အခန်း(၁၇) ကံထူးမဒေသမှ နန်းတွင်းအမှုထမ်းများ
ကျနုပ်တို့ ဒေသသည် တစ်ချိန်က မင်းမှုထမ်းများ အင်မတန် ပေါများခဲ့သည်ကို တွေ့ရသည်။အဆိုပါ မင်းမှုထမ်းများထဲတွင် ဘရင့်ထံမှ ဘွဲထူးဂုဏ်ထူးများ ရရှိကြသူများကို အတော်များများတွေ့ရသည်။ ကန်ကလေးကုန်ရွာမှ ရွှေတောင်ရဲသူ၊ မင်းကျော်ရဲလှနတ်မီးသွေး၊ သစ်စေးပင်လှရွာမှ နေမျိုးရဲလှရာဇ ကျော်ထင်၊ နွားကူးသူကြီး နေမျိုးသီဟရဲခေါင်၊ အင်းကြီးသူကြီး သမနရာဇာ၊ မြေခုသူကြီး နေမျိုးသီရိကျော်ထင် စသဖြင့် အများအပြားတွေ့ရသည်။ ကျနုပ်တို့ ဘိုးဘွားတို့၏ မှတ်တမ်းမှတ်ရာ အားနည်း ခဲ့မှုကြောင့်သော်လည်းကောင်း၊ လက်ဆင့်ကမ်းမျှဝေမှု အားနည်းခဲ့ကြသဖြင့် လည်းကောင်း အားလုံးကို မသိရှိနိုင်သည်မှာ ၀မ်းနည်းဖွယ်ရာပင်။
ဘုရင့်ထံမှ ဘွဲ့ရပုဂ္ဂိုလ်များ
ဘွဲ့တော် ခုနှစ် ကျေးရွာ အမည်/ရာထူး
ရန်ခွင်တေဇသူ ၁၁၆၆ ၀ါးရငယ် နာခံ ရဲကျော်ဒိဗ္ဗ. ၁၂၂၃ မြေခု သုဝဏ္ဏရွှေတောင် ၁၂၂၃ မြေခု သူကြီး နေမျိုးသိရီကျော်ထင် ၁၂၄၅ မြေခု ငကြွက်ဖြူ နေမျိုးသီဟရဲခေါင် ၁၂၂၁ နွားကူး သူကြီး ရွှေတောင်ရဲသူ ၁၂၂၁ ကန်ကလေးကုန်း ငတေဇ မင်းကျော်ရဲလှ နတ်မီးသွေး ၁၂၂၅ ကန်ကလေးကုန်း ငကံကြီး လက်ဆွဲတော် နေမျိုးရဲလှရာဇာ ၁၂၂၄ အရင်းကောင်း
နွားကူးသူကြီးမင်း
၁၂၂၁ခု ပြာသိုလပြည့်ကျော် ၈ရက်နေ့တွင် ကန်ကလေးကုန်းရွာနေ မင်းရွှေတောင်ရဲသူ ညီမောင်ပေါ်သစ်တို့က ကျွန်တ်ာတို့ တရားမှု နုပ်သိန်းရန် ငွေအသုံးလိုသည် ချေးမနှင့်ပါ နွားကူးသူကြီးမင်း နေမျိုးသီဟရဲခေါင်သူကို ဆိုလျင် ရွှေတောင်ရဲသူ မောင်ပေါ်သစ်တို့ အဆိုအတိုင်းနှင့် နွားကူးသူကြီးမင်း နေမျိုးသီဟရဲခေါင်သူက ငွေမွေ ၂ဲ၅ိချိန် ၁၀ိကို ၁၀ရက်လျင် ၁ိတိုးနှင့် ချေးမနှင့်ကာခ စာရေးမောင်ပျန်။
ဝါးရငယ်ရွာ နာခံ
၁၁၆၆ခု နတော်လပြည့်ကျော် ၁၃ရက်နေ့တွင် ၀တ်ရာငယ်ရွာနေ နာခံ ရန်ခွင်တေဇသူ သ္မီးခင်ပွန်း တို့ထံ ငွေရွက်နီ အချိမ် ၅၀ိနှင့် တရုတ်ပင်တောကုန်းလယ်မြေရပ်များကို သစ်ခင်း အပိုင်း အချားများနှင့် ဦးလွင်က ပေါင်ထားသည်။
