ခုနှစ်မပါသည့် ပုရပိုက်မှတ်တမ်းများ`
ဆြာဦးရွှေချက်။ ။ ။ ကျနုပ်ကို ငတုပ်ဖြူ ငချိုက ကိုးဆယ်၆ပါးသောရောဂါ ကျောံပေါင် ဆေးဝါးနှင့် မပါ အသက်ချမ်းသာလျင် ဆြာကျေးဇူးကို ဆပ်ပေးပူဇော်ပါမည် ဆို၍ ကျွန်တော်ကုမဆေးပေး၍ ရောဂါပြောံ၍ ချမ်းသာရှိလျင် ကျေးဇူးထွက် ကုန်ကများကို မပေး။ ငတုပ်ဖြူ ပြောလိုရာပြောနေကဲသ ငတုပ်ဖြူ ငချိုကို ကုမ်ကများကို တရားထိုက်ရာ တောင်း၍ ပေးတော်မူပါ
ကျွန်တော်မလင် ငရေနှင့် ရောံခမ ငပျားတို့ကို လျောံဆိုရသည်..စကားမှာ သာမည်ည လျောံဆိုသည် မဟုတ်က့ ငပျား သား ငရံတို့ နှကိုတစိပ် တိုင်ပင်ပြည်းလျင် လင် ငရေ အဖ ငပျာက ကျွန်တော်မကို အများ သားသမီးနီး လုပ်ကိုင်ပါသည်ကို ကျွန်တော်မ လုပ်ကိုင်ရာမထင် ရောံခမ ငပျာ လင် ငရေတို့ အများလင် အမိအဖတို့နီး ကောင်းမွန်အောင် မသင်မပြ။ ကျွန်တော်မကို အထက်ကလည်း အတံတံ …………နှင့် ဆင်းသွားရမြည် ဆိုသည်ကိုမှ ကျွန်တော်မ မဆင်းမသွား သမီးလင်ကို စက်ကိုမြည်ခဲသို့ မတော်မလှံ လုပ်ကိုင်ရန်ရှိသည့် အလုပ်များကိုသာ သားဂျင်းတို့နီးကဲ့သို့ လုပ်ကိုင်နေရာ ငရေ အဖ ငပျားက သးမြေးတို့ မျက်နှာ မထောက် တရားအဂန် မှုပြစ်မရှိသည်ကို မှုပြစ်ရှိဟံသခဲ့သို့ ချိန်းမောင်း ..ချောက်သင့်သည် မဟုပ်ပါ မြည်သည့်အပြစ်ရှိသည် မြည်သည်ကို ပြုသည်များကို ငပျား သား ငရေတို့ အမှန်တပ်ရာ ချေဆိုသင့်ပါသည်။ကို အထက် ကျွန်တော်မနှင့် ငရုံမယား မိချမ်းက ကျွန်တော်မကို မရေမငံပြောဆိုစကားကို ကျေးရွာလူကြီးနှင့် တောရ ဆရာရှေ့ မိဂျမ်းက ၀န်ကျတောင်းပံသောကြောင့် ပြေညိမ်းရှိပါသည်ကို ငပျာ လင် ငရေက ငရုံမ်နှင့် အချင်း………စကားကို အဆွဲပြုဆင်ဂျေသွပ်သွင်းလျှောံဆိုသင့်သည်မဟုတ်ပါ။(သူ့ထက်က ပုရပိုက်မှာ ၁၂၂၁ခု သုံးထောင့်ရွာ ပုရပိုက်ဖြစ်သည်။)
ရှေးမှ ငါးကြောင်းမှာ ပျက်နေသည်။
လိုက်ကြရာ ငရွှေအောင် နေထိုင်သည့် ကျွန်းတောကုန်းအနီး ခြေရာကျရောံ ကျေးရွာလူကြီးတို့ကို တိုင်တန်းပြီးလျင် ကျေးရွာနေလူတို့ တိုင်တန်းရင်း ခြေရာကို ကြည့်ရှုပြသ ရှိနေသည်အတွင်း ခိုးရာပါနွား ငရွှေအောင်နေထိုင်သည့် ကျေးရွာအနီ ကြိုးလွတ်တွေ့ရှိ နွားကို လမ်းယူ နေအိမ်သို့ ပြန်ရောံကာ.. ငတာ ငရွှေအောင်နှင့် အမည်မသိ လူ ၁တို့ကို လက်မခန်တန် လက်ခံကျွေးမွေး ခေါင်းလူကြီးတို့ကို အတိုင်မပြော ဥပဒေမှ အပ လက်ခံကျွေးမွေးသူ ငတာဖြစ်၍ မြေကူသူကြီးထံ အကြောင်းအရာကို ပြောဆိုတိုင်အပ်ရာ ရွှေကျင်ဂိုဏ်းထောံဆရာတော်က ခိုးနွားရ၍ရှိလျင် မှုခင်းမပြုမလုပ်ကြနှင့် အမိန့်မေက္ကာရပ်ခံ၍ ဆိုင်းငံ့တည်ငြိမ်ရှိပါသည်ကို ယခု ငရွှေအောင်က ကျွန်တော့်ကို မြေကုရွာ သူကြီးထံ အတာတရားပြုလုပ်လျင် ကျွန်တော့်ကို အစစ်ခံခြေပြိုင်ရမ် သူကြီးက ခေါ်ချရှိပါသောကြောင့် ရာဇ၀တ်ကြောင်းဖြစ်ပါ၍ ကန်ကလေးကုန်းရွာနေ လက်ခံသူ ငတာ တည်းခိုသူ ငရွှေအောင် အမည်မသိလူ ၁ တို့နှင့် ရုံးတော်မှာ မှန်ရာဖြစ်ပါရမည့်အကြောင်း ရှိခိုးအစီရင်တော် ခံပါသည်ဘုရား
ငတာ ၁မှာ ကန်ကလေးကုန်းနေ လက်ခံသူ ငရွှေအောင် ၁မှာ မြေဒူးမြို့ ကျွန်းတောကုန်းရွာနေ
အစီရင်ခံချက်အတိုင်းမှန်လျင် ဂိုဏ်ထောံဆရာတော် မေက္ကာရပ်ခံတည်ငြိမ်ရှိသည့်အတိုင်း သူကြီးက အနှောင်းအရှက် ..မရှိစေနှင့် တည်ငြမ်စေအမှုသည်က လျောံထားပြောဆိုရှိလျင် ………………………
မြေထူးမြို့အ၀န် မြို့တင်နယ်မြေအတွင်း ယုကြောင်ပယ်အုပ်စုပါ လင်းတသေ ခေါ် လယ်မြေမျိုး၂င်္ကျရှိသည် ကိုတိုင် ဘေးဘအမွေခံမရှိ။ ပထား အရာတော်လယ်မြေဖြစ်ကြောင်းနှင့် အရာတော်အုပ်က စာရင်းးမှတ်သား၍ မြေထူးမြို့ရုံးသို့ ယူသွားရာ လင်းတသေလယ်မြေ ၂င်္ကျဲသည် အမွေခံ မပြတ်မလပ် ဖိုး ဦးကျော သမီး မိကရင် သမီး မိကွန် လင် ငတေဥတို့ နှစ်ပေါင်းများစွာ ယခုတိုင် လက်ရှိလုပ်စားကြောင်း လယ်ရှင် ငတေဥ လျှောံချက်အရ မြို့တင်နယ်မြေအတွင်း ယုကြောင်ပယ်မှာ လင်တသေလယ်မြေ မျိုး၂င်္ကျဲကို ငတေဥ လက်ရှိအတိုင်း သားစင်မြေးဆက် အနှောင့်အယှက်မရှိ လုပ်ကိုင်စေရမည်။
မြေတူးမြို့ရုံး အရာရှိတို့စာ
ရုံးအရာရှိပေးငွေ ၂၀ အရာတော်အုပ် ပေးငွေ ၅ိ ၀န်စာရေးမောင်ဖိုးထူးပေးငွေ ၅ိ ရုံးသွာစရိပ်ကုန်ငွေ ၅ိ
မြေဒူးအုပ်စုပါ ကန်ကလေးကုန်းရွာနေ ဘကြီး ဦးပေါ်သစ် မေက္ကာစကား ပါးလိုက်ပါသည် တူမောင်ဖိုးတင်။ အရေးကြီးအကြောင်မှာ ဘကြီးသည် အသက်၈၀ကျော်မှ လယ်တရားဖြစ်ပါ၍ စရိပ်ငွေအများ ၅၀၀ကျော် ကုန်ကျရှိပါ၍ တူဆရာကြီး စောင်မနိုင်သမျှ စောင်မပါတော့ ….
