ငတေဇ ရွှေတုံးပျောက်မှု
ရွှေကြင်၁၃ရွာစီရင်စု ကံကလေးကုံးရွာနေ ငတေဇနှင့် ငပြော်။ တပရင်းမြို့ ((ဆံဆွဲ စီရင်စု ))စီရင်စု ရွှေတုံးရွာနေ ငရွှေလှိုင်တို့ ရွှေမှုတရား စကား ပြောဆိုကျသည် …ငတေဇက ကျွန်တော် ရွှေ ၄၀ကြော်ကို ငပျော် ငရွှေလှိုင်တို့နှင့် ပူးပေါင်း၍ ခိုးယူကြောင်းနှင့် …. အိမ်ရှေ့ဝန်မင်းထမ် လျှောံထားသည့် အမှု…ရောံပြောဆိုကျလျင် အကြးအကျယ် ဖြစ်ပွားမည်ကို ထောံ၍ ငတေဇ ငပျော် ငရွှေလှိုင်တို့လည်း နယ်နီး ရှောံရှက် ဆွေမျိုး မကင်းကြသည်ဖြစ်၍ …ကျန်းကိုင်ရေငုပ်ပြုကျလျင် ညိုး မကင်းကျတော့မည် ဖြစ်သည်။ အမိန့်တော်မြတ်ရင်အတိုင်း ကျီးသည့်အမှုကို ငယ်အောင် ငပြော် ငရွှေလှိုင်တို့မှာ ရာဇဒေါသနှင့် မကင်းဖြစ်၍ အိမ်ရှေ့တော်ဝန်မင်းထန် ငတေဇက ရွှေ၄၀ိကြော် လျောံထားသည့်အနက် ကံကျမာအလျောံ ကြမာရိုး ကြမာရောပြု၍ ၁ဲဝိ ၂၅၀ိကို ငလှိုင် ငပြော်တို့က ငတေဇသို့ ပေးရောစေ။ ဆိုင်ရာမှာ နုတ်သိမ်းရန် မှန်သမျှကို ငရွှေလှိုင် ငပြော်တို့က ကျကံ နုပ်သိန်းစောင်ရွက်စေ။ နောံ ငရွှေလှိုင် ငပြော် ငတေဇတို့ ရွှေ၄၀ိကြော် စွပ်စွဲ ယိုးမှုကြောင့် တဦးကိုတဦး မပြောမဆိုသာ ပလပ်ပြေညိန်းကျစေ။ ဟူရွေ့ ၁၂၁၆ခု တဇောင်မုံးလဆန်း ၅ရက်နေ့ နာခံတော် မင်းလှမင်းထင်ဇေရသူ ဆုမ်းမ ဖြန်ဖြေ စည်ရင်ချက်ကို အမှုသည် ငတေဇ ငရွှေလှိုင် ငပြော်တို့ စုံညီ လဘက်လှန်စားကြသည်ကာလ လဘက်ပေးလုင် ငကျော်ဇံ ၊။
ခံန်ချက်
သက္ကရာဇ် ၁၂၁၆ခု တဇောင်မုံးလဆန်း ၇ရက်နေ့ ငတေဇနှင့် ငပြော် ငရွှေလှိုင်တို့နှင့် ရွှေမှုစကား ပြောဆိုကျသည်။ ဖြတ်စာထွက်ငွေ ၂ဲဝိချိန် ၂၅၀ိ ငွေကို ငတေဇက ငရွှေလှိုင် ငပြေတို့မှာ ပြေကျေအောင် ပေးဆပ်ရမည် တောင်းသည်မှာ ယခုနေ့ မပေးထည့်နိုင်ပါ ၂၊၅၀ိ ငွေအနက် ကျံ ၁ဲဝိ၊၂၊၉၊၅ူးကို ချုပ်ရက်ကနေ နတော်လဆန်း ၅ရက်နေ့တိုင် ရောံလျင် ပေးဆပ်ပါမည်။ နတော်လဆန်းတိုင်ရောံ၍ ၄င်းဖြတ်စာတွက် ငွေကို မပေးမဆပ်နေလျင် နာခံတော် မင်းလှမင်းထင်ဇေရသူက ငပြော် ငရွှေလှိုင်တို့ကို ပြု၍ ၂၊၉ီ၊၅ူး ငွေကို ပြေလည်အောင် ပေးဆပ်ပါတော့မည် နောံမပေးမဆပ်နေ၍ စိုးမင်းတို့ထံ လျောံထားပြေဆိုရလျင် ကုံသမျှ စရိပ်နှင့်တကွ ကျခံနှုပ်သိမ်းပါမည် ဆို၍ ငတေဇနှင့် ခံဝန်သူ။ နာခံတော်မင်းတို့နှင့်တူ သဘောတူ စာချုပ်သည် ကာလ သိရှိသူ ရွှေကျင်ဗိုမင်း နေမြိုးရဲကျော်ဒိဗ္ဗ စာစည် ကွင်းရေဂေါင်း ကိုရွှေဘီ စာရေး မောင်ရွှေပွင့်။