နတ်ကြီးကုန်းရွာ နေမျိုးရဲလှရာဇကျော်ထင်
သက္ကရာဇ် ၁၂၂၅ခု တပို့တွဲလပြည့်ကကျော် ၁၀ရက်နေ့တွင် နပ်ကြီးကုန်းရွာနေ နေမျိုးရဲလှရာဇကျော်ထင်က သံဘိုးငွေ အသုန်းလိုပါသည်။ ကျနုပ် ရာဆိုင်သည့် မကြည်းပင်တော ကုန်းထမ်းတို့ကို မြေပေါ်ရှိ သစ်ဝါးထမ်းများ...ကုန်းထမ်းအပေါ် အပေါင်ခံယူလုပ်စားနှင့်ပါ ကန်ကလေးကုန်းရွာနေ ၉ဆူတကာ မောင်ပေါ်သစ် သ္မီး ခင်ပွန်းတို့ကို ဆိုလျင် ကျောင်းတကာ နေမျိုးရဲလှရာဇကျော်ထင် အဆိုအတိုင်း ၉ဆူတကာ မောင်ပေါ်သစ် သ္မီးခင်ပွန်းတို့က ၎င်းမကြည့်ပင်တောကုန်း အရှေ့အလား လှည်းလမ်းဆိုက် တောင်အလား ရှင်ရွှေဇွန်းမြေလမ်းမဆိုက် အနောက်အလား မောင်လင်မြေဆိုက် မြောံအလား ၂င်္ကျဲလယ် တောင်ကန်စင်းဆိုက် ၎င်းကုန်းထမ်းတို့ကို တချား နှောင့်ယှက်ပြောဆိုရှိလျင် ကျောင်းတကာ နေမျိုးရဲလှရာဇကျော်ထင် တာဝံရှိပါပြီ ခံဝံ၍ မောင်ပေါ်သစ် သ္မီးခင်ပွန်းတို့က ငွေ ၂၅ိ ငွေချိန် ၁၀ိ..... သွင်းပေး၍ အပေါင်ခံယူ လုပ်စားနှင့်သည် ကာလသိရှိသူ နပ်ကြီးကုန်းရွာနေ ဦးအောင်
မင်းမှုထမ်းများ
အမည် ခုနှစ် ကျေးရွာ ရာထူး
နေမျိုးသင်္ခရာ ၁၁၅၅ ကုန်စွာရွာ ရွာစားမင်း ရန်ခွင်းတေဇသူ ၁၁၆၆ ၀တ်ရာငယ်ရွာ နာခံ ငတေဇ ၁၂၁၆ ကန်ကလေးကုန်းရွာ အိမ်ရှေ့အိမ်တော် ငရွှေလှိုင် ၁၂၁၆ ရွှေတုံးရွာ အိမ်ရှေ့အိမ်တော် ကိုရွှေထွန်း ၁၁၂၆ ဒေါင့်ကြီးရွာ အဆောင်ကိုင် ငပေါ်သစ် ၁၂၂၈ ကန်ကလေးကုန်းရွာ တည်တောလွှတ်စေ ဦးလူ ၁၂၃၀ ကျေးကန်ရွာ အဆောင်မြဲ
ဦးဘုန်း ၁၂၃၇ ညောင်လယ်သုံးဆင့် သွေးသောက်ကြီး မောင်ချို ၁၂၃၇ ဇီးပေါက်ရွာ သေနတ်အစု ငရွှေသာ ၁၂၃၇ ကန်ကလေးကုန်းရွာ သေနတ်အစု ငပြူး ငလှော် ငလိန် ၁၂၃၈ ဇီးပေါက်ရွာ လွှတ်စေ မောင်ကေ ၁၂၃၈ ရေဦးရွာ အဆောင်ကိုင် ငတိုးအောင် ၁၂၄၁ ဇီးပေါက်ရွာ တောင်ထားဝယ် ငတေဥ ၁၂၄၁ ကန်ကလေးကုန်းရွာ တောင်ထားဝယ် ငနီတာ ၁၂၄၃ ကျေးကန်ရွာ တောင်ထားဝယ် ဦေးအာင်ကျော် ၁၂၄၄ ကန်ကလေးကုန်းရွာ တောင်ထားဝယ်
