အခန်း(၁၃)
မင်းကျော်ရဲလှ နတ်မီးသွေး (သို့မဟုတ်) လက်စွဲတော် ငကံကြီး
ကန်ကလေးကုန်းရွားသား ဦးကျာရွက်နှင့် မိအေးကြွယ်တို့ လင်မယားသည် အသက်ကြိးကာမှ စိတ်သဘောထားခြင်း မတိုက်ဆိုင်ကြကာ လင်မယားကွာရှင်း ပြတ်စဲကြလေသည်။ အဆိုပါ လင်မယား ကွဲသည့် ဖြတ်စာအမှုတွဲများမှာ ပုရပိုက်တစ်အုပ်သပ်သပ်ဖြင့် ရေးထိုးမှတ်တမ်းတင်ထားသည်။ အဆိုပါ ပုရပိုက်များထဲမှ မိသားစုဝင်များ၏ ကုန်ငွေစာရင်းကို အသီးသီး တင်ပြကြရာဝယ် ငကံကြီးအတွက် ကုန်ငွေစာရင်းကိုလည်း အသေးစိတ် ဖော်ပြပါရှိသည်။ ဖော်ပြပါ ငွေသုံးစာရင်း မှတ်တမ်းကလေးသည် သမိုင်းကွက်လပ်တစ်ခုကို အတော်ကလေး ဖြည့်ပေးနိုင်သည်ကို တွေ့ရသည်။
အထက်က ဆိုခဲ့သည့်အတိုင်း အိမ်ရှေ့စံ ကနောင်မင်းသားကြီး လုပ်ကြံခံရလေသော် ကနောင်မင်းသား၏ သားတော်များ ဖြစ်သည့် ပတိမ်းမင်းသားတို့ ညီနောင်များသည် မင်းတုန်းမင်းကို ပုန်ကန်ကြရန် ကျနုပ်တို့နယ်ဘက်ကို ထွက်ပြေးလာခဲ့ကြသည် ။ နယ်သူနယ်သားများလည်း သူပုန်မင်းသားများဘက်မှ ပါဝင်တိုက်ခိုက်ကြလေရာ မြေခုသူကြီး ငရွှေဖီ သား ရွှေမှူးငဘုန်းတို့ သားအဖ၊ ကန်ကလေးကုန်းရွာက အိမ်ရှေ့စံကနောင်မင်းကြီး၏ အိမ်တော်အမှုထမ်း ငတေဇ အပါအ၀င် စုစုပေါင်း (၈) ယောက်သည် ပတိမ်းစားတို့ဘက်ကနေ ပါဝင် အမှုတော်ထမ်းကြသည်။ အရေးတော်ပုံ ကျရှုံးချေသော် အဆိုပါ (၈)ယောက်လုံး အဖမ်းခံကြရသည်။
သူပုန် ဟူသော စကားလုံးကိုသာ သုံးစွဲနေရသည်။ အမှန်တွင်တော့ သူတို့ အရှင်သခင် ရှင်ဘုရင် ဖြစ်ရေးအတွက် သက်စွန့်ကြိုးပမ်း အမှုထမ်းခဲ့ကြသူများပင်။ အရေးတော်ပုံ အောင်မြင်ခဲ့လျင်တော့ သူတို့ တစ်တွေသည် ဧရာမ သူရဲကောင်းကြီးများ ဖြစ်လာပြီး ဘွဲ့များ အသီးသီး ပေးအပ်ချီးမြှင့် ခံကြရပေမည်။ မင်းတုန်းမင်းသားနှင့် ကနောင်မင်းသား ပုန်ကန်စဉ်က သက်စွန့်ကြီုးပမ်း အမှုတော် ထမ်းရွက်ခဲ့ကြသဖြင့် သူတို့တစ်တွေ ဘွဲပတော်များ အသီးသီး ရရှိခဲ့ကြသည်။ မင်းတုန်းမင်းက ဘွဲ့များ ပေးအပ်ကာ ချီးမြှင့်ထားပါလျက် အဘယ်ကြောင့် ပတိမ်းမင်းသား ပုန်ကန်ရသည့် အထဲ ပါလာသနည်း ဟု မေးလာဖွယ်ရာ ရှိပေသည်။ သူတို့သည် အိမ်ရှေ့မင်း၏ လက်စွဲတော်များ ဖြစ်သဖြင့် အိမ်ရှေ့မင်း၏ အမှုတော်ကိုသာ ထမ်းရွက်ကြရသည့်အလျောက် အိမ်ရှေ့မင်း၏ သားတော်များ ပုန်ကတန်လျင် အိမ်ရှေ့မင်း၏ သားတော်များ ဘက်မှပင် အမှုထမ်းကြရခြင်း ဖြစ်သည်။။ မြေဒူးဝန်ထောက်ဟောင်း ငထောက်သည် ပတိမ်းစား သူပုန်များကို နှိမ်နင်းသည့်အထဲတွင် ပါဝင်လေသည်။ ဆိုလိုချင်သည်မှာ မင်းတုန်းမင်းဘက်မှ ပါဝင်၍ အမှုတော် ထမ်းနေသည်။ပုရပိုက်အရဆိုသော် သူသည် မြေဒူးမြို့ ၀န်ထောက်ဟောင်းပင်။ ပုဂံမင်းလက်ထက်က ၀န်ထောက်မင်း ဖြစ်ဟန်တူလေသည်။။ မင်းတုန်းမင်းတို့ ကနောင်မင်းတို့ ပုန်ကန်သည့် အချိန်က ပြုတ်သွားဟန်တူသည်။
