ကန်ကလေးကုန်း
(အင်ရေအိုးသား နှိပ်စက်သဖြင့် ကန်ကလေးကုန်းသားတို့ ဒုက္ခရောက်ရပုံကို ငပေါ်သစ်က ဘုရင့်ထံ တိုင်ကြားခြင်း)
ဘုရားကျွန်တော် လွှတ်စည် အမှုထန်း ငပေါ်သစ် ငရံကျော် ငမြူးးတို့ ရှိခိုးအစီရင်ခံပါသည်ဘုရား။ ရွှေကျင်၁၃ရွာအ၀င် မြေခုရွာ နယ်မြေအစွန်အဖျားတွင် ဘိုးဘက ကျွန်တော်တိုင် ရေတွင်း ရေကံ ဘုရားကျောင်းကံတည်ထား၍ အကျိုးတော်ဖြစ် ကြေးရွာအိုးအိမ်၄၀ကျော် ပြုစု၍ ကြရောံသည့် အခွန်တော်မင်းမှုရင်းများကို ...လည်ဆောင်၍ ထည်းဘုရားအဆက်ဆက် (ထီးဘုရား) ဘုရားရွှေလက်ထက်တိုင် နေထိုင်သည့်အတွင်း အင်ရေအိုးရွာ..ငစံမင်းက ကြေးထန်းကြီးဆို၍ အစုအမှုထန်းလူတို့ မလုပ်မဆောင်နိုင်မနေနိုင် ကြေးရွာပျက်ပြား.. ၎င်းမြေကို နှောင့်ယှက်၍ ကိုဏ်းထောံဆရာတော်တို့ထံ ထန်းရွံစာ(ထန်းရွက်စာ) ၂ဘက်ချွန်ကို ရေးသား၍ ..... ပြုလုပ်သောကြောင့် ကြေးငွေအများ ကြကုန်ရပါသည် ငစံမင်းကဲ့သို တောခြေရွာများမှာ .....လုပ်လျင် ဆင်းရဲသား ကျွန်တော်မျိုးတို့မှာ အမှုတော်မျာ ထန်းဆောင်နိုင်တော့မည် မဟုပ်ပါ ...အရှင်သာဖြစ်ပါ၍ ရှိခိုးအစီရင်တော့ခံပါသည်ဘုရား။
၁၁၁၆ခု နယုံလပြည့်ကျော် ၂ရက်နေ့တွင် အဘ ဖိုးရဲအောင် မယား မယ်ယွမ်းတို့ ပိုင်ဆိုင်သည့်အမွေ လယ်မြေကုန်းထန်း သက်ရှိသက်မဲ့ ဥစ္စာ ပြစ်စည်းရှိသည်များကို သားမိ ၅ရောံသားတို့ အစုံအညီတွင် အမွေစား ဖိုးယွန်ခွဲဝေယာ ခံစံကျသည်။ မြောက်ဘက်မှန်တောပယ် ၅၀င်္ကျဲမှာ တဲကုန်းအနောက် ကံလယ်ပျွန်လယ်တစု ၁၅င်္ကျဲမှာ အစ်ကိုကြီး ဘကြီးမောင်ရွှေထွန်း ရယူခံစံစေ။ တဲကုန်းမျောက် သင်ဘုပ်တမိသားတစု ၁၅င်္ကျဲမှာ ညီ မောင်ရွှေဇံ ရယူခံစံစေ။ ၎င်းအောံ အိုင်ရင်း၃င်္ကျဲမိသားတစု ၁၅င်္ကျဲမှာ နှမမြစ်အော်ဦးက ရယူခံစံစေ။ လယ်မလယ်ကြီးအောံ မိသားတစု ၁၅င်္ကျဲ၊မှာ ညီ မောင်ဖြိုးပုက ရယူခံစံစေ။ ညီအငယ် မောင်စံပိန်မှာ သစ်ရာရင်းယှိတောင်လယ်မြေ ၁၅င်္ကျဲ၊ကို ရယူခံစံစေ။ ကျေးခိုင် ဦးနော် ကျွဲခေါင်မောင်နိုးတို့ရှေ့ ၅ရောံတို့ ဝေယူခံစံကျ ကာလ စာစီစာရေး