တစ်ချို့ရွာသားများမှာ
အမှုထမ်းကောင်းရာ ၀င်ရောက်ထမ်းရွက်လိုသဖြင့် နန်းတွင်းတွင် အမှုထမ်းနေသော ပုဂ္ဂိုလ်များထံ ကူညီပေးပါရန် အဖိုးအခများပေးကာ အကူအညီတောင်းခံကြသည်ကိုလည်း တွေ့ရသည်။၁၂၁၉ခု မင်းတုန်းမင်းလက်ထက်တွင်း အိုင်လျားရွာနေ ဦးနှင် နှင့် ဦးကျားမှိုင်တို့မှ ဇီးပေါက်ရွာနေ တောင်ထားဝယ်အမှုထမ်း ငရန်ကုန်ကို ငွေ၁၀ နှင့် စပါ ၅၀ကျော်ပေး၍ အမှုထမ်းတစ်နေရာ ရှာဖွေပေးရန် ပြောဆိုထားသည်ကို တွေ့ရသည်။ သို့သော် အမှုထမ်းခွင့်ကားမရပဲ ပေးထားသည့် ငွေနှင့်စပါးသာ ရှုံးသွားသဖြင့် အမှုလုပ်တိုင်တန်းထားသည်ကို တွေ့ရသည်။
၁၂၁၉ခု တော်သလင်းလပြည့်ကျော်၁၂ရက်နေ့တွင်
အိုင်ရားရွာနေ ဦးနှင်ဦးကျားမှိုင်တို့က ကွှန်တော်တို့ အမှုတော်ကောင်းရာ
ထန်းလိုကြောင်းနှင့် ဇည်းပေါက်ရွာနေ ငရံကုံကို ပြောလျင် ငရံကုံက ကျွန်တော်တို့
တောင်ထ၀ယ်မှာ ထန်းရွက်နေထိုင်ရအောင် ကျွန်တော်သင်ပေးပါမည်။ငွေ၅၀သာ
ပေးပါတော့ဆိုလျင် အမှုတော်ကောင်းရာ အလိုတော်ရှိ ထန်းလိုသူဖြစ်၍ ငွေ၁၀နှင့်
စပါး၅၀ကျော်ကို ပေးပြည်းလျင် နေရာမကျ ပြောလိုရာ ပြောနေပါသည်။
ခုနှစ် ကျေး၇ွာ စနုဆောင်အမှုထမ်း ယွန်းစု ထားဝယ်အမှုထမ်း မာရဘင် ရွေးလက်ဝဲ နတ်ရှင်ရွေး နတ်စုလက်ယာ လွှတ်စေ
၁၂၃၅ မြေခုရွာမ ၃ ၆ ၁ ၄ ကြက်ဆူကန် ၃ ၅ ၂ ၅ ကျေးကန် ၅ ၂၇ ၇ ၃ ၁ ကံထူးမ ၁ ၁
ကန်ကလေးကုန်း ၁ ၄ ၁ ၃ ၂ ၁ ၁၀ အင်ရေအိုး ၄ ၆
စုစုပေါင်း ၁၆ ၆ ၄၄ ၈ ၉ ၂ ၂ ၁၉
ခုနှစ် ကျေး၇ွာ စနုဆောင်အမှုထမ်း ယွန်းစု ထားဝယ်အမှုထမ်း မာရဘင် ရွေးလက်ဝဲ နတ်ရှင်ရွေး နတ်စုလက်ယာ လွှတ်စေ
၁၂၃၆ မြေခုရွာမ ၃ ၆ ၁ ၄ ကြက်ဆူကန် ၃ ၅ ၂ ၅ ကျေးကန် ၃ ၂ ၄ ၅ ၁ ကံထူးမ ၁ ၁
ကန်ကလေးကုန်း ၃ ၄ ၁ ၂ ၁ ၈ အင်ရေအိုး ၄ ၆ ၁
စုစုပေါင်း ၁၆
၆ ၄၁ ၇ ၃ ၂ ၂ ၁၇
ခုနှစ် ကျေး၇ွာ စနုဆောင်အမှုထမ်း ယွန်းစု ထားဝယ်အမှုထမ်း မာရဘင် ရွေးလက်ဝဲ နတ်ရှင်ရွေး နတ်စုလက်ယာ လွှတ်စေ