အထက်က ပြောသည့် သူပုန်(၈)ယောက်အနက် ခုနစ်ယောက်သည် မြို့ဝန် ငထောက်ကို ပိုက်ဆံပေးနိုင်သဖြင့် လွတ်သွားကြသည်။ ငတေဇတစ်ယောက်သာ မရွေးနိုင်လေရာ ၀န်ထောက် ငထောက်က သတ်သဖြင့် သေသွားသည်။ဘုရင်က သူပုန်သူကန်များကို လွတ်ငြိမ်းချမ်းသာခွင့် ပေးထားပြီး ဖြစ်ပါလျက်နှင့် အကိုဖြစ်သူ အသတ်ခံရသော် ညီဖြစ်သူ လွှတ်စေအမှုထမ်း ငပေါ်သစ်က ငထောက်ကို အရေးယူပေးရန် ဘုရင့်လွှတ်တော်ကို တက်တိုင်သည်။ နောက်ပိုင်းတွင် ညီများက အကိုဖြစ်သူအတွက် ရည်စူးကာ အာလိန်ငါးဆင့်ကို ဆောက်လှူပြီး အကိုဖြစ်သူကို ရေစက်ချ အမျှဝေပေးကြသည်။။
ငရွှေဖီနှင့် ခုနစ်ယောက်မှာ ငထောက်ကို ငွေခွက် တစ်ဆယ်ကျစီ ပေး၍ လွတ်သွားကြသည်။ ဦးကျာရွက် မှတ်တမ်းတွင် ငွေ ၁၀၀ ဟုဆိုသည်။ ငွေခွက်တစ်ဆယ်သည် ငွေ ၁၀၀ ဖြစ်ဟန်တူသည်။ ငပေါ်သစ်က ဘုရင့်ထံ တိုင်တန်းသော လျောက်လွှာတွင် ကျန် ခုနစ်ယောက်က မြေဒူးမြို့ဝန်ဟောင်း ငထောက်ကို ငွေပေးနိုင်သဖြင့် လွတ်သွားကြောင်း၊သူ့အကို ငတေဇမှာ ပိုက်ဆံမပေးနိုင်သဖြင့် အသတ်ခံရကြောင်း။ သံဃာတော်များက တားဆီးလုယူတာတောင် မရကြောင်း။ အသတ်ခံရကြောင်း၊ ငထောက်ကို အရေးယူပေးပါမည့်အကြောင်း စသဖြင့် ဘုရင့်လွှတ်တော်ကို တိုင်တန်းသည်။
ဖော်ပြပါ သူပုန်(၈)ယောက်အနက် မြေခုသားနှစ်ယောက်( ငရွှေဖီနှင့် သူ့သားငဘုန်း)ကန်ကလေးကုန်းသား တစ်ယောက် ငတေဇတို့ သုံးဦးသာလျင် စာရင်းက ရှာရသည်။ ကျန်သည့် ငါး ယောက်က ဘယ်ကမှန်း မသိရချေ။ ငကျာရွက်၏ ပုရပိုက်မှတ်တမ်းကို ဖတ်မိပါမှ နောက်တစ်ယောက်ကို ရှာတွေ့ရသည်။ ကန်ကလေးကုန်းရွာသား ငကံကြီးပင်။ သို့ဆိုလျင် သူပုန် လေးယောက်ကို ရှာတွေ့ပြီ။ ကျန်လေးယောက်ကို ရှာရပေဦးမည်။
နတ်မီးသွေး အမည်ခံ ငကံကြီးကို ကန်ကလေးကုန်းရွာတွင် ဖွားမြင်သည်။ ပုရပိုက်များအရဆိုသော် ငကံကြီးသည် မိအေးကြွယ်နှင့် အိမ်ထောင်ကျပြီး မိမယ်လုံး၊ ငဖြိုးသာ၊ ငကျော်၊ငပေါ်ဦး ဟူသည့် သားသမီး (၄)ယောက် မွေးပြီး ကွဲသွားဟန်တူသည်။ သို့မဟုတ် ပုရပိုက်တွင်ပါသည့် မယားမိလေး ခန်းဝင်ငွေ ဟူသည့် စကားရပ်အတိုင်း ငကံကြီးသည် ထင်ပေါ်ကျော်ကြားသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည့်အလျောက် နောက်မယား ထပ်ယူသဖြင့် မယားကြီးဖြစ်သူ မိအေးကြွယ်နှင့် ကွဲသွားဟန်တူသည် ဟ ယူဆရပေသည်။ မိအေးကြွယ်သည် ငကံကြီးနှင့် ကွဲပြီးနောက် မတ်ဖြစ်သူ ငကျာရွက်နှင့် ထပ်မံ အိမ်ထောင်ပြုသည်။ ငကျာရွက်နှင့် မိအေးကြွယ် မွေးသော သာသမီးများမှာ မိမယ်ရိန်၊ ငသန်နှင့် ငပြန် တို့ ဖြစ်သည်။ ထို့ကြောင့် ငကျာရွက် မိအေးကြွယ်တို့တွင် ငဖြိုးသာ မိမယ်လုံး ငကျော် ငပေါ်ဦး မိမယ်ရိန် ငသန် ငပြန် ဟူ၍ သားသမီး (၇)ဦး ရှိသည်။ ပုရပိုက်ထဲတွင် အထက်သား အောက်သား ဟူ၍လည်းကောင်း၊ ဘထွေး ငကျာရွက်ဟူ၍ တွေ့ရသည်။ အမွေခွဲတန်းတွင် ငကံကြီး သင်္ဂြိုဟ်စားရိတ် အဖြစ် ဦးကျာရွက်က ၁၂ ကျပ် နှင့် မိမယ်လုံးက ၁၂ကျပ် တင်ပြထားသည်။ (တောရကျောင်းဘုရား ခုနစ်ဆူရှိ အလယ် သိမ်ဘုရားမှ စကျင်ကျောက် ဆင်းတုတော်မှာ မိမယ်ရိန်၏ ကောင်းမှုပင် ဖြစ်သည်။ အဆိုပါ ဆင်းတုတော်မှာ ယခုအခါ ဇီးပေါက်ရွာကျောင်း ဓမ္မာရုံထဲသို့ ပင့်ဆောင်ကိုးကွယ်ထားသည်။) ငကံကြီးသည် ၁၂၃၈ အမွေခွဲတန်းမတိုင်မီ သေဆုံးပြီး ဒေါ်အေးကြွယ်မှာ ၁၂၃၉ခု ၀ါခေါင်လဆန်း ၁၅ရက်နေ့တွင် သေဆုံးသည်။(ငကံကြီး၏ သား ငဖြိုးသာမှာ ငပေါ်သစ် ၏ ယောက်ဖ ငတေဥ၏ သားမက်ဖြစ်သည်။)
ငကံကြီးအတွက် ကုန်ငွေစာရင်း
ဘုံနွားရောင်းသုံးငွေ ....... ၂၀
အင်းပက်လက်နွားကုန်သည် တိုက်ကုန်..... ၃၅၀
အရှေ့ဘက် မောင်ညို လျော်ငွေ....... .၈၀ိ ၂၀င်္ ၄ီ
သူပုန်ဆို၍ ငထောက်ပေးငွေ ........ ၁၀၀
ရွှေဖ၀ါးတော်အောက်( တုံးဘူးမှု)...... ၃၀
ခါးစည်ပတ်ရော်ငွေ ........ ၃၀
ငကံကြီးနောက်မယား ခန်းဝင်ငွေ ...... ၂၅ိ
၎င်းရွှေနားတောင်းရံ……………. ၃၀ိ ဖိုးကျော်ပြည့်ကွေးဆပ်ငွေ… ၅ိ ငအာထံ ဆပ်ငွေ ၄ိ ငရွှေပိုက်ထံဆပ်ငွေ ၄ိ
ပေါင်း ၆၅၀ိ။
ငကံကြီးအတွက် ကုံငွေစာရင်း
အင်းပက်လက်နွားကုန်သည် တိုက်မှုဆောင်..... ၃၅၀ ဖန်းကစင်တိုက်မှုနှင့်ဆောင်ရငွေ ၁ါ(၁ပိသာ) အရှေ့ဘက်ဗိုလ်မောင်ညိုကို ဓားနှင့်ခုတမှု ၈၀ ၀န်မောင်ထောက်ဆောင်ရငွေ ၁၀၀
ရွှေဖ၀ါးတော်အောက်ရွှေတုံးဘူးခိုးမှုကုံငွေ...... ၂၅ မရားရော်ငွေ ၃၅ိ ပေါင်း ၆၉၀ိ
ငကံကြီးသင်အိံ (အိမ်)သုံးစာရင်း
နွားအုပ်ဘောကပိုး ၂၀ိ မယားမိလေးခန်းဝင်ငွေ ၁၀ိ ငအာထံကျွေးဆပ်ငွေ ၄ိ ငရွှေတိုက်ထံ ဆပ်ရငွေ ၄ိ ငကျော်ပြည့်ကျွေဆို၍ဆပ်ရငွေ ၅ိ ကျက်ဥစားလယ်ပေါ်ရငွေ ၁၅ိ
ပေါင်း ၅၈ိ
မိမယ်လုံး တင်ရှိသုံးစာရင်း
လယ်ဝင်းပေါင်ငွေ ၃၅ိ ထန်းတောကုန်းထန်းပေါင်ငွေ ၂၀ိ ပိုးထိတောပေါင်ငွေ ၂၅ိ ဖန်းခါးပင်လယ်ပေါင်ငွေ ၃၀ိ ကျိုးရင်းလယ်ပေါင်ငွေ ၇ိ လယ်မြင်တောထပ်ငွေ ၂၃ိ ငကံကြီးသေစရိပ်ထုတ်ငွေ ၁၂ိ ငွေပရက်ခွက်ရေ ဂ ၁၂ိ ရွှေထည်၎သွယ်အချိန်၂ိ အဖိုး ၅၀ိ ရွှေလက်စွပ်ကျောံတင်၃ အဖိုး ၃၀ိ