××××××××××××××××××××××××××××××××××××××××××××××××××××××××××××
သက္ကရာဇ် ၁၂၁၈ခု တပေါင်းလပြည့်ကျော် ၆ရက်နေ့ရသည့်စာရင်း
ဘိုးငတုပ်ခိုင် မယား မိယွန်းသာ သား ငထွန်းကျော် သား ငကုလားဖြူ နှမ မိဇိုင်း သား ငခြစ်ပုံ သမီး နှင်ဖြူ ရွှေတုံးကျောင်းအရှေ့ လယ်ကောံကြီးတိုက် ၂၅င်္ကျဲရ။ အိမ်ဖြူ သမီး မိဝင်း သား ပေါက်ရင်းကြီး ၂င်္၂ီကျဲရ။ ရှိုဝင်တိုက် ကြိုင်ကောင် ပေါင်း၃စု ၂၅င်္ရ။ ပြည့်ဖြူ သမီး မိလှမှုံ သမီး ဘွံ့ထွား ပေါက်ရင်း ၂င်္၂ီကျဲ ခွေးခြေအိုင်တိုက် ပေါင်း ၂စု ၂၅င်္ကျဲရ အီမ သမီး မွှေးလွန်း တောင်တော ၁၀င်္ကျဲ အုတ်ဖိုတော ၁၅င်္ကျဲ ပေါင်း ၂စု ၂၅င်္ကျဲရ ။ ထွာလှ မ ထွာပု မ ခြစ်ကြော် သမီး မိသာဦး သား ပန်းအောင် သမီး လွန်းနွယ် ဆပ်သွားလယ်တိုက် ၁၀င်္ကျဲ အုန်ဖိုတော ၁၅င်္ကျဲ ပေါင်း ၂စု ၂၅င်္ကျဲရ။ မြကျော် မ မြဘော် မ ငထွေး သား ငစံမှတ် သား ငမျိုး တောင်တော မယ်ဇော့ကင်း ၁၀င်္ကျဲ လက်ရှစ်....၁၅င်္ကျဲ ပေါင်း ၂စု ၂၅င်္ကျဲရ။ ကုန်းမှာလယ်နှင့် ထုပ်သင့်စီ။၅ပိုတို့ပျင်ထွက်လယ်
×××××××××××××××××××××××××××××××××××××××××××××××××××××××××
သက္ကရာဇ် ၁၂၁၈ခု တပေါင်းလပြည့်ကျော် ၅ရက်နေ့တွင် အမွေစားသိရှည့်သူ ဦးခက် ဦးဖွယ် ဦကွ့န့် ဦးရွှေတုပ်မောင်လွန် ငပိန်တို့ ကျွန်တော့် ဘ ရဇုသင့်လယ်ကုံးများကို သစ်ဇင်သစ်ရိုးနှင့် ချင်နင်းပြသ ပြောဆိုရှိပါသောကြောင့် ငမှန်ကို တားဇည်းရာ ၄င်း အမွေစားတို့ ပြသသည့် သစ်ရိုးမှာ ပြင်ပင်လယ်အထက် ကဇင်းက တောင်ကိုလားသော် ကံပေါက်မြေအချား ၊ ၄င်းအနောံလားသော် ညောင်ပင်၊၄င်းအေနာံလားသော် ဖိုးစိန်ခက်မြေစုံးထိ၊ ၄င်းမျောံလားသော် ..သင်ရိုး သဖန်းပင်၊ မြောံလားသော် မျောင်းဘော် အင်ပင်။သည်အတွင်း ငမှန် မဆိုင်မရ ဖြစ်သောကြောင့် အမွေစားတို့နှင့် တားဇည်းပါသည်ကို မနေ လယ်ကွန် ကုန်းကွန်များကို မပေး အနှစ် ၃၀ကျော် ကျွန်တော့်အမွေကို တိတ်တစိပ်ထိန်ကျမ် ကဲဝှက် လုပ်စားပါသည်။
သက္ကရာဇ် ၁၂၁၈ခု တပေါင်းလပြည့်ကျော် ၈ရက်နေ့တွင် အမွေစားတတို့နှင့် လယ်ကုံးများကို လုပ်စားသူ ငမှန်ကို တားဇည်းရာ ငမှန်က ဖိုးဘတို့ လက်ထက်က ခွဲဝေစာကို တင်ပျပါတောါ့ဆိုပါသည်။
