Sunday, September 19, 2021

pst

 

ပဉ္စာလ ၅မြို့

 

ဘုရားကျွန်တော် ၅၀တော်သွောံကြီး ________ထန်းတပင် ပဉ္စာလ ၅မြို့ ကြေးထမ်းကြီးတို့ ရှိခိုး အစီရင်တော်ခံပါသည်ဘုရား။ ၁၂၃၄ခုနှစ် ပဉ္စာလ ရသားမြို့မှာ မြို့ဝန်မင်း နေမြိုးမင်းထင်သိင်္ခကျော် သသာမေဓ ခွဲတောင်းကောံခံ ရရှိသည့်အတိုင်း အခွန်တော်ကို မဆက်သွင်း ထိန်ချံ စားယူရှိပါသောကြောင့်။ တင်လျှောံ ရွှေလွှတ်တော်မှာ ရှင်းလင်းကြရာ ကြေးမှုစကား မဆုံးမခန်းမှီ ၁၂၄၄ခုနှစ် ရသားမြို့ သသာမေဓ ကောံခံ ခွဲတောင်း ငွေ ပယ်ဖြက်ကြေးဆို၍ ခွဲတောင်းငွေ နောံတိုးကြေးဆို၍ ခွဲတောင်းငွေ အသေးသုံးဆို၍ ခွဲတောင်းငွေ အရပ်ရပ်ငွေပေါင်း ၆၀၀၀ ကျော် ခွဲတောင်း။ အခွန်ရုံးတော်မှာ ၄၀၀၀ကျော်ကိုသာ ဆက်သွင်း။ ၂၀၀၀ကျော်ကို မဆက်သွင်း ထိန်ချန် စားယူ လူကို ညှင်းပန်း နှိပ်စက် စေခိုင်းများပျား ကျွန်တော်မျိုး လူတို့ကိုလည်း မငြိမ်မသက် ရှိပါသောကြောင့် ထန်းတပင် ပဉ္စာလ မြို့ဝန်နှင့် ရွှေလွှတ်တော်တွင် မှန်ရာဖြစ်ပါရမည့်အကြောင်း ကိုးကွယ်ရာ အရှင်သာ ဖြစ်ပါ၍ ရှိခိုး အစီရင်တော်ခံပါသည်ဘုရား။ ၁၂၄၄ခုနှစ် ပဉ္စာလ ရသားမြို့ ထမ်းခံအိမ်တို့မှာ သသာမေဓငွေတော် ပယ်ဖျက်ကြေးဆို၍ တအိမ် ၁ိ ကျ။ နောံတိုးကြေးဆို၍ ခွဲငွေ ။ အသေးသုံးဆို၍ တအိမ် ၂ူး ၁ဲကျ ခွဲငွေ စုစု ၆၀၀၀ကျော်ခွဲတောင်းငွေ စာရင်းဘုရား။

ပင်းသာမြို့သူကြီး နေမြိုး သမန္တရဲကျော် မေးချက်ဘုရား။

 

သင်တောရွာအမှုတွဲ

 

ဘုရားကျွန်တော် စားတော်ကွံရည်တော်မင်းထင်နော်ရထာ။ ရှိခိုး အစီရင်တော်ခံပါသည်ဘုရား။ အဘ စားတော်ကွံရေတော် သီပေါမြို့ဝန်ဟောင်း သေ အဘပိုင် ရွှေငွေဥစ္စာ လယ်ယာမြေမှု အရပ်ရပ်များကို တရားအပြီးပြတ်မှီအတွင်း ကျွန်တော်က ချထားထိမ်းသိမ်း၍ အဘ အစီးအနင်းပေါင်းနားတောင်းစလွယ်များနှင့် ကွံရေတော်တွင် စားတော်ကွံရေသားတို့ကို ပေးချတည်လုပ်သနားတော်မူ တိုက်နေအိမ်များကို အဘ ကြေးသိမ်းကျွန်မယားငယ်တို့နှင့် အမိန့်တော်ရှိရာ နာခံပြီးပြတ်ပါရမည်အကြောင်း ရှိခိုးအစီရင်တော် ခံပါသည်ဘုရား။                                                                                                    ဘုရားကျွန်တော် စားတော်ကွံရည်တော်မင်းထင်နော်ရထာ။ ရှိခိုး အစီရင်တော်ခံပါသည်ဘုရား။ အဘ စားတော်ကွံရေတော် သီပေါမြို့ဝန်ဟောင်း သေ အဘပိုင် ရွှေငွေဥစ္စာ လယ်ယာမြေမှု အရပ်ရပ်များကို တရားမပြီးပြတ်မှီအတွင်း

