Sunday, September 19, 2021

pk3

 

င၀ိုက် မှန်တောလယ်မှု

 

………………ငရွှေမိတ် ငပေါ်သစ်တို့ ချက်။ ကျွန်တော်ကျွန်တော်တို့ ဘေး ဘိုး ဘတို့ ပိုင်ဆိုင်သည့် မှန်တော် ခေါ်လယ်မြေကုန်းထမ်းများကို ကျွန်တော်တို့ ဘေး ဘိုး မတပ်မကုန်ရှိ၍ င၀ိုက် ဘေး ဘိုး ထံ အထည်ဘိုးငွေ အနည်းငယ်မျှနှင့် မှန်ထားပေါင်နှ့ခဲ့သောကြောင့် ကျွန်တော်တို့ အမွေခံ သားမြေး မှန်သည့်အတိုင်း ရွေးပေးမည် သက္ကရာဇ်စာချုပ်ကို တင်ပြပါ ပြောဆိုရာ င၀ိုက် ပြောလိုရာ ပြောနေခဲ့သည်။ လယ်ကို လက်ရှိလုတ်ကိုင်ချထားသူ င၀ိုက်က သက္ကရာဇ် စာချုပ်ကို တင်ပြသင့် ပါသည်။ ကျတ်ချိန်ကျတ်မှတ်နှင့် ပေါင်ရင်းသူ သားမြေးတို့က တင်သင့်ကြောင်းကို မလျှောံမဆိုသင့်ပါ။ ဘေးဘိုး ဘက ကျွန်တော်တိုင် ထီးဘုရား အဆက်ဆက် ဆက်ခံချတင် လုတ်စားရကြောင်း င၀ိုက် အဆိုအစစ်ခံတွင် ပါရှိပါသည်။ မည်သည့်အကြောင်းနှင့် မှန်တောလယ်နယ်မြေကုန်းထန်းများကို ရယူဆက်ခံချထားလုတ်စားရကြောင်း  တပ်ရာလျောံဆိုသင့်ပါသည်. င၀ိုက်ဘေး ငကျော်ဇံ သမီး မိမယ်ရတို့က ကျွနတော်ကျွန်တော်တို့ ဘေး ငရဲနောင် မိဇွသာ ငကျော် ငချစ်သာ ငပုံဇတို့ အမှုတွက်နှင့် မှန်တော လယ်နယ်မြေများကို ကြေးငွေ စိုက်ထုတ်၍ အပိုင်ပေးအပ်ကြောင်း င၀ိုက်  အဆိုတွင် ပါရှိသည် ဖြစ်၍  ငွေမွေငွေချိန်နှင့် မြို့ရွာ ထုံးစံရှိသည်အတိုင်း မြေတိုင်းပွဲခအစုံ ၀ယ်စာ သက္ကရာဇ်များကို င၀ိုက်က တင်ပြသင့်ပါသည်။

 

၁၂၂၁ခု ကဆုန် လပြည့်ကျော် ၇ ရက်နေ့တွင်င၀ိုက်။ ချက်။ ဘေး ဘိုး ဘက ကျွန်တော်တို့၏ မှန်တောလယ်မြေကုန်းထန်းများကို ထီးဘုရား အဆက်ဆက် ဆက်ခံ ချတင်လုပ်စားရှိသည့် လယ်မြေရပ်များကို ယခုမှ နေမျိုးရဲလှရာဇာကျော်ထင်၊ ငရွှေမိတ်၊ ငပေါ်သစ်တို့က ဘေး ဘိုး ဘရှိစင် အထည်ဘိုး ငွေအနည်းငယ်မျှနှင့် ပေါင်ထားခဲ့ဟံ သံမညသာ စွံဆိုခြင်း ဖြစ်ပါသည်။ ကျွန်တော့်ဘေး  ဘိုး ဘထံ ကြိမ်ကျတ်နှင့် ပေါင်ထားကြောာင်း တပ်ရာလျောံဆိုသင့်ပါသည်။ ကျွန်တော် လုပ်စားသည်မှာ ကျွန်တော့်ဘေး ငကျော်ဇံ သမီး မိမယ်ရတို့ လက်ထက် ငရဲနောင် မိဇံသာ ငကျော် ငချစ်သာ ငပုံဇတို့ အမှုတွက်နှင့် ကျွန်တော့်ဘေး စိုက်ထုတ်ဆောင်ရွက်ရသည့်ငွေနှင့် မှန်တော်လယ်မြေများကို အပိုင်ပေးအပ်၍ ကျွန်တော်တိုင် ဆက်ခံ လုပ်စားရသည့် လယ်မြေဖြစ်ပါသည်။

 

အစစ်ခံတွင် မပါ၍ င၀ိုက်က လယ်နယ်မြေ အပိုင်းအချား န့င်းပြစေ ကောံချက်အရ နင်းပြပြီးနောံ ထောံသည်အဆိုခံ

 

င၀ိုက်ဆို။       ။ကျွန်တော့်ဘေး ငကျော်ဇံ ဘွားမ မိမယ်ရတို့ ရရန်ငွေအများနှင့် နေမျိုးရဲလှ ရာဇာကျော်ထင်၊ငမိတ်၊ ငပေါ်သစ်တို့  ဘေးဘိုး တော်သည် ဆို၏။ ငရဲနောင် မိဇံသာ ငကျော် ၅ဦးသားတို့က မှန်တော ခေါ် လယ်မြေ ကန်းထန်းများကို ထီးဘုရား အဆက်ဆက်နှစ်ပေါင်း၈၀ကျော် လုတ်စားရာသမျှ လုတ်ဆောင်ရသည်ကို ငရဲ့နောင် မိဇံသာ ငကျော် ၅ဦးသားတို့ အမွေဆက် အမွေခံဆို၍အပေါင်ရောံဟံ။ တားဆီးစကား ဖြစ်ပွားကြသည်တွင် ၄င်းတို့ ဘေး၅ဦးသားတို့ ငွေအများနှင့် သွင်းသည့် လယ်မြေကုန်းထန်းလို ပိုင်းချားပြစေ။ ကောံချက် လဘက်လှမ်းစားအရ။ ခုံသာရေးတို့နှင့် နင်းပြသည်ကို မဟုတ်မမှန်။စွပ်လှုပ်စွဲဆိုသည့် အမှုဖြစ်၍  ဘေးဘိုးတို့ အထက် သက္ကရာဇ် အမှတ်အသား တင်ပြသင့်ကြောင်း တရားကပ်ကို မလျှော့မဆိုသင့်။၎င်းတို့ အဆိုတွင် ပေါင်ထားကြောင်းပါ၍ရှိပါသည်။ ခုနှစ် သက္ကရာဇ် ငွေမွေ ငွေချိန် အသေအချာနှင့်သာ ခြင်းတို့က လျှောံဆိုသင့်ပါသည်။

