁၀င်္ တခုလပ်တိုးစပါး ၅၅င်္ ၂ပေါင် ၁၆၅င်္
၁၂၄၁ခု တပိုတွဲလပြည့်ကျော် ၁၀ ရက်နေ့တွင် ဇီးပေါံနယ်မြေ အင်သုံးကွလယ်မြေရပ်များကို ရွေးနုပ်ရာ အရပ်ရပ် ချေးယူငွေများကို မှတ်ထားသည့်စာရင်း
အရင် အတိုး
သစ်စေးပင်လှရွာနေ ဦးကျော်ထံ အတိုးယူငွေ ၆၀ ၃၀ ဘုရားတကာဦးရိုင်ထံ ယူငွေ ၃၀ ၁၅ိ ဦးတိုက်ယူငွေ ၂၀ ၁၀ ကျောင်းအမ စပါးတင်းချင် ၁၁၀င်္ ၅၅င်္ စုစုပေါင်း ၁၁၀ ၅၅ိ စုစုစပါးပေါင်း ၁၆၅င်္ ၅၅င်္
၁၂၄၁ခုနှစ် မောင်ထွန်းလှထံ ပထမပေါင်ငွေ ၄၀ တရပ်ထပ်ငွေ ၂၅ီ တရပ် ၅ိ စါး ၂၅င်္ ၄င်းနှစ် မောင်လုံ ပထမပေါင်ငွေ ၄၈ိ တရပ်ထပ်ငွေ ၃၀ တရပ်…. ၄င်းနှစ် မောင်လုံထံပေါင်ငွေ ၃၀ တရပ်ထပ်ငွေ ၇ိ စပါး ၅၀င်္ ၄င်းနှစ် မောင်ဘိုးလူထံ ပထမပေါင်ငွေ ၄၀ တရပ်ထပ်ငွေ ၃၅ိ စပါး ၂၅င်္ ၄င်းနှစ် မောင်လိန် ပထမပေါင် ၃၀ တရပ်ထပ်ငွေ ၂၂ိ ၁၀၅ ၇၀ ၇၅ ၅၂ိ
၁၂၄၁ခု တပေါင်းလဆန်း ၅ရက်နေ့တွင် အင်သုံးကွတော လယ်မြေတောကုန်းသစ်ဝါးများကို ဦးပေါ်ထွေးအမွေခံ ငစိန်သိမ် သား ငရွှေဘော်တို့နှင့် တရားပြောဆိုရာ စုံရာတို့ စီရင်ချက်နှင့် အဆိုပါ လယ်မြေတောကုံး သစ်ဝါးများကို ပိုင်ဆိုင်သူမှံ ငပေါ်သစ် ငရန်နုတို့ရစေ။ ပေါင်ငွေ သက္ကရာဇ်တွက် အရပ်ရပ်ငွေ ၃၇၅ိ၊ စ္ပားတင်းချင် ၁၆၇င်္ကို ငရွှေဘော်သို့ ပေးစေ။
စုံရာစီရင်ချက်နှင့် ပြိုင်ရာ အရပ်ရပ်ကုန်ငွေကို မှတ်ထားသည့်စာရင်း။
၁၂၄၂ခု ကဆုံလဆန်း ၁၃ရက်နေ့ မောင်ထွန်းဝက ကျွန်းရင်းတောလယ်မြေကို ရွေသင်ထပ်သင်ကြောင်းများနှင့် မြေဒူရုံးက လျောံထားချခေါ်ရာ အရပ်ရပ်ကုံငွေစာရင်း
ရုံကချခေါ်ရာ ၀ပ်ထမင်းဖိုးပေးငွေ ၅ိ မောင်ထွန်းဝနှင့် တရားဆိုရာ ရှေ့နေပေးငွေ ၅ိ တရားခြေပပိုင်ရာ အရပ်ရပ်ကုန်ငွေ ၇ိ မောင်ထွန်းဝ မောင်ရန်နုတို့နှင့် ဖြတ်စာပိုင်ချားရာ စုံရာညာဏ်ကုံငွေ ၁၅၅ူး စုစုပေါင်း ၃၂ိ၅ူး
မောင်ထွန်းဝ မောင်ရန်နုတို့ကို ကျွန်းရင်တောလယ်မြေပေါ်က ထပ်ရငွေ ၁ိသုံးဒင်္ဂါး ၁၅၀ ပေါင်း ၁၉၀ လယ်ထပ်ရာ စုံရာပေးငွေ ၂ိ ၄င်နောံ မောင်ရန်နုက ဆင်သေလယ်ချင်း တရားစရိပ်ထပ်ငွေ ၁ိ ဒင်္ဂါး ၄၀
