ဘုရားကျွန်တော် မုန်ဒိုင်ရွာနေ ငကျောခေါင် ရှိခိုး အသနားတော် ခံပါသည်ဘုရား။ အကြောင်းမှာ ကျွန်တော် ဘေးဘိုးဘတို့က ဒါးမဥချ တည်ထွင်ခုပ်လုပ်ငည့် လယ်မြေရပ်ကို မြမ်မာမင်းလက်ထက်က အရှင်များ လက်ထက်တိုင် လုပ်ကိုင်သည့် လယ်မြေကို မည်သည့်ကာလမှ တရောတရွက်ထည်းနေတိုင်လျက်နှင့် တားစည်းပြောဆိုဘူးသည် မရှိ ယခုမှ ငပေါ်သစ်က ဘိုးငပြို ပိုင် လယ်မြေဖြစ်ကြောင်း တရားစွဲဆိုရာ ကြေးရွာလူကြီး မောင်ဖြိုး မောင်ရံအောင် မောင်ထွန်း မောင်ပြောင်တို့ ရှေ့ ငပေါ်သစ်က ကျွန်တော့်ကို ယုံပုံပါမည် ပြောဆိုရှိ။ တေဥ နန်းခိုင်ဆိုင်သည့်လယ်မြေ မှံကြောင်း ချုပ်နုပ်သည့်စာချုပ်နှင့် ကျမ်းကျိမ်ဆိုပါတော့ ယု့ပုံသည့်အတိုင်း ကျမ်းဆိုရံ အချုပ်ကို ရေး……ကြေးရွာလူကြီးတို့ ထုပ်နုပ်သည့် စာချုပ်အတိုင်း စီရင်ချက်ကြရာ အပြီးအပြတ် ခံ…ခံဝံချက်များကို ချုပ်မှတ်ရေးသား ၂ဦးတို့ လက်မှတ်ရေးထိုး…………
ငဆိုနှင့် ငတို ငပေခွေ မိတုပ်ကြီး သား ငကျာထွန်းတို့ တရားရာန်စစ်ဖြစ်ပွားကျသည် လယ်မြေကုန်းမြေများကို စစ်လျင် ငဆို ဘိုး ငစိန်ခက် ရှိစင် မှန်ထားပေးသေလက်ရှိအတိုင်း ငတိုမှာ ၃င်္ကျဲ ငပေခွေမှာ ၃င်္ကျဲ မိတုံကြီးမှာ အင်ပင်လယ်တိုက် ပေါက်ရင်းကြီး ၂င်္ကျဲ လက်ရှိတည်စေ။ ငဆိုမှာ လယ်မြေ ၂င်္ကျဲသာ ရသည်ဖြစ်၍ တင်းကျဲညီမျှအောင် ကုန်းမြေ ၁င်္ကျဲကို အမွေစားတို့က ထပ်ပေးစေ။ ကျံကုန်းမြေမှာ ငဆိုနှစ်ကာလအရှည် ထိန်းသိန်းသူဖြစ်၍ ၁င်္ကျဲကိုနှုတ်ယူပြီးလျင် ကျံ ကုန်းမြေရပ်ကို မိလှမှုံ အမွေခံ မြေးဖြစ်မှံသူ ငဆို ငတို ငပေခွေ ညီမျ ဆိုးကောင်းဖက်ထုပ်ဝေယူ ခံစံကျစေ။ မိတုန်ကြီး သား ငကျာထွန်းတို့မှာ ကုန်းမြေအုမ်းထန်းတို့ကို ရကောင်းသည် မပြောမဆိုသာ လပ်စေ။ ကုန်းပေါ်တွင် ပေါက်ရောက်သည့် သစ်ပင်တို့မှာ စိုက်ပြိုးသူတို့နှင့် မြို့ရွာထုံးစံရှိရာ ခွဲဝေပြီးလျင် အမွေစား ၃ ဦးသားတို့ အညီအမျှ ဝေယူကျစေ။ ငဆို ငဘွယ်နှင့် ငတို ငပေခွေတို့မှာ စရိပ်ရင်း စရိပ်ထိန်၍ တရားအညီ ကျခံနုပ်သိန်းဆောင်ရွက်စေ။ နောံ ငတို ငပေခွေ မိတုန်ကြီး တို့ ကုန်စရိပ်ကို ငတို ငပေခွေတို့က ခံစေ။ မိတုန်ကြီး သား ငကျော်ထွန်း တို့မှာ လပ်စေ။ အမွေမကုမ် ကျွင်းကျံရှိလျင် အညီပြောဆို ယူကျစေ။ ငစိန်ခက် စိုက်သည့် အုမ်းပင်မှာ ငဆိုက ရစေ။ မိလှစံဝင်းရသင့်သည့် ပေါက်တောကြီး ပေါ်တွင် ငဘွယ် ထပ်ယူသည့် ငွေကို ငဘွယ် ရွေးစေ။ အင်ပင်လယ် မိသားတစု ၅င်္ကျဲ တည်ပင်လယ် မိသားတစု ၅င်္ကျဲမှာ ငဆိုက သက္ကရာဇ် ပေါင်စာရှိသည် ဆိုသည့်အတိုင်း ပေါင်စာ သက္ကရာဇ်ကို ငဆိုက ချုပ်နေံက ၂ရက်နှင့် တင်ပြစေ။ တင်နိုင်လျင် သက္ကရာဇ် တွက်ငွေ ရစေ။မတင်မပြနိုင်လျင် တည်ပင်လယ်မှာ အမွေပုံသွင်း၍ ဝေစေ။ အင်ပင်လယ်ပေါင်မှာ မိတုပ်ကြီးက ရွေးနုပ်ယူစေ။ ငဆို ငဘွယ် ငတို ငပေခွေ မိတုပ်ကြီး သား ငကျော်ထွန်းတို့ နောင် တဦးကိုတဦး ဘိုးဘွားမိဘသေစရိပ်ရှိသည့် တရားစရိပ်ကုန်ကျရသည်ငွေရှိသည် လယ်ကုန်းအုမ်းထန်းပေး။ ပြောစုဆိုရာန် ကျွင်းကျန်ရှိသည် မပြောမဆိုသာ ပလပ်စေ။ သက္ကရာဇ် အတိုအရှေ အမှတ်အသား ရှိသည်များကို လည်း အမွေစားတစုတို့ စုံညီ ဖြက်သိန်းကျစေ။ ဟူ၍ ၁၂၂၄ထု နယုန်လပြည့်ကျော် ၉ရက်နေ့ အမိန့်တော်ရ ဦးကျည် အရင်းခေါင်း သွောံကြီး နေမျိုးရဲလှရာဇာ။ ကုန်းရိုးရွာနေ ကျောင်းတကာ ရဲလှရဲသူ တို့ ဆုမ်းမ ပြေပြန်စီရင်ချက်ကို အမှုသည် ငဆို ငတို ငပေခွေ ငထွန်းကျော်တို့ အစုံအညီ ငဆို ငတို ငထွန်းကျော်တို့ လဘက်လှန်စားကျသည် ကာလ လဘက်ပေး ငလူသစ်။
၁၂၆၃ခု ကဆုံလဆန်း ၁၄ရက်နေ့တွင် မလာ။ သမီး မညာ မောင် ကိုရာကျော်တို့က ဆိုဝ်မည်ကောင်းမွေ လယ်မြေကုံမ်း အုမ်းထန်းမြား သင်သီး ပြစ္စည်းမြားကို ဝေချမ်းပေးပါ။ အမိမိလာကို ဆိုလျင် ၄င်္းသားသမီးတို့ အဆိုအတိုင်း.။ အုမ်း ၃ပင်မှာ ၁ပင်အုမ်းကို သား မောင်ရာကျော် စားသု့မ်းနှင့်တော့ ၂ပင်အုံမ်းမှာ သမီး မညာ စားသုံးနှင့်တော့ ကျံ အမွေ လယ်မြေကုမ်းအုမ်းထန်း ထာဝရ ဇင်ကမ ပြစ္စည်းရပ်မြားကို အမိနှင့် အတူနေထိုင်သူ တို့က စားသုံမ်းနှင့်စေ မညာ သင်သီး ပြစ္စည်း ၂၅ိ။ မောင်ရာကျော် သင်သီး ပြစ္စည်း ၇ိမြားကို အမိ မလာ သမီး မညာ သား မောင်ရာကျော်တို့ အတူသုံးစားကုမ်ကျသည်ဖြစ်၍ မညာသင်သီဖိုးငွေ ၆ိ မြားကို မောင် ကိုရာကျော်က အံပြန်စေ အမိမလာ ဝေပေးသည်ကို မညာ မောင်ရာကျော် သဘောတူ ပထိညင်ကျသည် ကာလ သိရှိသူ စာစီစာရေး မောင်ရွှေသီး။
