အင်ပင်အိုင်
၁၂၂ပြည့်နှစ် နယုံလပြည့်ကျော် ၁၁ရက်နေ့တွင် အင်ပအိုင်ရွာနေ မောင်တေက စ္ပားစားသုံးရန် လိုပါသည်။ ကံကလေးကုံးရွာနေ မောင်ပေါ်သစ်ကို ဆိုလျင် ၎င်းမောင်တေအဆိုအတိုင်းနှင့် ကိုတေသို့ ချပေးနှင့်သည့် စ္ပား ၂၁င်္ကို ၎င်းပြည့်ခုနှစ် ပျာသိုလ ကျေးရွာထုံးဇံရှိရာ ရင်းညွန့်ပြေချေအောင် ပေးသွင်းမည် နောင် မပေးမသွင်းနေလျင် ကျွန်တော့နေအိမ်တွင် ပိုင်ထိုက်သည့် နွားကို ဆွဲယူပါတော့ ဆို၍ နှစ်ဦးသဘောတူ စာချုပ်ထားကျသည် ကာလသိရှိသူ မောင်ကျာစိ ဦးရွှေလှန် စာစီ မောင်ပေါ်သစ်
၁၂၃၇ခု တော်သလင်းလပြည့်ကျော် ၈ ရက်နေ့တွင် ကန်ကလေးကုန်းရွာ ကျေးပေးကြီးငယ်တစုတို့ သဘောတူစာချုပ် ကျသည်။ ၇ ခုနှစ် သသာမေဓငွေတော် တအိန် ၁၀ပျားကျပျင် ခေါင်း ငပြောင်က ပိုမိုခွဲတောင်းစားယူသည့်ငွေကို လျောံထားပြောဆိုပေးပါ။ ကျွန်တော် ကျွန်တော်တို့ ရယူကြခံကြပါမည် အုပ်ကျောင်းတကာဦးပေါ်သစ်ကိုဆို ၄င်းလူတို့က စာချုပ်နှင့် သဘောတူ အပ်သည် အပ်ပေးကျသည့် ကာလသိရှိသူ စာစီ မောင်ပု စာရေး မောင်သာလူ
၁၂၃၇ခု နတော်လပြည့်ကျော် ၁၂ ရက်နေ့တွင် ကံထူးမရွာနေ ကျေးထန်းကြီး မောင်ရိပ် မောင်ကျံနှစ် မောင်ခဲ မောင်တေဘေ မောင်ပြောင် မောင်စံကောင်း မောင်ရွှေအဲတို့နှင့် မောင်ပေါ်သစ် သဘောတူ စာချုပ်။ မြေခုခရိုင်မှာ သသာမေဓငွေတော်ပျင် ကြေးပို ငွေပို အိံချေ ထိန်ကျံ စားရူ ရှိသောကြောင့် လွှတ်တော်ဆိုင်ရာ ရုံးတော်မှာ ကုန်အတူ ရလျင်အညီ ခံပါမည် ဆိုပါမည် နောင် စာချုပ်အတိုင်မတည် ပေါံပျံ၍ တဦးဦးက ရှိလျင် ရောံကြားတကိုဖိုးငွေ ဒင်္ဂါးပျားရေ ၃၀ ကို ပေးပါမည် ဆို၍ သဘောတူစာချုပ်ကျသည် ကာလစာစီစာရေး ကိုဝိုင်။
၁၂၃၇ခု ပျာသိုလဆန်း၅ရက်နေ့တွင် အင်ပအိုင်ရွာနေ ကျောင်းတကာ ဦးထိန် ဦးကံဘေနှင့် ကံကလေးကုန်းရွာနေ ကျောင်းတကာ ဦးပေါ်သစ်တို့ သဘောတူ စာချုပ်ကြသည်။ မြေခုခရိုင် ကျေးပေးတို့မှာ ၄ခုနှစ် တုတိယရဇ် ငွေတော်မှစ၍ ၇ ခုနှစ်တိုင် သသာမေဓငွေတော်ပျင် သူကြီးကြေးခေါင်းတို့က ငွေအပိုအမို စားယူခွဲတောင်းသည်။ ငွေစပါးများ အမှုကို ဆိုင်ရာ မြို့ရုံးမှာ …….ရှင်းလင်းကြရာ သူကြီးကျေးခေါင်းတို့က ပိုမိုပျံပေးရရှိလျင် တူညီရယူကြခံ စုံညီကိုက်ပြောပါမည်။ စာချုပ်ရှိသည့်အတိုင်း မတီ ။တဦးဦးက ဖောံပျန်၍ရှိလျင် ရောံကျားတကိုဖိုးငွေ ဒင်္ဂါးပျားရေ ၃၀ ကို ပေးပါမည်….သဘောတူစာချုပ်ထားကြသည်။ ကာလ စာစီ ဦးထိန်။စာရေး ဦးကံဘေ။
နန်းခင်းကြီးရွာ၊သစ်တော်ပေါက်၊သစ္စေးကုန်းရွာ၊ဒေါင့်ကြီးရွာ။အိုင်ရားရွာ၊တပိုးရွာ၊
ကဘောင်းချရွာ၊အင်းရှည်ရွာ၊ရဘင်း
သက္ကရာဇ် ၁၁၉၀ပြည့် ၀ါဆိုလ္ဆန်း ၇ ရက်နေ့တွင် သစ်တော်ပေါံရွာနေ မောင်ပြေ အမ မိရှင်မှိန် နန်းခင်းကြီးရွာနေ ရှင်နှင်းဘော်……..ရံလို၍ ရာဆိုင်ပိုင်ထိုက်သည့် ခွေးချေအိုင်လယ်တော လယ်ရားမိသား ၁၄တွင်း အပေါင်ယူပါ။ မောင်ပြေ ရှင်မှိန်တို့ကို ရှင်နှင်းဘော်ဆိုလျင် အဆိုအတိုင်း ကျေးပေးလယ်ပေါ် ……….
သက္ကရာဇ် ၁၁၆၂ခု တကူးလပြည့်ကျော် ၆ ရက်နေ့တွင် လယ်ရားတိုက် တွင်းရေ၅ မိသား၅တွင်း မျိုးကျ ၇င်္၂ီကျဲကို ဦးရှန်တုပ်က အမွေပုံလယ်ကို ပေါင်ဇားနှင့်ပါရစေ သားချင်းတို့ကိုပျောရာ ဦးရှန်တုပ်က ငှက်ပျောတောရွာနေ မောင်ရေ မောင်ကွန်တို့ထံ ငွေမွေရွက် ၃၅ိနှင့် ပေါင်ထား၍ သုံးထားနှင့်သည်။၎င်နောက် ၁၁၆၇ခုနှစ် ကဆုံလဆန်း ၂ရက်နေ့တွင် မောင်ရှန်တုပ် ပေါင်စားနှင့်သည့် သားချင်းတို့ ဆိုင်ပိုင်သည့် လယ်ရားတိုက်လယ်ပေါ်တွင် ထပ်မံစားလိုကျောင်းနှင့် ဦးနွယ်က အမွေစား သားချင်း မောင်ခက် မောင်ဘွယ် မောင်ရောံတို့ကို ပျောဇိုလျင် ၄င်းဦးနွယ်ဆိုသည့်အတိုင်း ထပ်မံယူစားနှင့်တော့ နောင်ကျနုပ်တို့ အစုသင့် …….ဦးနွယ်က လယ်ရားတိုက်ဘော်တွင် ငှက်ပျောတောရွာနေ မောင်ရေ မောင်ကွန်တို့က ထပ်ဖြည့်ပေးသည် ငွေမွေ ၂ဲဝိချိန် ၄၅ိ။၎င်းနွားပျာစိမ်းအဖိုးငွေ ၁၈ိ၂ံ ငွေမွေ၂ဲဝိ။ ၃ရပ်ငွေပေါင်း ၉၈ိ၂ံ ငွေကို ဦးနွယ် သား မောင်သာဂေါင်တို့ သုန်းစားသည်ကို ဦးနွယ် မောင်ခက် မောင်ရောံ မောင်သာဂေါင်တို့ အစုံအညီ အမယ်ကျော်ရှေ့ မှတ်ထားသည်။
သက္ကရာဇ်၁၁၆၈ခု ဆုန်လဆန်း ၁၀ရက်နေ့တွင် အုပ်ဖိုတော လယ်ကုံးမြေရပ်များကို သူနှင့် အမွေဆိုင်မဆိုင် တရားစကားပျောဆိုကြသည်တွင် ငစိန်ခက်က အမယ်ပျည့်ဖြူ သားမြေးအမွေကသာ မှံကန်ကြောင်းနှင့် တရားစကားပြောဆိုနှင်၍ ရသည်။ အုပ်ဖိုတော လယ်ကု့းမြေရပ်များကို တရားစရိန်ကုန်ငွေ ၁ါ၂၅ိကို အုန်းပင်ကျပ်ရွာနေ ဘုရားတကာ ဦးကောင်းကျယ် ငွေကို ငစိန်ခက်က ယူ၍ ရွေးနုပ်ရသည့် ငွေအနက် နီ၂၅ိ ၁၀ိချိန် ၈၀ိ ငွေပေါင်း၁ါ၂၅ိ။တပိုးသူကြီးက အုန်းကုန်းရွာနေ ဆြာကြီး ဦးမြတ်ပုံထံ တပိုးသူကြီးက ပေါင်ထားသည်။ငွေရွက်နီချိန် ၈၀ိ ၅ိကို ငစိန်ခက်က ရွေးနုပ်ယူရသည်။ကာလသိရှိသူ မောင်ခေါင်၊ မောင်စံမင်း၊ စာရေးစာစီ ဖိုးမြတ်ချပ်။