၁၂၄၁ခု တပိုတွဲလပြည့်ကျော် ၁၀ရက်နေ့ ဇီးပေါံ နယ်မြေ အင်သုံးခွ လယ်မြေရပ်များကို ရွေးနုပ်ရာ အရပ်ရပ် ချေးယူငွေများကို မှတ်ထားသည့်စာရင်း
အရင်း အတိုး သစ်စေးပင်လှရွာနေ ဦးကျော်ထံ အတိုးယူငွေ ၆၀ ၃၀ ဘုရားတကာ ဦးရိုင်ထံ ယူငွေ ၃၀ ၁၅ ဦးတိုက်ထံ ယူငွေ ၂၀ ၁၀ ကျောင်းအမ စပါးတင်းချင် ၁၁၀င်္ ၅၅င်္ စုစုပေါင်း ၁၁၀ ၅၅ိ စုစုပေါင်း ၁၆၅င်္ ၅၅င်္
၁၂၄၁ခု မောင်ထွန်းလှထံ ပထမပေါင်ငွေ ၄၀၊ တရပ်ထံ ငွေ ၂၅ိ တရပ်ထံ ၅ိ ၄င်းနှစ် မောင်လုံထံ ပထမပေါင်ငွေ ၄၈ိ တရပ်ထပ်ငွေ ၃၀ ၄င်းတရပ် မောင်လုံးထံပေါင်ငွေ ၂၀ တရပ် ထပ်ငွေ ၇ိ စပါး ၅၀င်္ ၄င်းနှစ် မောင်ဘိုးလူထံ ပထမပေါင်ငွေ ၄၀ တရပ်ထပ်ငွေ ၃၅ိ စပါး ၂၅င်္ ၄င်နှစ် မောင်လိန်ထံ ပထမပေါင်ငွေ ၃၀ တရပ် ထပ်ငွေ ၂၂ိ
၁၀၅ ၇၀ ၃၅ ၅၅
၁၂၄၂ခု နယုံလဆန်း ၁၃ရက်နေ့ မောင်ထွန်းဝ မောင်ရန်နုတို့ကို မြို့ ရုံးစီရင်ချက်နှင့် ထပ်ရငွေ ၁၅၀ိ
၁၂၄၂ခု နယုံလပြည့်ကျော် ၂ ရက်နေ့ ဆင်သေလယ်ချင်း တရားစရိပ်ဆို၍ မောင်ရံနု ထပ်ရ ငွေ ၄၀
စုံရာ ဥာဏ်ဆို၍ ပေးဆောင်ရငွေ ၈ိ ခိုင်ငွေဆို၍ ပေးရငွေ ၃၇ိ၅ူး တရားစရိပ်ကုန်ရငွေ ၇ ရှေ့နေပေးရငွေ ၅ိ စုစုပေါင် ၄၇ိ၅ူး
သက္ကရာဇ် ၁၂၄၃ခု တပေါင်းလပြည့်ကျော် ၅ရက်နေ့တွင် ဘုရားတကာ အုပ်ကျောင်းတကာ ဦးပေါ်သစ်က ကြေးငွေ သုံးစွဲရန် လိုပါသည်။ အထက် ဇီးပေါံရွာသူကြီး ဘေးဘိုးပုလက်ထက်က ၁၁၅၅ခုနှစ် ငပေါ်ထွေးထံ ပေါင်ရာငပေါ်ထွေး အမွေခံ…ထံ ရွေးနုပ်ရ အရွေးမခံ နေသောကြောင့် တရားပြောကုန်ငွေ။ တရပ် သက္ကရာဇ် ရွေးရန်ငွေ ။ တရပ်သူကြီး….မောင်ထွန်းဝ ၂ဦးတို့က ထပ်ယူငွေ ၃ရတ်ငွေပေါင်း ၁ိသုံး ဒင်္ဂါးပျားရေ ၅၆၂ိ၅ူး စပါးတင်းချင် ၂၀၀။ငွေစပါး များစွားနှင့်…တိုင်ရယူသည် အင်သုံကွတော လယ်မြေမျိုကျ ၅၀င်္ကျော်ကျဲ တောကုံးများအနက် ကျွန်းရင်းတောလယ်….တွင်းရေ ၁၅တွင်း မျိုးကျ ၁၀င်္ကျဲ ကုံးမြေ ၅င်္များကို သစ်စင်အပိုင်အခြားများနှင့် ပေါင်ထားလိုပါသည်။အပေါင်ခံယူ လုပ်စားနှင့်ပါ မောင်သုံ သမီးခင်ပွန်းကို ဆိုလျင် ကျောင်းတကာ ဦးပေါ်သစ် အဆိုအတိုင်း …..
ငထွန်းဝ ငရန်နု ကျောင်းတကာ ငပေါ်သစ်တို့ အင်သုံကွတောလယ်မှုစကားမှာ ငထွန်းဝက ဇီးပေါက်နယ်မြေအတွင်း အင်သုံကွတော လယ်မြေကုန်းတောသည် ဘေးဘိုးအ္ထံက အချားသူတို့ထံ အနုခံပေါင်ထားရာ ငပေါ်သစ်က ရွေးနုပ်လုပ်စားရှိ၍ ကျနုပ်တို့ အမွေခံဖြစ် ရွေးနုပ်ထပ်ယူရာ အရွေးမခံ မထပ်မပေးနေကဲ့သည် ငထွန်းဝက လျောံဆိုသည့်စကားအရ လယ်မြေတောကုန်းများ လက်ရှိ လက်ရှိသူ ကျောင်းတကာ ငပေါ်သစ် မေးရာ ငပေါ်သစ်ကလည်း ကျွန်တော်သည် ဇီးပေါံခရိုင်နယ်မြေ ကျေးရွာကို သူကြီးငရန်နုက ကျွန်တော့်ကို အစီရင်အရာ ဖြတ်စာပေးအပ်ရှိသည်နောံ တုတိရ ငရန်နု ငထွန်းဝတို့ သူကြီးအရာ ဖက်စပ်ကြီးစိုးပြီးလျင် အစီရင်အရာ စာချုပ်နှင့် ထုတံလွှဲအပ်ရှိသည် ။ ငရန်နု ငထွန်းဝတို့ ဇီးပေါံ ကျေးရွာ မကြီးမစိုးနိုင်ရှိ၍ တတိရကြီးစိုးသူ ငဘိုးသန့်က ထမ္မံ၍ ကျွန်တော့်ကို ရင်ခွင်ပိုက် ဇီးပေါံကျေးရွာ ၃ရောက် သူကြီးတို့ စာချုပ်နှင့် ဇီပေါံကျေးရွာ အုပ်ထိန်းနေသည့်အတွင်း သုံးခရိုင် ကိုင်းထောံ ဆရာတော်ဘုရားများက ဇီးပေါံရွာကို အုပ်ထိန်းရမည် ရွာအုပ်အရာ ခန့်ထား ပေးအုပ်ထိန်းရှိနေသည်အတွင်း သူကြီးမောင်ရန်နုက ဇီးပေါံ နယ်မြေအတွင်း အင်သုံကွတော လယ်တောကုံးသစ်ဝါးများကို ၁၁၅၅ခု အင်းနားရွာနေ ငပေါ်ထွေးထံ အနုခံ ငွေ ကျေးထန်း၃ရောံ ပေါင်ထား သူကြီးတို့ ထပ်ယူရှိသည် ရွေးနုပ်ရာ ငပေါ်ထွေးအမွေ့ခံ သားမြေးတို့က အရွေးမခံရှိပါ၍ လယ်မြေတောကုန်းသစ်ဝါးများကို ရွေးနုပ်ရံ တရားပြောဆိုပါ ဘိုးကျောင်းတကာ အစီရင် ခရိုင် မိဘ ဖြစ်သည် နောင် လယ်မြေတောကုံးနှင့် ကျကုံငွေစ္ပားများကို တရားရှိရာခံပါမည် သူကြီး မောင်ရန်နုက စာချုပ်လွှဲအပ် ရှိ၍ အင်သုံးကွတော လယ်တောကုံးသစ်ဝါးတို့ကို ဦးပေါ်သစ်ကို လက်ရှိလုပ်စားသူ ဦးပေါ်ထွေး အမွေခံ ငရွှေတို့နှင့် တရားပြောဆိုရာ အမွေခံ စေ့စုံရာတို့ စီရင်ချက်နှင့် ရွေးနုပ် ကုန်ကျငွေ ကြေးထန်း ၃ရောံ ...ပေါင်သည်၍ သူကြီးထပ်သည့်ငွေစ္ပားများကို တရားရှိရာ ရွေးနုပ် သင့်ကြောင်း ၂ဦးတို့ပျံဆိုစကား တရားရွေးကြယ်လျင် ငပေါ်သစ် ပြံဆိုသောစကား အမံဖြစ်ထိုက်သည် အဆိုပါ အင်သုံကွတော လယ်မြေတောကုန်းနှင့် ပတ်သက်သည့် ငွေစ္ပား ........ကုံငွေ သူကြီးတို့ ထပ်ယူငွေ အရပ်ရပ်ရှိသည်ကို ငပေါ်သစ်က တင်ပေးစေ တင်ပေးသည့် ငွေ စ္ပားများကို တစုလယ်တို့နှင့် အင်သုံကွတောမြေ ငွေရင်း ၃၆၁ိ အညွန့် ၁၄၁.ိ၅ူး ၂စုပေါင်း ၄၄၁ိ