မောင်ကောင်းသာ ။စုံရာပွဲခငွေ ၅ိ။
သက္ကရာဇ်၁၁၆၇ ခု ကဆုံလဆန်း ၅ရက်နေ့တွင်အမကြီး ရှင်………မောင်အောက ဘိုးဦးရှန် အမိအ၀င်တို့ အမွေနှင့်ရသည့် မြို့တင်နယ်အတွင်း လယ်တောကုန်းရှိများကို မောင်နှမ၅ဦးသား စားစုစားသင့်ရာ ခွဲဝေကျသည်ကာသိကြားသူ မောင်ြမတ်ညွန် မောင်ပန်ပြို ဝေဘန်စာ စာစီသူ မောင်ထွန်းသာ စာရေး မောင်နဲ
အမကြီးရှင်၇ွဲမှာ လယ်ကောံကြီးပြိုးခင်း မချည်းလယ်မိသား၃တွင်း မျိုးကြ ၅င်္ကျဲ ညီမ ရှင်ရွှေမှာ လယ်သစ်ကြီး သစ်ငုပ်ရင်း မိသား ၂တွင်း မျိုဲး ၅င်္ကျဲ ညီမ ရှင်ရန်မှာ သတွဋ်ရင်း ၅ိကျဲ ပြိုခင်း မိသား၃တွင်း မျိုးကြ ၅င်္ကျဲ ညီမ ရှင်လယ်မှာ အောံလယ်ရားကြီး သဖန်းပင်လယ်မိသား ၂တွင်း မျိုးကြ ၅င်္ကျဲ မောင်မောင်အောမှာ မျောင်းဦး လုပ်တောင်ပင် ပမွေးဂင် သနတ်ပင် ပြိုးခင်း မိသား၎တွင်း မျိးကြ ၅င်္ကျဲ ကိုစည် လက်ရှိအတိုင်း ရယူပိုင်ဆိုင်ကြစေ ။ တောကုံးများမှာ အမွေဘုံ ရှိစေရမည်။
သက္ကရာဇ်၁၁၇၅ ပဌမဝါဆို လပြည့်ကျော်၅ရက်နေ့တွင် မြေဒူးမြို့တဘယ် မြေတိုင်းကြီး ရာဇ ပြန်ချည်က မြို့တင်နယ်မြေအတွင်း ယုကြောင်ပယ်အဝင် ပျင်ပင်လယ်၊သုံးဒေါင့်လယ်၊ တောင်ပြိုးခင်းလယ်၊ မျက်ကတော လယ်မြေမိသားတစု မျိုးလူ၁၄တင်းကျဲများသည် လယ်မြေရှင် မိသ္ဒါနှင့်ငညိုပါတို့ တမြို့တရွာ ပြောင်းသွားရှိ။ လယ်ခွန်တော် ထမ်းဆောင်မည်မရှိ။အခွန်တော် လစ်လပ်ရှိကြောင်းနှင့် မြို့တင်သူကြီးမောင်ကျံက အစီရင်ခံသည်ဖြစ်၍၎င်းလယ်မျိုးကျ ၁၄င်္ကျဲကို လုပ်ဆောင်လိုသူ ငဆုပြော် တူ င၀ိုင်းက အခွန်တော်ငွေ ရွံနီအချိန် ၃၅ိဆက်သ၍ ပျင်ပင်လယ် သုံးဒေါင့်လယ် တောင်ပြိုးခင်း မျက်ကတောလယ်တစု မျိုးကျ ၁၄င်္ကျဲ လယ်တောင်ဘက်ကုန်း ၅င်္ကျဲ လယ်ပေါ်ကုန်းပေါ်ရှိ ထန်းပေ၀ါးတို့နှင့်တကွ ငဆုပြော် တူ င၀ိုင်းတို့ကို လက်စွဲစာနှင့် ချထားလုပ်စားစေ။ ၎င်း၎င်းလယ်မြေရင် မိဒိသာ မောင်ငညိုပါတို့လာလျင်လည်း လာစေရမည်။