သက္ကရာဇ်၁၁၇၃ခု နယုံလဆန်း ၅ရက်နေ့တွင် ဖွားမ မယ်အိန်ဖြူ အမွေခံ လယ်ယားတိုက် မြိုးကျ ၇င်္၁ိကျဲ ဦးရှန်တုပ်က သူတထူးထံ ငွေ ၂ဲဝိချိန် ၃၁ိ နှင့်ပေါင်ရာ ၄င်းနောံမှ ဦးခက်က သက္ကရာဇ်တွင် ပေါ်တွင် ထပ်မှန်၍ ပေါင်ယူငွေ ၂ဲဝိချိန် ၈၃ိ၂ံ ။ ၂စုငွေ ပေါင်း ၁၁၄ိ ၂ံ။
သက္ကရာဇ် ၁၂၂၀ပြည့် ပဌမ၀ါဆိုလ္ဆန်း ၃ ရက်နေ့တွင် ဘကြီးဦးခက် ဦးဘွယ် တို့က ငမှန်နှင့် ဆိုင်သည့် ကုံးမြေမှာ နည်းသောကြောင့် ကျို့ဂေါင်ကုံးအ္ထံက (အထက်က) ၁င်္ကျဲ ပေးဝေပါမည် နန်းခင်းကြီးရွာနေ ဦးကျားရေရှေ့ ဘကြီးဦးခက် ဦးဘွယ် တို့ ဆိုသည်။
သက္ကရာဇ် ၁၂၂ပြည့် ၀ါဆိုလပြည့်ကျော် ၆ ရက်နေ့တွင် အိုင်ရားရွာနေ ဘကြီး ဦးခက်က ငမှန်နှင့် တရားပျောဆို ရှင်လင်းရာ………၄င်းငပေါ်သစ်လည်း ဆိုင်ပိုင်သည်အတိုင်း ပေးပါမည်ဆို၍ ဘကြီးဦးခက် တူ ငပေါ်သစ်တို့ သဘောတူစာချုပ်…………..ရွာနေ သွောံကြီး ဦးကျားရေ စာရေး မောင်ပေါ်သစ်။
သက္ကရာဇ် ၁၂၂ပြည့် ပဌမ၀ါဆိုလပြည့်ကျော် ၁၂ရက်နေ့တွင် ဘကြီးဦးခက် ဦးဖွယ်တို့က အမွေစားဘက် ဦးရွှေတုပ်။ ဦးနီ၊ ဦးကွန့် မောင်ဝိန် တို့ရှေ့တွင် ဘေးမ မယ်အိန်ဖြူ သားမြေးအမွေခံ ငပေါ်သစ်မှံပေသည် ဖြစ်၍ ကျွန်တော်က အမွေထိန်းသိမ်းသူဖြစ်၍ ငပေါ်သစ်ရဇု လယ်ကုန်းတို့ကို ပေးပျပါတော့မည်။ ၄င်းကျွန်တော်တို့ ပေးပျသည့် လယ်ကုန်းတို့က မညိန်မ၀ပ် တရားစကား ပြောဆိုရလျင် ကုန်ကုန်သမျှ တရားစရိပ်ငွေများကို အမွေစားတို့က ညီမျှ ကျခံပါမည်။ အမွေစားတို့ရှေ့ ဘကြီး ဦးခက် ဦးဘွယ်တို့နှင့် ကျွန်တော် ငပေါ်သစ်နှင့် စာချုပ်ထားကျသည် ကာလသိရှိသူ နန်းခင်းကြီးရွာနေ ဦးကြာရေ။
၁၂၂ပြည့် တပိုတွဲလဆန်း ၆ရက်နေ့တွင် သိန်ကုန်း ဘုံးတော်ကြီးတို့ ဦးဘွယ်သမက် မောင်ပိန် ရှေ့ လျောံရာ လယ်ယာတို့ကသည် အမမယ်အိန်ဖြူ ရဇုအမွေ မှံပေသည်။၎င်းမံှံသည့်အမွေလယ်ယာတို့လည်း ဘေး ဦးရှန်တုပ်က သူတထူးထံ ငွေမွေ ၂ဲဝိချိန် ၃၁ိနှင့် ပေါင်ပေသည်။ နောံ ကိုခက်က သက္ကရာဇ်တွက်ပေါ်တွင် ထပ်မံ၍ ငွေမွေ ၂ဲဝိချိန်၈၃ိ ထပ်မံ၍ စားပျံသည်။ ၄င်းလည်လည်း ဘေးမ မယ်အိန်ဖြူ သားမြေးတို့ ဆိုင်ပေသည်ကို ဘုံးတော်ကြီး ပြောဆိုဖြောင့်ချက်။ ၂စုငွေပေါင်း ၂ဲဝိချိန် ၁၁၃ိ
၁၂၂ပြည့်နှစ် တော်သလင်းလဆန်း ၆ရက် အမွေစား မောင်မိန် မောင်ဘွယ်တို့နှင့် တပိုးသူကြီး ဦးသာမြစ် ဦးကျားမှိုင်တို့ အစုံအညီ ရွာနေလူကြီးတို့နှင့် ကောံတော်မူချက် လဘက်စား ဖြတ်စာအရ ငမှန်လွဲချက်နှင့် ကျွန်တော်ရရှိ ရှိုဝင်တော ခေါ် လယ်ကုံးမြေများကို သိန်းယူသည်။ ၄င်းတောကုံးမြေပေါ်တွင် ပေါက်ရောက်သည့် အသီးအပင်တို့ကို မှတ်သည်။
၎င်းဝေပုံလယ်မ တွင်းရေ ၁၅တွင်း ရှိုဝင်ကျီး ၁ ၃င်္ ကြို့ဂေါင်းမြိုးကျ ၃င်္ ကျဲ
စံဂံ ၁ ၂င်္ မယ်ဝင်သာရဇု ၂ လွန်ပင်လယ် ၂င်္ မယ်ဝင်းကျွယ်
လယ်ဂေါင် ၁ ၁င်္၁ီ ကျဲ စည်ပင်လယ် ၁ ၁င်္ကျဲ လယ်ကြီး ၁ ၂င်္ကျဲ အင်ပင်လယ် ၁ ၂င်္ကျဲ သစ်ရာပင်လယ် ၁ ၁င်္ကျဲ ၄င်းလယ်ငယ် ၁ ၂ီကျဲ တွင်းရေ ၆တွင်း ၇င်္၃ီကျဲ ဖိုးပန်းဒွေးရစု
ပျင်းပင်တောင်လယ် ၁ ၂င်္၂ီကျဲ ပျင်းပင်မျောံလယ် ၁ ၁င်္ကျဲ ပျင်းပင် အထက်လယ် ၁ ၁င်္ကျဲ ထန်းပင်လယ် ၁ ၁င်္ကျဲ ပြိုးခင်းကြီး ၁ ၃ီကျဲ တွင်းရေ ၅တွင် မြိုးကျ ၆င်္၁ီကျဲ မယ်စွေလှရဇု ကုံးကို
လယ်တည် လယ်ကတွင်းရေ ၁၃တွင်း ကုံးပေါ်တွင် ပေါက်ရောက်သည့် အသီးအပင် အုံပင်ရေ ၁၁ သီးဆုံ ၆ ပင် ငှက်ပျောချဉ်ရေ ၃ချန် အသီးရှိ ၇ ပင် ထန်းပင်ရေ ၂၅ပင် ပိန်းနဲပင် ၁
၁၂၂ပြည့် နတော်လဆန်း ၅ရက်နေ့တွင် ကျွန်တော် ပိုးဘပိုင် လယ်ကုန်းမြေကို နန်းခင်းရွာနေ ငမှန်နှင့် ရွှေပွားတော်မြတ်အောံ တရားရုံးတော်မှာ စကားပြောဆိုကျရာ ငမှန်တရားရှုံးသောကြောင့် တရားသူကြီး ကောံချက်လဘက်စားဖျတ်စာ ငမှန်လွှဲချက်များနှင့် ပေးအပ်ရသိ အမွေလယ်ကို မြေတိုင်းသူကြီး စုံရာတို့နှင့် အမွေစားဘက်သိသူ မောင်ဘွယ် ရှေ့ညွမ်ပျသ နှင်းပေးသောကြောင့် စုံရာတို့ရှေ့ ကျွန်တော် ဘိုးဘအမွေကို သိမ်းယူသည့်နောံ။ ၄င်္လယ်၂၀ကျဲ စပါး ၅၀၀ ကျော်ထွက်များကို သိန်းယူရာ အိုင်ရားရွာနေ မောင်ဘွယ် ငချုံတို့ ကျွန်တော့်ကို ပြက်စည်းစေချင်းငှာ တားစည်းနှောင့်ရှက် အစိုးရတို့ထံ အပ်နှန်ရှိသောကြောင့် ကျွန်တော် စပါး ၅၀၀ ကျော်အနက် ၃၀၀ကော် စပါး များကို မသိန်းယူရ၍ ပြက်စည်းရှိသည်များကို …..