၎င်းနောံ တပေါင်းလပြည့်ကျော် ၁၂ရက်နေ့တွင် တဘံ တားဇည်းပြံရာ ကျွန်တော့်လယ်ကုံးကို လုပ်စားသူ ငမှန်က ဘေး ဘိုး ဘတို့ လက်ထက်က ခွဲဝေစာတို့နှင့် အစုံအညီ ပြောဆို၍ မှံလျင် သည်ကုံးသည်လယ်တောက ဆင်းသွားပါမည် ငမှန် ဆိုပါသည်။
သက္ကရာဇ် ၁၂၁၉ခု တကူးလပြည့်ကျော် ၈ရက်နေ့တွင် ဖိုးဘတို့ ထားသည့် ခွဲတန်းဝေစာကို အမွေစား ဘုရာတကာ ဦးရွှေတုပ် ၊၄င်း မောင်ကွန့်၊၄င်း မောင်ပိန်၊ မောင်လွင် ။ မောင်ဖွယ်၊ ဦးခက်တို့နှင့် စုံအညီ တင်ပြ၍ လယ်ကုံးများကို တားဇည်း လယ်ကုံးကို လူပ်စားသူ ငမှန်က တရားနှင့် ဆိုင်ရှုံးမှ သီကုံးသည်လယ်က ဆင်းသွားမည် ငမှန် ပြောလိုရာပြော၍ အတင်း လုပ်စားနေပါသည်။
သက္ကရာဇ် ၁၂၁၉ခု ကဆုန်လပြည့်ကျော် ၁၂ရက်နေ့တွင် ကျွန် ဘ ပိုင်ထိုက်သိ လယ်ကုံးများကို လုပ်စားသူ ငမှန်ကို အမွေစား ဆိုင်သည့် လူတို့နှင့် ကျွန်တော် တားဇည်းသည်ကို မနေ ပြောခိုရာပြော လယ်ခွင် ကုံးခွင်ကို မပေးနေပါသည်။
သက္ကရာဇ် ၁၂၁၉ခု နယုန်လဆန်း ၃ ရက်နေ့တွင် ကျွန်တော့ ဘိုးဘတို့မှာ ၁ဦးကျရသည့် လယ်ကုံးများကို အမွေစား မောင်ဖွယ် တို့နှင့် ကျွန်တော် လုပ်စားသူ ငမှန်ကို တားဇည်းရာ ငမှန် ပြောချင်ရာ ပြော၍ နေပါသည်။
ပဌမ၀ါဆိုလဆန်း ၅ရက်နေ့ အရပ်ရပ်ကုံစာရင်း ပထမ၀ါဆိုလပြည့်ကျော်၁ရက်နေ့
ရုံးလုင်ပေးငွေ ၂ဲဝိ ၂ံ သက်သေပန်ပေးငွေ၅ိ ၂ဲဝိ ၂ိ၅ူး စာရေးပေးငွေ ၂ဲဝိ ၅ူး ၄င်းဝါဂေါင်လဆန်း၉ရက်နေံသက်သေ ၂ဲဝိ ၂ိ၂ံ ၄င်းစာရေးလဘက်ဝယ်ပေးငွေ ၂ဲဝိ ၁ံ သက်သေစားစရိပ်ပေးငွေ ၂ဲဝိ ၄၅ူိး
ရှေ့နေသွောာံကီးပေေးငွေ ၂ဲဝိ ၂ိ၅ူး ရှေ့နေကိုပေးငွေ ၂ဲဝိ ၁ိ လုင်ကူပေးငွေ ၂ဲဝိ ၁ံ၁ူး ၀ါဂေါင်လပြည့်ကျော်၅ရက်နေ့ ၃ါခံပေးငွေ ၂ဲဝိ ၂ိ၂ံ
၎င်းဝါဆိုလဆန်း၂ရက်နေ့ စာရေးပေးငွေ ၂ဲဝိ ၁ံ ၄င်းစာရေးငဘုံပေးငွေ ၂ဲဝိ ၃ံ
၎င်းဝါဆိုလဆန်း၃ရက်နေ့ ၄င်းမောင်သိန်ပေးငွေ ၂ဲဝိ ၃ံ
စာရေးပေးငွေ ၂ဲဝိ ၁ံ လုင်ငကူပေးငွေ ၂ဲဝိ ၂ံ သက်သေတို့ကို ကျန်းမေးရာ နခံချေကျွ ပေးငွေ ၂ဲဝိ ၃ိ ဘုရားစောင့်ပေငွေ ၂ဲဝိ ၂ံ ကျန်းထုပ် ၃ံ ကျန်းကျည့်ကျန်းပင့်ပေးငွေ ၂ဲဝိ ၁ိ၁ံ ကန်းပင့် ၂ဲဝိ ၂ံ လဘက်ဖိုးငွေ ၂ဲဝိ ၁ူး ဘုရားစောင့် ၂ဲဝိ ၁ံ တရားသူကြီး လကဆောင်ပေးငွေ ၂ဲဝိ ၁၅ိ၁ံ လုင်ပေးငွေ ၂ဲဝိ ၃ံ ဂေါင်မောင်သိန်းပေးငွေ ၂ဲဝိ ၅ိ၂ံ မောင်ဘုံကိုပေးငွေ ၂ဲဝိ ၁ံ ရှေပနေမောင်ဘုံကိုပေးငွေ ၂ဲဝိ ၂ိ၂ံ စာရေးမောင်ဘုံကိုသက်သေဖြတ်ချက်ရွေးငွေ ၂ဲဝိ ၂ိ စာရေးကို ပုရပိုက်ဝယ်ပေးငွေ ၂ဲဝိ ၂ူး ၀ါဂေါင်လဆန်း၁၄ရက်နေ့ ရှေ့နေပေးငွေ ၂ဲ၅ိ ၅ူး