 

စွန်တာမွေးဘွားသူ မင်းထင်နော်ရထာ ဖြစ်ပါသည်။ လင် သီပေါမြို့ဝန် သေကာလလည်း ကျွန်တော်မ နာမကျန်း ပရိဒေ၀ဒုက္ခရှိသည်အတွင်း အမိန့်တော်ခံ၍ ကောင်းမွန်စွာ သင်္ဂြိုဟ်ရအောင် ငွေဒင်္ဂါး ၁၀၀၀ ပေးပါ မင်းထင်နော်ရထာတောင်းလျှင်  ငယ်လင်ဖြစ်သည်နှင့် သင်္ဂြိုဟ်လို၍  ကျွန်တော်မ လက်ထက်ပွား ငွေ ဒင်္ဂါး ၁၀၀၀ ပေးအပ်ရာ မင်းထင်နော်ရထာ လိမ်လည် ချင်းအမည်နှစ်တင်လျောံ ငွေဒင်္ဂါး ၁၄၀ကိုသာ ၀ယ်ခြမ်း ကျန်ငွေ ဒင်္ဂါး ၈၀၀ကျော်ကို မင်းထင်နော်ရထာ ယူငင် ၀ှက်ထားရှိသောကြောင့် အနည်းငယ် ပရိက္ခရာကို ကျွန်တော်မ ခဲအို ငသဲသို့ ပေးအပ် စေလွှတ် သင်္ဂြိုဟ်ပါရသည်ကို သာရာပြတ်ခြား သန္ဓေနှင့် စွန်တာမွေးဘွားသူ မင်းထင်နော်ရထာ ကျွန်တော်မလင် သီပေါမြို့ဝန်ထံ ကပ်ရပ်မှီးကိုနေထိုင်သူတို့ကဲ့သို့ မစသည်ကို စွဲလမ်း သားကောင်းသြရသအခြေပြုလုပ် ကျွန်တော်မ ကြေးသိမ်မယားဖြစ်လေဟံ လိန်လည်ယူငွေ ၈၀၀ကျော်ကို မပေးလိုသမှု ပြန်ကာစီကာ ကြိုလျှောံဆိုသော်လည်း ကျွန်တော်မ မရားကောင်းမှန်၍ ပွဲတက် စာပေးအပ်မည်ရှိကာလ သားဆိုးမင်းထင်နော်ရထာ နှောင့်ရှက်သောကြောင့် လင်သီပေါမြို့ဝန်ထံ ပြောဆိုရာ မယားဖြစ်ကြောင်း လျှောံထားရန် လင်သီပေါမြို့ဝန်က စားတော်ကွံရေခေါင်း ၃၀ စောဘွာကြီးထံ ရေးသားပေးအပ်လိုက်သည် စားစောင်ဝ မေးမြန်းကာလ  တင်လျောံရန် ကျွန်တော်မထံ ရေးသား ပေးအပ်လိုက်သည် စာများ ထင်ရှား။ မင်းထင်နော်ရထာ အမိကို လင်သီပေါမြို့ဝန်က မတောင်းမရန်းသည်မှန်၍ မခြေမဆိုဝံ။ သာမညသူတော်ကောင်းထမ်မြင်သမြင့်မွေးဘွား သားဖြစ်ကြောင်း ၄င်းအဆိုတွင် ထင်ရှားနှင့် ဖြစ်ပါသည်။

 

သီပေါမြို့ဝန် မယားမိညွန့်လျှောံချက်ဘုရား

 

ကျွန်တော်မ နေအိမ်သို့ မတင်မထား မသိမ်းမယူ ကျွန်တော်မလင်မယားတို့ပိုင် နွား၎ လှည်း။ဗောင်းနားတောင်းစလွယ်များကို မိစာဥနှင့် မဆိုင်။ လယ်မြေ ၁၀ကျော်များမှာ။

 

သက္ကရာဇ်၁၂၄၄ခု ပြာသိုလဆန်း ၄ ရက်နေ့တွင် ကန္နီမြို့ စီရင်စု သင်တောရွာသူကြီး ငစံတင်ချက်။  ။ ငမှော် သင်တောရွာသူကြီးရိုး မဟုတ်။ ငကံသာ။ ငမှောသာ။ ဟုတ်မဟုတ်မသိ ၄၅ခု စစ်တမ်းခံ သင်တောရွာသူကြီး ငပြေသာ ငကံသာ ဘီ မဟုတ်။ ငပြေသာတွင် သား ငမင်းပေါ မရှိ။ ၆၄ခု စစ်တမ်းခံ မဟုတ်။ မိုးနဲကြောင်း အရေးတော်ရှိရာ ငမင်းပေါက ငကလေကို အမိန့်တော်စာချွန်ဆိုင်ရာ စာများနှင့် သူကြီးအရာ မလွှဲမအပ်။ မကြီးမစိုး မလိုက် မထမ်း။ ငမှောမှာလည်း သင်တောရွာကို ဆက်ခံကြီးစိုးရဘူးသည် မရှိ။ ကျွန်တော် ဘ ငပေါံ ထူးက ကျေးရွာကို ကြီးစိုးလိုကြောင်းနှင့် ကြီးဝန်နှင့် မပူးမပေါင်း။ မှုခင်း မရှာမကြံ မပြုမလုပ် တောရှောင်သည် မတိမ်းရှောင်သည်ကိုလည်း မသိ။ ဘ ငပေါံတူး အရိုးမှန်သည့်အတိုင်း ဆိုင်ရာစာများနှင့် ဆက်ခံ ကြီးစိုးပါသည် ၈ခုနှစ် အရေးတော်ပုံမှာ သူဘုံဘက်ပါ ကန္နီဝန် ခေါခံငမြဲနှင့် ဘုရားကျွန်တော် စားတော်ကွံးရေတော် မင်းထင်နော်ရထာ ရှိခိုးအစီရင်တော် ခံပါသည်ဘုရား။အဘစားတော်ကွံရေတော် သီပေါမြို့ဝန်ဟောင်း သေ အဘပိုင် ရွှေငွေဥစ္စာ လယ်ယာမြေမှု အရပ်ရပ်များကို တရား မပြီးမပြတ်မှီအတွင်း ကျွန်တော်က ချထားထိမ်းသိမ်း၍ အဘ အစီးအနင်းပေါင်းနားတောင်းစလွယ်များနှင့် ကွံရေတော်တွင် စားတော်ကွံရေသား တို့ကို ပေးချတည်လုပ်သနားတော်မူ တိုက်နေအိမ်များကို အမှုတော်ထမ်းဖြစ်သည့်အတိုင်း ရယူပြီးလျင် ကျံရွှေငွေစ္စာလယ်ယာ ၄၀၀၀ကျော်တန် ပစ္စည်းရပ်များကို အဘ ကြေးသိမ်းကျွန်မယားငယ်တို့နှင့် အမိန့်တော်ရှိရာ နာခံပြီးပြတ်ပါရမည်အကြောင်း ရှိခိုးအစီရင်တော်ခံပါသည်ဘုရား။                                                   ဘုရားကျွန်တော် စားတော်ကွံရေတော်မင်းထင်နော်ရထာ။ ရှိခိုး အစီရင်တော်ခံပါသည်ဘုရား။ အဘ စားတော်ကွံရေတော် သီပေါမြို့ဝန်ဟောင်း သေ အဘပိုင် ရွှေငွေဥစ္စာ လယ်ယာမြေမှု အရပ်ရပ်များကို တရားအပြီးပြတ်မှီအတွင်း

No comments:

Post a Comment