 

ရွှေဘိုမြို့သို့ အယူခံသွားရာ ရေဦးရွာတွင် ရှေ့နေ ၂ဦးတို့ပူးပေါင်းတိုင်ပင်၍ ကောံသည်ကောံချက်။

င၀ိုက်နှင့် နေမျိုးရဲလှရာဇာကျော်ထင်၊၊ ငရွှေမိတ်၊ ငပေါ်သစ်တို့  စကားကို စစ်လျင် င၀ိုက်က မှန်တော ခေါ် ကုန်းတောလယ်မြေသည် ။ကျွန်တော့်ဘေး ငကျော်ဇံ လက်ထက် နေမျိုးရဲလှရာဇာကျော်ထင်၊ငမိတ်၊ ငပေါ်သစ်တို့  ဘေးတော်သည် ဆိုသူ ငရဲနောင် မိဇံသာတို့ ရာဇ၀ပ်မှုတွက်နှင့် ငွေ ၇ ကျော်။ ၄င်း ငချစ်သာ ငပုံဇ ငကျော် တို့၃ဦးသား ကိုယ်နေအစေခံ ငွေအများနှင့် သိန်းယူခုပ်စား၍ ဘေး ငကျော်ဇံ သေ။ ၄၅ခုနှစ် တိုင်ရောံသည်ကာလ ။ ၄င်း၅ဦးသားတို့ အမွေခံ သားမြေး ငဘသာ ငကောင်းညွန့် ငသာဂေါင်တို့နှင့် ။ ကျွန်တော့်ဘွားမ မိမယ်ရတို့ အခြင်းဖြစ်လယ်မြေတောများကို တရားရေးပြောဆိုရာမြေတိုင်ကြီးတို့ မိမယ်ရ လုပ်စားသည့် နယ်မြေကို ကွက်မှတ် နှုတ်ယူစေ။ ကျန် ကုန်းတောလယ်မြေမှာ ပြပေးစေ။ ဖြတ်စာအရ ယခုတိုင် လုပ်စားပါသည်။ ။ကျွန်တော့်ဘေး ငကျော်ဇံထံ ငရဲနောင် မိဇံသာ။ သားခြင်း ၅ရောံက အထည်ဘိုးငွေ ၅၀ိကျော်နှင့် မသွင်းမပေါင်အဆိုကို နေမျိုးရဲလှရာဇာကျော်ထင်၊၊ ငရွှေမိတ်၊ ငပေါ်သစ်တို့ ကလည်း ကျွန်တော်တို့ ဘီဘေးတော်သူ ငရဲနောင် မိဇံသာ။ ၅ဦးသားတို့ အမှုတွက် စိုက်ထုတ်ဆောင်ရွက်ငွေ ၇။ကျော် ကိုယ်နေငွေများနှင့် သိမ်းယူ၍ ငကျော်ဇံ  အခြင်းဖြစ်လယ်မြေတောကုန်းမှာ ငကျော်ဇံသေ။ အမွေခံသမီး  မိမယ်ရ လုတ်စားသည့်အတွင်း ကျွန်တော်တို့ ဘေးဘိုးတော်သူ ငဘသာ၊ငသာဂေါင် ငကောင်းညွန့် တို့က င၀ိုက် ဘွားမတော်သူ မိမယ်၇နှင့် ၄၅ခုနှစ် အခင်းဖြစ်ပါ၍ ၄င်းလယ်မြေတောကုန်းများသည် အထက်ငွေ ၇။ကျော် ကိုယ်တင်ငွေများနှင့် ရစေ။ စီရင်ချက်ဖြတ်စာရှိဟံ င၀ိုက် အဆိုပါ စကားအဆိုအတိုင်း တင်ပြပြောဆို………………………………

 

၁၂၂၁ခု နဆုန်တွင် င၀ိုက်နှင့် ၅ဘိုသား အမွေခံ နေမျိုးရဲလှရာဇာကျော်ထင်၊၊ငပေါ်သစ်တို့  မှန်တော ခေါ် လယ်မြေ ပြောဆိုကျရာ ကုန်စရင်း

 

တရားတက်                        နီ        ၆ူး      ၄င်းနှစ်နယုန်လဆန်း၁၂ရက်နေ့တွင်                               ခံဝန်ချက်ရေး                     ၂ဲဝိ     ၅ူး      ရေဦးရွာမှာ စုံရာညာဏ်တင်             ၂ဲဝိ     ၃ိ၇ူး အကောံခံမည့်နေံ ရက်ချုပ်ရေး    ၂ဲဝိ     ၅ူး      ကောံချက်ရေး                                        ၁ိ ရှေ့နေခြေကျွပေးငွေ                   ၂ဲဝိ          ၁ိ၅ူး    သက်သေငအိုတို့ အဆိုခံ ထောံ၍ဖြတ်                ပဌမမြေနင်းစေကောံချက်                              ခြက်နှင့်ကျောံထိုင်အယူခံရာခြေခန်    ၂ဲဝိ     ၄ိ                                                                                                       ညာဏ်တင်                        ၂ဲဝိ     ၁ိ၅ူး    ရှေ့နေခြေဆန့်                                        ၂ဲဝိ     ၄ိ ၄င်းနေ့ ကောံတန်ရေး                     ၅ူး      လုင်ဆြေန့်                                   ၂ဲဝိ     ၂ိ ရှေ့နေညာဏ်တင်                       ၁ိ        ကျောံတိုင်သွား၍တင်                     ၂ဲဝိ     ၂ိ၅ူး

ကောံချက်လက်ပေးငွေ                             ၂ူး      ……………………………………..