ငွေပေါင်း ၂၂၄ိ
ဦးကျာရွက်တင်စာရင်း
ပိုးထိတောပေါင်ငွေ ၂၀ိ ထန်းတောကုန်းပေါင်ငွေ ၃၀ လယ်ဝင်းပေါင်ငွေ ၃၅ိ ကြိုးရင်းပေါင်ငွေ ၇ိ ငကံကြီးသေစရိပ်ထုပ်ငွေ ၁၂ိ ဖန်းခါးပင်လယ်ပေါင်ငွေ ၃၀ိ လယ်ဘင်းဆွဲဒိုင်ကွက် အချိန်မသိ ၁ိ ရွှေပတီး အချိန်မသိ ၂ိ ငွေခြေချင်း၇စုံ ၂ိ ရွှေလက်စွပ်ကျောံတင်
အဆိုပါ ငကံကြီးအတွက် ကုန်ငွေ မှတ်တမ်းတွင် အင်းပက်လက် နွားကုန်သည် ဓားပြတိုက်မှု၊ဖန်းခါးစင် ဓားပြတိုက်မှု၊အရှေ့ဘက် ဗိုလ်မောင်ညိုကို ဓားနှင့်ခုတ်မှု ၀န်မောင်ထောက်ဆောင်ရငွေ ၊ရွှေဖ၀ါးတော်အောက် ရွှေထုံးဗူးခိုးမှု၊ မယားလျော်ငွေ စသဖြင့် အသေးစိပ် မှတ်တမ်းတင်ထားရာ အဆိုပါ ငကံကြီးသည် အမှုမျိုးစုံ ကျူးလွန်ဟန်တူချေသည်။။အခြား ပုရပိုက်တစ်ခုတွင် မင်းရဲကျော်လှ နတ်မီးသွေး ငကံကြီး ဟူ၍လည်းကောင်း၊ လက်စွဲတော် ငကံကြီး ဟူ၍လည်းကောင်း ပါရှိလေရာ အဆိုပါ ငကံကြီးသည် ငတေဇ နှင့်အတူ အိမ်ရှေ့စံ ကနောင်မင်းကြီးထံ နီးကပ်စွာ အမှုထမ်းခဲ့ကြဟန်တူသည်။ အသားမဲလှသဖြင့် နတ်မီးသွေး ဟု ခေါ်ကြဟန် တူပေသည်။ သက္ကရာဇ် ၁၂၁၄ခု နတ်တော်လတွင် အမရပူရ နေပြည်တော်တွင် မှုခင်းကြီးတစ်ခု ဖြစ်ပွားသည်။ ပုဂံမင်း၏ အထိန်းတော် ဟင်းသာတမြို့စား မိရွဲ၏ ညီမဖြစ်သူ၊ အနောက်ပြင် ဓာတ်နန်းရပ်တွင် နေထိုင်သော မိဘဲ၏ နေအိမ်ကို ညနှစ်ချက်တီး(၁၂နာရီ)ကျော်ကျော်တွင် အမည်မသိသူ လူဆိုးတစ်စုက ဓားပြ လာတိုက် သွားသည်။
နေ့တစ်ချက်တီး နံနက်၉နာရီ နေ့နှစ်ချက်တီး မွန်တည့်၁၂နာရီ နေ့သုံးချက်တီး မွန်းလွဲ ၃နာရီ နေ့လေးချက်တီး ညနေ၆နာရီ ညတစ်ချက်တီးည၉နာရီ ညနှစ်ချက်တီးည၁၂နာရီသန်းခေါင် ညသုံးချင်တီး နံနက် ၃နာရီ။
လှိုင်ထိပ်ခေါင်တင်၏ စိန်ခြူးကြာညောင် ဘောလယ်မှ သုံးချက်စည်တော် ရိုက်ဆော်ညင်းတယ်လေး ဟူသည်မှာ ညသုံးချက်တီးချိန် မနက် သုံးနာရီခန့်ကို ဆိုလိုခြင်းပင်။ ဗဟိုရ်စည် (၃၃)ချက် တီးရသဖြင့် သုံးချက်တီး ဟု ခေါ်ခြင်းပင်။စကားချပ်၊
မိဘဲ၏ အိမ်ကို ဓာပြတိုက်ခံရမှုနှင့် ပတ်သက်ပြီး မင်းတုန်းမင်းသားနှင့် ကနောင်မင်းသားတို့၏ အကြီးတော်များ အမှုထမ်းများ ဖမ်းဆီးစစ်ဆေး ခံကြရသည်။ အင်မတန်မှ စိတ်မြန်ကိုယ်မြန်ရှိလှသော ကနောင်မင်းသားကြီးသည် သူ၏ ငယ်ကျွန်ကြီးများ အဖမ်းဆီးခံရသော် နောင်တော် မင်းတုန်းမင်းအား နေပြည်တော်မှ ထွက်ခွါပြီး ပုန်ုကန်မှ ရတော့မည်ဟု လျောက်တင်သည်။ မင်းတုန်းမင်းသားကငါသည် ခမည်းတော် မရှိလျင် နောင်တော်ဘုရားကိုပင် ခမည်းတော်အမှတ်ဖြင့် ကိုးကွယ်ရသည်။ငါတို့ညီတော်နောင်တော်တို့ကိုလည်း