မလာ။ သမီး မညာ မောင် ကိုရာကျော်တို့က ဆိုဝ်မည်ကောင်းမွေ လယ်မြေကုံမ်း ထန်းအုမ်းနှင့်တကွ သင်သီး ပြစ္စည်းမြားကို ဝေချမ်းခွဲဝေပေးပါ။ အမိမိလာကို သမီး မညာ မောင် ကိုရာကျော်တို့က ဆိုလျင် ၄င်္းသားသမီးတို့ အဆိုအတိုင်း.။ အုမ်း ၃ပင်မှာ တပင်အုမ်းကို သား မောင်ရာကျော် ခံယူတော့ ၂ပင်အုံမ်းမှာ သမီး မညာ ခံယူတော့။ လယ်ထန်ကုမ်းမြားမှာ အမိမိလာ မသေမီအတွင်း အမိနှင့် အတူနေထိုင်သူ တို့က လုပ်ကိုင်သုံးစားနှင့်တော့ ။ မညာ သင်သီးပြစ္စည်း..၅ိ မောင်ရာကျော် သင်သီးပြစ္စည်း.၇ ငွေမြားကို အမိ မလာ သမီး မညာ သား မောင်ရာကျော်တို့ အတူသုံးစားကုံကျသည်ဖြစ်၍ မညာက သင်သီးပြစ္စည်းဖိုးငွေ ၆ိကို မောင်ရာကျော်က ပြန်အန်း၍ မောင်နှစ်မရောင်တို့ အမိ မလာက သဘောတူ ဝေပေးသည် ကာလသိရှိသူ စာစီစာရေး မောင်ရွှေသီး။
မညာ သင်းသီးငွေ ၃၀ ၄င်္အနက် မညာ သုံးငွေ ၅ိ အမိနှင့်မောင်၂မနှစ်ရောံ သုံးစားကုံငွေ ၂၅ ကိုသရ မညှ ဆပ်စပါးရင်းညွန့် ၂၀ ကျောင်သင်ဘိုကို မထုံမ်းက ချေးငွေ ၅ိ မမ်ာလုံထံ ချေးစပါး ၂င်္ ကိုရွှေခန့်ထံ ချေးငွေ ၅ိ မညှာ စပါး ၆င်္
ကိုရာကျော် သင်သီး ကွဲပြားနေမှု ရှာကျံရ ပစ္စည်းငွေများကို အမိနှင့်မောင်၂မနှစ်တို့ အတူစားသုံးကျွေးမြေရပ်များကို မောင်ရာကျော်က စိုက်ထုပ်ပေးဆပ်နှင့်ရသည့် စာရင်း
အင်ရေအိုး အမယ်ချိတ်ထံငွေ ၃ိ အတိုး ၃ိ ၂စုငွေ ၆ိ ကံထူးမ မပ်ေငှ်ေုါ ပေးဆပ်ငွေ ၅ိ လက်ထွဲ့ငွေ ၁၀အနက် ကိုရာကျော်ပေး ၅ိ မလွန်ပြေ ကိုရာကျော် ဆပ် စပါး ၁၀ အရင်းညွန့် ၂၁င်္
မောင်ပြောင် မောင်ဘိုးခေါင်နှင့် ဦးချို သား မောင်ညို မယား မချိုတို့ ပျောဆိုကျသည့် လယ်မြေ ၂ဦးတို့ သက္ကရာဇ် ……ရှိကြသည်မှာ မောင်ဘိုးခေါင်က ကျွန်တော် ဘ ရှိစင် ၄င်းအဆိုပါလယ်မြေကို လက်ထောံ စာချုပ်……ပေါင်ရင်ငွေအရပ်ရပ်။ ထပ်ဖြေ့ငွေစုစုပေါင်း ၁၂ိ ငွေများကိုသာ မချိုထံ ရွေးနုပ်လိုကြောင်း အဆိုအရ မချိုကိုမေးရာ ဦးချို သား မောင်ညိုတို့ရှိစင် ပေါင်ခံရင်း သက္ကရာဇ် စာချုပ်တွက်ငွေ အရပ်ရပ် ၄၁ိနှင့် စပါးတင်းချင် ၂၈င်္ကိုသာ ရွေးနုပ်မှ ခံနိုင်ပါမည်။ ၂ဦးတို့ အဆိုမညီ ကွဲပျားကျသည်ကို ပဋိညင်စာချုပ်နျင့် ရုံးပုံလွှဲအပ်သူ လူကြီးတို့က တဦးနှင့်တဦး တရားဆုံခန်းရောံ ပြောဆိုကျက ဇရိပ်ကုံ ကိုပန်း ကျမ်းဘုရား..လွတ်ကျမည်ကို ထောံ၍ ၂ဦးတို့ တင်ပျ သက္ကရာဇ် စာချုပ်ထွက်ငွေ စပါးဘိုးပါငွေပေါင်း ၆၃ိ၃ူးငွေကို မောင်ဘိုးခေါင်က ၁ိသုံး ဒင်္ဂါး ပျားရေ ၃၇ီကိုသာ ခံပါ ဟု ကျံငွေ ၂၆ိ၃ူးကို မချိုက ခံပီးလျင် တဦးနှင့်တဦး ပျောဆို မရှိ ပြေမေကျေဟကျပါတော့ ဟူ၍ ၁၂၆၆ခု ကဆုံလဆန်း ၁၄ရက်နေ့ ကိုးဆူတကာ ဦးပေါ်သစ်နှင့် ဦးဘိုးလူတို့ ပျောဆို ဆုမရာ နာခံပြီးပြတ်ကျသည်ကို အမှုသည် မောင်ဘိုးခေါင် နှင့် မချိုတို့သဘောတူ ၍ အောံက လက်မှတ်ရေးထိုးကျသည်။ ကာလအသိသက်သေ တတ်ကုံးရွာနေ သူကြီး ဦးဘိုးမျှင် ကျောင်းတကာ ဦးရွှေအိန်
တဇိတ်တော်ကူးရန်အတွက် ဦးမှုံ သမီး မချို
မောင်ဘိုပါ လူကြီး ၂ိ
ဦးပေါ်သစ် ၁ိ၁ံ ဦးဘိုးလူ ၁ိ၁ံ ဦးရွှေအိန် ၁ိ သူကြီး ၁ိ
ကန်များကျောင်းဆွမ်းလောင်း
မနောအာသီသ ဇောပီတိထ၍ နေ့ညမပြတ် ကုသိုလ်မြိုး ထုံလပ်၍ နေလေ့ရှိပါသော သံသရာမြစ် ၀တ်အဖြစ်မှ ကျွတ်လွတ်၍ စင်စစ်မွှေးကြူ တံခိုးလူလှသာ သောင်းနိဗ္ဗူကြငှန်း စိုးစံမြန်းရအောင် ရတနာရွှေဖောင်ကို ခြေနှောင်ဖွဲ့ရစ်သကဲ့သို့ ဒါနပန်ဆင် သားပုတ္တမြတ်ရှင်တို့သည် ပပဇ္ဇဒေါသ လွတ်ကင်းလှ၍ မြတ်စွာဗုဒ္ဓ သုံးလုဘ၏ အမွေကို ခံယူစေလိုပါသည်ဖြစ်၍ ၁၂၆၆ခု ယခုလပြည့်ကျော် ၇ရက်နေံ ကံပျားကျောင်းတိုက်သို့ နေ့ဆွမ်းဘုန်းပေးမှီ ၄င်းနေ့ ဆွမ်းဘုန်းပေးပြီးလျင် တပည့်တော်တို့ ဆောက်လုတ်အပ်သော အိမ်မဏတ်သို့ ကံဆောင်ပရီတ်တော်ဟော တရားသဂြိုဟ် ရွှေကိုယ်တေယ်တိုင်း မြန်းကြွပါမည်အကြောင်းစက်ပါဒခြေစုံကို လက်ဟတ္ထာပုံပြီးလျင် အကြိမ်ကြိမ်ဝတ်ညောင်း၍ လျောံတောင်းပန်ဝန့်ပါသည် အရှင်တော်မြတ်အပေါင်းတို့ ဘုရာ။
ဘုရားတပည့်တော် ကန်းကလေးကုန်း ဆည်းပေါက်ရွာ တကာတကာမကြီးငယ်တစုတို့ လျောက်ဝံ့ပါသည် အရှင်မြတ်အပေါင်းတို့ဘုရား။ တပည့်တော်တို့မှာ သံသရာ ၀ဋ်ဆင်းရဲ ၀ဲသြဃရေအလျင်မှ ကယ်တင်ထုပ်ချောံ နိဗ္ဗာန်သို့ ရောံစေ. ဒါန၀တ္ထု အစုစု ခဲဘွယ်ဘောဇဉ် စုံလင်စွာနှင့် သင်္ဃာ့ဒါန ဆွမ်းလောင်းလှူလိုပါသည်ဖြစ်၍ ၆၈ ခု သတင်းကျွတ်လပြည့်ကျော် ၁၀ရက်နေ့ ညဥ့်ကိန်းဝပ်မှီ ကံများကျောင်းတိုက်သို့ ကိုတော်တိုင်ကြွတော်မူပါ၍ ၎င်း ၁၁ရက်နေ့ နံက် တပည့်တော်တို့ လောင်းလှူအပ်သော သံင်္ဃဒါနဆွမ်းဘောဇဉ်ကို အလှူခံ ကြွတော်မူပါမည့်အကြောင်း လျောံဝံ့ပါသည် အရှင်မြတ်အပေါင်းတို့ဘုရား