…………………………………………………………………………………………………………..

ညှိတန်ရေ                                   ၂ူး      ကျမ်းထုတ်                                            ၁ိ၂ူး ညှိတန်းလဘက်                               ၂ူး      ကျမ်ူဘင့်                                              ၁ိ၂ူး မြေဒူးရုန်း အယူခံစာရေးချေဆန့်          ၂ဲဝိ     ၄ိ        ကျမ်းတိုက်                                            ၁ိ လုင်ချေဆန့်                    ၂ဲဝိ     ၂ိ          အချုပ်ထုပ်                                            ၅ူး     

 

ကျနုပ် ဟုတမှ်သည်ကို ဆိုပါမည် မဟုတ်မှန် …….သစ္စာတော်ကျမ်းတွင် ပါသည့်အတိုင်း စူးရောံသည် ဖြစ်ပါစေသောဝ်။

 

င၀ိုက်ဓိဌာန်ချုပ်။၎င်းအချုပ်အရ သက်သေတို့ကို မေးခွန်း။သက်သေတို့ ထွက်ဆိုချက်။

 

င၀ိုက်သစ္စာဓိဌာန် အမှန်ချုပ်ချက်။     အခြင်းဖြစ် လယ်တောကုန်းသည် ကျွန်တော့်ဘေး ငကျော်ဇံက နေမျိုးရဲလှရာဇာကျော်ထင်၊တို့ ဘေးတော်သည်ဆိုသူ ငရဲနောင် မိဇံသာ ငကျော် ငချစ်သာ ငပုဇုတို့ ၅ဦးသား တို့မှာ ရရန် ငွေ ၇။ ကျော် ကိုယ်နေ ၃ရေဲာတွက်ငွေများနှင့် သိမ်းယူလုပ်စား၍ ဘေး ငကျော်ဇံသေ ၄၅ခုနှစ် ၄င်းတို့ အမွေခံ ငဘသာ ငသာဂေါင် ငကောင်းညွန့် တို့နှင့် ကျွန်တော့်ဘွားမ မိမယ်ရ တရားအရေးပြောဆို ကြရာ အစိုးရ မြေတိုင်း စီရင်ချက်ပြတ်စာ အ၀င်အပါ ကျွန်တော် ပတ်ဝိုက်နင်းပြသည့်မြေသည် ကျွန်တော့်ဘွားမ မိမယ်ရ လင်ငဦးတို့ ကွက်မှတ် နှုတ်ယူ လုတ်စားရသည့် လယ်မြေတောကုန်းမှန်သည် မှန်ပါသည်။

 

………ရမည်မှာ။        ။ အခြင်းဖြစ် လယ်တောကုန်းသည် င၀ိုက် ဘေး ငကျော်ဇံက နေမျိုးရဲလှ ရာဇာကျော်ထင်၊တို့ ဘေးတော်သည်ဆိုသူ ငရဲနောင် မိဇံသာ ငကျော် ငချစ်သာ ငပုဇုတို့ ၅ဘိုသားတို့မှာ ရရန် ငွေ ၇။ ကျော် ကိုယ်နေ ၃ရေဲာတွက်ငွေများနှင့်  သိမ်းယူလုပ်စား၍ ခုနှစ် ၄င်းတို့အမွေခံ ငဘသာ ငသာဂေါင် ငကောင်းညွန့် တို့နှင့် ကျွန်တော့်ဘွားမ မိမယ်ရ တရားအရေးပြောဆိုရာ အစိုးရ မြေတိုင်း စီရင်ချက်ပြတ်စာ အ၀င်အပါ ယခု ပတ်ဝိုက်နင်းပြသည့်မြေသည် မိမယ်ရ ကွက်မှတ် နှုတ်ယူသည့် လယ်မြေတောကုန်းမှန်၏လား။

 

၁၂၂၁ခု ၀ါခေါင်လဆန်း ၆ရက်နေ့  ကောံချုပ်ချက် လဘက်လှမ်းစားချက်အရ တဘက်အမှုသည် နေမျိုးရဲလှရာဇာကျော်ထင် ငမိတ်၊ ငပေါ်သစ်တို့က ။င၀ိုက်။ မိမယ်ရ အမွေဆက် အမွေခံ ယုန်ကြည်သူ ငစံထွန်း ငထွန်သာ ငတိုးတို့ကို လဘက်စားချက်အတိုင်း အခြင်းဖြစ်မြေထက် မှန်တောနတ်ကြီးရှေ့ စ္စာတော်ကျမ်းကို နဖူးထိပ်ထက် တင်ရွက်စေ၍ ဓိဌာန်စာအချုပ် မေးခွန်းများကို ၃ကျန်၃ဘန် နှုတ်ခွန်းသံခပ် ထွက်ဆိုချက်။ ကျမ်းအစစ်ခံများကို မှတ်သည်။

 