ဦးဆုပ်ပြော်မှာ တောင်ပြိုးခင်းတော သုံးဒေါင့်တော မျိုးကျ ၇င်္ကျဲရစေ။တူ မောင်ဝိုင်းမှာ ပျင်ပင်လယ် မျက်ကတောလယ် မျိုးကျ ၇င်္ကျဲရစေ။
ဦးဝိုင်းမှာ ပျင်ပင်လယ်မိသားတစု မျိုးကျ ၅င်္ကျဲရစေ။
ရှင်ယွန်းမှာ လယ်ဝင်မှံတောလယ် မျိုးကျ ၅င်္ကျဲ ရစေ။
မျက်ကတောလယ်မြေမျိုးကျ ၂င်္ကျဲကို မောင်နွယ်ကို လက်ဖွက်သည်။
သက္ကရာဇ် ၁၂၂ပြဉ် တခူးလပြည့်ကျော် ၅ ရက်နေ့တွင် မောင်ပေါ်သစ်ထံ အပ်ငွေ ၅ူးချိန် ၁၀ အချားသူတွိုကို ချေးငှားရာဖြစ်ပွားငွေ ၅ိ မိငွေ၃ိ ၃စုငွေပေါင်း ၂ဲဝိချိန် ၁၈ိ ငွေအနက်က စပါးခံငွေ ၅ိ အဖိုးစပါး၂၀ိ၃င်္ကျံငွေ ၂ဝြိချိန် ၁၂ိ ငွေ အနက်က ပျိုင်ပ၀ါ ၃ထည်အဖိုးငွေ ၁ိ၅ူး သင်္ဘောချည်ထဘီ ၁ အဖြိွူေ ၁ိ၅ူး ၂စုငွေ ၃ိ။ ၄င်းနောံ ငဆို မိသိုင်းတို့ကို တရားစရိပ်ပေးငွေ ၂ဲ၅ိချိန် ၂ိ၆ူး၃ံ ၄င်းနောံ ဦးဘွယ်ထံ လွှဲငွေ ၂ဲဝိချိန် ၃ိ
၁ိ၅ူး
ငွေ၅ိအဖိုး စပါး ၂၀ိ၃င်္ အတက် ရှင်မငိးရွဲပေးစပါး၇င်္ ၁ိ၅ူး မိသိုင်း ငဆိုတိုပပေးစပါး ၃င်္ ၂ိ၆ူး၃ံ
၃ိ ၉ိ၉ူး၃ံ ကျံငွေ၂ဲဝိချိန် ၂ိ၁ူး
တည်တောလွှတ်စေအမှုထမ်း ငပေါ်သစ်ချက်
တည်တောလွှတ်စေအမှုထမ်း ငပေါ်သစ်ချက်။ ကျွန်တော့်ဘ ရစုသင့် ရှိုဝင်တော ခေါ် လယ်ကုန်းများကို ခွဲတန်းဝေစာအရ အမွေစားတို့က ချင်းနင်းပြသသောကြောင့် ကုန်းလယ်ကို လုပ်စားသူ ငမှန်ကို တားဆည်းသည်ကို မနေ ။ ချတင်လုပ်စားသည်များကို ခံနေရပါသည်။ ရှိုဝင်တော ခေါ် လယ်ကုန်းမြေကို ကျွန်တော်တို့ပိုင် လျောံဆိုရသည်မှာ ငမှန် ဘ ငထွေး ကျွန်တော့်ဘီမ မိအိမ်ဖြူ တို့ မောင်နှမခွဲတန်းဝေစာကို တွေ့ရှိသောကြောင့် ဝေစာတွင် ဘီမ မိအိမ်ဖြူ ရစု ပေါက်ရင်း။ ရှိုဝင်။ ကြို့ခေါင်း။ လယ်ကုံးအ္နက် ရှိုဝင်တော ခေါ် လယ်ကုံးများကို ကျွန်တော်တို့ ငယ်ရွယ်စည် တရပ်တရွာ ပါသည်ကို မနေ ချတင်လုပ်စားသောကြောင့် လျောံဆို တားဆီးရပါသည်။