ပါတိမောက္ခ သံဝရ ဥသံနိဿီ မြဲနိစ္စ ရှင်မှီလျက် ရွှင်ကြည်သော နှလုံးဖြင့် ကြင့်သုံးဓမ္မာ အရိယာတို့ အတူ ဗိုလ်လူသတ္တ၀ါပေါင်းများစွာကို သာရာကြည်ဧ အမြိုက်ဆေးဖြင့် တိုက်ကျွေးတော်မူလေ့ရှိပေသော သကျသာဂီဝင် အရှင်သူမြတ် အပေါင်းတို့ဘုရား။ တပည့်တော်တို့မှာ တြိဘ၀ ၀ဋ်ဒုက္ခ မှ အမတ သောင်ကန်းသို့ ကူးသန်းထုပ်ခြောံ ရောံရပါစေခြင်း အကြိုးးငှါ မိမိယဉ်၌ ဖြစ်သော သားမြေးတို့ကို နှစ်ဖြာနုဂ္ဂဟ ရှစ်ဝသော ပရိက္ခရာတို့နှင့် သမ္ဗုဒ္ဓမြတ်စွာ၏ သာသနာတော် တွင်းသို့ သွတ်သွင်းချီုးမင့်ရာ သံဃာတော်အရှင်မြတ်တို့အား စီးမြိုးစုံ ဝေဆာ ပင်ရုက္ခ ပဒေသာကို လှူဒါန်းပူဇော်လိုသည်ဖြစ်ပါ၍ ၁၂၆၈ခု ယ္ခုလ္ဆုပ် ၇ရက်နေံ ညဥ့်ကိမ်းဝက်မှီ ကံများကျောင်းတိုက်သို့ ကျွတော်မူ၍ ၎င်း ၈ရက်နေ့ နေ့ဆွမ်းဘုည်းပေးပြီးလျင် တပည့်တော် ဆောံလုတ်သော မင်္ဂလာ မဏ္ဍပ်သို့ ကံဆောင်ပရိတ်တော် ဟောတရားသင်္ဂြို ကိုယ်တော်တိုင် ခြေတော်ပါဒဆန် ကြွတော်မူပါ မည့်အကြောင်းကို တပည့်တော် ကံကလေးကုန်းရွာနေ တကာ ငကောင်းဧ ခြေတော်ဦးခိုက် လျှောံဝံ့ပါသည် လေးသုဒ္ဓိဖြူ စင် အရှင်သူမြတ် အပေါင်းတို့ဘုရား ။
မည်သည့်ရွာနေ တကာတကာမတို့ သြမနသီသံ တိဒွါရကမ္မံဖြင့် ပမာဏံငါးစွန်နှင့် တဒါရုံ ရိုကြိုးလျက် ရှိခိုးဝထွား လျှောံထားဝန့်ပါသည် ဆရာသ္ခင် အရှင်မြတ် အပေါင်းတို့ဘရား တပည့်တော်များမှာ သံသရာေ၀၀ုတ် ၀ဲဇလုပ်မှ ၀ိမုတ္တိခေါ်တွင် သောင်ကျွန်းခွင်သို့ ကယ်တင်ထုပ်ချောက် ရောက်ပါရခြင်း ဆန္ဒနှင့် နိဗ္ဗာန် သုခကို ရွယ်ကိုး၍ မြတ်စွာဘုရား သာသနာဝယ် ရုတ်ပွားတော်နှင့်တကွ ပရေသံ ပုတ္တ သြရသ ရင်သားတို့ကို မြတ်စွာဘုရား သာသနာတော်ဝယ် ပပဇ္ဇအဖြစ် သွင်းလစ်သည့်အရာ ထေရ်သင်္ဃာ အရှင်မြတ်တို့အား တတ်ပွားသမျှ......
ဘုရားတပည့်တော် မည့်သည့်ရွာ ဒါရကာ ဒါရကာမကြီးငယ်တစုတို့က ကာယ၀ဇီ မနောညီလျက် ၃လီဒွါရ ပမာကဖြင့် ဒသဟတ္ထာ ဆယ်ဖျာဖူးငုံ ကြာပဒုံသို့် ကြည်ရုံမြတ်နိုး ထိပ်ဝယ်မိုး၍ ရှိခိုး အသနားတော်မြတ်ခံ လျောံလိုက်ပါသည် အရှင်မြတ်တို့ဘုရား။ တပည့်တော်တို့မှာ စေတနာမနော ပီတိဇော်ဖြင့် နိရောဓောနာမ နိဗ္ဗာနံ ကျမ်းဂန်မိန့်ခွန်း ပြညွှန်းတော်မူသည်နှင့်အညီ လေးလီအကြောင်း ပေါင်း၍ပြု ပြင် စီရင်အပ်သော ရုပ်ဓာတ်မနိမ်း ဇီဝိန်သဘာဝ သင်္ခါရတို့၏ တခမကြွင်း ပြောကင်းချုပ်ရာ ဧချမ်းသာသော နီရောဒသစ္စာကို လွယ်ကာထုပ်ချောက် ရောံရလိုသော အာသာ သဒ္ဒါ ရည်စူးရင်း ရှိပါသော တပည့်တော်တို့မှာ နှစ်စင်မပြတ် လောင်းလှူအပ်သော ဆွမ်းအလှူကို လှူဒါန်း ပူဇော် လိုပါသည်ဖြစ်၍ ၁၂၆၀ ကျောင်းတိုက်သို့ ကိမ်းဝပ်မှီ ကျွတော်မူ၍ တပည့်တော်တို့ လောင်းလှူ အပ်သောဆွမ်း သင်္ဃဒါန အလှူကို ခံရူတော်မူပါမည့်အကြောင်း ခြေတော်စုံပါဒကို ဂါရ၀ရှေ့ထား၍ အသနားတော်မြတ် ခံပါသည် အရှင်သူမြတ်တို့ဘုရား။
ရုဇ္ဇတိဘာတု ရတီတိ ရောဂေါ လာ သောဝစနတ္တနှင့်အညီ သွေးယိုစုတ်ပြတ် ကြင်နာတတ်သောကြောင့် ရောဂါမည်၏။ ထိုရောဂါဘယ.....ရင်းတရားအပေါင်းတို့သည်ကိုမှ ကင်းကွာ၍ ချမ်းသာသုခရကြသည်သာ ဖြစ်ပါစေသောဟု မေတ္တာတော်ရေဖောင်ဖြင့် သွန်းလောင်းတော်မူသည်ကို မပြတ်ခံယူလျက်နေလေ့ရှိပါသော ဇဉ်းပေါက်ရွာနေ တကာ ငကြော်ဘော တကာမ မိအိမ်သာတို့ လျောက်လိုက်ဝမ့်ပါသည် အရှင်ဘုရားအပေါင်းတို့ တပည့်တော်တို့မှာ သမီ အသက်၂၀ရွယ်သူသည် ဓာတ်လေးပါးတို့တွင် တပါးပါးဖောက်ပြန်နှိပ်စက်ရာ ဆေးမန္တရားတို့ဖြင့် ကုသပါသော်လည်းမရ မရဏသန္နံမင်းနောက်သို့ ပါလိုက်ရာ ကျွင်းကျန်ရစ်သော ခန္ဓာအိမ်ဟောင်းကို တပည့်တော်တို့အား ၀တ္တရား ရှိသည်နှင့်အညီ ဈာပနကိစ္စကို ဆောင်ရွက်လိုပါသည်ဖြစ်၍ ယခုလဆန်း ၁၀ရက်နေ့ ကံများကျောင်းတိုက်သို့ နေ့ဆွမ်းဘုမ်းပေးမှီကြွတော်မူ၍ ၎င်းနေ့ဆွမ်းဘုမ်းပေးပြီးလျင် ရွာ့ အနောက် (သိဝဇိက သမုတ်ရာ) သုသန်သို့ အသုဘ ကမ္မဌာန်းကို စီးဖြန်းတော်မူပါမည့်အကြောင်း လျောက်လိုက်ဝမ့်ပါသည် အရှင်ဘုရား။
ဦးကျာရွက် မိအေးကြွယ်အမှုတွဲ
၁၂၃၅ခု တပေါင်းလပြည့်ကျော် ၃ က်နေ့တွင် ကျောင်းတကာ ငကျာရွံ မယား မိဧကြွယ်တို့ရှိ ပစ္စည်းလယ်ကုံးထန်း နွား စပါး သက်ရှိသက်မဲ့ ဥစ္စာရပ်များကို သားသမီး ၇ ရောံတို့က စုဆသင့်ရာ ခွဲဝေပေးသင်သည်။ အထက်သားသမီး ငဖြိုးသာ မိမယ်လုံး ငကျော် ငပေါ်ဦးတို့မှာ လယ်မြင့်မိသားစု ၈တွင် မျိုးကျ ၅င်္ကျဲကို အရပ်ရပ်ပေါင်ငွေနှင့်တကွ ရယူစေ။ အောံသားသမီး မိမယ်ရီန် ငပျန် ငသန်တို့မှာ အင်ချင်းရင်တော မိသားတစု ၁၀င်္ကျဲကို အရပ်ရပ်ပေါင်ငွေနှင့်တကွ ရယူခံစံစေ။ ကျံ အမွေဘုံလယ် ရိုးလယ်ကြီးတော မိသားတစု ၈င်္ကျဲ ကုန်းထန်း မွေးစုပ်ပင်တော ၁၀င်္ကျဲ ထန်။ ၄င်းမှံတောလယ်မြေ၄င်္ကျဲ တောင်တောဝက်ခေါင်းမိသားတစု ၂င်္၂ီကျဲ ထန်း။ ၄င်းကျံလယ်မြေကုန်းထန်းများမှာ အထက်သားအောံသားတို့ ညီမျှခွဲဝေ ခံစံကျစေ။ အထက် အမွေကြီး မခွဲမဝေကျံ အောံလယ်ကြီးတော ၅င်္ကျဲ မြောံတောဝက်ခေါင်း၂င်္ကျဲ တောင်တောဝက်ခေါင်းအထက်လယ် ၂တွင် ၃င်္ကျဲ။ ၄င်တောင်လယ်မြေ ၂တွင် ၂င်္ကျဲ ၄င်းညောင်ချင်ရင်မိသာ၂တွင် ၃င်္ကျဲ များကို မိဘ၂ပါးတို့ ခတွင်းစုထား၍ ရှိစပါး မိမယ်လုံ မိမယ်ရိန် ငရွှေသန် ငပေါ်ဦး ၄ရောံသားတို့မှာ တူညီခံစံရယူကျစေ။ ရှိနွား မိမယ်လုံ မိမယ်ရိန် ငပျန် ငသန် ငပေါ်ဦးတို့ ဆိုကောင်းပျန်မျှ အမွေစားကြီး ငဖြိုးသာက ခွဲဝေပေးရာ ခံစံရယူစေ။ အိန်ထောင်ပစ္စည်း ရှိသည်များကို မိဘ၂ပါးတို့က လက်ရှိအတိုင်း သုံးစားစေ။ အမွေစားကြီး ကျောင်းတကာ မောင်ပိုက်ခွဲဝေပေးသည်ကို သားချင်း ငဖြိုးသာ မိမယ်လုံ ငပေါ်ဦး ငကျော် မိမယ်ရိန် ငပျန် ငသန်တို့ မျက်နှာအညီ သပေါတူစာချုပ်နှင့် ပြေနေကျသည် ကာလ စာစီ ဦးရွှေညာင်္ဏ စာရေး အုပ်ကျောင်တကာ ဦးပေါ်သစ်။
သက္ကရာဇ်၁၂၃၆ခု နယုံလဆန်း ၅ ရက်နေ့တွင် အဘဦးကျာရွံ အမိ မိအေးကျွယ်တို့ အထက် ……တို့ကို အစုသင့် အမွေပျန်အန်းရံ ငွေအသုံးလိုပါသည် ဘမိတို့ ၂ပါး စုံပိုင် မြေဒူမြို့အ၀င် မြို့တင်နယ်အတွင် သရက်တောမျောံ ၀က်ခေါင်းမျောံပိုင်း လယ်မြေကို ကျေးပေးလယ်ပေါ် အပေါင်ခံယူ လုပ်စားနှင့်ပါ သား မောင်ပျန် သမီး ခင်ပွန်းတိုံကို ဆိုလျင် ဘဘဦးကျာရွံ သမီးခင်ပွန်းအဆိုအတိုင်း ၁ိသုံးဒင်္ဂါးပျားရေ ၁၀ကို မောင်ပျန် သမီးခင်ပွန်းတို့က ဘဘဦးကျာရွံသို့ ပေး၍ ငွေပေးလယ်ပေါ် အပေါင်ခံယူ လုပ်စားကျသည် ကာလသိရှိသူ ကျောင်းတကာ ဦးတေဥ မောင်တိုးအောင် စာစီစာရေး ကျောင်းတကာ ဦးပေါ်သစ်။
ကျောင်းတကာ ငကျာရွက် လျောံချက်။ ကျွန်တော် မယားမိအေးကြွယ် အတူနေသမီး မိမယ်လုံတို့ လက်ရေတပျင်တည်း ဖြစ်ပွားသည့် ဥစ္စာရပ် နွား စပါး ရွှေငွေ အိန်ထောင် ပစ္စည်း ရှိသည်များကို ကျွန်တော် ဝေပေးမှ ရယူစေ ဖြတ်စာပါရှိသည်အတိုင်း လက်ရှိ ထိန်းသိန်းသူ သမီး မိမယ်လုံမှာ တောင်းရာ ပြောဆိုရာ ပြောနေကဲသည် လက်ရှိ သုံးစွဲ ထိန်းထားသူ မိမယ်လုံမှာရှိ ဥစ္စာရပ်များကို မေးစစ်၍ တောင်းပေးတ်ာမူပါ။
ငကျာရွက် သား ငပြန် မိမယ်ရိန် နှင့် မိအေးမယ် သမီး မိလုံး ငဖြိုးသာ ငကျော် ငပေါ်ဦး တို့ အမွေသင်သီခစည်ပတ်ကုံကြရသည့် စကားမှာ။ ငကျာရွက် ငပြန် ငသန် မိမယ်ရိန်တို့က အမိ။ မိအေးကျွယ် သမီး မိလုံး ငဖြိုးသာ ငပေါ်ဦးတို့မှာ ကျွန်တော်တို့နှင့် အတူနေထိုင်စင် ဖြစ်ပွားသည့် ဥစ္စာပစ္စည်း အကွင်း အထည်များရှိသည် ငပေါ်ဦး ဘ ငကံကြီး အတွက်နှင့် ကုမ်ကြရငွေ အများရှိသည်များကို ဆုစားသင့်ရာ ပေးဝေပြန်အန်းသင့်ကြောင်း ငကျာရွက် ငပြန် ငသန် မိမယ်ရိန်တို့က ပြောဆိုစကားအရနှင့် မိအေးကျွယ် မိမယ်လုံး ငဖြိုးသာ ငပေါ်ဦး ငကျော် တို့ကို မေးရာ။ ၄င်းတို့ကလည်း ကျွန်တော်ကျွန်တော်မတို့ အထက်သား အောံသား သမီး ၂ပါးတို့နှင့် အတူတူနေထိုင်ကြစင် ဖြစ်ပွားသည့် ပစ္စည်း ဥစ္စာ။ ငပေါ်ဦး အဘ ငကံကြီး အတွက် ၀န္တာကုမ်ရသည်များကို စာရင်တင်ပေး မခြေမဆိုလိုပါပြီ။ ဘမိသားချင်း မှံသည့်အတိုင်း ဆွေမျိုးတို့ ဆုမ်းမဝေဘန်ရာ နာယူပြတ်ကင်းလိုကြောင်း မိအေးမယ် မိမယ်လုံး ငဖြိုးသာ ငပေါ်ဦး ငကျော်တို့ ဖြောင် ဆိုအစစ်ခံချက်ကို ချင့်ချိန်လျင် အဆိုပါ ဥစ္စာပစ္စည်း အရပ်ရပ်ကုမ်ကျငွေများသည် အမှံအကံ ယူရန်ရှိသည်တွင် မိအေးကျွယ်ပါ အထက်သား ငဖြိုးသာ မိလုံး ငပေါ်ဦး ငကျော်တို့မှာ ဘဘပါ လယ်မြင် တောလယ်မြေပေါင် အပါကျေးငွေများကို ၄ဦး အမွေခံတို့ ပြန်လည်ရယူခံစံကြသော အင်ချင်းတော လယ်မြေပေါင်ငွေမှာ အောံသား ငပြန်
ရွှေပျန် ရွှေသန် မိမယ်ရိန်တို့ချက်။ ။ မိမယ်လုံ ငဖြိုးသာတို့မှာ ဖြစ်ပွားသည် ဥစ္စာရပ် ကျွန်တော်ဘ ကျွန်တော်အမိနှင့်အတူ ရှိစင်ဖြစ်ပွားသည့် ဥစ္စာရပ်မှံသည်အတိုင်း တရားထိုက်သက်ရာခံစံသင့်ပါသည်။ တောင်းခံပေးပါ ငရွှေပျန် ရွှေသန် နှစ်မ မိမယ်ရိန်တို့ အဆိုဆင်ချေတွင် ပါရှိသည့်အတိုင်း မိမယ်လုံးကို မေးရာ ကျွန်တော်မမှာ ဖြစ်ပွားသည့် ဥစ္စာရပ်သည် ကျွန်တော်မလင် မသေမှီ ပြုစုကဲ့သည် ဥစ္စာရပ် မှံသည် မှံပါသည်။ ဘထွေ ဘမိတို့ ပေးသည့် ဥစ္စာပြင် ကျွန်တော်မ ကဲ့ဝှက်သိုမှီး ဘုံဥစ္စာကို ရောနှောပြုဆုကဲ့ဝှက် ဥစ္စာ မဟုတ်ပါ မှံသည် မှံပါသည်။ ငရွှေပျန် ရွှေသန် နှစ်မ မိမယ်ရိန်တို့က ငဖြိုးသာ နှမ မိမယ်လုံးတို့မှာ ကျနုပ်တို့ ဘမိနှင့် အတူနေစင် ဘုံဥစ္စာကို ရောနှောကဲ့ဝှက်သိုမှီး ဘုံဥစ္စာပါကြောင်းကို တရားကြိုက်ရာ ၃ဦးသားက သစ္စာတော်ကျမ်း စွဲကိုင်ကျိန်ဆိုစေ။ ဆိုဝမ့်လျင် တရားထိုက်သား ငဖြိုးသာ မိမယ်လုံးတို့က ခွဲဝေပေးစေ။သင်သီး ဥစ္စာမဆိုစေနှင့်။ ငဖြိုသာ မိမယ်လုံးတို့က မိမယ်လုံး လင် မသေမီ ပြုစုကဲ့သည် ဥစ္စာ ဘထွေး အမိတို့ ပေးသည့်ပြင် ဘုံဥစ္စာကို