င၀ိုက်နှင့် နေမျိုးရဲလှရာဇာကျော်ထင်၊တို့ လယ်မြေမှုစကားကို ကောံချက်လဘက်စား ဖြတ်စာအရ ၂ဦးအမွေစားတို့အနက် ယုန်ကြည်သူလူ၃စီ စာရင်းချမှတ်သည့်အတိုင်း  ဘောံမပြန်ထွက်ဆိုရာ ရှုမ်းနိုင် ပြီးပြတ်ခံပါမည်။           အစီရင်ခံသည်ဖြစ် နေမျိုးရဲလှရာဇာကျော်ထင်၊တို့နှင့် င၀ိုက်တို့ စာရင်းချမှတ် တင်ပျကြရာ  ပါလူ ငစံထွန်း ငထွန်သာ ငတိုး ငအို ငစံမှူး ငတုပ်ကြီး ၂ဦး ၂ ၀  အမွေခံ အမွေဆက် ယုန်ကြည်ကြသည့် သက်သေတို့ကို င၀ိုက် နေမျိုးရဲလှရာဇာကျော်ထင်၊တို့ အချုပ်ထုတ်နုပ်၍ အခြင်းဖြစ်မြေထက် မှန်တောနတ်ကွမ်း နတ်အိမ်ရှေ တရားထုံးစံရှိရာ စ္စတော်ကျမ်းပေး၍ စစ်။ င၀ိုက် နေမျိုးရဲလှရာဇာကျော်ထင်၊တို့ ၂ဦးစာရင်းချမှတ်၍ အမွေစားသက်သေ၆ဦးသားတို့က ၂ဦး ၂ချုပ်အတိုင်း အညီ ထွက်ဆိုမည်။ အညီ မထွက် ဆိုမည်။ ရေတူလျင် နေမျိုးရဲလှရာဇာကျော်ထင်တို့   ဖြောင့်ဆိုရှိသည့် လယ်ပေါင်ငွေ ၅၀ကျာ်အနက် တ၀က်ကို င၀ိုက်သို့ ပေး၍ အခြင်းဖြစ် မှန်တောခေါ် လယ်မြေတောကုန်းများကို ၂ဦးညီမျှ ရယူစေ။ ၂ဦး အမွေစားဘက် ငသင်ရောံအနက် င၀ိုက်  မိမယ်ရ အမွေဆက်  အမွေခံ င၀ိုက် အချုပ်အတိုင်း ငစံထွန်း ငထွန်းသာ ငတိုး ၃ရောံအညီ မထွက်မဆိုမည်။ နေမျိုးရဲလှရာဇာကျော်ထင်တို့ ၅ဘိုသား အမွေဆက် အမွေခံ အစားသက်သေ ငအို ငစံမှူး ငတုပ်ကြီး တို့  ၃ရောံ နေမျိုးရဲလှရာဇာကျော်ထင် အချုပ်အတိုင်း အညီ မထွက်မဆိုမည် တဘက်ဘက်က ပြတ်လပ်လျင်  အခြင်းဖြစ် လယ်မြေတောကုန်းများကို ပြတ်လတ်သူက လျော့၍ ယူစေ။  လယ်ပေါင်ငွေ ၅၀ကျာ်ကို အစုကျပေး၍ တရားနှင့် စရိတ်မှာ …………. င၀ိုက်နှင့်   မိမယ်ရ အမွေခံ ဆို၍ နေမျိုးရဲလှရာဇာကျော်ထင်တို့က စာရင်းချမှတ်ပေးပြသည့် လူသက်သေ ငစံထွန်း ငထွန်းသာ ငတိုးတို့ ……မထွက်မဆိုလျင် လယ်ပေါင်ငွေ ၅၀ကျာ် ငွေလပ်စေ။ အခြင်းဖြစ် လယ်တောကုန်းများကို င၀ိုက်က ရကောင်းသည် မဆိုသာ။ လပ်စေ။ နေမျိုးရဲလှရာဇာကျော်ထင်၊၊ငမိတ် ငပေါ်သစ်တို့က ရစေ။ နေမျိုးရဲလှရာဇာကျော်ထင်၊တို့ ဘေးဘိုး အမွေခံသက်သေ င၀ိုက်က စာရင်းချမှတ်ပြပေးသည့် ငအို ငတုပ်ကြီး ငစံမှူးတို့ နေမျိုးရဲလှရာဇာကျော်ထင်၊တို့ အချုပ်အတိုင်း မထွက်မဆိုလျင် နေမျိုးရဲလှရာဇာကျော်ထင်၊တို့က အခြင်းဖြစ် လယ်တောကုန်းကို ရကောင်းသည် မဆိုသာ။ လပ်စေ။ ပေါင်ငွေ ၅၀ကျာ်ကိုလည်း ပေးစေ။ ၄င် အခြင်းဖြစ် လယ်တောကုန်းကို င၀ိုက် သားစင်မြေးဆက် အဆုမ်းအပိုင် ခံစံလုပ်စားစေ။ တရားနှင့် စရိတ်မှာ ရငမ်းသူက ပြန်ခံစေ။ ဟူ၍ ၁၂၂၁ခု ၀ါခေါင်လဆန်း ၆ရက်နေ့  စစ်ရင်းခုံ ဦးလည်ရွဲ ကောံချက်။ အမှုသည်င၀ိုက်က မိမယ်ရ အမွေဆက် အမွေခံတို့ မဘောံမပြန်စေရ။ ငရဲနောင် မိဇံသာ ငကျော် ငချစ်သာ ငပုဇု ငဘသာ ငသာဂေါင် ငကောင်းညွန့်  အမွေဆက် အမွေခံ  သားမြေးတို့ မဘောံမပြန်စေရ နေမျိုးရဲလှရာဇာကျော်ထင်၊တို့ ခံဝန်၍ အမှုသည် င၀ိုက်  နေမျိုးရဲလှရာဇာကျော်ထင်၊ ၂ဦး ခံဝန်၍ ၂ဦး စုံညီ ပြီးပြတ် လဘက်လှမ်းစားကြသည် ။ ကာလ လဘက်ပေးလုင် ငရွှေမောင်။

 

..မင်းကြီးကောံချက်။        

 

င၀ိုက်နှင့် နေမျိုးရဲလှရာဇာကျော်ထင် ငမိတ်၊ ငပေါ်သစ်တို့ ဆိုကြသည့် လယ်မြေကုန်းတောပေါင်ပိုင်စကား ကွဲပြားကြသည်မှာ ၂ဦးပြပေးသည့် သက်သေတို့ အဆိုအထွက်မညီ။ မသန့်မလွင်ဖြစ်သည်။ ၂ဦးပြ သက်သေတို့ကို အထက်ကောံချက်လဘက်စားမေးခွန်းအတိုင်း တရားထုံးစံရှိရာ စ္စာကျမ်းပေးပြီးလျင် ထပ်၍ မေးစေဦး ။ထွက်သံကို ကြားနာရမှ  အထက် လဘက်စားကောံချက်အရ ရွေးကြယ်စီရင်မည်။  ဟူ၍ ၁၂၂၁ခု တော်သလင်းလပြည့်ကျော် ၇ ရက်နေ့  င၀ိုက် နေမျိုးရဲလှရာဇာကျော်ထင်တို့ မဘောံမပြန်စေရ င၀ိုက် သား ငဖြိုး ။နေမျိုးရဲလှရာဇာကျော်ထင် ညီ ငသိုင်း ငပေါ်သစ် မဘောံမပြန်စေရ ။အစ်ကို ငတေဇတို့ ခံဝန်၍ စုံညီ လဘက်လှမ်းစားကြသည်။ ကာလ လဘက်ပေးလုင် ငလူအေး။