၁၂၃၇ မြေခုရွာမ ၃ ၆ ၁ ၎
ကြက်ဆူကန် ၃ ၅ ၂ ၅ ကျေးကန် ၂ ၂ ၄ ၅ ၃ ၁ ကံထူးမ ၁ ၁
ကန်ကလေးကုန်း ၃ ၄ ၁ ၂ ၁ ၈ အင်ရေအိုး ၂ ၆ ၁
စုစုပေါင်း ၁၃ ၆ ၄၁ ၇ ၆ ၂ ၂ ၁၇
ကံထူးမ ပတ်ဝန်းကျင် ကျေးရွာများမှ ၁၂၃၅ခုတွင် စနုဆောင် အမှုထမ်း (၁၆)ဦး၊ ယွန်းစုအမှုထမ်း (၆)ဦး၊ ထားဝယ်အမှုထမ်း(၄၄)ဦး၊ မာရဘင် အမှုထမ်း (၈)ဦး ၊ရွေးလက်ဝဲမှုထမ်း (၉)ဦး၊နတ်ရှင်ရွေး အမှုထမ်း (၂)ဦး နတ်စုလက်ယာ အမှုထမ်း (၂)ဦး လွှတ်စေအမှုထမ်း (၁၇) ဦး ။
၁၂၃၆ခုတွင် စနုဆောင်အမှုထမ်း (၁၆)ဦး၊ ယွန်းစုအမှုထမ်း (၆)ဦး၊ ထားဝယ်အမှုထမ်း(၄၁)ဦး၊ မာရဘင် အမှုထမ်း (၇)ဦး ၊ရွေးလက်ဝဲမှုထမ်း (၃)ဦး၊နတ်ရှင်ရွေး အမှုထမ်း (၂)ဦး နတ်စုလက်ယာ အမှုထမ်း (၂)ဦး လွှတ်စေအမှုထမ်း (၁၇) ဦး ။ ၁၂၃၇ခုတွင် စနုဆောင် အမှုထမ်း (၁၃)ဦး၊ ယွန်းစုအမှုထမ်း (၆)ဦး၊ ထားဝယ်အမှုထမ်း(၄၁)ဦး၊ မာရဘင် အမှုထမ်း (၇)ဦး ၊ရွေးလက်ဝဲမှုထမ်း (၆)ဦး၊နတ်ရှင်ရွေး အမှုထမ်း (၂)ဦး နတ်စုလက်ယာ အမှုထမ်း (၂)ဦး လွှတ်စေအမှုထမ်း (၁၇) ဦး အသီးသီး ရှိသည်ကို တွေ့ရသည်။ ထားဝယ်အမှုထမ်း အများဆုံးရွာမှ ကျေးကန်ရွာဖြစ်ပြီး ၁၂၃၅ခုနှစ်တွင်(၂၇)ဦး၊ ၁၂၃၆ ခုနှစ် တွင်(၂၄)ဦး၊ ၁၂၃၇ခုနှစ်တွင်(၂၄)ဦးဆီ ရှိသည်ကို တွေ့ရသည်။ တောင်ထားဝယ်အမှုထမ်းများကို သစ်စေးပင်လှရွာ၊ ဇီးပေါက်ရွာများမှလည်း အတော်ကလေးတွေ့ရသည်။ ဘုရင့်နောင် မင်းတရားကြီးလက်ထက်က သေနတ်အမှုထမ်းများမှာ ထားဝယ်ဒေသမှ လူများဖြစ်ကြသည်ဟု ဆိုသည်။ ထားဝယ် ရှေးအခါက ပင်လယ်ဆိပ်ကမ်းမြို့ ဖြစ်သဖြင့် အနောက်နိုင်ငံမှ သင်္ဘေားသားများနှင့် အဆက်အသွယ်ရှိသဖြင့် သေနတ်ကို ကျင်လည်စွာ အသုံးပြု ပစ်ခတ်နိုင်ကြသည် ဟု ဆိုသည်။ အဆိုပါ ထာဝယ်ဒေသမှ လူယုံတော်များကို ညီလာခံကျင်းပရာ အဆောင်၏ တောင်ဘက်မြောက်ရှိ အဆောင်နှစ်ခုတွင် နေရာချထားကာ သက်တော်စောင့်သဖွယ် ခန်ံထားရာမှ အဆိုပါ ထားဝယ်သားများ အမှုထမ်းရာ အဆောင်ကို ထားဝယ်ဆောင်ဟု ခေါ်လာကြသည်ဟု ဆိုသည်။ ထားဝယ်ဆောင်မှာ တောင်ဘက်မြောက်ဘက် တစ်ခုဆီရှိသဖြင့် တောင်ထားဝယ် မြောက်ထားဝယ် ဟု ခေါ်ကြသည်။ ရွှေကျင်၁၃ရွာဒေသမှ ထားဝယ်အမှုထမ်းမှာ တောင်ထားဝယ်ဟုသာ တွေ့ရသဖြင့် အဆိုပါ အမှုထမ်း အားလုံးသည် တောင်ထားဝယ် အမှုထမ်းများသာ ဖြစ်ဖွယ်ရာရှိပေသည်။ ပုရပိုက်အမှုထမ်းစာရင်းထဲတွင် သံ ဟူသော အမှုထမ်း တစ်ခုကိုပါ တွေ့ရသည်။ သံက မည်သည့် အရာကို ညွှန်းဆိုချင်မှန်း မသိသဖြင့် ဆရာကြီး ဒေါက်တာ အောင်နေမျိုးအား မေးမြန်းကြည့်ရာ သံ၏ အောက်တွင် နငယ်အောက်ဆင့်ပါလိမ့်မည် ဟု ဆိုသဖြင့် ပြန်ကြည့်ရာ ပုရပိုက်မှာ မထင်ရှာချေ။ ရှေးက သေနတ်ကို သံ္န ဟု၍ သ အောက်တွက် နငယ်ဆင့်ပြီး အပေါ်က သေးသေးတင်ဖြင့် ရေးသည်ကို တွေ့ရသည်။ ဆရာကြီးက အဆိုပါ အမှုထမ်းမှာ သေနတ်အမှုထမ်းများ ဖြစ်ကြောင်း ရှင်းပြသည်။ သေနတ်အမှုထမ်းများမှာ ၁၂၃၆၊၃၇၊ ၃၈ခုနှစ်များတွင် ကျေးကန်ရွာမှ တစ်ဦးရှိသည်ကို တွေ့ရသည်။ လွှတ်စေအမှုထမ်းများကို လေ့လာကြည့်ရာ ကန်ကလေးကုန်းရွာမှ အများဆုံး ဖြစ်သည်ကို တွေ့ရသည်။ ကန်ကလေးကုန်းရွာမှ လွှတ်စေအမှုထမ်းများမှာ ၁၂၃၅ခုနှစ်တွင် (၁၀)ဦး၊ ၁၂၃၆ခုနှစ်တွင် (၈)ဦး ၁၂၃၇ခုနှစ်တွင် (၈)ဦး အသီးသီး တွေ့ရသည်။(လွှတ်စေအသေးစိပ်ကို ရွှေကျင်၁၃ရွာတွင် ရေးပြီး) ကန်ကလေးကုန်းရွာသား ငပေါ်သစ်တို့ မျိုးရိုးသည် လွှတ်စေအမှုထမ်းများ ဖြစ်ကြောင်း ၁၁၄၅ခုနှစ် ဘိုးတော်ဦးဝိုင်း စစ်တမ်းမှသည် မင်းတုန်းမင်းလက်ထက်ထိ သားစဉ်မြေးဆက် လွှတ်စေအမှုထမ်းများ ဖြစ်သဖြင့် အခြား အခွန်ငွေများကို ကောက်ခံခြင်း မပြုပါရန် လွှတ်တော်သို့ တိုင်ကြားသဖြင့် ငပေါ်သစ်၏ လျှောက်လွှာကို လွှတ်တော်မင်းကြီးများထံ လှည့်လည် ဖတ်ကြားပေးရသည်ကို အင်မတန် စိတ်ဝင်စားဖွယ်ရာ တွေ့ရသည်။ ငပေါ်သစ်၏ အစ်ကို ငတေဇ နှင့် လက်စွဲတော် ငကံကြီး တို့သည် ကနောင်မင်းကြီး၏ အိမ်တော် အမှုထမ်းများပင်။ ရွှေတုံးရွာသား တစ်ဦးသည်လည်း အိမ်ရှေ့မင်း အမှုထမ်းတစ်ဦး ဖြစ်သည်ကို တွေ့ရသေးသည်။