သက္ကရာဇ် ၁၂၂၄ခု ကဆုန်လဆန်း ၃ရက်နေ့တွင် ချတ်တောရွာ ကိုရောံ မောင်တေတို့က ကံကလေးကုံး ကြောင်းတကာ
သက္ကရာဇ် ၁၂၂၄ခု ကဆုန်လပြည့်ကျော် ၇ ရက်နေ့တွင် အိုင်ရားရွာနေ မောင်ချုံက ကျနုပ်နှင့် အမွေဘက် ရှင်မင်းစီ၊ ရှင်မင်းရွဲတို့ ရစုသင့်ဝက်ဂေါင်းလယ်ရား မျိုးကျ ၂င်္ကျဲကို ၄င်းရွာနေ ကိုအုံထန် ငွေမေါ၂ဲ၅ိချိန် ၁၅နှင့် အနုဂံပေါင်ထားရှိပါသည်။၎င်းလယ်မြေအမွေခံ ရှင်အု လင် မောင်ဘုံ ရှင်အိမ်သူတို့ကို ရှေ့ ၅ခုနှစ်တိုင် ရောံလျင် မောင်အုံထံ ပေါင် ငွေ ၁၅ိကို ရွေးနုပ်၍ လယ်ရှင် မောင်ဘုံ မယား ရှင်အု ညီမ ရှင်အိမ်သူတို့ကို အပ်ပါမည်။ ၄င်းလယ်မြေကို မရွေးမှီအတွင် ယခုနှစ်က တနှစ်လျင် မျိုးစာရိတ်၎င်္ပေးပါမည် မောင်ချုံက ခံဝံစာချုပ်သောကြောင့် မောင်ဘုံ မယား မယ်ရှင်အု ညီမ ရှင်အိမ်သူတို့ စာချုပ်ထားကြသည် ကာလသိရှိသူ ဦးဘွယ် မောင်ဘို မောင်အုံ မောင်ပေါ်သစ်စာစီ အောင်အုံ စာရေး မောင်လန်း စုံရာတဘက်လျင် ငွေ၁ိ။
သက္ကရာဇ် ၁၂၂၄ခု တပို့တွဲ လပြည့်ကျော် ၈ ရက်နေ့တွင် တပိုးရွာနေ င.. မောင်လိန်တွင် အထက် သေနတ်ဖိုး ငွေ ၂၀ချိန်၅ိကို ပေးဆပ်သင့်ကျောင်းတောင်းရာ ယခုနေ မပေးဆပ်နိုင်ပါ ၄င်းနှစ် တပေါင် လပြည့်ကျော်၂ရက်နေ့ရောံမှ ပျေပိုင်အောင် ပေးဆပ်ပါမည် နောင် ချုပ်ရက်စေ့၍ မပေးမဆပ်နေလျင် အစ်ကို မောင်ပိန်…တပိုးတို့နှင့် ဆပ်ပေးပါမည် မောင်ပိန် ခံဝံ၍ သဘောတူစာချုပ်ထားကြသည်။ကာလ စာစီစာရေး မောင်ပေါ်သစ်။
၁၂၂၅ခု ပျာသိုလဆန်း၃ရက်နေ့တွင် နှမ်းခင်းကြီးရွာနေ ဦးမှုံ မယာမယ်ခွေ သား မောင်ဆိုးတို့ ခံဝံချုပ်ဆိုချက် ကြအုပ်တို့ထံ မိတုံကြီးက ကျေးနှင့်ပေါင်ထားသည့် အင်ပင်လယ်မြေ မိသားတစု မျိုးကျ ၅င်္ကျဲ၊ ကျော်ကို လုပ်စားသိမ်းယူမိရှိသည်ကို လယ်ရင်မိတုံကြီး ၎င်းလဆန်း ၅ရက်နေ့ တိုင်ရောက်လျင် မိတုံကြီး လာရောံရှင်းလင်း ပြောဆိုပါစေမည်။ လယ်ပေါင်သူ မိတုံကြီးက မပြောမဆို မရှင်းမလင်းနေလျင် ၎င်း အင်ပင်လယ်မြေမိသား ၅င်္ကျဲ၊ ကျော်ကို အသီးအပင်လယ်ထွက်စာစ္ပား နှင့်တကွ လယ်ကိုအပ်ပေးပါမည်။ ဦးမှုံ မယား မယ်ခွေ သား မောင်ဆိုးတို့က သဘောတူ စာချုပ် ထားကြသည် ကာလသိရှိသူ ဦးဘွယ် စာစီစာရေး ခေါင်းမင်းဦးကြာဖြူ
၁၂၂၅ခု နတော်လပြည့်ကျော် ၅ရက်နေ့တွင် အထက် ရွာဘင်းကျောင်းတကာ မင်းရဲလှနရာထံ ငပေက ပြင်ဘိုးငွေ ၂ဲဝိချိမ် ၂၅ိကို ညီ ငတေ ခံဝန်၍ ချေးရာ ငပေအတွက် ပြင်ဘိုး ငွေကို ခံဝန်ရင်းသူ ညီ ငတေမှာ.. မင်းရဲလှနရာက တောင်းရာ ငတေက ကျွန်တော့်တွင် ပေးဆပ်ရံမရ မရှိဖြစ်ပါသည်။ ကံကလေးကုန်းရွာနေ ကျောင်းတကာ ကိုတေဥကို ငတေက မဇနှင့်ပါ ဆို၍ ငတေ သမီးခင်ပွန်းတို့ အဆိုအတိုင်း ကျောင်းတကာ ငတေဥ သမီးခင်ပွန်းက……..
သက္ကရာဇ် ၁၂၁၉ခု ပျာသိုလပြည့်ကျော် ၂ရက်နေ့တွင် ၎င်းတရား တွေ့ဆို၍ ရသည့် လယ်မြေတွင် ပျင်ပင်လယ် မျိုးကျ ၂င်္ကျဲ ကို အ္ထံ ဘိုးဘတို့က ငွေမွေ၂ဲငွေချိန် ၂၇ိ နှင့် နှန်းကင်းကြီးရွာနေ မယ်နှင်းမှုံထန် ပေါင်ထားရာ အမွေခံ သားမြေမှံသည့် ငပေါ်သစ်က ရွေးနုပ်ရသည်။ ကာလသိရှိသူ သွောံကြီး ဦးကြာရေ ကိုးဇူတကာ ဦးငွေထုပ် ဦးဘွယ် ရွေးရာပွဲခပေးငွေ ၃ံ။
သက္ကရာဇ် ၁၂၂၀ပြည့် ၀ါဂေါင်လပြည့်ကျော် ၅ရက်နေ့တွင် တရားတွေ့ဆို၍ ရသည့် လယ်မြေအ၀င် ထန်းပင်လယ် မျိုးကျဲ ၁၂င်္ကျဲကို ငွေမွေရွံနီ ငွေချိန် ၂၀ိ စ္ပား အတင်း ၂၀င်္နှင့် များနှင့် အမွေဇားဘက် ဦးဘွယ်ထံ အ္ထံ ဖိုးဘတို့က ပေါင်ထားသောကြောင့် သားမြေးအမွေခံ မှံသည့်အတိုင်း ငပေါ်သစ်က ရွေဘော်နုပ်ယူရသည်။ ကာလသိရှိသူ ကြောင်တကာ .......