ငမှန်အစစ်ခံချက်
သက္ကရာဇ် ၁၂၂၀ ခု တခူးလပြည့်ကျော် ၁၁ရက်နေ့ ငမှန်ချက်။ ရှိုဝင်တော ခေါ် လယ်မြေသည် ဘိုးဘ ကျွန်တော်တိုင် ရွှေနန်းအဆက်ဆက် လက်ရှိ ချတင်လုပ်စားရာ ငပေါ်သစ်က မည်သည့်ကာလမှ အဘရစုသင့် ခွဲဝေအရဆို၍ တားဆည်းနှောင့်ရှက်ရဘူးသည်မဟုပ်ပါ။ ငပေါ်သစ် ဘီ မိအိမ်ဖြူ ကျွန်တော့ဘ ငထွေးတို့ ကာလရှည်သောကြောင့် ခွဲတန်းဝေစာနှင့် မည်ကဲ့သို့ ပိုင်းချားဝေငှ ရယူလုပ်စားသည်များကို ကျွန်တော့်လက်ထက်တိုင်ရောံမှ စွဲဆိုလျှောံထားသည်ဖြစ်၍ အပ်ရာမရာ မဆိုနိုင်ပါ။ ကျွန်တော့မှာ ဘီ ငထွေးက အစည်ဆင်းသက်၍ တီတိုင်အောင် လက်ရှိချထား လုပ်စားရာ ငပေါ်သစ် ဘေးဘိုးဘမိတို့ အမွေဆို၍ နှောင့်ယှက်စွဲအပ် လျှောံဆိုဘူးသည်မရှိ အမွေရစုမှံ တားဆည်းနှောင့်ရှက်သင့်ပါသည်ကို ငပေါ်သစ် ဆွေခွန်နှစ်ဆက်အလွန် ဘီလက်ထက်ကကို တီတိုင်ရောံမှ လျှောံဆိုကောင်းသည်မဟုတ်ပါ ရှိုဝင်တော ခေါ် လယ်မြေဆိုသည်လည်း ငပေါ်သစ်တွင် ချတင်လုပ်စား ထင်ရှားလျက် ဖြစ်ပါသည်။
ပဌမတရားသူကြီးကောံတော်မူချက်
ငပေါ်သစ် နှင့် ငမှံ တို့စကားမှာ စစ်ဆေးရွေးကြယ်သာအောင် ဝေစာစာတန်း ဆွေမျိုးစည်ဆက်စာရင်းများကို တင်စေ။ စာတန်းဝေစာ ဆွေမျိုးစည်ဆက်စာရင်းများကို ကြည့်ရှုပြီးမှ အမွေထိုက်မထိုက် ခွဲဝေပိုင်းချား တရား ရောံမရောံများကို ချိန်ထောံရွေးကောံစီရင်မည် ဟူ၍ ၁၂၂၀ ကဆုန်လဆန်း ၁၃ရက်နေ့ တရားသူကြီး မင်းကြီး မဟာမင်းလှကျော်သူ ကောံချက်ကို ငပေါ်သစ် နှင့် ငမှန်တို့ လ္ဘက်လှန်စားကြသည်။ လ္ဘက်ပေး ငပရွက်။
ဒုတိယ တရားသူကြီးကောံတော်မူချက်
ငပေါ်သစ်နှင့် ငမှန်တို့ ဆိုကြသည့်စကားမှာ ယခုအချင်းဖြစ်ရှိုဝင်တော ကုန်းလယ်မြေ ဝေစာစာတန်းဖြစ်ကြောင်းနှင့် ငပေါ်သစ် တင်ပြစာတန်းသည် ငတုတ် မိအိမ်ဖြူ မိပြည့်ဖြူ မိအိမတို့နှင့် စုံညီခွဲဝေ ပိုင်းချားရေးသားစာဝေခွဲစာ မှ န်မမှန် အမှုသည်အမွေစား