ရောနှောကဲ့ဝှက်သိုမှီးကဲ့သည့် ဥစ္စာ မပါကြောင်းကို တရားနှင့် ပြည့်မီအောင် သစ္စာတော်ကျမ်း စွဲကိုင်ကျိန်ဆိုစေ။ ဆိုဝမ်လျင် လပ်စေ။ တဦးသာဆိုဝမ်၍ တဦး မဆိုသမ်လျင် မဆိုဝန့်သူက ဆိုဝမ်သူသို့ ပြန်ပေးစေ။ ၂ဦး၂ရောံတို့ဆိုဝန်ချင်းရေတူလျင် သင်းသီး ဥစ္စာပါသည် ဖြစ်သောကြောင့် အရင်မူလအတိုင်း ငဖြိုးသာ မိမယ်လုံးတို့က လက်ရှိ သင်သီး ဥစ္စာပစ္စည်းတို့ကို ၃စုစု၍ တစုကို ငရွှေပျန် ငရွှေငန် မိမယ်ရိန် တို့သို့ ပြန်ပေးစေ။ စရိမ်မြှ မစီရင်သာ။ တရားမှာ ရှုံးသူက ခံစေ ဟူ၍ ၁၂၃၈ခု ၀ါဆိုလပြည့်ကျော် ၅ရက်နေ့ ဘုရားတကာ ဦးရိုင် ကောံယူစီရင်ချက်ကို အမှုသည် ၂ဦး ရွှေပျန် ငဖြိုသာ စုံညီ လဘက်လှန် စားကျသည်။ကာလ လဘက်ပေး ရွှေနှင်း။
တရားစရိပ်ဆို၍ ဦးကျာရွံထံ မောင်ပုံကျော် ပေးငွေ ၁၀ ဦးကျာရွံ ကိုပိုင်ငွေ ထုပ်ငွေ ၅ူး တရားစရိပ်မောင်ပျန်က ထုပ်ငွေ ၈ိ ၄င်းနောံ ရုံးချခေါ်၍ ထုပ်ငွေ ၅ိ ၄င်တရပ် ရုံးက အဆောင်ကိုင် ၀ပ်ပေးငွေ ၂ိ ၄င်းမောင်သန်ထုပ်ငွေ ၉ိ ၄င်တရပ်ထုပ်ငွေ ၄ိ ၄င်းတရပ်ထုပ်ငွေ ၂ိ၃ူး ၄င်းမောင်ဖြိုးသာထံက လွှဲငွေ ၁၀ ပေါင်း ၂၂ိ၃ူး
၁၂၃၈ခု ၀ါဆိုလပြည့်ကျော် ၈ ရက်နေ့တွင် ကျောင်းတကာ ဦးကျာရွံ မယာ မိဧကြွယ် သား ငဖြိုးသာ မိမယ်လုံ ငကျော် ငပေါ်ဦး ငပျန် ငသန် မိမယ်ရိန်တို့ သပေါတူ ပဋိညာည် စာချုပ်ပေးကျသည်။ ကျွန်တော် ကျွန်တော်မတို့မှာ အဖနှင့်အမိ မောင်နှင့်နှမ မသင့်မတင့် အမွေ သင်သီး ခဇိပတ် အရပ်ရပ်ကျကုန်ရယူ သင့်ကြောင်းများကို ဘမိသားချင်းတို့ တရားရံစစ်ဖြစ်ပွားကြသည်အမှုကို စရိပ်ကျေးငွေ မကျမကုန်ရအောင် ကျေးရွာလူကြီး ဆွေမြိုးတို့ ပြောဆို ဆုမ္မရာ နာခံပြီးပြတ်ပါရစေ နောင်ကြေးရွာလူကြီးဆေံမျိုးတို့ ဆုမ္မရာပြောဆိုရာ မနာမယူ တဦးတရောံ ဖော့ပျန်ပြောဆိုရှိလျင် ဖောံပျန်သူက ဆွေမျိုးတို့ကို ပြစ်ပယ်ရာရောံသူမှံသည့်အတိုင်း ငွေ၁ိသုံး ဒင်္ဂါး ၃၀ကို ပေးလျော်ကတော့ပြီးလျင် ရစုသင့် အမွေကို မခံမစံ ဆွေမျိုးတို့ ပေါင်က ထွက်သွားပါတော့မည် ဦးကျာရွံ မယ်အေးကြရ် ငဖြိုးသာ မိမယ်လုံ ငကျော် ငပေါ်ဦး ငရွှေပျန် ရွှေသန် မိမယ်ရိန်တို့ သဘောတူညီ ပဋိညာည် စာချုပ် လဘက်လှန် စားကျသည် ကာလ လဘက်ပေး ငဆွဲ
ငကျာရွက် ငပြန် ငသန် မိမယ်ရိန် တို့နှင့် မိအေးကျွယ် သား ငဖြိုးသာ မိမယ်လုံး ငကျော် ငပေါ်ဦးတို့ ပြောဆို ကြသည့် စကားမှာ။ ငကျာရွက် သား ငပြန် ငသန် မိမယ်ရိန်တို့က အမိ မိဧကြွယ် မိမယ်လုံး ငဖြိုးသာ ငကျော် ငပေါ်ဦးတို့နှင့် ကျွန်တော်တို့ အတူနေထိုင်စင် ဖြစ်ပွားသည့် ဥစ္စာပြစ်စည်း အကွင် အထည် အများရှိသည် ငပေါ်ဦး ဘ ငကံကြီးမှာ သင်းသီးခဇိပတ် ကုန်ကျငွေ အများအပျားရှိသည်များကို စုဆသင့်ရာ ဝေပေးပြန်အန်းသင့်ကြောင်း ။ ပြောဆိုစကားအရနှင့် မိဧကြွယ် သမီး မိမယ်လုံ ငဖြိုးသာ ငကျော် ငပေါ်ဦးတို့ကို မေးရာ ၄င်းတို့က ကျွန်တော်ကျွန်တော်မတို့မှာ အထက်သား အောံသား မိ၂ပါးတို့နှင့် အတူနေထိုင်စင် ဖြစ်ပွားသည့် ပစ္စည်းဥစ္စာ။ ငကံကြီးအတွက် ကုံကျရသည်များကို စာရင်တင်ပေး မချေမဆိုလိုပါပြီ ဘမိသားချင်းတို့ မှံသည့်အတိုင်း ဆွေမျိုးတို့ ဆုမ္မဝေဘန်ရာ နာယူပြတ်ကင်းလိုကြောင်း မိဧကြွယ် သမီး မိမယ်လုံ ငဖြိုးသာ ငကျော် ငပေါ်ဦးတို့ အစစ်ခံ ၂တံစကားကို တရားနှင့် ချင့်ချိန်လျင် အဆိုပါ ဥစ္စာပစ္စည်းရပ် ကုံကျငွေအမှံဘက် ယူရံရှိသည် ။ မိဧကြွယ် အဘက်ပါ ငဖြိုးသာ မိမယ်လုံ ငကျော် ငပေါ်ဦးတို့မှာ အဖပါ လယ်မြေ လယ်မြင်တော ပေါင်ရာကျေးငွေများကို ၄ဦးအမွေခံတို့ ပျန်အန်းရယူခံစံကျစေ။ အင်ချင်းရင်းတော ခေါ် လယ်မြေပေါင်ငွေမှာ အောံသား ငပျန်ငသန် မိမယ်ရိန် ၃ဦးသားတို့ ညီမျှ ရယူခံစံစေ။ ၂ပါးစုံ ဘမိတို့က သင်သီးခန်းဝင် ပေးသည့် ဥစ္စာရပ်မှာ လက်ရှိအတိုင်း ရယူခံစံစေ။ လယ်ပြင်တောလယ်မြေ ၊ အင်ချင်းရင်းတော လယ်မြေ၊ ဘမိ၂ပါးတို့ ခတွင်းစုလယ် သင်သီးခန်းဝင်လယ် နှုပ်ယူသည့်ပြင် အရပ်ရပ်ကျံရှိလယ်မြေများမှာ အထက်ဘိုးဘတို့ ခွဲဝေပေးသည့် စာတန်းအတိုင်း သားချင်း ၇ရောံသားတို့မှာ ညီမျှရယူခံစံစေ။ မိမယ်လုံးမှာ အမွေဘုံ သင်းသီး မကွဲမပျား ဖြစ်ပွားသည့် ဥစ္စာအနက် ၁ိသုံး ဒင်္ဂါးပျားရေ ၃၀ကို ငပျန် ငသန် မိမယ်ရှိန်တို့သို့ ပျန်ပေး ရယူခံစံစေ။ ငပေါ်ဦး ဘ ငကံကြီး တွက်တာ ကုံငွေရှိသည်အနက် ၁ိသုံး ဒင်္ဂါးပျားရေ ၁၀ပျားကို ငပေါ်ဦးက ငကျော်သို့ ပျန်ပေးစေ။ ငဖြိုးသာက ဘုံဥစ္စာ သုံးစားပိုမိုသည်ဖြစ်၍ ၁ိသုံး ဒင်္ဂါးပျားရေ ၁၀ကို ရွှေသန်သို့ ပေးစေ။ ငပေါ်ဦး ဘ ငကံကြီး အစီးအနင်း အဆောင်အရွံရှိသည်ကို သြရသသား မှန်သည့်အတိုင်း ဘိုးဘွားဖြစ်သူက ငပေါ်ဦးသို့ အပ်၍ အရာခံသားမှန်သည့်အတိုင်း