 

 နေမျိုးရဲလှရာဇာကျော်ထင်။  ။နေမျိုးရဲလှရာဇာကျော်ထင်။တို့  ဘီ ဘေး ငရဲနောင်ငကျော် ငခြစ်သာ ငပုံဇ မိဇံသာ၅ဦးသားတို့က င၀ိုက်ဘေး  ငကျော်ဇံသို့ အထည်ဘိုးပေးရန် ငွေ ၅၀ကျော်နှင့်သာ အခြင်းဖြစ် လယ်မြေတောကုန်း ကို ပေါင်ထားသည် မှန်သည် မှန်ပါသည်။

 

သက်သေတို့ကို မေးရမည်မှာ။ ။ နေမျိုးရဲလှရာဇာကျော်ထင်။တို့  ဘီ ဘေး ငရဲနောင် ငကျော် ငချစ်သာ ငပုံဇ မိဇံသာ ၅ဦးသားတို့က င၀ိုက်ဘေး    ငကျော်ဇံသို့ အထည်ဘိုးပေးရန် ငွေ ၅၀ကျော်နှင့်သာ အခြင်းဖြစ် လယ်မြေတောကုန်း ကို ပေါင်ထားသည် မှန်၏လား

 

၁၂၂၁ခု တော်သလင်းလပြည့်ကျော် ၈ရက်နေ့ င၀ိုက်ပြသက်သေ ငအို ငစံမှူး ငတုပ်ကြီးတို့ကို  အမှုသည် ရှေ့နေ အစုံအညီ ဘုရားတခိုးကြီးရှေ့ စ္စာတော်ကျမ်းကို ဦးထိပ်ထက်တင်၍ နေမျိုးရဲလှရာဇာကျော်ထင် ငမိတ်၊ ငပေါ်သစ်တို့ အချုပ် မေးခွန်းများကို ၃ကျန်၃ဘန် ဘတ်နာ နှုတ်ခွန်းကိုက် ဆိုစေ၍ မေးရာထွက်ချက်။

 

ငအို။           ။၁၂၂၁ခု တော်သလင်းလပြည့်ကျော် ၈ရက်နေ့  ပဌမသက်သေထွက်ဆိုချက်။ ၄င်း လယ်မြေ                             တောကုန်းကို မောင် ၁ မြင်း၁ နှင့်သာ ရော့ကြောင်း ပြောဆိုသည်ကိုသာ ကြားဘူးပါသည်။ ငစံမှူး။            ။၎င်းနေ့ ဒုတိယသက်သေ ငစံမှူး ထွက်ချက် မောင် ၁ မြင်း၁ နှင့်သာ အပေါင်ရောံကြောင်း                      ကြားဘူးပါသည်။                                                                                                 ငတုပ်ကြီး။  ။ ၄င်းနေ့ တတိယသက်သေ ငတုပ်ကြီး ထွက်ချက်။ မောင် ၁ မြင်း၁ကိုသာ ကြားဘူးပါသည်။

 