ဆင်ချေကောံချက်ကူသူကိုပေးငွေ ၂ဲဝိ ၂ံ
၎င်းနေ့ကောံချက်ကူးငွေ ၂ဲဝိ ၂ံ အဆင့်စာဆို၍ မောင်သသိန်ပေးငွေ ၂ဲဝိ ၂ံ လဘက်ဖိုးငွေ ၂ဲဝိ ၁ံ လုင်ပေးငွေ ၂ဲဝိ ၅ူး
အသူံစာဒစရိပ်စာရင်း
ကတိုးခပေးငွေ ၂ဲဝိ ၁ံ ဆံခ့ငွေ ၂ဲဝိ ၂ံ ကျေးဝယ်ငွေ ၂ဲဝိ ၂ံ ဆီဆေးဖိုး ၂ဲ၅ိ ၁ံ ဆံဝယ်ငွေ ၂ဲဝိ ၁ံ ဆံခံငွေ ၂ဲ၅ိ ၅ူး ကျေးနီဝယ်ငွေ ၂ဲဝိ ၁ံ၁ဲ ကွန်းသီးဝယ်ငွေ ၂ဲဝိ ၁ံ ကျေးနီဝယ်ငွေ ၂ဲဝိ ၂ံ ကတိုးဂပေးငွေ ၂ဲဝိ ၂ံ ပျံစရိန်ငွေ ၂ဲဝိ ၂ိ၂ံ ရွှေခတ်ငွေမွေ ၂ဲဝိ ၁ံ၁ူး ပေါင်း၃စုငွေ ၄၁ိ၁ူး
ငပိဝယ်ငွေ ၂ဲ၅ိ ၁ိ ဂေါင်ပါင်းဝယ်ငွေ ၂ဲ၅ိ ၅ူး ဇွန်ဝယ်ငွေ ၂ဲ၅ိ ၅ူး ဆီဝယ်ငွေ ၂ဲဝိ ၁ံ
ဦးဦး လယ်ပေါင်ငွေ
သက္ကရာဇ် ၁၂၂၁ခုနျစ်တွင် ရြေံခမဦးဦး သမီးလင်ပွန်းတို့ သမီး မိနန်းကိုင် အတူနေစဉ် အတွင်း လဉ်ဇင်ငယ်ကိုပေါင်စားသည် ငေါမွေ ၂ဲဝိချိန် ၁၈ိ ၄င်းပြင် ငပေါတွင် ကုန်းလယ်ကြီးပိုင်းကို ဦးဦးသမီးခင်ပွန်းတို့ပေါင်ငွေ ၂ဲဝိ ၆ိ စပါး၁၀င်္ မောင်အိပ်ငွေ ၃ဲ၅ိ ၁ိ၁ူး မောင်ရံဆောင်ငွေ ၂ဲဝိ ၁ိ
ကျမ်းအစစ်ခံနေ့စွဲထွက်ချက်။
သက္ကရာဇ် ၁၂၂၀ ၀ါခေါင်လဆန်း ၁၀ရက်နေ့ ငပေါ်သစ် ငမှန်တို့ အစုံအညီတွင် လ္ဘံစားကောံချက်အရ အမွေစားဘက် ငနီ ငပိန်တို့ကို တရားနာခံ နေမျိုးမင်းထင်ကျော်ခေါင်ကို ကျမ်းမ၍ ဆုတောင်းပြည့် မြတ်စွာဘုရား ယည်ပြည်တော်ရှေ့တွင် အာကာစိုး နေမျိုးသီဟကျော်ထင် လူ ငရွှေတူက ငနီ ငပိန်တို့ကို သစ္စာတော်ကျမ်း ပေးမြဲပေးအပ်၍ နဘူးထိပ်ထက်တင်ရွက်စေပြီးလျင် ဟုတ်မှန်သည်ကိုသာ ဆိုပါမည် မဟုတ်မမှန်ဆိုပခြေသော် သစ္စာတော်ကျမ်းတွင် ပါသည့်အတိုင်း စူးရောံသည်ဖြစ်စေသော ၃ကြိမ်၃ဘန် လိုက်နာကြပ်ဆိုစေ၍ ၎င်းနေ့ တရာသူကြီးမင်း မဟာမင်းလှကျော်သူကိုယ် ငပေါ်သစ် တင်ပြစာတန်းကို ၃ကြိမ်၃ခေါံ ဘတ်ပြနာခံစေ၍ ငနီကို မေးသော် ငတုပ် မိပြည့်ဖြူ မိအိမ အမွေစား သားခြင်းတို့နှင့် တစုတည်း ခွဲဝေပိုင်းချား ချုပ်ဆိုရသည် ။ ဝေစာစာတန်းဖြစ်ကြောင်းနှင့် မိဘလက်ရှိ အသီးအသီး စည်ဆက်စကားကို