မရှုံ့မချ စားကျေးမြို့ရွာများ ပေးအပ်ချီးမြှောက် သူကောင်းပြုသည်ကို ခံရသည်။ ပြုလိုရာပြုစေ ခံတော့မည် ဟု ဆိုကာ ငြင်းပယ်သည်။ ကနောင်မင်းသားက မိမိတို့ နောက်ပါ ငယ်ကျွန်များ ညှင်းပန်းနှပ်စက်ခံနေရသည်ကို လစ်လျူရှုနေ ၍ မဖြစ်ကြောင်း မိမိတို့ ညီနောင်များ နေပြည်တော်မှ မခွါလျင်လည်း ငယ်ကျွန်များကို ခွါစေသင့်ပြီး ဖြစ်ကြောင်း အကြိမ်ကြိမ် လျှောက်တင်သည်။ သို့နှင့် မင်းတုန်းမင်းသားနှင့် ကနောင်မင်းသား ညီနောင် သည်လည်း နောင်တော် ပုဂံမင်းအား ပုန်ကန်ရန် အမရပူရမြို့မှ ထွက်လာပြီး စကျင်တောင်၊မတ္ထရာ၊ စဥ့်ကူးမြို့မှ တစ်ဆင့် ကျောက်မြောင်းသို့ ချီတက် ရောက်ရှိလာသည်။ နောက်မှ ကပ်လိုက်လာပြီး လိုက်လံတိုက်ခိုက်နေသော ပုဂံမင်း၏ တပ်ကို တိုက်ထုတ်ရန် ဘေးလောင်းတော် အလောင်မင်းတရားကြီး မြင်းရည်တက်တပ်ဖွဲ့ကို ဖွဲ့စည်းတော်မူသကဲ့သို့ မင်းတုန်းမင်းသားနှင့် ကနောင်မင်းသားတို့လည်း သူရဲကောင်း ၁၃၀ကို ရွေးနုတ် ဖွဲ့စည်းပြီးလျင် မခေါက်မလား သောင်ပြင်မှာ ပုန်းဝှက်စောင့်ဆိုင်း နေစေပြီးလျင် ပုဂံမင်း၏ တပ်ကို တိုက်ခိုက်စေသည်။သူရဲကောင်း ၁၃၀၏ တိုက်ခိုက်မှုကြောင့် ပုဂံမင်း၏ တပ်များလည်း ရှေ့မတိုးလာရဲပဲ ရှိသည် ဟု ကုန်းဘောင်ဆက် မဟာရာဇ၀င်ကြီး တတိယတွဲ စာမျက်နှာ ၉၆ တွင် ဆိုသည်။ အဆိုပါ သူရဲကောင်း ၁၃၀တွင် နတ်မီးသွေးသည် အပါအ၀င် ဖြစ်သည်။ နောင်သော် မင်းတုန်းမင်းကြီး ဘုရင်ဖြစ်လာမှ မင်းရဲကျော်လှ ဟူသော ဘွဲ့ကို ရရှိကာ မင်းရဲကျော်လှ နတ်မီးသွေး ဟူ၍ ဖြစ်လာဟန်တူသည်။
သက္ကရာဇ် ၁၂၂၃ခု တပေါင်း လဆန်း ၇ ရက်နေ့တွင် အထက်မှန်တောခေါ် လယ်မြေကို င၀ိုက်နှင့် ၅ဘို သားမြေးအမွခံလူ ၁၅ဦးတို့ စာချုပ်နျင့် ရယူကျခံ တရားအရေး ပြောကျရာ ကုန်သည့် တရားစရိပ်ငွေကို မကုန်သင့်ကြောင်းနှင့် မင်းကျော်ရဲလှ နတ်မီးသွေးငကံကြီး ငမာ ငသာအောင် ပြောဆိုလျောံထားရာ ကျွန်တော်က တရားဇရိပ်ကုန်ငွေကိုလည်း ရလိုပါသည် လျောံထားပါ လို့ မဆို။ လျောံစရိပ်ကြေးငွေလည်း မင်းရဲကျော်လှနတ်မီးသွေး ငကံကြီး ငမာ ငသာအောင်တို့ကို မပေးကြောင်းကို ငဝေက စာချုပ်နှင့် နှပ်သားသည်ဆို၍ အမွေစားလူကြီး နေမျိုးရာဇာကျော်ထင် ဦေးအာင်မင်း ကိုတေစတို့ရှေ့တွင် လျောံရာပါလူ ငသာအောင် ငကြွယ်ပေါ တို့နှင့် တဘက်အမှုသည် ငပေါ်သစ် အစုံအညီတွင် ငဝေက အထက် ၁၅ဦးသားတို့ သဘောတူစာချုပ်ရှိသည်အတိုင်း ကျွန်တော်က အစုကျခွဲသင့်ငွေစပါးများကို ဆုံပေးပါတော့မည် ငဝေက စုံရာ တို့ ရှေ့ စာချုပ်နှင့် မလျောံထားကြောင်းကို နုပ်သည်ကား ကိုတေဇ။