ငပေါ်ဦးက ရယူခေံစံစေ။ သီး အုန်း ပိန်းနဲများမှာ စိုက်ပျိုးသူက လက်ရှိအတိုင်း ရယူစေ။ အိမ်ထောင်ပစ္စည်း အရပ်ရပ်ရှိသည်မှာ ဘမိ၂ပါးတို့ အထက်စာတန်းအတိုင်း ရယူသုံးဆောင်စေ။ ငကျာရွံ မိဧကြွယ်တို့ ၂ပါးစုံ နှုပ်ယူသည့် လယ်မြရပ်မှာ မယားလင်တို့ အသင်အတင် ဘုရားဝင်ကျောင်းတက် ပေါင်းဘက် သင့်မြတ် နေထိုင်ကြစေ။ နောင် ငကျာရွံ မယား မိဧကြွယ်တို့ အသင်အတင် မယားလင်ဖြစ် မနေမထိုင် တဦးတရောံက ဖောံပြန် ပြောဆိုရှိလျင် ၂ဦးတို့ ရစုသင့်ခတွင်းစု လယ်မြေအိန်ထောင် ဥစ္စာပစ္စည်းများကို ပြောဆိုလိုသူက တည်ညိန်သူတို့ စုပုံအပ်ပေးပြီးလျင် နေအိန်က ဆင်းသွား၍ လင်မယားအရာပြတ်ကင်းကျစေ။ ငကျာရွံ မိဧကြွယ်တို့ မွေးဖွားသည့် အထက်သား အောံသား ၇တို့တို့မှာ အမွေသင်သီးလယ်မြေကုန်းထန်းရှိသည်ဆို၍ မပြောမဆိုသာ။ ပလပ်ပြေညိန်းကျစေ။ စရိပ်မှာ မစီရင်သာ။ တရားမှာ ငဖြိုးသာ မိမယ်လုံး ငကျော် ငပေါ်ဦးတို့က ၂စု ၊ ငပျန် ငသန် မိမယ်ရိန်တို့က တစု။ အတိုက်အခံပြု၍ ကျခံနှုပ်သိမ်းကျစေ။ ဟူ၍ ၁၂၃၈ခု ၀ါခေါင်လဆန်း ၅ရက်နေ့တွင် ကျောင်းတကာ ဦးပိုက် ကျောင်းတတကာ ဦးပေါ်သစ် ကိုကျာထွန်း ဆုမ္မဝေဘန်သည်ကို အမှုသည် ငကျာရွံ မယ်ဧြွ့ယ် ငဖြိုးသာ မိမယ်လုံ ငကျော် ငပေါ်ဦး ငပျန် ငသန် မိမယ်ရိန်တို့ သဘောတူမျက်နှာညီလက်လှန် စားကျသည် ကာလ လဘက်ပေး ငဆွဲ။
ငကျာရွက် သား ငပြန် ငသန် မိမယ်ရိန် နှင့် မိအေးကျွယ် သား ငဖြိုးသာ မိမယ်လုံး ငကျော် ငပေါ်ဦးတို့နှင့် အမွေသင့်သီးမှုစကားမှာ ငကျာရွံ သား ငပြန် ငသန် မိမယ်ရိန်တို့က ကျွန်တော်တို့ ဘမိ၂ပါး သားချင်းအတူ လက်ရေတပျင်တည်း နေထိုင်ရာ နှမ မိမယ်လုံးမှာ သင်သီအမွေ နှင့် ရောနှောဖြစ်ပွားသည့် ဥစ္စာပစ္စည်းရပ်များ တရားဆုဆသင့်ရာ ခွဲဝေပေးသင့်ကြောင်း ပြောဆိုစကားအရနှင့် မိအေးကျွယ် ငဖြိုးသာ မိမယ်လုံး ငကျော် ငပေါ်ဦးတို့မေးရာ ၄င်းတို့ကလည်း ကျွန်တော်မတို့မှာ သင်သီ ဖြစ်ပွားသည့် ဥစ္စာ ငကံကြီးတွက်တာ ကုန်ရငွေများကို တရားကြယ်ဘွား မပြောမဆိုလိုပါပြီ။ ဘမိသားချင်းဖြစ်ကြသည့်အတိုင်း ဆွေမျိုးတော်သူ ကျေးရွာလူကြီးတို့ ဆုမ်းမရာ နာခံပြီး ညိန်ပါမည်။ ပဋိန်ညည်ခံယူရန် ဆိုစကား တရားနှင့် နှိုင်းချင့်လျင် တဦးအဆို တဦး မကွယ်မကံ မိမယ်လုံးမှာ သင်သိ ဥစ္စာ ငကံကြီးအတွက် ကုံကျရငွေများသည် အမှံယူရန်ရှိသော်လည်း ဘမိသားချင်းတို့ သင်သီကုန်ကျရငွေများကြောင့် တရားဒေါသဖြစ်ပွါးက စရိပ်ကုန် ကိုပန်းရိကျတော့မည် ဖြစ် မိမယ်လုံ အတူနေစင်ဖြစ်ဘွားသည့် ပစ္စည်းဥစ္စာအနက် ၁ိသုံး ဒင်္ဂါး ပျားရေ ၃၀ကို ငပြန် ငသန် မိမယ်ရိန်သို့ မိမယ်လုံက ပျန်ပေးစေ။ ငပေါ်ဦးက ငကံကြီး ကုန်ငွေ …ရှိသည့်မှာ ငွေဒင်္ဂါးပျားရေ ၁၀ကို ငကျော်သို့ ငပေါ်ဦးက ပျန်ပေးစေ။ ငဖြိုးသာက ဆိုဆရာဖိုးငွေ ၁ိသုံးဒင်္ဂါး ၁၀မှာ ငသန်သို့ ပေး၍ ဘမိ၂ပါးတို့မှာ အသင်အတင် ဘုရားဝင်ကျောင်းပေါင်ဘက်နေထိုင်ကြစေ။ စရိပ်မှာ မစီရင်သာ တရားမှာ အထက်က ၂စု အောံသားတို့က ၁စု အတိုက်အခံပြ၍ ကြခံနုပ်သိန်းကြစေဟူ၍ ၁၂၃၈ခု ၀ါဂေါင်လဆန်း ၇ရက်နေ့ ကျောင်းဦးတိုက်ကျောင်းတကာ ဦးပေါ်သစ် မောင်ကျာထွန်းတို့ ဆုမ်ပြန်ပြေချက်ကို အမှုသည် ငကျာရွံ မိအေးကျွယ် ငဖြိုးသာ မိမယ်လုံ ငပြန် ငသန် မိမယ်ရိန် ငကျော် ငပေါ်ဦး စုံညီ လဘက်လှန်စားသြည် ကာလ လဘက်ပေး ငဆွဲ။
ကျောင်းတကာ ငကျာရွက်နှင့် ကျောင်းအမ မိဧကြွယ်တို့ ပြောဆိုကျသည့် အိန်မှုစကားမှာ က ငကျာရွံက မိဧကြွယ်နှင့် ကျွန်တော် ကာလအရှည် မယားလင်အဖြစ် ပေါင်ဘက်သင့်မြတ်နေထိုင်ရာ။ မိဧကြွယ်သည် မယားလင်တို့ အင်္ဂါနှင့်မညီ လောလည် မကင်းကျင့်ကျံရှိ၍ ဆွေမျိုးတို့က သင့်တင့်အောင် ဆုံးမရာ မနာခံ စာတန်းဖြတ်စာအတိုင်း မိအေးကြွယ်ပိုင် ဥစ္စာပြစ်စည်းလယ်မြေရပ်များကို စုပုံဆင်းသွားသင့်ကြောင်းများကို ဆွဲဆိုဆင်ချေအရနှင့် ကျောင်းအမ မိဧကြွယ်ကိုမေးရာ မိဧကြွယ်ကလည်း ကျွန်တော်မနှင့် လင်ငကျာရွံသည် မယားလင်ဖြစ် နှစ်ကာလအရှည် ပေါင်းဘက်ရာ ရှေးအကြောင်းကုန်ခန်း၍ ငကျာရွံကို လင်မပြုလိုပါပြီ တရားရှိရာ မယားလင်အရာ ပြတ်ကင်း ရှင်းကွာလိုပါကြောင်းနှင့် မိဧကြွယ်ပြောဆိုသည့် နှစ်ဝနှစ်ထာန စကားကို ချင်ချိန်လျင် ငကျာရွံ မိဧကြွယ်တို့သည် နှစ်ကာလအရှည် ပေါင်းဘက်ကြရာ မသမာသော ကံကတ္တား ရောနှောရှက်ထွေးကျ၍ ရှေးအကြောင်းကုံခန်းဟံ မူလပရောက ၀င်ကပ်၍ မယားမိဧကြွယ်က လင်မတော်လိုကြောင်းနှင့် အဆိုရောံသည်စကားသည် မယားမိဧကြွယ်က လော်လည်ချင်း မကင်း မယားဝပ်တရား ပျက်လပ်သည် အင်္ဂါရောံသည်။ ငကျာရွံ မယ်ဧကြွယ် ၂ဦးတို့ ပိုင် လယ်ကုန်းထန်းနှင့် အိန်ထောင် ပစ္စည်းဥစ္စာရပ်များ အမှံအကံ မေးစစ်၍ ရပစ္စည်းများကို ၄စုစု၍ တစုကို မိဧကြွယ်သို့ ပေးစေ။ ကျံ၃စုမှာ ငကျာရွံက နေအိန်နှင့်တကွအလုံးရယူခံစံ၍ ဦးကျာရွံ မိဧကြွယ်တို့မှာ အရွယ်လွန်သူချင်းဖြစ်ကျ၍ ကာမပြစ်လျော်ထန်များကို မစီရင်သာ။ အထက်ဖြတ်စာပါ ဥစ္စာပစ္စည်းများ စုဘုံဆင်းသွားပါရှိသည် စကားမှာ ပလပ် ၍ ငကျာရွံ မိဧကြွယ်တို့မှာ လင်မယားအရာမှ ပြတ်ကင်းကျစေ။ စရိပ်မစီရင်သာ။ တရားမှာ အညီကြခံနှုပ်သိန်းကျစေ ဟူ၍ ၁၂၃၈ခု ၀ါခေါင်လပြည့်ကျော် ၅ရက်နေ့ ဆွေမျိုးတော်သူ ကျောင်းတကာ မောင်ပိုက် ဆုမ္မစီရင်ချက် အမှုသည် ငကျာရွံ မယ်ဧကြွယ် စုံညီ မယားလင်အရာမှ ကွာပြတ်ကင်းကျသည် ကာလလဘက်ပေး ငစံဖြိုး။