သက္ကရာဇ် ၁၂၂၁ခု တကူးလပြည့်ကျော် ၂ရက်နေ့တွင် အထက် ဦးသာတင် ဦးချောင်တို့နှင့် တရားစကား တွေ့ဆို၍ ရသည့် လယ်ကုန်းတို့ကို မောင်စိန်ခက် တူ မောင်ဘွယ်က သူတထူးတို့ထံ ပေါင်ထားမိသည့်ငွေကို ဦးသာတင် မြေးဖြစ်သူ မောင်ပေါ်သစ်က ရလိုကြောင်းနှင့် လယ်ကို တားဇည်းပျောဆိုမည်ရှိရာ လယ်ကိုပေါင်စားသူ မောင်ဘွယ် သား မောင်အိုတို့က လယ်ကုန်းထန်းတို့ကို မတားမစည်းပါနှင့် ကျွန်တော်တို့ ပေါင်မိသည့်ငွေကို ရှင်းလင်ပည်းမှ ငွေကိုပေးပါမည်။ ၄င်္ပေါင်စားသည့်ငွေကို မပေးလျင် တင်ကုပ်ကြီးတော လယ်ကုန်းထန်းတို့ကို ပေးအပ်ပါမည်။ ဦးဘွယ် သား မောင်အိုတို့က ဆို၍ ၂ဦးသဘောတူ စာချုပ်ထားကျသည်။ ကာလသိရှိသူ သပျေရင်းရွာနေ ဦးမှုံ။ ကဘောင်းချရွာနေ ဦးသီး။ ကုန်းရိုးရွာနေ ကြောင်းတကာဦးဖြူ..စာရေးလယ်ရှင် မောင်ပေါ်သစ်။
ဘုရားကျွန်တော် ငအာ ရောံခမ ငခဲ ရောံဖ ငလယ်တို့ ရှိခိုး အစီရင်တော် ခံပါသည်ဘုရား။ မြေဒူးရုံတော်က အတောင်းခံရသူ ငလွှာအမှုနှင့် ကျွန်တော့်သား ငအာမှာ လက်ခံသူ ဖြစ်ကြောင်းနှင့် မြေဒူးရုံးသို့ အပ်၍ အချုပ်ချုပ်သည်ကို ခံနေရပါသည်။ အတောင်းခံရသူ ငလွှာ နွားကို ဆွဲယူသူ ငတိုးအောင်မှာ ကျွန်တော့်သား ငအာသည် ငလွှာကို ပြု၍ အမှုကဖြေဆို ရှင်းလင် အချုပ်အချင်း ခံနေရပါသည်။ ငလွှာ နွားကို ဆွဲယူသူ ငတိုးအောင် နွားကို တောင်ခံ၍ ပေးတော်မူပါမည့်အကြောင်း ရှိခိုး အစီရင်တော် ခံပါသည်ဘုရား။
သက္ကရာဇ် ၁၂၃၅ခု နယုံလပြည့်ကျော် ၈ရက်နေ့တွင် သစ္စေးကုန်းရွာနေ အမွေဘက် ဘုရားတကာ ဦးကျာရွက် ဦးချင်း ကိုဖူ ဦးကျာမှတ်တို့က ကျနုပ်တို့ အမွေကြောင်းအရောံ ရသည့် ဘိုးဘပိုင် မြေဒူးစီရင်စု မြို့တင်မြေ ယုကြောင်ပယ်အတွင်း ၀က်ခေါင်း ခေါ် လယ်မြေမျိုးကျ ၂င်္ ၂ီကျဲ လယ်မြေကို ကျေးပေးလယ်ပေါ် အပေါင်ခံယူ လုပ်စားနှင့်ပါ အမွေခွဲဘက် ဦးကျာရွက်..ဧမယ် ဧကျွယ် သ္မီးခင်ပွန်းက ဆိုလျင် ၎င်းလယ်ရှင် ကျောင်းတကာ ဦးကျာရွဲ ညီ ဦးကျာမှတ် ဦးချင် ဦးဖူ လေးဦးသားတို့ အဆိုအတိုင်း မြို့တင်နယ်မြေ ရုချောင်ပယ်အတွင်း ၀က်ခေါင်း ခေါ် လယ်မြေ မျိုးကျ ၂င်္ ၂ီကျဲ လယ်မြေကစင်းပေါက်ရောက်သည့် သစ်ဝါးထန်းများကို ကျပ်သုံးဒင်္ဂါး ၃၀ ငွေကို လယ်ရင် ကျောင်းတကာ ဦးကျာမှတ်လက်သို့ ပေး၍ ကျေးပေးလယ်ပေါ်...လုပ်စားသည်အတွင်း ဦးကျာမှတ် သားချင်း အမွေခံ တို့က နှောင့်ယှက်ပြောဆိုပါက ကျနုပ်က ခံပါမည် ဆို၍ သဘောတူ အပေါင်ခံယူ လုပ်စားကျသည် ကာလသိရှိသူ ကျောင်းတကာ ဦးတေဥ ကျောင်းတကာ ဦးပိုက် ငတိုးအောင် ဒင်္ဂါးရေသူမောင်ပု စာစီ အုပ်ကျောင်းတကာ ဦးပေါ်သစ် စာရေး မောင်မာ
သက္ကရာဇ် ၁၂၂၆ခု တဆောင်မုန်းလဆန်း ၇ ရက်နေ့တွင် ကပေါင်းကျ စီရင်စု အင်းရှည်ရွာနေ ခေါင်းမင်း မောင်ဆိုင် ကွန်ထံ ငွေအသုံးလိုပါသည်………….အင်းရှည်ရွာနေ မောင်တိုင်၊တိုးပေါ၊ငကွန်၊ငအာကာတို့က ဆိုလျင် ကံကလေးကုန်းရွာနေ ကျောင်းတကာဦးပိုက်၊ ကိုးဆူတကာ ဦေးပ်ါသစ်တို့ထံ ကျောင်းဆောက်ရံ့ သစ်ကွန်၁၈တောင် လုံးပတ်၅ဒွာ သစ် အရှည် ၁၈တောင် လုံးပတ်၅ဒွါ နှစ်ထိ ကာစင် ဒါးကျော် ဒါးနှင် အလွတ် ၊ ခွန်ပုံခွန်ပွက် …သက်၊ အူနာအလွတ် ၄င်းတရပ်သစ်ကို ၁၂တောင်က ၅ဒွာ သစ်ဖိုးသင့်ငွေ ၂ဲဝိချိန် ၄ိ၅ူး အဖိုးထား၍ စရံခင်းကျသည်။ …အပ်ငွေကျေ ၄င်းနှစ် တပိုလဆန်း ၁၀ရက်နေ့တိုင်ရောက်လျင် ……စုပုံပေးအပ်ပါမည် ဆို၍ ခံဝန်သူ ဦးဆိုင်သို့ စရံတင်…. ……….. ကာလသိရှိသူ လက်ဆွဲတော် ဦးကံကြီး အင်းပက်လက်ရွာ………တကာ ဦးတေဥ စာရေး မောင်ဆိုင်။
၁၂၂၆ခု တကူးလဆန်း ၅ရက်နေ့တွင် မြေတူးစီရင်စု ထောင့်ကြီးရွာနေ အဆောင်ကိုင် ကိုရွှေထွန်းက ဇီးပေါက်ရွာ အစီရင် မောင်ထွတ်ကို အထက် သူတထူးထံ ၄၇ိ ၁ရက်ရက် ၁၁ိတိုးနှင့် ခံဝမ်ယူ ပေးသည့် ငွေရင်းညွန့်ကို ခုနေ့ပြေကျေအောင် ပေးဆပ်ရမြည်တောင်းရာ ကျေးစား အစီရင် မောင်ထွတ်က အထက် ကိုရွှေထွန်းကို ၄၇ိအတိုးနှင့် အပ်ပေး မပြေကျံငွေ ၂၇ိကျံငွေကို ရခုနေ့ မပေးနိုင်ပါ ၄င်းလအတွင်း ၂၇ိငွေ အနက် ၁၀ိငွေကို ပေးဆပ်ပါမြည်။ ကျံငွေ ၁၇ိကို ကဆုန်လဆန်း ၁၅ ရက်တိုင်ရောက်လျင် ပြေကျေအောင် ပေးဆပ်ပါတော့မြည်ဆို၍ ၂ဦး သဘောတူ စာချုပ်ထားကြသည်။ ကာလစာစီ ငွေရှင် အဆောင်ကိုင် ကိုရွှေထွန်း။ စာရေး ကျေးစား မောင်ထွတ်။ ၂၇ိအနက် ၀င်ငွေ မွေ ၂၅ိငွေချိန် ၁၀ိ
ကိုထူးငွေ ၃၀ိကျံငွေမှာ ရခုနှစ် ပျာသိုလတိုင်ရောံမှ ပေးပါတော့ ကျောင်းတကာ ကိုထူးက ပေးပါတော့ဆို၍ နှစ်ဦးသေဘောတူ အမှတ်ထားကျသည်။
၁၂၂၆ခု ပျာသိုလဆန်း ၁၂ရက်နေ့တွင် ကံကလေးကုန်းရွာနေလူတို့ စည်းပွားတော်ဖြစ် လုပ်ဆောင်စိုက်ပြိုးသည့် တောင်ရာတွင် သစ်သီးသစ်ရွက်များကို ခိုးယူပြက်စည်းသူ မြေဒူးမြို့ စီရင်စု ဒေါင့်ကြီးရွာနေ ငခန် ငသာဂေါင် ငဆောင် မိအိမ်တို့ကို ဖန်းစည်းရမိ၍ မေးစစ်ရာ ကျွန်တော် ကျွန်မ တို့နှင့် လူပေါင်း ၂၃ရောံသားတို့ ရာရှင်မရှိသည့်အခါ ခိုးယူပြစ်စည်းမိပေသည် ငခန် ငသာဂေါင် ငဆောင် မိအိမ်တို့ အစစ်ခံသည်။
ရာဇဂြိုရွာ
သက္ကရာဇ် ၁၁၉၆ခု တပေါင်းလပြည့်ကျော် ၃ရက်နေ့တွင် ရာဇဂြိုရွာနေ ဦးဘော သား မောင်ရွှေညံတို့က ငွေသုံးရန်လိုပါသည် ။ကျနုပ်တို့ ရာဆိုင်ပိုင်ထိုက်သည့် ရေတွင်းကုန်းတောင် အုန်းပင်လယ် မျိုးကျ ၁င်္ကျဲ မြောင်းတောင်ဘက် မြောက်ဘက် ကုန်းလယ်ငယ် ၂ီ(၂ပြည်) ကျဲလယ်ပေါင်း တွင်းရေ ၄၀ နှင့် မျိုး ၂င်္ကျဲ ရောင်းလိုပါသည် လယ်မြေအမွေနှင့် နည်းရင်းသူ ရေတွင်းကုန်းရွာနေ ဘုရားတကာ မောင်ရွသ္မီး ခင်ပွန်းကို ဆိုလျင် ဦးဘော သား မောင်ရွှေညံတို့ အဆိုအတိုင်း အုန်းပင်လယ်ကုန်းလယ် မိသားစု၎ တွင်း မျိုးကျ ၂ီကျဲကို အဖိုးငွေ ၁၅ိ နှင့် စ္ပား ၄၀င်္ ငွေစ္ပားများကို လယ်ရှင် ဦးဘော သား မောင်ရွှေညံတို့ ဘေးဘိုးဘပိုင် သားအစင် မြေးအဆက် ၀ယ်ယူလုပ်စား.....