ကန်ကလေးကုန်းရွာနေ ဘကြီး ကိုးဆူတကာ ဦးပေါ် စာပေးလိုက်သည်။ ပဲနွယ်ကုန်းရွာနေ တူမောင်ငရွှန်း ညီအကိုတစုတို့။ ဘကြီးမှာ အသက် ၉၀ရှိမှ လယ်မြေကို တရားစကား ပြောဆိုရာ တရားရှုံနိမ့်ရှိ၍ ငွေ ၇၈၀ကျော် ကုန်ကြပါသည် ကျနုပ်တူများက ငွေ ၅၀အား ခြေးပေးပါမည် စာနှင့် လူကျုံ မောင်ရွှေရံတွင် စာစေလိုပါသည်။ အမောင်က ခြေးငှားမည် သား မောင်ရွှေဘို အရင်အမြန် စေလွှတ်လိုက်ပါမည် တူမောင်ရှန်ညီအကိုတို့။
ကျောင်းတကာ ဦးပေါ်သစ်နှင့် ရွာနေ ငငယ် မယား မိခိုဥတို့ ပြောဆိုကြသည့် ငွေမှု စကားမှာကျောင်းတကာ ဦးပေါ်သစ်ကလည်း ငငယ် မိခိုဥတို့ သုံးစားသည် ကျွန်တော်ပိုင် ရွှေလက်ဝပ် ကျောံနီတင် အဘိုးတံငွေ ၂၀။ တားမရှည် အဖိုးတန် ၂ိ ငွေချေ ၂၀ နွားဘိုးငွေ ၁၅ိ အစုစု ငွေ ရွှေ ဒါး ကျောံနီ အဖိုးငွေ ၅၇ပျား များကို ငငယ် မယား မိခိုဥ သား ငဖိုးဆိပ် မိအိမ်ကြယ် မိခြစ်ထွေ တို့ အတူနေထိုင်စင် ခြေးယူသုံးစားပြီး မပေးမရနေသည်။ ၄င်တို့ အပေါ်မှာ တောင်းခံရလိုကြောင်းနှင့် ခေါင်းအရံပိုင်တို့ထံ အစီရင်ခံရှိ၍ ငငယ် မယား မိခိုဥတို့ကို မေးရာ ငငယ်မိခိုဥတို့ကလည်း ကျွန်တော်ကျွန်မတို့မှာ စားသုံးရန် နည်းသူဖြစ်သောကြောင့် ၄င်းကျောင်းတကာ ဦးသစ် အဆိုပါ ရွှေလက်အချိန် ၁ိ အဖိုးတံငွေ ၂၀ ဒါးမရှည် အဖိုး ၂ိ ငွေချေးရရှိ ၂၀ ၊ နွားဖိုးငွေ ၁၅ိ အစုစုငွေ ၅၇ပျားကို ခမက်ဖြစ်၍ ယူငှင် သုံးစားပါရသည်။ ၂ဦးတို့ အဆို အစစ်ခံ ၂တံ စကားကို တရားနှင့် နားထောင်သော ငငယ် မိခိုဥတို့က မကွယ်မထောင် ဖြောင့်ဆို အမှံ ဖြစ်၍ ၄င်းစားသုံးသည့် ကြေးကို သုံးစားသူတို့မှာ မိဘဖြစ်သည်အတိုင်း တောင်ခံ၍ ငွေ ၅၇ိကို ကျောင်းတကာ ဦးပေါ်သစ်သို့ မိအိမ်ကြယ်တို့က စွဲဆိုသည့် ၁၆ိ ငွေ.အနက် ကျွန်တော်ဘတွက်ငွေ ၁၀မှာ နောင်အမအကြီး မိအိမ်မယ် ရောံဖ မောင်ရွှေညိုထံ ရရံရှိသည်ဆို၍ မပြောမဆိုလိုကြောင်းနှင့် ငဖိုးဆိပ်က ပဒိင်္ညခံသောကြောင့် ငဖိုးဆိပ် ရရံငွေ ၁၀ကို လပ်စေ။ ..ပြစ်မှာ သမီးရောံဖဖြစ်၍ ရကောင်းသည် မဆိုသာ မောင်ရွှေညို ကုံစရိပ်ကို ငဖိုးဆိပ်က ပြံစေ။ ကျောင်းတကာ ဦးပေါ်သစ် မောင်ရွှေညိုက ရွှေချေးငွေချေးနှင့် သက္ကရာဇ်တွက် အတိုအရှည် ရှိလျင် ငငယ်သို့ အပ်စေ။၎င်း ရွှေငွေနွားဘိုးဆို၍ ပြောဆိုဆိုရံ ကျွင်းကကျံရှိသေးသည် မပြောမဆိုသာ ဆပ်ပေးပြေညိန်းနေထိုင်ကြစေ။ တရားနုပ်သိမ်းရံမှံသမျှကို ၃စုလျင် တခုကို ငငယ် ခံစေ။ ကျေးရွာလူကြီး ကျောင်းတကာ ဦးမောင်မှံ မောင်ဖိုးသင်တို့ ဆုမ္မမေးမြန်း..