မြောံဝက်ခေါင်းတော ၂င်္၂ီကျဲ တောင်ဝက်ခေါင်းတော ၅င်္ ကျဲ ညောင်ချင်ရင်တော မိသား၂တွင်း ၃င်္၂ီ ကျဲ အောံလယ်ကြီးတော ၅င်္ အမိသတင် အပေါင်း ၁၅င်္ကျဲ
အမိသားချင်းတို့နှင့်နေစင် မိမယ်လုံမှာ သင်သီးဆို၍ ဖြစ်ပွားသည့် ဥစ္စာရပ် လက်ရှိ ဥစ္စာရပ်တင်စာရင်း
မိလုံတင်စာရင်း
ပိုးထိတော လယ်ယူငွေ ၂၀ ထန်းတောကုန်းထန်ယူငွေ ၂၀ လယ်ဝန်ယူငွေ ၃၅ိ ကျိုးရင်ယူငွေ ၇ိ ဖန်းခါးပင်လယ်ယူငွေ ၃၀ လယ်မြင်တောထပ်ငွေ ၂၃ိ ဦးကံကြီး သေစရိပ်ထုပ်ငွေ ၁၂ိ ငရွှေသာဆပ်ငွေ ၁၀ ငကျယ်ဆပ်ငွေ ၁၀ မိမင်းဆပ်ငွေ ၁၀ ကံလှေဆပ်ငွေ ၃ိ ငဖိဆပ်ငွေ ၈ိ ရွှေပထီး၎သွယ်အချိန်မသိ ၃ ရွှေလက်စွပ်၃ကွင်းအချိန် ၂ ငွေပရက်ခွက် ၈ခွက် အချိန်မသိ ၁ ငွေချေချင်း
ဦးရွက်တင်စာရင်း
ပိုးထိတော လယ်ယူငွေ ၂၀ ထန်းတောကုန်းထန်ယူငွေ ၂၀ လယ်ဝင်ယူငွေ ၃၅ိ ကျိုးရင်ယူငွေ ၇ိ ငကံကြီး သေစရိပ်ထုပ်ငွေ ၁၂ိ ဖန်းခါးပင်လယ်ယူငွေ ၃၀ လည်ဘင်းဆွဲ ဒိုင်ခွက် အဖိုးမသိ ၁ ရွှေပတီ အချိန်မသိ ၂ ရွှေလက်စွပ်ကျော်နီတင် ၂ လယ်မြင်တောထပ်ငွေ ၂၃ိ
သစ္စေးပင်လှရွာ ငပြည်ဆီ မှာ လှောင်စပါး ၂၀၀ကျော် ထန်ညက်တင်ချင် ၂၀ ထဘီထည်ရေ ၁၀ ပ၀ါတိရေ ၅ မဲထွေချေဂင် ၆၅ကျော်
ဦးရွက်တင်စာရင်း
မိလုံ..ဆိုက င်္သသီး
ဆံတင်းချင် ၇င်္ခန့် ပျင်စင်ရေ ၇ စပါးတင်းချင် ၈၀င်္ ၄င်းနွားထည်မကောင်ရေ ၂၀ ငွေရွက်ဒိုင်ကွက် ၁ ငွေချေပေါံတအိံ ၁ ရွှေနသံ ၇စုံ ၁ ဖဲပ၀ါ ၁ထဘီထည်ရေ ၂၀ မဲထွေခြေကင် အချိန်ခွက် ၁၀ိ ၆ူး ပိုရောကုန်ပါ ပ၀ါရေ ၈ ၅
ငကျာရွံ မိအေးကြွယ်တို့ပိုင် လယ်ကုန်းထန်းလက်ရှိစာရင်း
ရှိုလယ်ကြီးတော ၁၀င်္ မွေးဇလုပ်တော ၁၀င်္ အင်ချင်ရင်တော ၁၀င်္ ၀က်ခေါင်အထက်လယ်ငယ် ၄င်္၂ီ ညောင်ချင်ရင်တော ၃င်္၂ီ လယ်သစ်ကြီးတော ၅င်္ မြောံဘက်ဝက်ခေါင်တော ၅င်္ ပေါင် ၆၃င်္ ၂ီ လယ်မြင်တော ၅င်္ ပိုးထိတော ၃င်္၂ီ မှံတော ၄င်္ ဖန်းခါးပင်လယ် ၁င်္၂ီ
ငကံကြီးအတွက် ကုန်ငွေစာရင်း
ဘုံနွားရောင်းသုံးငွေ ....... ၂၀
အင်းပက်လက်နွားကုန်သည် တိုက်ကုန်..... ၃၅၀
အရှေ့ဘက် မောင်ညို လျော်ငွေ....... .၈၀ိ ၂၀င်္ ၄ီ
သူပုန်ဆို၍ ငထောက်ပေးငွေ ........ ၁၀၀
ရွှေဖ၀ါးတော်အောက်( တုံးဘူးမှု)...... ၃၀
ခါးစည်ပတ်ရော်ငွေ ........ ၃၀
ငကံကြီးနောက်မယား ခန်းဝင်ငွေ ...... ၂၅ိ
၎င်းရွှေနားတောင်းရံ……………. ၃၀ိ ဖိုးကျော်ပြည့်ကျွေးဆပ်ငွေ… ၅ိ ငအာထံ ဆပ်ငွေ ၄ိ ငရွှေပိုက်ထံဆပ်ငွေ ၄ိ
ပေါင်း ၆၅၀ိ။
ငကံကြီးအတွက် ကုံငွေစာရင်း
အင်းပက်လက်နွားကုန်သည် တိုက်မှုဆောင်..... ၃၅၀ ဖန်းကစင်တိုက်မှုနှင့်ဆောင်ရငွေ ၁ါ(၁ပိသာ) အရှေ့ဘက်ဗိုလ်မောင်ညိုကို ဓားနှင့်ခုတမှု ၈၀ ၀န်မောင်ထောက်ဆောင်ရငွေ ၁၀၀
ရွှေဖ၀ါးတော်အောက်ရွှေတုံးဘူးခိုးမှုကုံငွေ...... ၂၅ မရားရော်ငွေ ၃၅ိ ပေါင်း ၆၉၀ိ
ငကံကြီးသင်အိံ (အိမ်)သုံးစာရင်း
နွားအုပ်ဘောကပိုး ၂၀ိ မယားမိလေးခန်းဝင်ငွေ ၁၀ိ ငအာထံကျွေးဆပ်ငွေ ၄ိ ငရွှေတိုက်ထံ ဆပ်ရငွေ ၄ိ ငကျော်ပြည့်ကျွေဆို၍ဆပ်ရငွေ ၅ိ ကျက်ဥစားလယ်ပေါ်ရငွေ ၁၅ိ
ပေါင်း ၅၈ိ
မိမယ်လုံး တင်ရှိသုံးစာရင်း
လယ်ဝင်းပေါင်ငွေ ၃၅ိ ထန်းတောကုန်းထန်းပေါင်ငွေ ၂၀ိ ပိုးထိတောပေါင်ငွေ ၂၅ိ ဖန်းခါးပင်လယ်ပေါင်ငွေ ၃၀ိ ကျိုးရင်းလယ်ပေါင်ငွေ ၇ိ လယ်မြင်တောထပ်ငွေ ၂၃ိ ငကံကြီးသေစရိပ်ထုတ်ငွေ ၁၂ိ ငွေပရက်ခွက်ရေ ဂ ၁၂ိ ရွှေထည်၎သွယ်အချိန်၂ိ အဖိုး ၅၀ိ ရွှေလက်စွပ်ကျောံတင်၃ အဖိုး ၃၀ိ
ငွေပေါင်း ၂၂၄ိ
ဦးကျာရွက်တင်စာရင်း
ပိုးထိတောပေါင်ငွေ ၂၀ိ ထန်းတောကုန်းပေါင်ငွေ ၃၀ လယ်ဝင်းပေါင်ငွေ ၃၅ိ ကြိုးရင်းပေါင်ငွေ ၇ိ ငကံကြီးသေစရိပ်ထုပ်ငွေ ၁၂ိ ဖန်းခါးပင်လယ်ပေါင်ငွေ ၃၀ိ လယ်ဘင်းဆွဲဒိုင်ကွက် အချိန်မသိ ၁ိ ရွှေပတီး အချိန်မသိ ၂ိ ငွေခြေချင်း၇စုံ ၂ိ ရွှေလက်စွပ်ကျောံတင်