သက္ကရာဇ်၁၂၂၃ခုနှစ် တပို့တွဲလပြည့်ကျော် ၃ရက်နေ့တွင် ရာဇဂြိုရွာနေ အမယ်ခွေက ငွေစ္ပားစားသုံးရန် လိုပါသည်။ အကျွန်ုပ် အမွေဆိုင် ပိုင်ထိုက်သည့် မြောင်းဥိးကြိုးရင်းလယ်မြေတွင် မျိုးကျ ၂င်္းကျဲ များကို ကျောင်းတကာ ငတေဥထံ ပေါင်ထာသည်ကို ရွေးနုပ်၍ ငွေလယ်ဘော် လုပ်စားနှင့်ပါ အမွေဘက် မောင်ဝေကိုဆိုလျင် ၎င်းလယ်မြေရှင် အမယ်ခွေ အဆိုအတိုင်း မြေင်းဦးကြိုးရင်းခေါ် လယ်တွင် မျိုးကျ ၂င်္ကျဲကို ကောင်းတကာ ငတေဥထံ အမယ်ခွေပေါင်ငွေ မွေနီ ၅ိချိန် ၇ိ စ္ပား၁၅င်္ ငွေစ္ပားများကို ပေးချေရွေးနုပ်ယူပြီး ကြေးပေးလယ်ဘော်အပေါင်ခံယူ လုပ်ကြသည်။ သိရှိသူ ဆြာဦး.....
ကြေးကန် အုန်းကုန်း
သက္ကရာဇ် ၁၂၃၀ပြည့် နရုံလဆန်း၂ရက်နေ့တွင် ကြေးကံအုံးကုံးအရပ်နေ ဘုရားတကာ ဦးချစ် ဦးဝ ဦးမှူးတို့က အကျွန်တို့ ဘေး ဘိုးကျော့ မယား မယ်လှအောင်တို့ ရှိစင် ရွာသစ်ကြီး စီရင်စု အင်တောရွာနေ ဦးသာတင် သ္မီးခင်ပွန်းတို့ထံ အင်ကျင်းတောခေါ် လယ်မြေ၁၀င်္ကျဲ သစ်ရာရင်းတောခေါ် လယ်မြေ သောင်း၁၀င်္ကျဲ ကုံးမြေ ၁၀င်္ကျဲ များကို ငွေ မွေရွက်နီချိန် ၉၅ိ နှင့် ပေါင်ထားသည့် သက္ကရာဇ်ကို ရွေးနုပ်ပေါ်ရူရံ ငွေအသုံး လိုပါသည်။ အင်ကျင်းရင်းတော လယ်မြေ၁၀င်္ကျဲကို အပေါင်ခံယူ လုပ်စားနှင့်ပါ ကန်ကလေးကုန်းရွာနေ ကျောင်းတကာ ဦးကျာရွက် သ္မီးခင်ပွန်းကို ၎င်းလယ်ရှင် အမွေကံ ဘုရားတကာ ဦးချစ် ဦးဝ ဦးမှူးတို့ အဆိုအတိုင်းနှင့် အင်ကျင်းတောခေါ် လယ်မြေအ၀င် စန်းထိ ခေါ် လယ်အောံကစင်းကကို မျောံအလား အင်ကျင်းရင်းတော မျောံထောင့် အနောံအလား ကစင်းလျောံထန်းပိုပင်ထိ အနောံအလား ထောံကျန့်ပင်ထိ ၎င်းက အရှေ့မျောံကို ..............
သက္ကရာဇ် ၁၂၃၀ပြည့် နယုံလဆန်း၂ရက်နေ့တွင် ကြေးကံ အုံးကုန်းအရပ်နေ ဘုရားတကာ မောင်နှစ် လက်ဆယ်ကံရွာနေ ဦးတံ ကိုမှူးတို့က ကျနုပ်တို့ ဘေး ဘိုးကျော့ မယား မယ်လှအောင်တို့ရှိစင် သစ်ရာရင်းတောလယ်မြေ ၁၀င်္ကျဲ ကုန်း ၁၀င်္ကျဲ အင်ကျင်းရင်းတော ခေါ် လယ်မြေ ၁၀င်္ကျဲ များကို ရွာသစ်ကြီးအုပ်စုပါ အင်တောရွာနေ ဦးသာတင် သမီးခင်ပွန်းတို့ထံ ငွေမွေရွက်နီ ချိန် ၅ိနှင့် ပေါင်ထားရာ ရွေးနုပ်ပေါ်ယူရံငွေ အသုံးလိုပါသည်။ အင်ကျင်ရင်းတော ခေါ် လယ်မြေ ၁၀င်္ကျဲ အပေါင်ခံယူ လုပ်စားနှင့်ပါ ကန်ကလေးကုန်းရွာနေ ကျောင်းတကာ ဦးကျာရွက် သမီးခင်ပွန်းကို ဆိုလျင် လယ်ရှင်အမွေခံ ဘုရားတကာ ဦးနှစ် ဦးတံ ဦးမှူးတို့ အဆိုအတိုင်းနှင့် အင်ချင်းရင်းတော ခေါ် လယ်မြေအ၀င် စန်းကန်လယ် အောံကစင်း မြောံကို ရှောင်၍ အင်ချင်းရင်းလယ်ကြီး အရှေံမြောံထောင့်၊ ၄င်းအနောံအလား သင်ရိုးရှောင် ထန်းဖိုပင်အထိ။ အနောံအလား ထောံကျန်ပင်ထိ။ ၄င်းကအနောံမြောံအလား ဦးရွဲ ရေယူမြောင်စိုက်။အနောံအလား မြောံကို ရှောက်၍ ကျက်ရှာစွန်းကုန်း။ တောင်မြောင်းကိုရှောက်၍ တယ်သီးပင်မြောင်းပေါက်ကကို သတ်မှတ်ရင်း လယ်မြေ မျိုးကျ ၁၀င်္ ဘော်တွင် ပေါံရောံသည့် ထန်းသစ်ဝါးများကို ခုတ်ယူသုံးစားပါ ငွေပေးလယ်ပေါ် အပေါင်ခံယူ လုပ်စားနှင့်ပါ ဦးကျာရွက် သမီးခင်ပွန်ကို ဆိုလျင် စာဝန်လူ ၃ဦးသား အဆိုအတိုင်းနှင့် ဦးကျာရွက် သမီးခင်ပွန်းက ငွေမွေ ၅ူးကဲချိန် ၆၆ိ၂ူး။ တရပ် ၁ိသုံး ဒင်္ဂါးပျားရေ ၅၈ပျား ငွေဒင်္ဂါးများကို ဘုရားတကာ ဦးနှစ် သားချင်းအမွေခံ ၃ဦးတို့သို့ ပေး၍ ငွေပေးလယ်ပေါ် အပေါင်ခံယူ လုပ်စားကျသည်။ ကာလသိရှိသူ ကြေးကံရွာနေ အဆောင်မြဲ ဦးလူ ကျောင်းတကာ ဦးသီပေါ။ ကဆွန်တကာ ဦးစိန်သိန်း စာစီ ပြသဒ်တကာ နေမျိုးရဲလှ ရာဇကျော်ထင်။ စာရေး မောင်ကျော်။
၁၂၃၀ပြည့် တဆောင်မုန်း လဆန်း၅ ရက်နေ့တွင် ကြေးကံရွာနေ ဘုရားတကာ မောင်နှစ်က သစ်ရာရင်းလယ်မြေတောကုန်း တုတိရဖြတ်စာတွင် မပါမ၀ံ လပ်သည့် မြေပေါ်ရှိ သစ်ဝါးထန်း ရေလဲရှိုများကို ခုပ်ယူမလုပ်မစားသင့်ကြောင်းနှင့် မေညင်ပြောင်တို့ကို တာဇည်းပြောဆိုရာ မောင်ပြောင်မောင်တို့က အထက် တုတိရ ဖြတ်စာတွင် မပါမ၀ံ လစ်လပ်သည့် သစ်ဝါးထန်း ရေလဲရှိုများကို အထက်ပြီးချက် ဖြတ်စာတွင် သွပ်သွင်းပိုင်ဇိုင်လု စားပါရစေ ဖြတ်စာလစ်လပ်စည့် အပြစ် ငွေ၁ိးင်္ဂါး ၅ပျားကိုာခုနှစ် ပျားသိုလဆန်း ၅ရက်နေ့ ပေးပါရစေ။ ၄င်းအချုပ်အတိုင်း မပေးနေလျင် ဖြတ်စာအတွင် လစ်ပလ်သည် သစ်ဝါးရေလဲရှိုများကို မောင်တို မောင်ပြောင်တို့ကလည်း သားဇင်မြေးစက် မပြောမဆိုပါပြီ ဆို၍ မောင်နှစ် မောင်ပြောင်တို့ သဘောတူစာချုပ်ထားကြသည် ကာလသိရှိသူ မောင်ကံကြီး စာစီ ကြောင်းတကာ ဦးရွှေညာဏ် စာရေး ကိုးဆူတကာမောင်ပေါ်သစ်။
သက္ကရာဇ် ၁၂၂၁ခု တကူးလပြည့်ကြော် ၂ရက်နေ့တွင် ။ အထက် ငပေါ်သစ်၊ ဘေးဖိုးဦးသာတင်နှင့် အချားသူတို့မှာ ....ပျောဆို၍ တရားစားရိပ်နှင့်ရသည့် တင်ကုပ်ပြီးတော ခေါ် လယ်မြေကုံးထန်းတို့ကို တားဇဉ်း ပျောဆိုရာ တင်......... မြေကုမ်းထန်းတို့ကို ပေါင်ဇားသူ အိုင်ရားရွာနေ ဦးဘွယ် သား မောင်အိုတို့က ကျွန်တော်တို့နှင့် လယ်မြေကို ပေါ........ဖြစ်၍ ယခု ငရွှေအုန်းနှင့် ရှင်းလင်းပျောဆို ပျီးလျင် ၎င်းနှစ် ကဆုံလဆန်း ၁၀ရက်နေ့တိုင်ရောံမှ ။ လယ်ပေါင်ငွေများကို ပေးပါမည်။ လယ်ပေါင်ငွေ များကို မပေးနေလျင် တင်ကုပ်ရင်း ခေါ် လယ်မြေထန်းကုမ်းများကို သိမ်းယူစားသောက်ပါတော့ ဦးဖွယ် သား......တို့က ဆို၍ သဘောတူ စာချုပ် ထားကျသည်။ ကာလသိရှိသူ သပျေရင်းကျောင်းတကာ ဦးမှုံ ကပေါင်းချရွာနေ ဘုရားတကာ........ကုမ်းရိုးရွာနေ ကြောင်းတကာ ဦးဖြူဇပ် စာရေး လယ်ရင် မောင်ပေါ်သစ်။
သက္ကရာဇ် ၁၁၇၁ခု တပေါင်းလပြည်ကျော် ၅ရက်နေ့တွင် မြေခု စီရင်စု ကြေးကံရွာနေ မောင်ကူ သား မောင်နန်းတို့က နွားကုံကူးရန် ငွေအသုံးလိုပါ၍ ကျနုပ်တို့ ပိုင်ထိုက်သည့် သက္ခားရွာ မြောံ ညောင်ရင်းလယ်ကောံတော လယ်မြေမိသားစု မျိုးကျ ၂၀င်္ကျော်ကျဲ ကုံးမြေ ၄င်္ ကျဲ မြေဘော်ရှိ ထန်းသစ်ဝါးများပါ ငွေပေးလယ်ပေါ် ကုန်းပေါ် အပေါင်ခံယူ လုပ်စားနှင့်ပါ ဆံဆွဲအုပ်စုပါ လယ်ဘုတ်ကြီးရွာနေ မောင်ဂွေးဖြူ မောင်လူး မောင်အားကုန် သုံးရောံသားတို့ကို မောင်ကူ သား မောင်နန်းတို့ အဆိုအတိုင်း မောင်ဂွေးဖြူ က ငွေမွေ ၂၀ဲ အချိန် ၂၂ိ ။ တရပ် ..................................