နေမျိုးရဲလှရာဇာကျော်ထင်၊၊ ငမိတ် ။ငပေါ်သစ်၊နှင့် င၀ိုက် ပြောဆိုကြသည့် ၅ဘိုဆိုင် မှ့တောခေါ် လယ် ကုန်းတောတို့ကို အပိုင်အပေါင် ဆိုစကားနှင့်……..ကြရာ အဆိုဆင်ခြေရင်းနှင့် ကောံချက် အမွေစာ.၆ဦးသားတို့ ထွက်ဆိုရာ ရှုံးနိုင်ပြီးပြတ်ခံပါမည်။ လဘက်လှမ်းစာအရ စာချုပ်မေးခွန်းများနှင့် သက်သေ၆ဦးသားတို့ကို အချုပ်အတိုင်း မေးခွန်းများကို မေးရာ  သက်သေ၆ဦးအနက် ၃ဦးလူတို့ ထွက်ဆိုသည့်စကား ၂ဦးသားတို့ သဘော မသန့်မလွင် သောကြောင့် တခုံတပညာ ပြားကြရာ  ထွက်ဆိုသည့်စကား မသန့်မလွင် ဖြစ်၍  ပထမကျမ်း ဖြည့်စစ်မေးစေ။အဆိုကို တဘက်အမှုသည် နေမျိုးရဲလှရာဇကျော်ထင်တို့က အစစ်အမေး မခံရှိနေ ၍ ဆိုင်ရာ ဗိုလ်ချုပ်မင်းထံ လျောံထား၍ အဆိုဆင်ခြေရင်း လဘက်စားဖြတ်စာအချုပ် မေးခါန်း သက်သေထွက်ချက်များကို တင်ပေး၍ အမိန့်တော်ကို ခံပြန်ကြရာ အထက်ကောံချက်ချုပ်ချက် မေးခွန်းအတိုင်း ထပ်မံ၍ သက်သေ၆ဦးတို့ကို စစ်မေးစေဦး။ သက်သေတို့ ထွက်သံများကို ကြားနာရမှ လဘက်စားအတိုင်း ရွေးခြယ်စီရင်မည်။ ကောံတော်မူချက်ကို ၂ဦး ကြိုက်ညီသောကြောင့် သက်သေ၆ဦးသားတို့ကို အစစ်အမေးခံပါမည်။ လဘက်လှမ်းစာအရ သက်သေတို့ကို အခေါ်လာရာ မင်းသားမင်းလှရာဇာ ဆရာငအိုတို့ ဆုမ်းမစီရင်ရာ တရားပြီးပြတ် ရှုံးနိုင်ခံပါမည်။ ငပေါ်သစ်၊ ငထုန်၊င၀ိုက် သား ငထီးတို့ စာချုပ်လဘက်လှမ်စား၍  ပတိန်ညင်သဘောတူခံကြရာ အဆိုပါ မှံတော ခေါ် လယ်တောကုမ်းများကို  င၀ိုက်က ကျွန်တော့် ဘေး ငကျော်ဇံ လက်ထက်ကကို ဆင်းသက်၍ ကျွန်တော်တိုင် လက်ရှိလက်မကွာ လုပ်စားပိုင်ဆိုင်သည့် …………… အဆိုရောံသည့် စကားအတိုင်း င၀ိုက်က ရယူလုပ်စားပိုင်စေ။ နေမျိုးရဲလှ ရာဇကျော်ထင် ငမိတ် …………….ပေးရာန် ငွေ ၅၀ကျော်နှင့်  အပေါင်ထားသည့် လယ်မြေတောကုန်းမှံကြောင်းကို ဆိုရောံသည့်အတိုင်း မေးစစ်ရာ ထွက်ဆိုသည်မှာ မသန့်မလွင် ဖြစ်၍ ထပ်မံသစ်လင် ကျမ်းဖြည့် စစ်မေးစေ။ အဆိုရှိရာ င၀ိုက် နေမျိုးရဲလှ ရာဇကျော်ထင်  ညီ ငထုန် ငမိတ် ငပေါ်သစ်တို့သည် ရပ်ရွာမခြား တရောတရှက် တည်း နေထိုင်ကြ နေမျိုးရဲလှ ရာဇကျော်ထင် ညာတိဝံသ မကင်းကြသူခြင်း ဖြစ်ကြသည်။ ကိုထောံ၍ တရားဆုန်းခန်းရောံ မပြောမဆိုကြနှင့်တော့။ အဆိုပါ လယ်မြေတောကုန်းများကို များကို  လက်ရှိလုပ်စားသူ င၀ိုက်က လုပ်စားမျဲတိုင်း ရယူလုပ်စားစေ။ နေမျိုးရဲလှ ရာဇကျော်ထင် ငမိတ် ငပေါ်သစ်တို့က ဘီဘေးဘိုးဘ တို့ လက်ထက် မပြောမဆို ဆိတ်ငြိမ်သည်ဖြစ်၍ ၄င်းလယ်မြေတောကုန်းများကို   ၅ဘိုသားမြေးတို့က ရကောင်းသည် မဆိုသာ လပ်စေ။ ကုံသည့်စရိပ်မှာ စရိတ်ရှင်ထိန်းစေ။ယခု တရားပြီး နှုပ်သိမ်း ဆောင်ရွက်ရာန် မှံသမျှကို  လယ်မြေတောကုန်းရသူ င၀ိုက်က ၃စုစု၍ ၂စုကို င၀ိုက်က ခံစေ။ နေမျိုးရဲလှ ရာဇကျော်ထင်  ညီ ငထုန် ငမိတ် ငပေါ်သစ်တို့က ၁စုကို ခံစေ။ နောင်း ၄င်းအဆိုပါ လယ်ကုန်းတောထန်းတို့ကို ၅ဘိုသားမြေးအမွေဆက်ခံ အချုပ်ဝင်သူတို့ မဘောံမပြန်ပါစေရ။ ငပေါ်သစ် ငတုန် ခံဝံ၍ င၀ိုက် အမွေခံ မဘောံမပြန်ပါစေရ ငတိုး ငပြောင်တို့ ခံဝံ၍ ငထုန်  ငပေါ်သစ် ငတိုး ငပြောင်တို့  စုံညီ ၁၂၂၁ခု ပြာသိုလဆန်း ၅ ရက်နေ့တွင် လဘက်လှမ်စားကြသည်။ စာစီ ရဲလှသူ လဘက်ပေး ငလတ်။

 