ကျွန်တော့်အစ်ကို ပြော၍ သိပါသည် ထွက်ဆိုသည်။ ၎င်းနည်း ၃ကြိမ် ၃ခေါံဖတ်ပြနာခံစေ၍ ငပိန်ကို မေးသော် ငတုတ် မိပြည့်ဖြူ မိအိမ အမွေစား သားခြင်းတို့နှင့် စုံညီ ခွဲဝေပိုင်းချား ရေးသားစာတန်း မှန်ကန်ကြောင်း ဘိုးဘွားမိဘတို့ ပြောဆို၍ .........ယခုတင်ပြသောစာတန်းအတိုင်းချထား လုပ်စားရကြောင်းကို ဟုတ်မှန်သိသည် ထွက်ဆိုသည်။
တတိယကောံချက်။
ငပေါ်သစ်နှင့် ငမှန်တို့......။ ပဌမ ဒုတိယ ကောံချက် လ္ဘံစားအတိုင်း ၂ဦး ဆွေမျိုး ငပိန် ငနီတို့ကို ကျမ်းပေး၍ မေးဘတ်ပြ နာခံရသည့် စာတမ်းသည် ဘိုစဘွားစည်ဆက် စုံညီရေးသားထားသည်ကို မိဘဘိုးဘွားပြောဆိုသီကြောင်း ထွက်ဆိုရှိသည်။စစ်မေးရန်ကျန်သက်သေ ငရွှေတုတ်သည် နာမကျမ်းရှိသည့်အမှုနှင့် တရားမရှည်မကြာသင့်။ ငပေါ်သစ် ဓိဌာန်ချက်။ ကျွန်တော်တင်ပေးသည့် စာတမ်းသည် စာတမ်းပါလူတို့ စုံညီရေးသားထားကြောင်း ဘကြီးအရီးတို့ စည်ဆက်ပြောဆို၍ သိသည်မှန်သည်။ ဓိဌာန်ချုပ်အတိုင်း ငပေါ်သစ် ကျမ်းထမ်းစေ။ ဆိုဝံ့လျင် ရှိုဝင်တော လယ်ကုံးများကို ငပေါ်သစ်က ရစေ။ ငပေါ်သစ် ကျမ်းမဆိုဝံ့လျင် အချင်းဖြစ်လယ်မြေကုံးများကို သက်သေထွက်ချက် တရားဓမ္မသတ်ရှိသည့်အတိုင်း ငပေါ်သစ် ၂စု ငမှန် တစု ရယူစေ။ ဟာတန်းပါ ငပေါ်သစ်ရစု ကုန်းမြေဘော်အတွင်း နေအိမ်ဆောံထား နေထိုင်လျက်ရှိကြလျင် ပြောင်းရွှေ့စေ။ ငဘိုးသင် ငပေါသစ် ရစုကုန်းမြေပေါ်တွင် ပေါံရောံသည့် အသီးအပင်များကို ကျေးရွာထုံးစံရှိရာ ငပေါ်သစ် ငမှန် စိုက်ပျိုးသူကို ဝေငှစားသုံးကြစေ။ ဟူ၍ ၁၂၂၀ ၀ါခေါင်လပြည့်ကျော် ၄ရက်နေ့ တရားသူကြီး မင်းကြီးမဟာမင်းလှကျော်သူ ကောံချက်ကို ငပေါ်သစ် နှင့် ငမှန်တို့ လ္ဘက် လှမ်စားကြသည် လ္ဘက်ပေး ငသိမ်။
သက္ကရာဇ် ၁၂၂၀ ၀ါခေါင်လပြည့်ကျော် ၅ရက်နေ့ ငပေါ်သစ် ငမှန်တို့ အစုံအညီတွင် တရားနာခံ နေမျိုးမင်းထင်ကျော်ခေါင်ကို ကျမ်းမ၍ ဆုတောင်းပြည့် မြတ်စွာဘုရား ယည်ပြည်တော်ရှေ့တွင် အာကာစိုး နေမျိုးသီဟကျော်ထင် လူ ငရွှေတူ ငပေါ်သစ်ကို သစ္စာတော်ကျမ်း ပေးအပ်၍ နဘူးထိပ်ထက်တင်ရွက်စေပြီးလျင် ဟုတ်မှန်သည်ကိုသာ ဆိုပါမည်။ မဟုတ်မမှန်ဆိုပခြေသော် သစ္စာတော်ကျမ်းတွင် ပါသည့်အတိုင်း စူးရောံသည်ဖြစ်စေသော ၃ကြိမ်၃ဘန် လိုက်နာစေပြီးလျင် ငပေါ်သစ် ဓိဌာန်ချုပ်ကို ၃ကြိမ်၃ခေါံ လိုက်စေ။ မကြံ သံထပ်ရေရွတ် လိုက်နာကြိမ်ဆိုဝံ့သည်။