မိအိမ်ဖြူ ရစု ရှိုဝင်တော ခေါ် လယ်ကုန်း မှန်မှန် အမှုသည် ၂ဦး အမွေစား ငရွှေတုတ် . ငနီ ငပိန်တို့ကို ကျမ်းပေး၍ မေးထွက်လျင် အချင်းဖြစ် ရှိုဝင်တော ခေါ် လယ်ကုန်းများကို ငမှန်က ငပေါ်သစ်သို့ ပေးစေ။ စစ်မေးရာ ငရွှေတုတ် ငနီ ငပိန်တို့က မထွက်မဆိုလျင် ရှိုဝင်တော ခေါ် လယ်ကုန်းများကို ငမှန် လက်ရှိ အတိုင်းရစေ။ စရိတ်ကို...ပလပ်စေ။ ဟူ၍ ၁၂၂၀ ပြည့် နယုန်လဆန်း ၄ရက်နေ့ တရားသူကြီး မင်းကြီးမဟာမင်းလှကျော်သူ ကောံချက်ကို ငပေါ်သစ် ငမှန်တို့ လ္ဘက်လှမ်းစားကြသည် လ္ဘက်ပေး ငသိမ်။
ဘုရားကျွန်တော် ငပေါ်သစ် ရှိခိုး အစီရင်တော်ခံပါသည်ဘုရား။ ကျွန်တော်နှင့် ငမှန် တို့ ပြောဆိုကြသည်အမွေတရားစကားကို သဘောတူကျေးရွာ……………မြို့အုပ်ထံ အဆိုဆင်ခြေကောံချက်များ ကို တင်ပြီး ..အမွေစား သက်သေတို့ကို ကျမ်းပေး၍ …………သက်သေတို့က ငပေါ်သစ် ငမှန် ကျွန်တော်တို့ ဘေးဘိုး ဝေခွဲသည့် လယ်ကုန်းများကို ဝေစာအတိုင်း ကျွန်တော်တို့ လက်ရှိလုပ်စားရှိပါသည်။ ငမှန် ငပေါ်သစ် ရစုသင့် လယ်ကုန်းများကို ထိန်ကျံ ကဲ့…လုပ်စားသည်အမှုကို ကျမ်းမထမ်းမရွက် သင့်ကြောင်းနှင့် ထွက်ပေါ်၍ မြေဒူးမြို့အုပ်ထံ အစီရင်ချက်ကို သိတော်မူသာအောင် ရှိခိုးအစီရင်တော်ခံပါသည်။
အမွေစားသက်သေ ငနီ ငပိန် ငရွှေတုတ် သား ငလယ်တို့က မြေဒူးမြို့အုပ်ထံ အစီရင်ခံချက်ဘုရား။
ဘုရားကျွန်တော် ငနီ ငပိန် ငရွှေတုတ် သား ငလယ်တို့ ရှိခိုး အစီရင်တော်ခံပါသည်ဘုရား။ ငမှန် ငပေါ်သစ်တို့. မြေမှုစကားကို အမွေစား ကျွန်တော်တို့ကို မေးစေကောံချက်ကို အထက်စာရှိသည့်အတိုင်း အစစ်အမေး ငမှန် ငပေါ်သစ်တို့ ပြောဆိုသည် အမွေလယ်မြေ ရှိုဝင်တောပေါံရင်းကြီးအကြောင်း ပြောဆိုကြသည်ကို အမွေစား ဘိုးဘွား၆ဦးသားတို့ ခွဲတမ်းဝေစာ ထင်လျားရှိသည်အတိုင်း ကျမ်းအစစ်အမေး မခံသင့်။ ဘိုးဘွား အမွေစား ၆ဦးသားတို့ ခွဲဝေပိုင်းခြားသည့် ဝေစာစာတမ်း တင်ပြ၍ ရှိပါသည်။ အမိန့်တော်ရှိရာ ဦးထိပ်ရွက်ပါရမည့်အကြောင်းကို ရှိခိုး အစီရင်တော်ခံပါသည်ဘုရား။