ဇီးပေါံရွာသူကြီး မောင်ရံနု မောင်ထွန်းဝတို့က ကျနုပ်တို့မှာ ကျေးရွာ..ဆပ်ရန် ကျွေးမည်ရပ် မြိုရေးရွာတာ အရပ်ရပ် ရှိသည်များကို ၀ိုင်းဝင်းကူညီသည်ပိုးဆောင်ရွက် ဇီပေါံကျေးရွာကို အုပ်ထိန်းပြုစုဆောင်ရွက် ကျေးရွာတွင်း မှုခင်းကိစ္စပြောဆို ဆောင်ရွက်ပါ ကျနုပ်သူကြီးတို့ စားစင်ရှိသည်များကိုလည်း သူကြီးအစီအရင် ၃ဦးသားတို့ ညီမျှဝေယူစားသုံးပါမည် ။ သူကြီးမောင်ရန်နု မောင်ထွန်းဝ တို့က ပြောဆိုသည်ကို ကိုးဆူတကာ မောင်ပေါ်သစ်က စာချုပ်အတိုင်း တည်ညိမ်သေ၀ပ်ရှိလျင် စာတန်းပါဝင်သည့်အတိုင်း ကျနုပ်က ဇီးပေါံကျေးရွာ ၀န်တာဆပ်ပေးရန်ငွေ ။ ယ္ခုသူကြီး မောင်ထွန်းဝတွင် တင်ရှိသည့် မြီကျွေးဆပ်ရန် ငွေ၁ိဒင်္ဂါး ၇၀ကျော်ကို ဇီးပေါံ နယ်မြေပေါ်မှာ ရှာယူ သူကြီး ၂ဥိးတို့မှာ အ္ထံဖြတ်စာပါရှိသည့်အတိုင်း တည်ညိမ်၍ ပြေပိုင်အောင် ကူညီဝိုင်းဝင်းသည်ပိုးဆောင်ရွက်ပါမည် ။ စာချုပ်အတိုင်း မတည်ပေါံပြန်ရှိလျင် ပေါံပျံသူက ကိုဖိုးတန်ငွေကို ပြစ်ဒါန်ခန်ပြန်ပေးပါမည် မောင်ရံနု မောင်ထွန်းဝ ကိုးဆူတကာ မောင်ပေါ်သစ် တို့ သဘောတူစာချုပ်ကို ၁၂၄၁ခု နတ္တော်လဆန်း ကိုးရက်နေ့ ကျက်ဆူကံရွာနေ လူသူတော်ကောင်း မောင်အောင်မင်း ဇီးပေါံရွာနေ ခေါင်း မောင်လိပ်၊ မောင်တိုးအောင်တို့ရှေ့ သူကြီးမောင်ရံနု သူကြီးမောင်ထွန်းဝ ကိုးဆူတကာ မောင်ပေါ်သစ်တို့ လ္ဘံက်လှန်စားကြသည် ကာလ လ္ဘက်ပေးသူ မောင်စံရွှင်
သက္ကရာဇ် ၁၂၄၆ခု တကူးလပြည့်ကျော်၆ရက်နေ့တွင် မရှင်က ငွေသုံးရံလိုပါသည်။ ကျွန်တော်မ ကျေးနှင့် ရာဆိုင် ပိုင်ထိုက်သည့် ဇီးပေါံမြေ မိုးကျိုးပြစ် အရှေ့ ကျို့ပင်လယ်ကြီး ဖန်ခါးပင်လယ် လယ်ပေါင်း တွင်းရေ ၂ မြိုးကျ ၃င်္ကျဲနှင့် မြေခုမြေအိန်နေကုံးကို ငွေ ၁ိသုံး ဒင်္ဂါးပျားရေ ၁၅ိ ၅ူး နှင့် အပေါင်ခံယူပါ ။ မောင်သုံ သ္မီးခင်ပွန်းကို ဆိုလျင် မရှင် အဆိုအတိုင်းနှင့် မိုးကြိုးပြစ်လယ်ကြီး