သက္ကရာဇ် ၁၂၂၀ ၀ါခေါင်လပြည့်ကျော် ၅ရက်နေ့ ငမှန် ခံဝံချက်။ ငပေါ်သစ်ရစု ဝေတမ်းစာအရ လ္ဘံစားကောံချက်ပါသည့် အချင်းဖြစ် ရှိုဝင်တောကုန်းလယ်မြေများကို ငပေါ်သစ် ကျမ်းသစ္စာ ကျိမ်ဆိုရှိသည့်အတိုင်း ချတင်လုပ်စားသိမ်းယူပါစေတော့ ကျွန်တော်က မတားမဆီးပါ အမှုသည်အစုံအညီ ခံဝန်သည်။
သက္ကရာဇ် ၁၂၂၀ နယုန်လဆန်း အိုင်ယားရွာနေ ဦးနှင်က စပါး စားသုံးရန် လိုပါသည် အတိုး….ရာ ချပေးနှင့်ပါ ကန်ကလေးကုန်းရွာ ဦးပေါ်သစ်ကို ချပေးနှင့်ပါ ဆိုလျင် ၄င်းဆိုသည့်အတိုင်းနှင့်….. အညွန့် ၅င်္၊ စပါး အရင်းညွန့် ၁၅င်္းကို ၁၂၂၁ခုနှစ် တကူးလပြည့်ကျော် ၂ရက်နေ့ …လို၍ တောင်းရာ ယခုမပေးနိုင်ပါဖြစ်၍ ၄င်းနှစ် ပြာသိုလတိုင်ရောံလျင် ၁၅င်္ အရင်းအညွန့်နှင့် ပြေပိုင်အောင် ပေးဆပ်ပါမည်။ ဦးနှင်က ဆို၍ နောံချုပ်လစေ့၍ ဦးနှင်က မဆပ်မပေးနေလျင် စပါး ၁၅င်္ အရင်း အညွန့်နှင့်တကွ မောင်လန်က ဦးနှင်ကိုပြု၍ မောင်လမ်က ပေးဆပ်ပါမည်ဆို၍ မျက်နှာပြင် စုံညီ စာချုပ်ထားကြသည်။ကာလ စာစီ ကန်ကလေးကုန်း ကျောင်းတကာ ဦးတေဥ စာရေး မောင်လန်။
သက္ကရာဇ် ၁၂၂၀ပြည့် ပထမ၀ါတို လဆန်း ၃ရက်နေ့တွင် ဘကြီး ဦးခက် ဦးဘွယ်တို့က ငမှန်နှင့် ဆိုင်သည့် ကုန်းမြေမှာ နည်းသောကြောင့် ကျို့ဂေါင်းကုန်းအထက်က ၁င်္ကျဲ ပေးဝေပါမည် နန်းခင်းကြီးရွာနေ ဦးကျားရေရှေ့ ဘကြီး ဦးခက် ဦးဘွယ်တို့ ဆိုသည်။
ငပေါ်သစ်နှင့် ငသာအောင်တို့ ရွှေဘိုမြို့ ရုံးတော်မှာ ငတုန်က စာပျံဖြစ်ကြောင်းနှင့် အစစ်ခံ၍ ချခေါ်ရာ ကျကုန်ရငွေကို သမက်ကပါလူတို့ကို ပြောဆိုကျသည့်စကားမှာ မောင်ပေါ်သစ်က ကုန်ငွေ ၁၈ိမှံကျောင်းနှင့် ပြောဆိုသည့်အတိုင်း ငသာအောင်နှင့် လူပေါင်း၆ရောံသားဘောင်းတို့က ကျန်းကို မကွယ်မဆိုနိုင် အမှ့ဖြစ်သည်။ မောင်ပေါ်သစ်တွင် ကုန်ငွေ ၂ိချိမ် ၁၈ိကို ၆ရောံသားတို့က ပြန်းမျှ၍ ခံစေ။ ကုသန်းရာရဲပြစ်စည်းသေနတ်ကို ငသာအောင်က ရောင်းစားမိသည်ဖြစ်၍ သေနတ်ဖိုး ၂ိချိမ် ၅ိ၆ူးကို ၎င်းမှုနှင့် ကျေးငွေစိုက်ထုပ်နှင့်သူ မောင်ပေါ်သို့ ငသာအောင်က ပေးစေ ၁၈ိငွေ အနက် ငသာအောင်အစုချန်လှပ်၍ ငမျိုး ငအောင်တိုး ငကျွယ်ဘော် ငလှော် ငမိတ်တို့မှာ.........