မိမယ်လုံ မောင် ငဖြိုးသာ ငပေါ်ဦး ငကျော် ဘထွေး ငကြာရွက် သမီး မိမယ်ရိန် လင် ငဘုန်းကျော် ငပြန် ငသန်တို့ သင်းသီး ခစိပါတ်ကို အရင်ပြု၍ ဆိုကြသည့် စကားမှာ။ မိဧကြွယ်မွေးဘွား မိတူဘချား သားရင် အမွေခံ မှန်ကြောင်းကို သိသာသည်။ ပဌမကျေးရွာ စုံရာလူကြီး ၃ဦးတို့ စီရင်ချက်လဘက်စားဖြတ်စာတွင် အာသီ(ခ)မိလုံမယ်က အောံသား မိမယ်ရိန် မောင် ငပြန် ငသန်တို့သို့ ငွေဒင်္ဂါးပျားရေ ၃၀။ ငပေါ်ဦး ဘ ငကံကြီး ခစိပါတ်ဖိုးငွေ အနက် ဒင်္ဂါးရေ ၁၀ကို ငကျော်သို့ ပြန်စေ။ ပါရှိသော်လည်း အူတုံဆက်သားချင်း မောင်နှစ်မဖြစ်ကြသည် ပြန်စေအမ်းစေ မစီရင်သာ အထက်သား အောံသားတို့ သင်းသီး ခစိပါတ် တဦးကိုတဦး ကြူးသည်လွံသည် မပြောမဆို ကင်းလပ်ကြစေ။ ငပြန် အိမ်ပေးမင်္ဂလာတွင် ဘမိတို့က ခမ်းဝင်ပေးသင်သီး ဥစ္စာရပ်များမှာ လက်ရှိရယူ ခံစံလုပ်စားစေ။ လယ်ပြင်တောလယ် ပေါင်ရာပါကြေးကို အထက်သားအမွေခံ ၄ဦးတို့ ပြန်အမ်းရယူစေ။ အင်ချင်းရင်တောလယ်မြေပေါင်ကြေးမှာ အောံသား ၃ဦးတို့ ညီမျှ ခံစံကြစေ။ ငကြာရွက် မိဧကြွယ်တို့ ခတွင်းစု နှုပ်ယူကြဉ်လယ်မြေရှိလျင် အမွေခံသားချင်းတို့ ဘမိထံ တောင်းခံလုပ်ဆောင် အမိအဘတို့ကို ပြုစုကျွေးမွေးကြစေ။ ငကံကြီး ခစိပါတ် အရပ်ရပ်ကုံငွေအနက် ငကျော် ပင်ပန်းသူဖြစ်သည်။ ငပေါ်ဦးက ၁ိဒင်္ဂါးပျားရေ ၅ကို သုံးဆောင်ရန် ထောံပန့်ပေးစေ။ သီး အုန်း ပိန်းနဲများ စိုက်ပျိုးသူက ရယူခံစံကြစေ။ ခတွင်းစု နှုပ်ယူထားသည့် လယ်မြေ ငကြာရွက် မိဧကြွယ်တို့ ဖြစ်ပွား ဥစ္စာရပ်များမှာ လင်မယားတို့ချားနား နေထိုင်လိုလျင် ၂ဦးညီမျှ ရယူလုပ်စားစေ။ အမွေရှင် ငကြာရွက် မိဧကြွယ်တို့ ထင်ရှားရှိသည်ဖြစ်၍ လယ်မြေအမွေ ဥစ္စာရပ်များကို သားချင်းတို့ ခွဲဝေပေးစေ။ စီရင်ထိုက်သည် မဟုတ်။ သေကွယ်မရှိနောံ အထက်သား အောံသားအမွေခံတို့ အမွေရိုး လက်ထက်ပွား လယ်မြေ အမွေဥစ္စာရပ်များကို အစုသက်ရာ ခွဲဝေခံစံကြစေ။ တဦးကို တဦး အထက်သား အောံသားတို့ သင်သီး ခစိပါတ် ပိုသည်မိုသည် ကြွင်းသည် ကျန်သည် နောင်ဘောံပြန် မပြောမဆိုသာ။ တည်ငြိမ်သေ၀ပ် ပြတ်ကင်းကြစေ။ အမွေစား သားချင်း ခစိပါတ် သင်သီး အရပ်ရပ်ရှင်လင်းစီရင်သူ ခုံတို့တွင် ကုံငွေ၁ိ ဒင်္ဂါးပျားရေ ၁၀ ၅ူးကို မိမယ်လုံက ပြန်ပေးစေ။ ငပေါ်ဦးမှာ ဘဘ အရာခံ သားမှန်သည့်အတိုင်း လက်ရှိ သင်သီး အစီးအနင်းများကို အထက်ဖြတ်စာအတိုင်း ရယူစေ။ စားရိတ်ကို မစီရင်သာ တရားမှာ ၃ဦး ခုံတို့ စီရင်ချက် လဘက်စား ဖြတ်စာအတိုင်း ခံဆောင်ကြစေ ဟူ၍ ၁၂၃၈ခု တော်သလင်းလဆန်း ၁၀ရက်နေ့ ရွှေ၁၃ရွာ ကံကလေးကုံးရွာနေ ငပေါ်သစ် ၄င်းရွာနေ ငပိုက် ငကြာထွန်းတို့ ရှေ့ စုံရာ နေမျိုးနော်ရထာ စီရင်ချက်ကို မိမယ်လုံ ငဖြိုးသာတို့နှင့် မိမယ်ရိန် ငပြန် ငသန်တို့ မဘောံမပြန်ပါစေရ ဘဘ ငကြာရွက် ခံဝန်၍ ငပေါ်ဦး ငကျော်တို့ ဘောံမပြန်ပါစေရ ဘကြီး ငတေဥ ခံဝန်၍ ဘမိ မိမယ်လုံတို့ ခံဝန်ပြီးလျင် မိမယ်လုံ ငဖြိုးသာ ငသန် ငတေဥ ငကြာရွက်တို့ ဖြတ်စာပါ စကားရပ်များကို ၅ဦးသားတို့ စုံညီ လဘက်လှမ်စားကြသည် လဘက်ပေး ငဘိုးအောင်။
၁၂၃၉ခုနှစ် ၀ါခေါင်လဆန်း ၁၅ရက်နေ့ ငပြန် ငသန် ငကျော် ငပေါ်ဦး ငဖြိုးသာတို့ ကျွန်တော် ကျွန်တော်တို့ အမိ မယ်အေးကြွယ် သေဆုံးရာ လပ ကောင်းမွန်စွာ သင်္ဂြိုလိုပါသည်။ အမွေကြောင်းအလျောံ ဆိုင်ပိုင်သည့် လယ်မွေးဆုပ်ပင်တော ၁၀င်္ကျဲ ရိုးလယ်ကြီးတော..အမိမယ်အေးကြွယ်ပိုင် ခံတွင်းစု ၀က်ခေါင်း အထက်လယ်မြေရေ ၅င်္ကျဲကုန်းထန်းရှိများကို သင့်ရာပေါင်နှံ၍ သင်္ဂြိုပါ နောင် ၄င်းလယ်ကို ရလိုလျင် သားချင်းတို့က ရွေးနုပ်ဖေါ်ယူ ဆုစသင့်ရာ ခွဲဝေခံစံပါတော့မည် ကန်များကျောင်းဆရာထံ လျောံထား၍ သင်္ဂြိုပါ ဆွေမျိုး ဖြစ်သည့်အတိုင်း ကျေးရွာလူ ကျောင်းတကာ ဦးပေါ်သစ်ကို အစုံအညီ စာချုပ်အပ်ပေးကြသည် နောင်ငဖြိုးသာ မပေါက်မပြန်စေရ ရောံခမ ကိုတေဥ ခံဝံ၍ ဦေးတဥ ငပြန် ငသန် ငကျော် ငပေါ်ဦး တို့ စုံညီ အပ်ပေးကြသည်။စာချုပ်အတိုင်း မတည် တဦးတရောံ ဖောက်ပြံပြောဆိုရှိလျင် ပေါက်ြ်ပန် ပြောဆိုသူက စာချုပ်ပြစ်ထံ ငွေဒင်္ဂါး ၃၀ကို ပေးလျော် ကတော့ပါမည် ဆို၍ သဘောတူ စာချုပ်ကြသည် ကာလသိရှိသူ ခေါင်းမင်း ငတုပ်ကြီး မောင်တိုးအောင် စာစီ ဦးပေးသစ် စာရေး။။။
၁၂၃၉ခုနှစ် ၀ါခေါင်လပြည့်ကျော် ၉ရက်နေ့တွ် မောင်ဖြိုးသာ တူ မောင်ပေါ်ဦးတို့ ငွေသုံရန် လိုပါသည်။ အမွေဆိုင် လယ် စသာခင်း မိသား၎ တွင်း ၃င်္ကျဲကန့်နှင့် ၄င်းလယ်ပေါ်ပေါက်ရောံသည့် ထန်း သစ်ဝါးတို့ပါ ပေါင်သုံးနှင့်ပါရစေ သာချင်းအမွေခံ မောင်ပြန် မောင်သန် မိမယ်ရိန်တို့ကို ဆိုလျင် ၄င်းမောင်ဖြိုးသာ မောင်ပေါ်ဦးတို့ အဆိုအတိုင်းနှင့် ပေါင်စားနှင့်ပါတော့ဆို၍ ကျေးပေးလယ်ထန်းပေါ်ငွေ ၁ိသုံး ဒင်္ဂါး ၅ပျားကို မောင်မှန် ငငယ်တို့က မောင်ဖြိုးသာ တူမောင်ပေါ်ဦးသို့ ပေး၍ အပေါင်ခံယူကြသည် ကာလသိရှိ သူစာစီစာရေး ၉ဆူတကာ
No comments:
Post a Comment