၁၂၂၀ခု ပဌမ၀ါဆို လပြည့်ကျော် ၁၁ရက်နေ့ အစီရင်ခံသည်။
ကျမ်းအစစ်ခံနေ့စွဲထွက်ချက်။
သက္ကရာဇ် ၁၂၂၀ ၀ါခေါင်လဆန်း ၁၀ရက်နေ့ ငပေါ်သစ် ငမှန်တို့ အစုံအညီတွင် လ္ဘံစားကောံချက်အရ အမွေစားဘက် ငနီ ငပိန်တို့ကို တရားနာခံ နေမျိုးမင်းထင်ကျော်ခေါင်ကို ကျမ်းမ၍ ဆုတောင်းပြည့် မြတ်စွာဘုရား ယည်ပြည်တော်ရှေ့တွင် အာကာစိုး နေမျိုးသီဟကျော်ထင် လူ ငရွှေတူက ငနီ ငပိန်တို့ကို သစ္စာတော်ကျမ်း ပေးမြဲပေးအပ်၍ နဘူးထိပ်ထက်တင်ရွက်စေပြီးလျင် ဟုတ်မှန်သည်ကိုသာ ဆိုပါမည် မဟုတ်မမှန်ဆိုပခြေသော် သစ္စာတော်ကျမ်းတွင် ပါသည့်အတိုင်း စူးရောံသည်ဖြစ်စေသော ၃ကြိမ်၃ဘန် လိုက်နာကြပ်ဆိုစေ၍ ၎င်းနေ့ တရာသူကြီးမင်း မဟာမင်းလှကျော်သူကိုယ် ငပေါ်သစ် တင်ပြစာတန်းကို ၃ကြိမ်၃ခေါံ ဘတ်ပြနာခံစေ၍ ငနီကို မေးသော် ငတုပ် မိပြည့်ဖြူ မိအိမ အမွေစား သားခြင်းတို့နှင့် တစုတည်း ခွဲဝေပိုင်းချား ချုပ်ဆိုရသည် ။ ဝေစာစာတန်းဖြစ်ကြောင်းနှင့် မိဘလက်ရှိ အသီးအသီး စည်ဆက်စကားကို
ကျွန်တော့်အစ်ကို ပြော၍ သိပါသည် ထွက်ဆိုသည်။ ၎င်းနည်း ၃ကြိမ် ၃ခေါံဖတ်ပြနာခံစေ၍ ငပိန်ကို မေးသော် ငတုတ် မိပြည့်ဖြူ မိအိမ အမွေစား သားခြင်းတို့နှင့် စုံညီ ခွဲဝေပိုင်းချား ရေးသားစာတန်း မှန်ကန်ကြောင်း ဘိုးဘွားမိဘတို့ ပြောဆို၍ .........ယခုတင်ပြသောစာတန်းအတိုင်းချထား လုပ်စားရကြောင်းကို ဟုတ်မှန်သိသည် ထွက်ဆိုသည်။
တတိယကောံချက်။
ငပေါ်သစ်နှင့် ငမှန်တို့......။ ပဌမ ဒုတိယ ကောံချက် လ္ဘံစားအတိုင်း ၂ဦး ဆွေမျိုး ငပိန် ငနီတို့ကို ကျမ်းပေး၍ မေးဘတ်ပြ နာခံရသည့် စာတမ်းသည် ဘိုစဘွားစည်ဆက် စုံညီရေးသားထားသည်ကို မိဘဘိုးဘွားပြောဆိုသီကြောင်း ထွက်ဆိုရှိသည်။စစ်မေးရန်ကျန်သက်သေ ငရွှေတုတ်သည် နာမကျမ်းရှိသည့်အမှုနှင့် တရားမရှည်မကြာသင့်။ ငပေါ်သစ် ဓိဌာန်ချက်။ ကျွန်တော်တင်ပေးသည့် စာတမ်းသည် စာတမ်းပါလူတို့ စုံညီရေးသားထားကြောင်း ဘကြီးအရီးတို့ စည်ဆက်ပြောဆို၍ သိသည်မှန်သည်။ ဓိဌာန်ချုပ်အတိုင်း ငပေါ်သစ် ကျမ်းထမ်းစေ။ ဆိုဝံ့လျင် ရှိုဝင်တော လယ်ကုံးများကို ငပေါ်သစ်က ရစေ။ ငပေါ်သစ် ကျမ်းမဆိုဝံ့လျင် အချင်းဖြစ်လယ်မြေကုံးများကို သက်သေထွက်ချက် တရားဓမ္မသတ်ရှိသည့်အတိုင်း ငပေါ်သစ် ၂စု ငမှန် တစု ရယူစေ။ ဟာတန်းပါ ငပေါ်သစ်ရစု ကုန်းမြေဘော်အတွင်း နေအိမ်ဆောံထား နေထိုင်လျက်ရှိကြလျင် ပြောင်းရွှေ့စေ။ ငဘိုးသင် ငပေါသစ် ရစုကုန်းမြေပေါ်တွင် ပေါံရောံသည့် အသီးအပင်များကို ကျေးရွာထုံးစံရှိရာ ငပေါ်သစ် ငမှန် စိုက်ပျိုးသူကို ဝေငှစားသုံးကြစေ။ ဟူ၍ ၁၂၂၀ ၀ါခေါင်လပြည့်ကျော် ၄ရက်နေ့ တရားသူကြီး မင်းကြီးမဟာမင်းလှကျော်သူ ကောံချက်ကို ငပေါ်သစ် နှင့် ငမှန်တို့ လ္ဘက် လှမ်စားကြသည် လ္ဘက်ပေး ငသိမ်။
သက္ကရာဇ် ၁၂၂၀ ၀ါခေါင်လပြည့်ကျော် ၅ရက်နေ့ ငပေါ်သစ် ငမှန်တို့ အစုံအညီတွင် တရားနာခံ နေမျိုးမင်းထင်ကျော်ခေါင်ကို ကျမ်းမ၍ ဆုတောင်းပြည့် မြတ်စွာဘုရား ယည်ပြည်တော်ရှေ့တွင် အာကာစိုး နေမျိုးသီဟကျော်ထင် လူ ငရွှေတူ ငပေါ်သစ်ကို သစ္စာတော်ကျမ်း ပေးအပ်၍ နဘူးထိပ်ထက်တင်ရွက်စေပြီးလျင် ဟုတ်မှန်သည်ကိုသာ ဆိုပါမည်။ မဟုတ်မမှန်ဆိုပခြေသော် သစ္စာတော်ကျမ်းတွင် ပါသည့်အတိုင်း စူးရောံသည်ဖြစ်စေသော ၃ကြိမ်၃ဘန် လိုက်နာစေပြီးလျင် ငပေါ်သစ် ဓိဌာန်ချုပ်ကို ၃ကြိမ်၃ခေါံ လိုက်စေ။ မကြံ သံထပ်ရေရွတ် လိုက်နာကြိမ်ဆိုဝံ့သည်။
သက္ကရာဇ် ၁၂၂၀ ၀ါခေါင်လပြည့်ကျော် ၅ရက်နေ့ ငမှန် ခံဝံချက်။ ငပေါ်သစ်ရစု ဝေတမ်းစာအရ လ္ဘံစားကောံချက်ပါသည့် အချင်းဖြစ် ရှိုဝင်တောကုန်းလယ်မြေများကို ငပေါ်သစ် ကျမ်းသစ္စာ ကျိမ်ဆိုရှိသည့်အတိုင်း ချတင်လုပ်စားသိမ်းယူပါစေတော့ ကျွန်တော်က မတားမဆီးပါ အမှုသည်အစုံအညီ ခံဝန်သည်။
No comments:
Post a Comment