ဘုရားကျွန်တော် တည်တောလွှတ်စေလုင် သွောံကြီး ခေါင်းတို့ ရှိခိုးသံတော်ဦးတင်ပါသည်ဘုရား။ ကျွန်တော်တို့ အစုပေး ၄၅ခု။ ၆၄ခု။ စာရင်းပါ သားမြေးလက်ရှိစာရင်းပါ ရွှေကျင်၁၃ရွာ စီရင်စု ကန်ကလေးကုန်းရွာနေ ငတေစ ငကွန် ညီ ငပေါ်သတ် ညီ ငပြူးတို့ကို လွှတ်စေအစုစာရင်းပါ သားမြေးမှန်သည့်အတိုင်း မင်းမှုမင်းခင် စရိတ်ကြေးငွေ အသေးအဘွဲ အခွဲအခန့် အတောင်းအခံ မရှိစေနှင့် ဆိုင်ရာစာပေးအပ်ရှိသည့်အတိုင်း လွတ်ငြိမ်းပါရအောင် စာကယ်မ သနားတော်မူပါမည့် အကြောင်း ရှိခိုးသံတော်ဦးတင်ပါသည်ဘုရား။
လျောံချက်အတိုင်း ရွှေကျင်၁၃ရွာ စီရင်စု ကန်ကလေးကုန်းရွာနေ ငတေစ။ ညီ ငပေါ်သစ်။ ညီ ငပြူးးတို့ကို လွှတ်စေပစု ၄၅ခု ၆၄ခု။ စာရင်းပါ သားမြေးမှန်လျင် ရွှေကျင်၁၃ရွာ ရွှေမှူး သူကြီး တို့က မင်းမှု မင်းခင်း စရိတ်ကြေးငွေ အသေးအဘွဲ အခွဲအခန့် အတောင်းမရှိစေနှင့် အစုဆိုင်ရာထမ်းရွက်စေ စာပေးပေးရန်
ရွှေကျင်၁၃ရွာ ရွှေမှူး။ရွှေခေါင်း ကန်ကလေးကုန်းရွာ အစီအရင် မြေတိုင်းသူကြီးတို့ တည်တောလွှတ်စေလုင် သွောံကြီးခေါင်းတို့က တည်တောလွှတ်စေအစုပေး ၄၅ခု၊၆၄ခု၊ စာရင်းပါ သားမြေး ရွှေကျင်၁၃ရွာစီရင်စု ကန်ကလေးကုန်းရွာနေ ငတေစ ငကွန် ညီ ငပေါ်သစ် ညီ ငပြူးတို့ လွှတ်စေအစုစာရင်းပါ သားမြေးမှန်သည်နှင့်အညီ မင်းမှုမင်းခင် စရိတ်ကြေးငွေ အသေးအဘွဲ အခွဲအခန့် မရှိစေနှင့် ဆိုင်ရာစာပေးအပ်ရှိသည်ဖြစ်ပါ၍ လွတ်ငြိမ်းပါရမည်အကြောင်းနှင့် လျှောက်ချက်အတိုင်း ရွှေကျင်၁၃ရွာစီရင်စု ကန်ကလေးကုန်းရွာနေ ငတေစ ညီ ငပေါ်သစ် ညီ ငပြူးတို့ကို လွှတ်စေအစု ၄၅ခု၊၆၄ခု စာရင်းပါ သားမြေးမှန်လျင် ရွှေကျင်၁၃ရွာ ရွှေမှူး။သူကြီးတို့က မင်းမှုမင်းခင် စရိတ်ကြေးငွေ အသေးအဘွဲ အခွဲအခန့် မရှိစေနှင့်။ အစုဆိုင်ရာ ထမ်းရွက်စေ။ ဘုန်းတော်အလွန်ကြီးမြတ်တော်မူလှသော ဘုရားညီတော် အိမ်ရှေ့မင်း အမိန့်တော်ကို ဥိးထိပ် ရွက်ရသည် ဖြစ်သည်။ ရွှေကျင်၁၃ရွာစီရင်စု ကန်ကလေးကုန်းရွာနေ ငတေစ ညီ ငပေါ်သစ် ညီ ငပြူးတို့ကို လွှတ်စေအစု ၄၅ခု၊၆၄ခု စာရင်းပါ သားမြေးမှန်လျင် ရွှေကျင်၁၃ရွာ ရွှေမှူး။သူကြီးတို့က မင်းမှုမင်းခင်း စရိတ်ကြေးငွေ အသေးအဘွဲ အခွဲအခန့် မရှိစေနှင့်။ အစုဆိုင်ရာ ထမ်းရွက်စေရမည်။