ဘုရားကျွန်တော် တည်တောလွှတ်စေလုင် သွောံကြီး ခေါင်းတို့ ရှိခိုးသံတော်ဦးတင်ပါသည်ဘုရား။ ကျွန်တော်တို့ အစုပေး ၄၅ခု။ ၆၄ခု။ စာရင်းပါ သားမြေးလက်ရှိစာရင်းပါ ရွှေကျင်၁၃ရွာ စီရင်စု ကန်ကလေးကုန်းရွာနေ ငတေစ ငကွန် ညီ ငပေါ်သတ် ညီ ငပြူးတို့ကို လွှတ်စေအစုစာရင်းပါ သားမြေးမှန်သည့်အတိုင်း မင်းမှုမင်းခင် စရိတ်ကြေးငွေ အသေးအဘွဲ အခွဲအခန့် အတောင်းအခံ မရှိစေနှင့် ဆိုင်ရာစာပေးအပ်ရှိသည့်အတိုင်း လွတ်ငြိမ်းပါရအောင် စာကယ်မ သနားတော်မူပါမည့် အကြောင်း ရှိခိုးသံတော်ဦးတင်ပါသည်ဘုရား။
လျောံချက်အတိုင်း ရွှေကျင်၁၃ရွာ စီရင်စု ကန်ကလေးကုန်းရွာနေ ငတေစ။ ညီ ငပေါ်သစ်။ ညီ ငပြူးးတို့ကို လွှတ်စေပစု ၄၅ခု ၆၄ခု။ စာရင်းပါ သားမြေးမှန်လျင် ရွှေကျင်၁၃ရွာ ရွှေမှူး သူကြီး တို့က မင်းမှု မင်းခင်း စရိတ်ကြေးငွေ အသေးအဘွဲ အခွဲအခန့် အတောင်းမရှိစေနှင့် အစုဆိုင်ရာထမ်းရွက်စေ စာပေးပေးရန်
ရွှေကျင်၁၃ရွာ ရွှေမှူး။ရွှေခေါင်း ကန်ကလေးကုန်းရွာ အစီအရင် မြေတိုင်းသူကြီးတို့ တည်တောလွှတ်စေလုင် သွောံကြီးခေါင်းတို့က တည်တောလွှတ်စေအစုပေး ၄၅ခု၊၆၄ခု၊ စာရင်းပါ သားမြေး ရွှေကျင်၁၃ရွာစီရင်စု ကန်ကလေးကုန်းရွာနေ ငတေစ ငကွန် ညီ ငပေါ်သစ် ညီ ငပြူးတို့ လွှတ်စေအစုစာရင်းပါ သားမြေးမှန်သည်နှင့်အညီ မင်းမှုမင်းခင် စရိတ်ကြေးငွေ အသေးအဘွဲ အခွဲအခန့် မရှိစေနှင့် ဆိုင်ရာစာပေးအပ်ရှိသည်ဖြစ်ပါ၍ လွတ်ငြိမ်းပါရမည်အကြောင်းနှင့် လျှောက်ချက်အတိုင်း ရွှေကျင်၁၃ရွာစီရင်စု ကန်ကလေးကုန်းရွာနေ ငတေစ ညီ ငပေါ်သစ် ညီ ငပြူးတို့ကို လွှတ်စေအစု ၄၅ခု၊၆၄ခု စာရင်းပါ သားမြေးမှန်လျင် ရွှေကျင်၁၃ရွာ ရွှေမှူး။သူကြီးတို့က မင်းမှုမင်းခင် စရိတ်ကြေးငွေ အသေးအဘွဲ အခွဲအခန့် မရှိစေနှင့်။ အစုဆိုင်ရာ ထမ်းရွက်စေ။ ဘုန်းတော်အလွန်ကြီးမြတ်တော်မူလှသော ဘုရားညီတော် အိမ်ရှေ့မင်း အမိန့်တော်ကို ဥိးထိပ် ရွက်ရသည် ဖြစ်သည်။ ရွှေကျင်၁၃ရွာစီရင်စု ကန်ကလေးကုန်းရွာနေ ငတေစ ညီ ငပေါ်သစ် ညီ ငပြူးတို့ကို လွှတ်စေအစု ၄၅ခု၊၆၄ခု စာရင်းပါ သားမြေးမှန်လျင် ရွှေကျင်၁၃ရွာ ရွှေမှူး။သူကြီးတို့က မင်းမှုမင်းခင်း စရိတ်ကြေးငွေ အသေးအဘွဲ အခွဲအခန့် မရှိစေနှင့်။ အစုဆိုင်ရာ ထမ်းရွက်စေရမည်။