ကာလသိရှိသူ မောင်ကောင်းသာ မောင်ခြစ်ထွေး မောင်အောဇာ မောင်ရွှေ စာစီ မောင်သက်နှင့် စာရေး
ကျေးကန်နေ ယွန်း စာရေး မောင်အို စုံရာပွဲတဘက် ၂ိစီ
၁၁၇၅ခု နယုံလပြည့်ကျော် ၃ရက်နေ့တွင် မောင်ကူ သား မောင်နန်းတို့က အထက်ပေါင်ထားသည့် ညောင်ရင်းလယ်ကောံတော လယ်မြေပေါ်မှာ စ္ပားစားသုံးရန် ထပ်ပါ မောင်ဂွေးဖြူ မောင်လူး မောင်အာကာကုံတိုကို ဆိုလျင် အဆိုအတိုင်း စ္ပားတင်းချင် ၂၀င်္ကို ထပ်ပေးသည်။ စ္ပား ၄၀င်္ အပိုငွေ သင့် ၂၀ဲ အချိန် ၂၀
၁၁၇၈ခု ကဆုံလပြည့်ကျော် ၅ရက်နေ့တွင် မောင်က သားမောင်မြတ်နန်းတို့က ညောင်ရင်းလယ်ဘော်မှာ ထပ်ပေးပါဆိုပျန်၍ မောင်ခြစ်ပုံ မောင်ခြစ်သီ မောင်ရေတို့က ငွေမွေ ၂ဲ၂ိအချိန် ၂၅ိ စပါးတင်ချင်း ၂၀င်္ ငွေစပါးများကို မောင်ကူ သား မောင်မြတ်နန်းသို့ ထပ်ပေးလိုက်သည်။ကာလသိသူ မောင်မြတ်ရာ မောင်ကျွယ် စာစီစာရေး မောင်ခွေး။
၁၂၄၃ခု ပြာသိုလပြည့်ကျော်၁၁ရက်နေ့ ကျေးကံခေါင်း ငနှင် မေးသောချက်။။ ..သူကြီးစီ …က နံတော်သင့်ဘုရာတီလုပ်ရန် ဆင့်လျင် ဘုပ်ခ၄ကျတ် အကျ၁၀ ရွာရှိ အုပ်ဖိုက အင်ထောံသာမြို့ ဆိုက်ရောံ သယ်ယူပို့ရမည်။ ဆက်စာအရ ကျွန်တော်က တောင်ဒါဝယ်အမှုထန်း ငဆို ငမာတို့ကို ..အိံခြေ၃၂ အိံ အကျ ငဆို ငပတ်ဖြူ တို့ကို ဆင့်ဆိုရာ လွှတ်တော်စာချွန်ပြု ရုံးမှာ တင်ပြပါရစေ ငမာတို့ … ၃ရက်ခန့်ရှိလျင် ငနီတာ အထက် ဘုရားတည်လုပ်မည့် အင်ထောံသာ စီရင်စု လွှတ်တိုက်ရွာသို့ လာရောံ မြေဒူးမြို့ရုံးတွင် စာချွန်တော် တင်ပြရာ ခုနှိမ်ကြောင်းကိုပြောလာ တောင်ဒါးဝယ်အမှု ငနီတာ ငရွှေစပ်တို့က ၁၃ရွာနည်း ၁အိံလျင် ၁ိကျ ကျွန်တော် အမှုထန်း ၃၀၂အိံ(၃၂အိမ်) …တို့က ရွှေကျင်၁၃ရွာနည်း ငှားရန်းရစ်ပါ ကျွန်တော့်ကို ငွေဒင်္ဂါး ၃၂ ငှားရန်းရစ်ပါ ပြောသည်အတိုင်း ကျွန်တော်က အင်ထောံသာမြို့ ဘုရားတီအုပ်ကို ငှားရန်းလုပ်။
၁၂၆၄ခု တပါင်းလဆန်း ၁၅ရက်နေ့တွင် ရွာသစ်ကုန်းရွာနေ မောင်မှီ မယားရှင်ကောံတို့က ကျနုပ်တို့မှာ အမိတို့ရှိစင် မြေဒူးမြို့အုပ်စုပါ မြိုတင်နယ်မြေအတွင်း သစ်ရာရင်းလယ်မြေ မိသားတစု မျိုးကျ ၅င်္ကျဲ ၄င်းလယ်တောကုန်းမြေမျိုးကျ ၅င်္ကျဲ လယ်ရောကုန်းပါ မျိုး၁၀င်္ကျဲကို အုံးကုန်းအရပ်နေ ဦးနှစ်ကြီးက ငွေဒင်္ဂါးပျားရေ ၁၇၆ စပါးတင်းချင် ၄၀ ငွေစပါးများစွာနှင့် ပေါင်ထားရှိသည်ကို ရွေးနုပ်လုပ်စားနှင့်ပါ ၄င်းပျင် ဇီးပေါံနယ်မြအတွင်း လင်းတသေတောမှာလည်း ကျနုပ်တို့ အစုသင့်ရသည့် လယ်ကောံကြီး မိသားတစုမျိုးကျ ၁၂င်္၂ီကျဲကိုလည်း အပေါင်ခံယူ လုပ်စားနှင့်ပါ အမွေဘက် ကန်ကလေးကုန်းရွာနေ မောင်ဇင်ကို သမီးခင်ပွန်းကို ဆိုလျင် မောင်ဖိုးမှီ မယား ရှင်ကောံတို့အဆိုအတိုင်း သစ်ရာရင်းလယ်မြေကုန်းမြေ မျိုးကျ ၁၀င်္ကျဲ ဦးနှစ်ကြီးပေါင်ငွေ ၁ိသုံး ဒင်္ဂါးပျားရေ ၁၇၆ စပါးတင် ၄၀င်္။၎င်းလယ်ကောံကြီးမိစားတစု မျိုးကျ ၁၂င်္၂ီကျဲ ပေါင်ငွေ ၁ိ သုံး ဒင်္ဂါပျားရေ ၃၀ ၂ရပ် ဒင်္ဂါးစပါးဖိုးပါ ပျားရေ ၂၀၈ိငွေကို မောင်ဇင်ကို သမီးခင်ပွန်းတို့က မေင်ဖိုးမှီ မယား ရှင်ကောံတို့သို့ ….ပေါင်ခံယူ လုပ်စားသည် လယ်မြေအနက် လယ်ကောံကြီး…
မှန်တောရွာ
ရွှေကျင်၁၃ရွာ စီရင်စု ကန်ကလေးကုန်းရွာနေ ကျောင်းတကာ ငပေါ်သစ် လျောံချက်။ ။ ။ကျွန်တော် အရှင်…..ကြေးရွာဆင်းရဲသားအကြိုးကို ကြိုးမှုများနှင့် ရွှေဘွားတော်အောံ ခစ်တ ဆင်းသွား တရားရေး ပြောဆိုနေသည့်အတွင်း မြေတူးမြို့အ၀င် မြို့တင်နယ်အုပ်စု မှံတောရွာနေ ငမာနှင့် လူ၎ရောံသားတို့ ကျနုပ်နေအိမ်ကို ကျူးလွံကျော်နင်း၍ သားမယားတရားမလိမ်မာသူတို့ကို မှူးများသွေးဆောင် သမီးငယ် မိမင်းမိတ်ကို မိနန်းအုံ သား ငဘိုးဝန်နှင့် တောင်းဆို မင်္ဂလပြုလုပ်သည်များ ခံနေရပါသည်။ အဘ အစိုးရ … မရှိသည်အတွင်း နေအိမ်ကျူးလွံကျော်နင်းမင်္ဂလာပြုလုပ်တောင်းဆိုသူ ငမာကို တရားနှင့် စစ်မေးတော်မူပါ မှံရာဖြစ်ပါရမည့်အကြောင်း။