၄၅ခုစာရင်း ငမြတ်ထွား ၁ မယားမိနန်းတုပ် ၁ သားငကျားမှိုင် ၁ ညီငသာမင်း ၁ ညီငယိုင် ၁ ညီငရောံ ၁ မယား မိပျော် ၁ သား ငပျဲ ၁ ညီ ငပေါ်သစ် ၁
၆၄ခုစာရင်း ဘထွေးငရောံ ၁ ညီငကျော်လှုင် ၁ ညီငပျဲ ၁ ညီငပေါ်သစ် ၁ ညီ ငပြူ ၁ ဘထွေး ငသာမင်း ၁ ညီ ငရောံ ၁
၁၂၂၀ပြည့်ပထမ၀ါဆိုလဆန်း၅ရက်နေ့ အတွင်းတော် အခွန်ရုံးမှာ သွင်းပေးသည် မယားနန်းရာ ၁ သား ငကျော်စော ၁ ဘထွေး ငဥ ဘထွေးငတေဇ ၁ မယား မိရောံ ညီငကွက် ၁ သား ငစား ညီ ငထွန် ၁ ညီ ငရား ဘထွေး ငရွှေ ၁ မယားမိရိန် ၁ သား ငလှော် ၁ ညီ ငပျဲ ၁ ဘထွေး ငအို ၁ မယား မိနန်းတုပ် ၁ သား ငထူ ၁ ညီ ငရှင် ၁ မယား မိဘူး ၁ မတ် ငလိန် ၁ ညီ ငမိုး ၁
သက္ကရာဇ် ၁၂၁၈ခု တပိုတွဲလဆန်း၎ရက်နေ့ ၀န်ရှင်တော် မကွေးမြို့စားမင်းကြီး မြတောင်မြို့စားမင်းကြီး ပခန်းကြီးမြို့စားမင်းကြီး မိန့်ချက် ၀န်ထောက်တော် ကျောံရဲမြို့စားမင်းမှတ်
သက္ကရာဇ် ၁၂၁၈ခု တပိုတွဲလဆန်း၇ရက်နေ့ ၄င်းပေးရန်စာကို ၀န်ထောက်တော် ကျောံရဲမြို့စားထံ ဘတ်လျှောက် အစီရင်ခံရာ လည်၍ဘတ်အမိန့်တော်ရှိ၍ ၄င်းလဆန်း၉ရက်နေ့ ၀န်ရှင်တော် ပခန်းကြီးမြို့စားမင်းကြီး အိမ်ဦးတွင် အိမ်ဦးတွင် ဘတ်လျှောက်ရာပေးပါဘိ အမိန့်ရှိသည်။ ၄င်းနေ့ ၀န်ရှင်တော် မြတောင်မြို့စားမင်းကြီး အိမ်ဦးတွင် ဆိပ်ဆိပ်နေသည်။ ၄င်းနေ့ ၀န်ရှင်တော် မကွေးမြို့စားမင်းကြီး အိမ်ဦးတွင် ဘတ်လျှောက်ရာ ပေးပါဘိ အမိန့်ရှိသည်။ ၄င်းနေ့ အိမ်ရှေ့တော်လျောင်းတော်ဦးတွင် ၄င်းပေးရန်စာကို သံတော်ဆင့် ဦးဘိုးမင်း ဘတ်လျောက်သံတော်ဦးတင်ရာ အမိန့်ရှိတော်ရှိ၍ မှတ်ပုံစာရေးကြီးမှာ မှတ်ချက်နှင့်သင်ပြီးအပ်။
No comments:
Post a Comment