တရားနှင့် နာထောံလျင်တဦးအတိုကိုတဦး မဖြောင့်မမှန်။ကွဲပြားထွက်ဆိုသည်ဖြစ်၍  နေမျိုးရဲလှရာဇာကျော်ထင် ငမိတ် ငပေါ်သစ်တို့က ဘိုးတော်သူ ငရဲနောင် မိဇံသာ၊သားခြင်း၅ဦး ရာဇ၀ပ်မှုတွက် ငွေ၇ ကျော် ကိုယ်နေငွေများနှင့် သိမ်းယူလုပ်စားပြီးနောံ ငကျော်ဇံသေ ။၄၅ခုနှစ် ငရဲနောင် မိဇံသာ အမွေခံ ငဘသာ ငသာဂေါင် ငကောင်းညွန့်တို့က င၀ိုက် ဘွားမတော်သူ မိမယ်ရ လင် ငဦးတို့ထံ အဆိုပါ ငွေတွက်နျင့် အခြင်းဖြစ်လယ်မြေတောကုန်းမျးကို မိမယ်ရ ကွက်မှတ်နှုတ်ယူသူလုတ်စားစေ။ မြေတိုင်းတို့ စီရင်ချက် ဖြတ်စာမဟုတ်။ နေမျိုးရဲလှရာဇာကျော်ထင် ငမိတ် ငပေါ်သစ်တို့ ဘီဘေးတော်သည်ဆိုသူ ငရဲနောင် မိဇံသာ ငကျော် ငချစ်သာ ငပုံဇုတို့က င၀ိုက် ဘေးဘိုးတော်သူ ငကျော်ဇံထံပေးရန် အထည်ဘိုးအတွက်ငွေ ၅၀ိကျော်နှင့် ပေါင်သည် မှန်မမှန်ကိုသာ တရားမူလအမြစ် စစ်ဆေးစီရင်သင့်သည်အတိုင်း င၀ိုက်တင်ပြသည့် ဖြတ်စာသည် နှစ်ပရိတ်ဆေဒ ကာလရှည်ဝေး၍ စာဝင်စာပါ စုံရာ သက်သေတို့  သေဆုံးကြသောကြောင့်  မေးရန်မရှိ။ နေမျိုးရဲလှရာဇာကျော်ထင် ငမိတ် ငပေါ်သစ်တို့က အထည်ဘိုးငွေ ၅၀ိကျော်နှင့် ၄င်းလယ်မြေတောကုန်းမျးကို ငကျော်ဇ့ထံ ပေါင်သည်အဆိုအရ  စစ်မေးရမည်လည်း သိမှီသူ မရှိ။ ၂ဦး သက်သေမတင်ယ မလင်းမပြ မပေးနီုင်။ င၀ိုက် ဘွားမ မိမယ်ရ နှင့် နေမျိုးရဲလှရာဇာကျော်ထင် ငမိတ် ငပေါ်သစ်တို့ ဘေးဘိုးတော်သူ ငဘသာ ငသာဂေါင် ငကောင်းညွန့်တို့ တရားအရေး ပြောဆိုကြသည့်ကာလ မြေတိုင်းကြီး စီရင်ချက် ဖြတ်စာအရ မိမယ်ရ ကွက်ပျောံနှုတ်ယူသည်  ဖြတ်စာပါ တောကုန်းလယ်အနက် ယခု င၀ိုက် ပတ်ဝိုက်နင်းပြသည့် တောကုန်းလယ်မြေရပ်သည် ကျွန်တော့်ဘွားမ မိမယ်ရ ဖြတ်စာနှင့် ရသည် မြေမှန်ကြောင်း  ဘေး ငကျော်ဇံထံ နေမျိုးရဲလှရာဇာကျော်ထင် ငမိတ် ငပေါ်သစ်တို့ ဘီဘေးတော်သည်ဆိုသူ ငရဲနောင် မိဇံသာတို့က အထည်ဘိုးငွေ ၅၀ိကျော်နှင့် ပေါင်ရာ ၅၀ိကျော် ငွေနှင့် အပေါင်မခံယူကြောင်း မိမယ်ရ အမွေဆက်အမွေခံ ဆိုသူတို့အနက် တဘက်အမှုသည် နေမျိုးရဲလှရာဇာကျော်ထင် ငမိတ် ငပေါ်သစ်တို့ ယုန်ကြည်သူ လူ ၃ နေမျိုးရဲလှရာဇာကျော်ထင် ငမိတ် ငပေါ်သစ်တို့ကလည်း ယခု င၀ိုက် တင်ပြသည့် ဖြတ်စာသည် ကျွန်တော်တို့ ဘေးဘိုးတော်သူ ငဘသာ ငသာဂေါင် ငကောင်းညွန့်တို့နှင့်  င၀ိုက်ဘွားမ မိမယ်ရတို့ ပြီးချက် ဖြတ်စာမဟုတ်။ င၀ိုက်ဘေး ငကျော်ဇံထံ အခြင်းဖြစ်လယ်မြေတောကုန်းများကို ကျွန်တော်တို့ဘေး ငရဲနောင် နှမ မိဇံသာတို့က  အထည်ဘိုး ၅၀ိကျော်နှင့် ပေါင်ထားကြောင်း နေမျိုးရဲလှရာဇာကျော်ထင် ငမိတ် ငပေါ်သစ်တို့ ထုပ်နုတ်သည့်အချုပ်နှင့် ငရဲနောင် မိဇံသာ ၅ဦး အမွေခံ ငဘသာ ငသာဂေါင် ငကောင်းညွန့်တို့ သားမြေးအဆက်အခံဆိုသူတို့အနက် တဘက်အမှုသည်  င၀ိုက်တို့ ယုန်ကြည်သူ လူ ၃ကို ၂ချုပ်နှင့် အခြင်းဖြစ်လယ်မြေအတွင်း မှန်တောနတ်ကြီး ကွမ်းရှေ့ ထု့းစံရှိရာ စ္စာတော်ကျမ်း စွဲကိုင်ကြိန်ဆိုကြစေ။ အချုပ်အတိုင်း ဆိုဝမ့် မဆိုဝမ့် သိသာမှသာ ရွေးစစ်စီရင်မည်။ ဟူ၍ ၁၂၂၁ခု နယုန်လဆန်း ၁၄ရက်နေံ မြို့ထင်သူကြီး ကိုအောင်ကျာ် မင်းရဲမင်းခေါင်ကျော်စွာ။ မင်းနေမျိုးရာဇကျော်ထင်တို့ စီရင်ချက်ကို အမှုသည် င၀ိုက်အမွေခံ အမွေစားတို့ ဘောံမပြန်စေရ ငပေါ်သစ်ကလည်း ၅ဘို အမွေဆက် အမွေခံ သားမြေးတို့ မဘောံမပြန်စေရ ၂ဦး ခံဝန်၍ င၀ိုက် သား ငဖြိုး ငပေါ်သစ်တို့ လဘက်လှမ်းစားကြသည် ကာလ လက်ပေး ရေဦးရပ်နေ ငမြတ်သာ။

 

သက္ကရာဇ်၁၂၂၂ခု ပျာသိုလပြည့်ကျော် ၃ရက်နေ့တွင် အထက် င၀ိုက်နှင့် ၅ဘိုသားမြေး အမွေခံမှန်သူလူပေါင်း ၁၅ဦးသားတို့ ကျရအတူစာချုပ်လဘက်စားပြီးလျင် တရားအရေးဆောင်ကျရာငွေ  ၂၆၀ိကို မကုန်ဟံပြု၍ မင်းကျော်ရဲလှနတ်မီးသွေးငကံကြီး ငမာ  ငသာအောင် ငကျွယ်ပေါတို့က တရုန်းတော်မှာ လျှောံထားရာ အရပ်ရပ်ဆောင်ကုန်ရသည့်ငွေစာရင်း                                                                                     