၁၂၂၅ခု ကဆုန်လပြည့်ကျော် ၁၂ရက်နေ့တွင် မျို့တင်စီရင်စု မှန်တောပယ် ယုချောင်ပယ် လယ်မြေကုန်းတို့ကို ၅ဘို အမွေခံ သားမြေးမှန်သူ နေမျိုးရဲလှရာဇာကျော်ထင် မောင်အောင် မောင်ပျား မောင်လှိုင် ငကျွယ်ပေါ မောင်ဝေ မောင်ပုံကျော် နေမျိုးရဲလှ ကျော်ထင် သီရိသမံနော်ရထာ မောင်တေဥမောင်ဝင် မောင်မိတ် မောင်ရွှေပေါတို့ သဘောတူ စာချုပ် ထားကြသည်။ ၅ဘိုတို့ ရာဇိုင်သည့် မှန်တောလယ် ယုချောင်လယ်မြေရပ်များကို ကာလရှေကျာ ရွေ့လျောလာ၍ သူတထူးထန် ပေါင်နှန် နစ်မွန်တိန်ဂေါ်ရှိသည်များကို ၅ဘိုတို့ အမွေသားမြေးမှံသသည့်အတိုင်း သဘောတူရာကျခံ တရားအဘက်ပေါ်ရှိလျင် တူညီကျကုန် ပျောဆိုပါမည် စာချုပ်မတည် မပျောမဆို ဖောံပျန်ကပ်ခိုနေလျင် ဆွေမျိုးတို့ တရားကို ဖောံပျန်သောသူမှန်သည်ဖြစ်၍ ဆွေမျိုးတို့ကို ရောံကျားတကိုပိုးငွေရွံနီ ၃၀ိ ကတော့ပါမည်ဆို၍ ၄င်္စာချုပ်သန်လူတို့ သဘောတူစာချုပ်နှင့် လဘက်လှန်စားကျသည် ကာလ စာစီစာရေး အချုပ်ဝင်လူ နေမျိုးရဲလှရာဇကျော်ထင် လဘက်ပေးသူ စာချုပ်ဝင်လူ ငကျွယ်ပေါ၊
ငှက်ပျောတောရွာ
သက္ကရာဇ် ၁၁၆၂ခု တကူးလပြည့်ကျော် ၆ ရက်နေ့တွင် လယ်ရားတိုက် တွင်းရေ၅ မိသား၅တွင်း မျိုးကျ ၇င်္၂ီကျဲကို ဦးရှန်တုပ်က အမွေပုံလယ်ကို ပေါင်ဇားနှင့်ပါရစေ သားချင်းတို့ကိုပျောရာ ဦးရှန်တုပ်က ငှက်ပျောတောရွာနေ မောင်ရေ မောင်ကွန်တို့ထံ ငွေမွေရွက် ၃၅ိနျင့် ပေါင်ထား၍ သုံးထားနှင့်သည်။၎င်နောက် ၁၁၆၇ခုနျစ် ကဆုံလဆန်း ၂ရက်နေ့တွင် မောင်ရှန်တုပ် ပေါင်စားနှင့်သည့် သားချင်းတို့ ဆိုင်ပိုင်သည့် လယ်ရားတိုက်လယ်ပေါ်တွင် ထပ်မံစားလိုကျောင်းနှင့် ဦးနွယ်က အမွေစား သားချင်း မောင်ခက် မောင်ဘွယ် မောင်ရောံတို့ကို ပျောဇိုလျင် ၄င်းဦးနွယ်ဆိုသည့်အတိုင်း ထပ်မံယူစားနှင့်တော့ နောင်ကျနုပ်တို့ အစုသင့် …….ဦးနွယ်က လယ်ရားတိုက်ဘော်တွင် ငှက်ပျောတောရွာနေ မောင်ရေ မောင်ကွန်တို့က ထပ်ဖြည့်ပေးသည် ငွေမွေ ၂ဲဝိချိန် ၄၅ိ။၎င်းနွားပျာစိမ်းအဖိုးငွေ ၁၈ိ၂ံ ငွေမွေ၂ဲဝိ။ ၃ရပ်ငွေပေါင်း ၉၈ိ၂ံ ငွေကို ဦးနွယ် သား မောင်သာဂေါင်တို့ သုန်းစားသည်ကို ဦးနွယ် မေယင်ခက် မောင်ရောံ မေင်သာဂေါင်တို့ အစုံအညီ အမယ်ကျော်ရှေ့ မှတ်ထားသည်။
မြေခုရွာမ
သက္ကရာဇ် ၁၁၆၉ခု ကဆုန်လဆန်း ၅ ၅ရက်နေ့တွင် မြေခုရွာမနေ မောင်ရွှေကြီးက ကျနုပ်မှာ ဘိုးဘတို့ ကြေးနှင့်ပိုင်သည့် ယုချောင်တော အလယ်ဂေါင်လယ်ကြီးအောံ စစ်ရင်ခေါ် လယ်မြေ သမီး ၈တွင်းမျိုးကျ ၁၀င်္ကျဲ လယ်မြောံ ကုန်းထန်းများပါ အပေါင်ခံယူ လုပ်စားပါ ။ထန်းတောကုန်းရွာနေ မောင်ကျွယ် သမီး ခင်ပွန်းကို ဆို၍ မောင်ရွှေကြီး အဆိုအတိုင်းစစ်ရင်တော လယ်မြေ မျိုးကျ၁၀င်္ကျဲနှင့် ကုန်းထန်းများကို ငွေ မွေ ခဲချိန် ၁၀။တရပ် ငွေမွေ ၁ဲ၅ိငွေချိန် ၂၀၊တရပ် ရွှေနသံ အချိန် ၅ူးရွှေရေ ၈ူး၁ဲ။ အဖိုးသင့်ရွှေဘိုး ငွေရွက်နီ ၉ိ။၃ရပ်ငွေ ၃၉ိ။ကို လယ်မြေရင် မောင်ရွှေကြီးသို့ ပေး၍ ကြေးပေးလယ်ပေါ် အပေါင်ခံယူသည် ကာလသိရှိသူ ဦးရွှေ ဦးဝိုင် မောင်လှိုင် မြေခုရွာနေ မောင်အောင်မြတ်။ ငွေချိန် ငွေကန် မောင်သာမင်း စာစီ မောင်ကွယ် စာရေး မောင်လွှာ ၁၁၉၈နှစ် ၄င်းလယ်ပေါ် မြေခုရွာနေ အမယ်ယည် မောင်ကွယ်တို့ ထပ်ယူငွေ ၃၆ိ စပါး တင်းချင် ၂၀င်္။……….