သ္မီးမိသား မြိုးကျ ၃င်္ကျဲ နှင့် မြေခုမြေအိန်နေကုံးကို ငွေ၁ိသုံး ဒင်္ဂါးပျားရေ ၁၅ိ ၅ူးး များကို မောင်သုံ သ္မီးခင်ပွန်းက မရှင် လက်ပေး၍ ကျေးပေးလယ်ပေါ် ကုံးပေါ် ပေါက်ရောက်သည့် ထန်းဖိုထန်းမများနှင့်တကွ အပေါင်ခံယူ လုပ်စားနှင့်သည် နောံလယ်ကုံး တို့ကို သုံးနှစ် မတိုင်မှီ ရွေးနုပ်ရှိလျင် ငွေကို ထဘိုးပေး၍ ရွေးနုပ်ပါမည်။ မရှင်က ဆို၍ အပေါင်ခံယူလိုက်သည်။ ကာလသိရှိသူ ကိုပဲ စာစီ ကိုဖိုးလူ စာရေး ကိုဖိုးလူ
သက္ကရာဇ် ၁၂၄၈ခု တကူးလပြည့်ကျော် ၁၂ရက်နေ့တွင် ဦပေါ်သစ်က ဇီးပေါက်နယ်မြေအတွင် သူကြီး မောင်ရံနု၊ မောင်ထွန်းဝတို့ က ဘိုးဘတို့က အချားသူတို့ထန် ပေါင်နှန်သုန်းသည့် ငွေစပါးများကို ပေးရွေးနုပ်ယူရန် ငွေ အသုံးလိုသည်ဖြစ်၍ ၆င်္ကျဲတောလယ်မြေအနက် လယ်ကောက်မြောံပိုင်း မိသား၂ တွင်းနှင့် ထန်းတောကြီးကုန်း ကုန်းပါ မကြေးဘင် အိုင်ပေါံက အနောံမြောံလား တုပ်ရိုက်ကြီးတောင်ကစင်းရှောံ၍ အနောံကိုအလား လက်ပန်ဘင်ထိ။ အနောံအလား လက်ပန်ရင်း တောင်ကစင်းထိ။ တောင်အလား င်္ဂကျဲအထက် ကစင်းက တောင်ရှောံ၍ ၀က်တူးခေါ် လယ်ထိ။ အရှေ့အလား မှမ်ပင်လယ်မျောံကစင်းကကို ၄င်းလယ်အောံကစင်းက တောင်အလား လယ်ကောံကလေး အောံကစင်း။ တောင်ကိုအလား ဦးရာရေထွက်ကျွန်းဘင်ကြီးထိ ။ ၄င်းအလား နတ်ရင်းပြိုးကင်း အောံကစင်းကို ရှောံ၍ ထန်းတောကြီးကုန်းမြေပါ သတ်မှတ်ရင် မကြေးဘင် အိုင်ပေါက်ထိ။ ၄င်းအတွင်း လယ်မြေ မျိုးကျ ၂၀င်္ကျဲ ကုန်းမြေ ၁၀င်္ကျဲ တို့ အပေါ်တွင် ပေါံရောံသည့် ပေသစ်ဝါး အစိုအချောံများနှင့် ကြေးပေးလယ်ပေါ် အပေါင်ခံယူ လုပ်စားနှင့်ပါ ကျောင်းတကာ ဦးလုန်း သမီးခင်ပွန်ကို ဆိုလျင် ၄င်း အုပ်ကျောင်းတကာ ဦးပေါ်သစ် ဆိုချက်အတိုင်း အထက် အရပ်ရပ် အပေါင် သက္ကရာဇ် ၂စောင်တွက် ၁ိသုံး ဒင်္ဂါး ပျားရေ ၁၀၀ ဦးပေါ်သစ် လုပ်စားသည့် လယ်မြေပေါ်တွင်ငွေ ၅ပျား ထပ်ပေး၍ အပေါင်ခံယူ လုပ်စားကျသည်။ ကာလသိရှိသူ မောင်ဘိုးသင်။မောင်ဆွဲ စာစီ အုပ်ကျောင်းတကာ ဦးပေါ်သစ် စာရေး မောင်ဘိုးလူ။
၈င်္ကျဲ လယ်ဂေါံကံလယ်တိုက်တောကုံးတို့မှာ အရပ်ရပ်ပေါင်ငွေ ဒင်္ဂါးပျားရေ ၁၀၀ ၅ပျား။
No comments:
Post a Comment