မင်းကျော်ရဲလှ နတ်မီးသွေး နှင့် ငပေါ်သစ်တို့ ငါးဘိုဆိုင် မှန်တောခေါ် လယ်မြေနှင့် ကြကုန်ရသည့် စရိပ်ငွေမှုစကားမှာ အဆိုမညီ ကွဲပျားကျသည်ဖြစ်၍ ငပေါ်သစ်အဆိုပါ ၂ဦးရုံကြည်သူ ငရွှေဉာဏ်ကို တရားထုန်းစံရှိရာ မေး တရားသူကြီးကောံချက်ကို လ္ဘံစားရှိကြသည်အတိုင်း ငရွှေဉာဏ်ကို ကျမ်းပေး၍ မေးစစ်ရလျင် ခရီးဒေသကွာဝေး၍ ပိုမို စရိပ်ကုန် ကိုယ်ပန်း ကျမ်းဘုရား မလွတ်ရှိကြမည်ကို ထောံ၍ အထက် ၅ဘိုဆိုင် မှန်တောခေါ် လယ်မြေစကား ပြောဆိုမည် ရှိရာစာချုပ်ပါဝင်သူ လက်စွဲတော် ငကံကြီး ငသာအောင် ငမာ ငဝေ ငကြွယ်ပေါ ပေါင်း၅ဦးအနက် ငဝေမှာ စာချုပ်နှင့် မပြောမဆိုလိုပါ နုပ်သည့်အတိုင်း လပ်စေ။ ယ္ခု လျောံရာပါ လူတို့နှင့် ငပေါ်သစ် မင်းကျော်ရဲလှ နတ်မီးသွေး တို့လည်း ဆွေမျိုးမကွဲ သင်္ဂဟတရား မကင်းရှိကျသည်ဖြစ်၍ ငရွှေဥာဏ်ကို ကျမ်းပေး၍ မမေးမပြောမဆိုကျပါနှင့်တော့ ယ္ခု လျောံထားရာ ကုန်ငွေတွင် စရိပ်ပျံပြု၍ ငပေါ်သစ်က မင်းကျော်ရဲလှ နတ်မီးသွေး ငကံကြီးသို့ ၂ဲ၅ိချိန် ၂၀ ၅ူး ကို ပေးပြီးလျင် နှုပ်သိန်းရံ မှန်သမြကို ငပေါ်သစ်က ကျခံ၍ ပြေနေကျပြီးလျင် နောင် မင်းကျော်ရဲလှ နတ်မီးသွေး ငကံကြီး ငမာ ငသာအောင် လျောံရာပါလူ ၅ဦးသားတို့နှင့် ငပေါ်သစ် တို့. ၅ဘိုဆိုင် စရိပ်ကြေးငွေမှုနှင့် ပြောစုဆိုရာန် ကြွင်းကျန်ရှိသေးသည် မဆိုသာ လပ်စေ၍ ပြေနေကျပါတော့် ကိုရာန်တော်ဗိုလ် မင်းလှရာဇာ လက်စွဲတော် မောင်သန့် ကွမ်းရေတော် မောင်ရွှေသီး မင်းရဲလှ လွှတ်သွောံကြီး ကိုအုပ်တို့ ဆုမ်းမပြေပြန်ချက်ကို ၁၂၂၅ခု တပေါင်းလပြည့်ကျော် ၅.ရက်နေ့ မင်းကျော်ရဲလှ နတ်မီးသွေး ငကံကြီး ငသာအောင် နှင့် ငပေါ်သစ် တို့ ၃ဦးမြက်နှာညီ လ္ဘံလှန်စားကျသည်။ ကာလလ္ဘံပေး လက်စွဲတော် ငကင်။
အထက်ပါ ပုရပိုက်တွင် ငပေါ်သစ်က မင်းရဲကျော်လှ နတ်မီးသွေ ငကံကြီးသို့ ဟူ၍လည်းကောင်း ၊ မင်းရဲကျော်လှနတ်မီးသွေး ငကံကြီး ငသာအောင် နှင့် ငပေါ်သစ်တို့ သုံးမျက်နှာညီ လဘက်လှန် စားကျသည် ဆိုသဖြင့် မင်းရဲကျော်လှ နတ်မီးသွေး ငကံကြီးမှာ တစ်ဦးထဲဖြစ်ကြောင်း ညွှန်းဆိုရာ ရောက်ပေသည်။ အခြား ပုရပိုက်တစ်ခုတွင် မင်းရဲကျော်လှ နတ်မီးသွေးကို ဒီပဲယင်း စီရင်စု ရွာသစ်ရွာနေ မင်းရဲကျော်လှ နတ်မီးသွေး ဟူ၍ ဆိုထားပြန်ရာ နတ်မီးသွေးသည် ရွာသစ်ရွာတွင် နေထိုင်ကြောင်း တွေ့ရပေသည်။ အဆိုပါ ရွာသစ်ရွာမှာ ချမ်းသာရွာ ရွာသစ်ဟု ခေါ်ကြသည့် ဗုဒ္ဓဟူးစီရင်စု ရွာသစ်ရွာ ဖြစ်ပေလိမ့်သည်။ ကန်ကလေးကုန်းနှင့် အဆက်အသွယ်များမှာ ရွာသစ်မှာ အဆိုပါ ရွာသစ်ရွာဖြစ်သည်။ ကန်ကလေးကုန်းရွာတွင် မွေးဖွားပြီး ရွာသစ်ရွာတွင် အိမ်ထောင်ကျကာ နေထိုင်ခဲ့ချေသလော စဉ်းစားစရာပင်။ နတ်မီးသွေးနှင့် ငကံကြီးကား သီးခြားဆီလော စဉ်းစားစရာပင်။ ၄င်းတို့ အမှုဖြစ်ပွားသည့် မှန်တော လယ်မြေသည်ကား ကန်ကလေးကုန်းရွာ၏မြောက်ဘက် ကပ်လျက်တွင် တည်ရှိသည် ဖြစ်သဖြင့် မည်သို့ဆိုစေ နတ်မီးသွေးသည် ကန်ကလေးကုန်းအနွယ် ဖြစ်သည်ကိုတော့ ငြင်း၍ မရပါချေ။
၁၂၂၁ခု တဘိုတွဲလဆန်း ၃ရက်နေ့တွင် ရွာသစ်ရွာနေ မင်းကျော်ရဲလှ နတ်မီးသွေးက တောင်သားချင်းဆို၍ ကုန်းသာရွာနေ ငကျော်က မျင်းကျားမသမီးကို ကန်ကလေးကုန်းရွာ ကြောင်းတကာ ငတေဥထံ အဘိုးငွေ ၂ဲဝိ ၂၃ိပေး၍ ၀ယ်ယူထားသည့်မြင်းကို
ငကံကြီး သေဆုံးသော် ငကံကြီး၏ အစီးအနင်း အဆောင်အယောင်များကို ဘိုးဘွားဖြစ်သူများက သားကြီးသြသရဖြစ်သူ ငပေါ်ဦးသို့ အပ်၍ အရာခံသားမှန်သည့်အတိုင်း ငပေါ်ဦးက ရယူခံစံစေ ဟူ၍ ဆုံးဖြတ်ထားသည်ကိုလည်း တွေ့ရသည်။
ငကျာရွက် ငပြန် ငသန် မိမယ်ရိန် တို့နှင့် မိအေးကျွယ် သား ငဖြိုးသာ မိမယ်လုံး ငကျော် ငပေါ်ဦးတို့ ပြောဆို ကြသည့် စကားမှာ။ ငကျာရွက် သား ငပြန် ငသန် မိမယ်ရိန်တို့က အမိ မိဧကြွယ် မိမယ်လုံး ငဖြိုးသာ ငကျော် ငပေါ်ဦးတို့နှင့် ကျွန်တော်တို့ အတူနေထိုင်စင် ဖြစ်ပွားသည့် ဥစ္စာပြစ်စည်း အကွင် အထည် အများရှိသည် ငပေါ်ဦး ဘ ငကံကြီးမှာ သင်းသီးခဇိပတ် ကုန်ကျငွေ အများအပျားရှိသည်များကို စုဆသင့်ရာ ဝေပေးပြန်အန်းသင့်ကြောင်း ။ ပြောဆိုစကားအရနှင့် မိဧကြွယ် သမီး မိမယ်လုံ ငဖြိုးသာ ငကျော် ငပေါ်ဦးတို့ကို မေးရာ ၄င်းတို့က ကျွန်တော်ကျွန်တော်မတို့မှာ အထက်သား အောံသား မိ၂ပါးတို့နှင့် အတူနေထိုင်စင် ဖြစ်ပွားသည့် ပစ္စည်းဥစ္စာ။ ငကံကြီးအတွက် ကုံကျရသည်များကို စာရင်တင်ပေး မချေမဆိုလိုပါပြီ ဘမိသားချင်းတို့ မှံသည့်အတိုင်း ဆွေမျိုးတို့ ဆုမ္မဝေဘန်ရာ နာယူပြတ်ကင်းလိုကြောင်း မိဧကြွယ် သမီး မိမယ်လုံ ငဖြိုးသာ ငကျော် ငပေါ်ဦးတို့ အစစ်ခံ ၂တံစကားကို တရားနှင့် ချင့်ချိန်လျင် အဆိုပါ ဥစ္စာပစ္စည်းရပ် ကုံကျငွေအမှံဘက် ယူရံရှိသည် ။ မိဧကြွယ် အဘက်ပါ ငဖြိုးသာ မိမယ်လုံ ငကျော် ငပေါ်ဦးတို့မှာ အဖပါ လယ်မြေ လယ်မြင်တော ပေါင်ရာကျေးငွေများကို ၄ဦးအမွေခံတို့ ပျန်အန်းရယူခံစံကျစေ။ အင်ချင်းရင်းတော ခေါ် လယ်မြေပေါင်ငွေမှာ အောံသား ငပျန်ငသန် မိမယ်ရိန် ၃ဦးသားတို့ ညီမျှ ရယူခံစံစေ။ ၂ပါးစုံ ဘမိတို့က သင်သီးခန်းဝင် ပေးသည့် ဥစ္စာရပ်မှာ လက်ရှိအတိုင်း ရယူခံစံစေ။ လယ်ပြင်တောလယ်မြေ ၊ အင်ချင်းရင်းတော လယ်မြေ၊ ဘမိ၂ပါးတို့ ခတွင်းစုလယ် သင်သီးခန်းဝင်လယ် နှုပ်ယူသည့်ပြင် အရပ်ရပ်ကျံရှိလယ်မြေများမှာ အထက်ဘိုးဘတို့ ခွဲဝေပေးသည့် စာတန်းအတိုင်း သားချင်း ၇ရောံသားတို့မှာ ညီမျှရယူခံစံစေ။ မိမယ်လုံးမှာ အမွေဘုံ သင်းသီး မကွဲမပျား ဖြစ်ပွားသည့် ဥစ္စာအနက် ၁ိသုံး ဒင်္ဂါးပျားရေ ၃၀ကို ငပျန် ငသန် မိမယ်ရှိန်တို့သို့ ပျန်ပေး ရယူခံစံစေ။ ငပေါ်ဦး ဘ ငကံကြီး တွက်တာ ကုံငွေရှိသည်အနက် ၁ိသုံး ဒင်္ဂါးပျားရေ ၁၀ပျားကို ငပေါ်ဦးက ငကျော်သို့ ပျန်ပေးစေ။ ငဖြိုးသာက ဘုံဥစ္စာ သုံးစားပိုမိုသည်ဖြစ်၍ ၁ိသုံး ဒင်္ဂါးပျားရေ ၁၀ကို ရွှေသန်သို့ ပေးစေ။ ငပေါ်ဦး ဘ ငကံကြီး အစီးအနင်း အဆောင်အရွံရှိသည်ကို သြရသသား မှန်သည့်အတိုင်း ဘိုးဘွားဖြစ်သူက ငပေါ်ဦးသို့ အပ်၍ အရာခံသားမှန်သည့်အတိုင်း ငပေါ်ဦးက ရယူခံစံစေ။ သီး အုန်း ပိန်းနဲများမှာ စိုက်ပျိုးသူက လက်ရှိအတိုင်း ရယူစေ။ အိမ်ထောင်ပစ္စည်း အရပ်ရပ်ရှိသည်မှာ ဘမိ၂ပါးတို့ အထက်စာတန်းအတိုင်း ရယူသုံးဆောင်စေ။ ငကျာရွံ မိဧကြွယ်တို့ ၂ပါးစုံ နှုပ်ယူသည့် လယ်မြရပ်မှာ မယားလင်တို့ အသင်အတင် ဘုရားဝင်ကျောင်းတက် ပေါင်းဘက် သင့်မြတ် နေထိုင်ကြစေ။ နောင် ငကျာရွံ မယား မိဧကြွယ်တို့ အသင်အတင် မယားလင်ဖြစ် မနေမထိုင် တဦးတရောံက ဖောံပြန် ပြောဆိုရှိလျင် ၂ဦးတို့ ရစုသင့်ခတွင်းစု လယ်မြေအိန်ထောင် ဥစ္စာပစ္စည်းများကို ပြောဆိုလိုသူက တည်ညိန်သူတို့ စုပုံအပ်ပေးပြီးလျင် နေအိန်က ဆင်းသွား၍ လင်မယားအရာပြတ်ကင်းကျစေ။ ငကျာရွံ မိဧကြွယ်တို့ မွေးဖွားသည့် အထက်သား အောံသား ၇တို့တို့မှာ အမွေသင်သီးလယ်မြေကုန်းထန်းရှိသည်ဆို၍ မပြောမဆိုသာ။ ပလပ်ပြေညိန်းကျစေ။ စရိပ်မှာ မစီရင်သာ။ တရားမှာ ငဖြိုးသာ မိမယ်လုံး ငကျော် ငပေါ်ဦးတို့က ၂စု ၊ ငပျန် ငသန် မိမယ်ရိန်တို့က တစု။ အတိုက်အခံပြု၍ ကျခံနှုပ်သိမ်းကျစေ။ ဟူ၍ ၁၂၃၈ခု ၀ါခေါင်လဆန်း ၅ရက်နေ့တွင် ကျောင်းတကာ ဦးပိုက် ကျောင်းတတကာ ဦးပေါ်သစ် ကိုကျာထွန်း ဆုမ္မဝေဘန်သည်ကို အမှုသည် ငကျာရွံ မယ်ဧကြွယ် ငဖြိုးသာ မိမယ်လုံ ငကျော် ငပေါ်ဦး ငပျန် ငသန် မိမယ်ရိန်တို့ သဘောတူမျက်နှာညီလက်လှန် စားကျသည် ကာလ လဘက်ပေး ငဆွဲ။
မည်သို့ဆိုစေ ငကံကြီးနှင့် ပတ်သက်သည့် ပုရပိုက်အထောက်အထားများကို ရှာဖွေတွေ့ရှိရသည်မှာ မင်းတုန်းမင်းလက်ထက်တွင် ကျနုပ်တို့ ကံထူးမဒေသ ပတ်ဝန်းကျင်ရှိ ရွာသူရွာသားများ တွေ့ကြုံခံစားခဲ့ကြရပုံကို ကျနုပ်တို့ နှောင်းလူများအား မျှဝေခံစား ပေးနေသကဲ့သို့သာ။
No comments:
Post a Comment