၄၅ခုစာရင်း ငမြတ်ထွား ၁ မယားမိနန်းတုပ် ၁ သားငကျားမှိုင် ၁ ညီငသာမင်း ၁ ညီငယိုင် ၁ ညီငရောံ ၁ မယား မိပျော် ၁ သား ငပျဲ ၁ ညီ ငပေါ်သစ် ၁
၆၄ခုစာရင်း ဘထွေးငရောံ ၁ ညီငကျော်လှိုင် ၁ ညီငပျဲ ၁ ညီငပေါ်သစ် ၁ ညီ ငပြူ ၁ ဘထွေး ငသာမင်း ၁ ညီ ငရောံ ၁
၁၂၂၀ပြည့်ပထမ၀ါဆိုလဆန်း၅ရက်နေ့ အတွင်းတော် အခွန်ရုံးမှာ သွင်းပေးသည် မယားနန်းရာ ၁ သား ငကျော်စော ၁ ဘထွေး ငဥ ဘထွေးငတေဇ ၁ မယား မိရောံ ညီငကွက် ၁ သား ငစား ညီ ငထွန် ၁ ညီ ငရား ဘထွေး ငရွှေ ၁ မယားမိရိန် ၁ သား ငလှော် ၁ ညီ ငပျဲ ၁ ဘထွေး ငအို ၁ မယား မိနန်းတုပ် ၁ သား ငထူ ၁ ညီ ငရှင် ၁ မယား မိဘူး ၁ မတ် ငလိန် ၁ ညီ ငမိုး ၁
သက္ကရာဇ် ၁၂၁၈ခု တပိုတွဲလဆန်း၎ရက်နေ့ ၀န်ရှင်တော် မကွေးမြို့စားမင်းကြီး မြတောင်မြို့စားမင်းကြီး ပခန်းကြီးမြို့စားမင်းကြီး မိန့်ချက် ၀န်ထောက်တော် ကျောံရဲမြို့စားမင်းမှတ်
သက္ကရာဇ် ၁၂၁၈ခု တပိုတွဲလဆန်း၇ရက်နေ့ ၄င်းပေးရန်စာကို ၀န်ထောက်တော် ကျောံရဲမြို့စားထံ ဘတ်လျှောက် အစီရင်ခံရာ လည်၍ဘတ်အမိန့်တော်ရှိ၍ ၄င်းလဆန်း၉ရက်နေ့ ၀န်ရှင်တော် ပခန်းကြီးမြို့စားမင်းကြီး အိမ်ဦးတွင် အိမ်ဦးတွင် ဘတ်လျှောက်ရာပေးပါဘိ အမိန့်ရှိသည်။ ၄င်းနေ့ ၀န်ရှင်တော် မြတောင်မြို့စားမင်းကြီး အိမ်ဦးတွင် ဆိပ်ဆိပ်နေသည်။ ၄င်းနေ့ ၀န်ရှင်တော် မကွေးမြို့စားမင်းကြီး အိမ်ဦးတွင် ဘတ်လျှောက်ရာ ပေးပါဘိ အမိန့်ရှိသည်။ ၄င်းနေ့ အိမ်ရှေ့တော်လျောင်းတော်ဦးတွင် ၄င်းပေးရန်စာကို သံတော်ဆင့် ဦးဘိုးမင်း ဘတ်လျောက်သံတော်ဦးတင်ရာ အမိန့်ရှိတော်ရှိ၍ မှတ်ပုံစာရေးကြီးမှာ မှတ်ချက်နှင့်သင်ပြီးအပ်။
No comments:
Post a Comment