စီရင်ချက်ကို အမှုသည် ကျောင်းတကာ ဦးပေါ်သစ် မောင်ငယ် မိခိုဥ လဘက်လှန်စားကြသည် ကာလ လဘက်ပေး မောင်ဆွဲ။
……………..အာရောဂျံ ဒီဃံအာယု ဘ၀တု ဟု..တရား ခန္တာမြင်ရှည် တည်ပါစေသောဝ်..ဒိသ သြဒိသာဟု ၅၂၈သွယ်သော မေတ္တာ မချားမလပ် မပြတ်နေ့ည ပို့သဟောင်းတွင် ထပ်လောင်းဆင်ကာ ပို့သပွားသော မေတ္တာကို ခံယူလေ့ရှိသော သား မောင်ဘေ အကြောင်းစကား မှာကြားလိုက်ပါသည် ရပ်ရွာနေ မွေးသည်မိခင် ဘခင် နှမ ရှင်နှောင်း ရှင်အိ ညီ မောင်အူ မောင်ခက် မယား ရှင်စု သား မောင်အိပ် မောင်ကျင် သမီး ရှင်မြိုင်တို့ ကျနုပ်မှာ ရတ်ရွာက လာရောံလျင် အရှင်အလိုတော်ရှိရာ သိန်နီချောင်းသို့ (သိန်နီကြောင်း)ချီတက်လိုက်ပါ ထမ်းရချေသည် ရပ်ရွာမှာ ကျနုပ် မလာမရောက်မှီအကျား မယား ရှင်စု သား မောင်အိပ် မောင်ကျင် သမီး ရှင်မြိုင်တို့ကို မငပ်မမါတ်စေရ မိဘနှမညီ မရီးရှင်ဆုပ် ယောက္ခမ အမယ်အိတို့… ၍ ကြည့်စောင်မနှင့်ကျပါ မယားရှင်စုမှာ ကျနုပ်ကို အောင့်မေ့တသချင်း မရှိပါနှင့် ကျမ်းမာအောင်သာ ရေဆွမ်းပန်းတင်ပြု၍ မွေူသည့်သားသမီးတစုကိုသာ ကျမ်းမာအောင်.. ၍ လုပ်မှုဆောင်တာ လယ်ယာမြားကို ကျနုပ်ရှိသခဲ့သို့ ရှင်စုကို မွေးသည့်…. … ရှင်အိ ရှင်လုံး မရီး ရှင်ဆုပ် ညီ မောင်အူ မောင်ခက် တူ မောင်ပျံ…….. ယောက္ခမ အမယ်အိ အရီး ရှင်ကတိုး ခယ်မ ရှင်နှင်းဖြူ တို့တစု ရှင်စုကို …ကြည့်ရှုနှင့်ပါမည့်အကြောင်းကို ကျနုပ်မောင်ဘေ ကြားရောံလိုက်သည် အတိုင်း ရပ်ရွာနေ မွေသည့်မိခင်ဘခင် ဆွေမညာတကာတစုတို့ျေား။ ကောံစိုက်ခ ရှင်စုကပေးလေ။
ဘုရားကျွန်တော် ငတိုးအောင် သား ငဘိုသင်တို့ ရှိခိုး အစီရင်တော် ခံပါသည်ဘုရား မြေဒူးမြို့ရုံးတွင် မြို့စာရေး ဥိးကြွက်ဖြူ စီရင်ပြီးပြတ်နောံ မှုခင်းရှာကျံတောင်းခံ စားယူငွေ ၅၀ကျော်ကို ကိုတေဦးအတွက် ပေးဆောင်ရသောကြောင့် ရွှေလွှတ်တော်တွင် လျှောံထာရှင်းလင်းပြောဆိုကြရာ ခံဝန်သူ ငကျော်ဦးက ကျွေးငွေ ခြေးယူရကြောင်း ဖြောင့်ချက် နှင့် ပိုငွေကို ငကျော်ဦးက ပြန်ပေးစေ စီရင်ချက် လဘက်လှမ်စာပြီးပြတ် ကြေးရွာသို့ ပြန်သွားရာ ယခုတဘန် ခံဝန်သူ ငရိတ်က ကျွေးငွေကို ခြေးယူရာ ခံဝန်ရဟန်ပြုလုတ် စာရေးငဘိုးသင်နှင့် ပူးပေါင်း ချခေါ် ပြီးလျင် တန်းတွင်ချုပ်တောင်းသောကြောင့် ငဘိုသင်ကို ငွေဒင်္ဂါး ၁၁ိ ချဝတ်အချုပ်က အရပ်ရပ်ငွေ ၂၀ကျော် ကုန်ကြ ခံနေရပါသည် မဟုတ်မလျား မှုခင်းရှာကျံသူ ငရီတ် ငဘိုသင်တို့နှင့် အမိန့်တော်ရှိရာ ဦးထိပ်ရွက်ပါရမည့်အကြောင်း ရှိခိုးအစီရင်တော်ခံပါသည်ဘုရား။
ငတိုးအောင်နှင့် ငအောင်ဘတို့ တုပ်လှံ လက်ရောံ ဖြစ်ပွားကျသည့်စကားမှ ငတိုအောင်က ကျွန်တော် ကျေးရွာလူကြီး ဖြစ်သည်အညီ ကျောံပေါံနာယောဂါ ကပ်ရောံ ထုပ်ထားသူတို့ ကြေးရွာအတွင်း ၀င်ထွက်လိုသည် ဆို၍ တိုင်ကြားရှိသည်ကို ငအောင်ဘက နုပ်အကျူးအလွံ ဆဲရေးပြောဆိုသောကြောင့် ငအောင်ဘနေအနည်း ကျွန်တော် သွားရာ ငအောင်ဘကိုဆောင်တိုက်လျင်သာ ကျွန်တော်က ဆွဲရန်းပုတ်ခပ်မိကြောင်း ငအောင်ဘလည်း ကျွန်တော်နေအိမ်က ကျောံပေါံနာစွဲရောံသူတို့ ကြေးရွာကို ၀င်ထွက်ရာ ခံဝန်လူ ပေးရမည် ပြောဆိုရာ မနိုင်ကြောင်း ပြောဆို ဆဲရေးမိသညိကို ကွန်တော်နေအိမ်ကို ငတိုးအောင် လာရောံပြီးလျင် ရောင်ကို ဆွဲရန်းပုတ်ခပ် လက်ရောံပြုသည်များ ခံနေပါရကြောင်း ၂ဦးတို့ အစစ်ခံ ၂တံစကား တနှင် ချင့်ကျိမ်လျင် ငတိုးအောင်က ငအောင်ဘနေအိမ်သို့ လာရောံရာ ငအောင်ဘက ဆဲရေးသည်စကား အမှံ ယူရံ ရှိသည် သက်ရွယ်ကုန်ရင့်သူကို ဆဲရေးသည့် အပြစ် ငတိုးအောင်သို့ ငအောင်ဘ ငွေဒင်္ဂါး ၁၅ပျား နှင့် ပူဇော်ကတော့်စေ စီရင်ချက် ငအောင်ဘ နေအိမ်သို့ လာရောံပြီးလျင် ငတိုးအောင်က ငအောင်ဘကို လက်ရောံသည် ဆိုသည့်စကာလည်း တရားဂရုပ် ပြုထိုက်သည်ဖြစ်၍ ငတိုးအောင်က လက်ရေံသည့် အပြစ် ငွေဒင်္ဂါး ၃၀ ကို ပေးလျော်စေ စီရင်ရန် ရှိသည်များကို တရား ဓမသတ်ဖျင် ဆပ်မှာ ဆိုသော်လည်း ငတိုးအောင် ငအောင်ဘတို့သည် ညာတိဝံသ တရားမကင်း ဆရာတပြည့်အလားတူ ..သည့် အခင်းစကားဖြစ်ပွားပြောဆိုကြသော်လည်း စရိပ်ကံကြရံသာ ရှိသည်။ ရော်ပြစ်ရော်ဒါဏ်များနှင့် စီရင်ဆုံးဖြတ်ရန်မရှိကြောင်း ထုံးဟောင်းဥပတေရှိသောကြောင့် ငတိုးအောင် ငအောင်ဘတို့ ဒေါသမံ(ဒေါသမာန်)များ ရုပ်သိမ်းကင်းညိန်းကျစေရမည်။
No comments:
Post a Comment