တရားတက်ချိန်ငွေ နီ            ၁ူး၁ဲ             ကောံချက်ရေး နီ                           ၁ူး၁ဲ                                                                               ခေါ်ဝတ်ပေးငွေ                             ၅ူး               ညာဏ်တင်ပေးငွေ                         ၅ူး                                  ကောံချက်လဘက်ပေး                    ၂ူး               အမိတ်တော်ရကို ငါးဝယ်ပေး ၂ဲဝိ                ၅ူး                                          တရားရေးကို ပု၇ပိုက်ပေးငွေ ၂ူး               ပေါင်                                         ၁၄ိ ကောံချက်ညာင်္ဏတင်ပေးငွေ           ၅ူး               ၄င်းတရားမှုကို ခုန်ရာဏီရင်ညာံ        ၂ဲ၅ိ     ၁ိ ..ချက်ရေးပေးငွေ             ၅ူး                ကောံချက်ရေးပေးငွေ           ၄င်း     ၅ူး       ရှေ့နေပေးငွေ                             ၂ူး                လဘက်ပေးငွေ                                      ၂ူး                     လုင်ပေးငွေ                            ၂ူး                ငရွှေတုပ်ငကံကြီးတိုကိုပေးငွေ၂ဲ၅ိ                ၂၁ိ၅ူး ဓိဌာန်ချုပ်ရေးပေးငွေ            ၅ူး                ငပြိုထန်သတွတ်ရင်ပေါင်ရာ                                          .ထုပ်ပေငွေ                              ၅ူး                ပွဲခစုန်ရာပေးငွေ၂ဲ၅ိ                      ၁ိ၁ူး အထက်ကုန်ငွေကိုစာရင်တင်ရာ                     တရားပြီး ရုံးတော်မှာ နှုပ်သိမ်းရာ                                              ပရပိုက်ဝယ်ငွေ   ၂ဲဝိ               ၅ူး                ပြေထုန်ဆောင်ငွေ နီ                      ၅ိ                     ကုန်ငွေစာရင်ကူးသူစာရေးပေးငွေ ၅ူး                ပြီရေပေးငွေ                                ၅ူး       ရှေ့နေခေါ်ရာ ခေါင်းဦးမာပေးငွေ      ၁ိ၅ူး             ပေါင်း                                        ၂၁ိ၅ူး သွောံကြီးရွှေရပ်ပါပေးငွေ       ၁ိ၅ူး                                                                    တရားသူကြီးအိမ်ကခေါင်း                                                                                               မောင်သိမ်ပေး                              ၂ိ                 လဘက်ပေးငွေ                                      ၂ူး                                                                                        ၂ဦးတို့ ဦးရွှေညာဏ် ဆိုရာ ရှုံးနိုင်                အရပ်ရပ်ကုန်ငွေပေါင်း                                       ၁၅ိ                                                                     ခံစေငေယံချက်လဘက်ဖိုးပေးငွေ      ၂ိ

 

 

အရင်ခေါက် နတော်လဆန်း ၅ရက်နေ့ကို ပျာသိုလပြည့်ကျော် ၅ရက်တိုင် စာရွေး အရပ်ရပ်   ၆ိ၅ူး

၎င်းတပိုတွဲလဆန်း၁၀ရက်နေ့ကစ၍  လပြည့်ကျော် ၁၀ရက်နေ့တိုစားငွေ အရပ်ရပ် ၂ဲ၅ိ       ၃ိ၅ူး                        ပေါင်                                                   ၁၀ိ

 

သက္ကရာဇ်၁၂၂၂ခု နတော်လဆန်း ၅ ရက်နေ့တွင် ငရွှေတုပ်က လယ်ဂေါံကြီး အထက်တောကို ခုပ်လုပ်သည့်

လယ်ကို ငအောံကျွက်ဆူတို့ အစုပါဝန်သည်ဆို လွှတ်တော်က လျောံထားချခေါ်၍ ၀ပ်ပေးငွေ ၂ဲဝိချိန် ၁၈ိ၅ူး

၎င်းနောံ တဘိုတွဲလဆန်း ၁၀နေ့တွင် ရွှေဘွားတော်အောံက ငရွှေတုပ်က ဦးဝိုက်တို့နှင့် ၅ဘိုသားတို့နှင့်

တရားဇရိပ်ကုန်ငွေ ၃ါသာကျော် ကုန်ကြောင်း လွှတ်တော်ကလျောံထား၍ ခေါ်ချလာရာလုင် ငရေအကွယ်

ဝပ်ပေးငွေ ၂ဲသိ ချိန်  ၂၅ိ

 

မှန်တောလယ်မြေမှုနှင့် ရဇ၀တ်အုပ်ကျောံတိုင် အယူခံချရာလိုက်လူ ငသာအောင် ငမာတို့ကို အယူစားရိပ်

ပေးလိုက်ငွေ ၂ဲဝိငွေချိန် ၇ိ၂ံ

၎င်းတရားမှုနျင့် င၀ိုက်က မြေဒူးမြို့ရုံးက လျောံထားနှောံရှက်ပြန်ရာ တရားကို ချေဘန်ရှင်းလင်းရန် စရိပ်

ကိုတေဇနှင့် ငသာအောင်တို့ကို ပေးလိုက်ငွေ ၂ဲ၅ိချိန် ၉ိ၁ံ

၎င်းမှုကို မရှင်းမလင်းရှိပြန်၍ ငရွှေတုန်ကို ပြောဆိုရှင်းလင်းရံ စရိပ်ပေးလိုက်ငွေ ၂ဲဝိချိန် ၁၂ိ၁ံ                                        

၎င်းမှု မပြီးမပြတ်၍ ရွှေဘွားတော်အောံမှာ လျှောထားရန် ကိုတေဇ ငကံကြီးတို့ကို လျှောံစရိပ်ပေးလိုက် ငွေ

၂ဲ၅ိငွေချိန် ၉ိ၅ူး                                                                                                                                       

၎င်းမှုကို ရာဇ၀တ်အုပ်က သက်သေကို ထပ်မန်၍ စစ်သင့် မစစ်များကို အယူခံစေကောံချက်ကို မကြိုက် ၍

တဘက်အမှုသည်ကို အရပ်ပျံရံဆို ၍ ငရွှေညာဏ်ကို ပေးလိုက်ငွေ ၂ဲဝိချိန် ၁၈ိ

 

No comments:

Post a Comment