မြို့တင်ရွာ
သက္ကရာဇ် ၁၁၃၉ခု သတင်းကျွတ်လပြည့်ကျော် ၁၁ အင်္ဂါနေ့ရက်နေ့တွင်။ ဘေး ဦးရဲအောင် အင်စုံတို့ သားမြေတစုတို့က ၀ယ်ယူသည့် ရုချောင်ပယ်မြေကုန်းထန်းတို့ကို မွေပေါက်ဖော် ၆ဦးသားတို့အစုံအညီ မြို့တင်ရွာ ကျေးကိုင် ဦးသာမင်း ရှေ့တွင် ခွဲဝေကျသည်။ တဲမြောံ ၀က်ခေါင်းလယ်မိသားတစု မျိုးကျ ၈င်္ကျဲမှာ မောင်ပန်ပြိုက ရစေ။ တဲတောင် ၀က်ခေါင်းမိသားတစု မျိုးကျ ၈င်္ကျဲမှာ မောင်ပန်းစိန်က ရစေ။ဇဂေါံဂင်မိသားတစု မျိုးကျ ၈င်္ကျဲမှာ မိလှအောင်က ရစေ။ သစ်ရာရင်းမိသားတစု မျိုးကျ ၈င်္ကျဲမှာ မောင်ပန်းခိုင်က ရစေ။ ထန်းတောလယ်ကြီး မိသားတစု မျိုးကျ ၈င်္ကျဲမှာ မောင်ပန်းသွင်က ရစေ။ ၀က်စားလယ်ရားကြီး မိသားတစု မျိုးကျ ၈င်္ကျဲမှာ မယ်အိမ်ပုံက ရစေ။ ကုန်ထန်းသစ်ဝါးရှိများမှာ ညီမျှခွဲဝေယူကြစေ။ သားချင်း ၆ဦးသားတို့ အညီအမျှ ခံစံကျသည်ကာလ သိရှိသူ မောင်ပန်းတင်။ပိတ်သုကာ မောင်ယွန်း။ဘုရားတကာ မောင်ထွာကျော်တို့ ရှေ့တွင်လယ်မြေမျိုးကျ ၄၈င်္ကျဲအကုန်နှင့် ကျေးကိုင်မောင်သာပျင်ကို ငွေရွက်နီချိန် ၈ိပေး၍ စာချုပ်နှင့် လဘက်လှန်စားကြသည်။ လဘက်ပေး မောင်ပွင်။စာချုပ်ရေးသူ ကိုးဆူတကာ မောင်မြတ်သူ စုံရာပွဲခပေးငွေ ၃ိ။
မယ်မြစ်တော်ဦး ၁ သမီး မိလှအောင် ၁ သမီး အမယ်လှေ ၁ သားမောင်ကောင်းမှတ်
မောင်ရွှေထွန်း ၁ သမီး မိပွင့်တုပ် ၁ သမီး အမယ်သာ ၁ သားမောင်ကျော်
မောင်စံပိန် ၁ သမီး မိဇံသာ ၁ သမီး အမယ်လှန် ၁ သား ၁ မောင်ညိုပု ၁ သမီး မိတိသာ ၁ သား မောင်ပေါ ၁ သား ၁ မောင်ရွှေစ ၁ သားမောင်ရှန် ၁ သမီး အမယ်ဝင် ၁ သားမောင်ဘော
မြေတူးမြို့ အုပ်စုပါ မြို့တင်နယ်မြေစစ်တန်းစာရင်း
သက္ကရာဇ်၁၁၄၅ ခု၊ ၆၄ခု၊ ၈၂ခု၊ မြို့တင်သူကြီး ငကျံက နယ်မြေ၄ရပ် ၈ရပ်ပေးသည့် မြို့တင်နယ်မြေစစ်တန်းစာ.. တောင်မျက်နှာ တီပယ်ရင်မြို့ အ၀င် ဆံဆွဲမြေတဘက်၊အနောံမျက်နှာမှာ ရွှေကျင်၁၃ရွာနယ်မြေ တဘက်၊မြောံမျက်နှာ မြေတူးမြို့အ၀င် မြို့တင်မြေတဘက် ၃နယ်ဆုံ သက်ငယ်ကျံကျို……….။အနောံ ရေလန်းကိုရှောံ၍ မြေခုမြေတဘက် ကုပ်ကိုပင်ကျက်ခြေ။ အနောံမြောံ လန်း…………မြေခုမြေတဘက်။
ဇီးပေါက်နယ် မြို့တင်နယ် မြေခုနယ် ၃နယ်ဆုံကြို့ပင်တောင်ပို့။
ဇီးပေါက်နယ် နွားဂေါင်တယ်နယ် မြို့တင်နယ် သုံးနယ်ဆုံ ပိဒေါံပင် (ပုရပိုက် ဖတ်မသဖြင့် နှမြောလှသည်။)
သက္ကရာဇ် ၁၁၄၅ခု ၊ခုနျစ် ၁၁၆၄ခုနှစ် ၁၁၆၇ခု မြေဒူးမြို့ အ၀င် မြို့တင်နယ်၎ရပ်၈ရပ်နယ်မြေများကို ပဲဖွယ့်ရာ (ပယ်ဖွဲ့ရာ) ကျွဲခေါင်း ၁၂ ခန့်သည့်စာရင်း
မြွှိုတင်ရွာမခေါင်း မောင်နှာင် ၁ ၆၀င်္ကျဲ ၃၇ိ ကြေးကိုင်မောင်စံပွင့် ပေါံတော တခေါင်း ၁ ၅၀င်္ကျဲ ၃၁ိ၁ံ ကြိုရင်ပျင်တော မောင်နေကျော် တခေါင်း ၁ ၅၀င်္ကျဲ ၃၁ိ၁ံ ညောင်ကံတောခေါင်း မောင်တင်ကြီး ၁ ၈၀င်္ကျဲ ၅၀ ပျင်ဝင်အုတောခေါင်း မောင်မြတ်အောင် ၁ ၅၀င်္ကျဲ ၃၁ိ၁ံ တောင်ကျွဲကိုးတောခေါင်း မောင်ရွှေသာ ၁ ၅၀င်္ကျဲ ၃၁ိ၁ံ ရာဇဂြိုတောခေါင်း မောင်ရွှေစိန် ၁ ၅၀င်္ကျဲ ၃၁ိ၁ံ ယုကြောင်တောခေါင်း မောင်မြတ်ညွန် ၁ ၁၃၀င်္ ၈၁ိ၁ံ ရသရာတောခေါင်း မိသာလှေး ၁ ၇၀င်္ကျဲ ၄၃ိ၃ံ မြောံကျွဲကိုးတောခေါင်း မောင်မွေ ၁ ၅၀င်္ကျဲ ၃၁ိ၁ံ မှံတောခေါင်း ရှင်ဝင် ၁ ၁၃၀င်္ကျဲ ၈၁ိ၁ံ ညံအိုင်တောခေါင်း မောင်ခြစ်နှောင် ၁ ၅၀င်္ကျဲ ၃၁ိ၁ံ
၅ါ၁၂ိ
တင်းကျဲပေါင်း ……
အခွန်ထန်းပဲပေါင်း ၄၁၀င်္ ၁ပဲလျင် ၁ိ၁ံကျငွေပေါင်း ၅၁၀ိ
သက္ကရာဇ်၁၂၃၅ခု တပေါင်းလပြည့်ကျော် ၅ရက်နေ့ မြို့တင်နယ်အတွင်း………သည်များကို အမွေစားတို့က ပျင်သို့ ထွက်သွားပေါင်နှံသည်ကို ၅မ အမွေစားကြီး မောင်ရှန် မောင်ပန်ပြို မောင်ဖသာ မောင်ဇေ မောင်ကျော မောင်ပသီ မောင်နဲ ၇ဦးသားတို့ မှတ်ထားသည့်စာရင်း
၁၁၅၅ခုနှစ် ရှိုလယ်ကြီးတော မျိုး ၁၀င်္ကျဲ ကုံ ၁၀င်္ကျဲ များကို မောင်ပေါင် အမ ရှင်စိန်တို့ ပေါင်သည်။ ၁၁၅၆ခုနှစ် ကံတွင်တော လယ်မြေ မျိုး၂၀င်္ကျဲ တောကုန်းထန်းတို့ကို မောင်ပန်ပြို ပေါင်သည်။ ၁၁၆၆ခုနှစ် အလယ်ဂေါင် လယ်ကြီး မျိုး ၂၅င်္ကျဲ ကုံ ၁၀င်္ကျဲကို မောင်ဖသာ မောင်ကောင်းညွန့်တို့ ပေါင်သည် ။
၁၁၆၉ခုနှစ် စစ်ရင်တောလယ် မျိုး ၁၀င်္ကျဲ ကုန်း ၅င်္ကျဲကို မောင်ပသီ မောင်တိုးတို့က မောင်မှုံသာ မောင်ရွှေကြီးတို့ထံ ပေါင်။
၁၁၇၈ခုနှစ် လယ်ကောံခတောလယ်မြေ မျိုး ၁၀င်္ကျဲ ကုံး၁၀င်္ကျဲများကို မောင်ပိန်က ငွေ ၂၅ိ နှင့် ပေါင်သည်။ ၁၁၈၉ခုနှစ် မြင်ကတောလယ်မြေ မျိုး ၂၅င်္ကျဲ ကုံ ၁၀င်္ကျဲကို မောင်ဘဖြူ မောင်ဘဦးတို့က မယားရော်ငွေ ၄၀ နှင့် အထိန်း မောင်သာပွင်ထံ အပေါင်သွင်းထားသည်။
အမယ်ဘွင့်ဖြူ ညီမ မယ်ဘွင်တုပ်တို့မှာ တဲကုံးတော လယ်ကြီးတိုက် မျိုးကျ ၂၀င်္ကျော်ကျဲ လယ်မြေရစေ။ မယ်စလီမှာ ရေတွက်ကုန်းတောလယ်မြေ မျိုးကျ ၂၀င်္ လယ်မြောံကုံးမြေ၁၀င်္ကျဲ ထန်းစုပါ ကို……………
မောင်ဖသာ ညီ မောင်ပဖြူ မောင်ပဦးတို့မှာ သက္ခားရွာမြောံ သပြေရင်းလယ်တိုက် မျိုး ၃၀င်္ကျဲ ကုံး၁၀င်္ ထန်းစုပါ သတွန်အိုင်တောလယ်မြေ မျိုးကျ ၂၀င်္ ကုံမြေ ၁၀င်္ထန်းစုပါ ၃ရောံရစေ။
သက္ကရာဇ်၁၂၃၁ခု နရုံလဆန်း ၅ရက်နေ့တွင် မျို့တင်သူကြီး မောင်မြင်က လယ်ဝယ်လယ်ရောင်းပြုကျရာ တိုင်းခ ပွဲခ ပေးရမည် မြေဒူးရုံးက တိုင်ပြောရာမောင်မြင်သို့ ပေးရငွေ ၆ိ၅ူး။
ငနုချောင်း
၁၂၂၇ခု နယုန်လပြည့်ကျော် ၁၃ က်နေ့တွင် ငနုချောင်းရွာနေ မောင်ချစ်သူ ငွေသုန်းရန်လိုပါသည်။ရှာကျံ ချေးပေးပါ မောင်ပေါ်သစ်ကို ဆိုလျင် ၄င်းမောင်ချစ်သူ အဆိုအတိုင်း မောင်ပေါ်သစ်က ယခုနေ့က …ရက်နှင့် ပေးဆပ်ရမည်။ ၄င်းနေ့ မပေးနေလျင် ကျနူပ်ရာဆိုင်သည့်. ကံတွင်းကို လုပ်စားပါတော့ ဆို၍ သဘောတူစာချုပ် နှင့် ခြေးပေးလိုငွေ မွေ၂ဲ၅ိချိန် ၉ိ၆ူးကို ကိုခြစ်သူသို့ ပေးလိုက်သည် ။ ကာလသိရှိသူ ခေါင်းမင်း ဦးဖြူ စာစီစာရေး မင်းနေမျိုးရဲလှရာဇကျော်ထင်။
No comments:
Post a Comment