ထန်းတောကုန်းရွာ ကံထူးမ မြေခုသူကြီး ငတုပ်ဖြူ
သက္ကရာဇ် ၁၂၆ ခုနှစ် တော်သလင်းလ္ဆန်း ၅ရက်နေ့တွင် မောင်အော အစ်မ မရှင်ရွေးက ယုကြောင်ပယ်အတွင်း ယာဆိုင်ပိုင်ထိုက်သည့် သတွန့်ယင်းကြီး မိသားစု မျိုးကျ ၇င်္ကျဲလယ်ကို အပေါင်ခံယူပါ တပ်စာရေး မောင်ထွန်းကောင်း သ္မီးခင်ပွန်းက ရွှေအချိမ်.......ရွှေသွေး ၉ူးး ၁ဲနေ။ ၎င်းတရတ်။ ငွေချိန် ၇ိ၃ံငွေမွေ ရွံနီမှီ။ ၎င်းတရတ် ၁ိ၃ံငွေမွေ ၁ိ ရှင်ရွေးသို့ ပေး၍ ကျေးပေးလယ်ပေါ် အပေါင်ခံယူကျသည်ကာလ ငွေချိန်ငွေခန် မောင်ချောအင် သိရှိသူ မောင်ရွေး စာရေး ငွေရင် တပ်စာရေး မောင်စုစူ ၁၆ိ၃ူး
သက္ကရာဇ် ၁၁၉၁ခု နယုံလပြည့်ကျော် ၈ရက်နေ့တွင် ထမ်းတောကုမ်းရွာနေ မောင်အော အစ်မ မရှင်ရွေးနှင့် ငွေ ၁၂ိ ၆ူး၁ဲငွေမွေရွံနီ ၎င်းနောံ ဦးဘေ ထပ်မာန်ပေါင်ပျံသည့် ငွေမွေရွံနီ ၂၂ိ၆ူးး။ ၎င်းသက္ကရာဇ်ကို ဆံဆွဲရွာနေ ငထွေး ကျေးကံရွာနေ ငခဲတို့ ရွေးယူသည်။
သက္ကရာဇ် ၁၁၉၁ခု နယုံလပြည့်ကျော် ၈ရက်နေ့တွင် ထမ်းတောကုမ်းရွာနေ မောင်အောက ငွေသုံးရန်လိုပါသည်။ အ္ထံ တပ်စာရေးမင်း သ္မီးခင်ပွန်းတွင် မှန်တော အောံ လယ်ကောံကြီးမိသားစု မျိုးကျ ၅င်္ကျဲ အပေါ်တွင် ငွေမွေရွံနီ ၂၅ဲ ၆ူး၁ဲ ထပ်ဖြည့်ပေးပါ မောင်ကူ သ္မီးလင်ပွန်းကို ဆိုလျင် ၎င်းမောင်အောဆိုချက်စကားအတိုင်း မောင်ကူ သ္မီးခင်ပွန်းက ငွေမွေရွံနီ အချိန် ၂၅ဲ ၆ူး၁ဲ
သက္ကရာဇ် ၁၂၂ပြည့်ကဆုံလပြည့်ကျော်၂ရက်နေ့ မြေခုရွာသူကြီးငတုပ်ကြီးက မြေဒူးမြို့အ၀င် မြို့တင်နယ် စစ်တန်းပါ ထန်းတောကုန်းရွာတောင် ယုချောင်ရေယူမြောင်းကွဲ အရှေ့လားသော် ၀က်လူးရှိုကို ရှောက်၍ ၀က်လူးအိုင် အရှေ့လမ်းမထိ၊ မြောက်ကိုလားသော် လမ်းမရှောက်၍ နွားမပေးမြောင်းထည့်(ထိ)၊ အနောံလားသော် မြောင်းရှောက် နတ်ကွန်းထိ၊ အနောံကိုလားသော် မြောင်းကိုရှောက်၍ သပ်မှတ်ရင်းမြောင်းရာ၊ ၎င်းလယ်မြေကုံးရပ်ဒေါင့်စွန်း ၂ပယ် ကျဲခန့်ရှိသည်များကို ကျေးရွာပြုစုနေထိုင်လုပ်စားပါရအောင် နယ်မြေအစိုးရသူတို့ထံ လျောက်ထားပြောဆိုပါ။ မောင်အောက အစီရင်ခံသည်ဖြစ်ပါ၍ ၎င်းနယ်မြေ၂ပယ်ကျဲခန့်ကို ပနာငွေ ရွံနီချိမ် ၃၀(ရွက်နီချိန်)ကို ဆက်သ။ မစတော်မူပါမည်အကြောင်းနှင့် အစီရင်ခံချက်အရ မြေဒူးမြို့စစ်တန်းခံ ၀က်လူးရှိုမြောံဘက် လယ်မြေကုန်းရပ် ၂ပယ် ကျဲများတွင် အိမ်ချေလူနေကျေးရွာပြုစုလိုသူ မောင်အောက ပနာငွေရွံနီချိန်၃၀ကို ဆက်သ၍ အရပ်ရပ် ဆောင်ရွက်ရန် ရှိသည်များကို မောင်အောက ပေးဆောင်ပြီးလျင် ၎င်းမြေပေါ်တွင်ကျေးရွာတည်လုပ်စားစေ၍ မောင်အောကို ပနာချ စားပေးအပ်ရှိသည့်ကာလ။ သိရှိသူ မြို့တင်သူကြီးမောင်ကျံ၊ မြေကုရွာနေ မောင်ရန်ပြေ၊ ကံထူးမရွာနေ မောင်ခန့် ၊ ကျေးကံရွာနေ မောင်နွဲ၊ သပြေရင်းရွာနေ မောင်သာစံ ၊ ကျေးကံရွာနေ မောင်ချင်ဖြူ၊ ပနာချစားသူ လက်ဆည်ရွာနေ ဦးမောင်လှိုင် စာရေး မောင်ပြန်။
သက္ကရာဇ် ၁၁၆၅ခု ကဆုံလပြည့်ကျော် ၅ ရက်နေ့တွင် ကထူးမရွာနေ မောင်စံမဲက အခွန်တော်ငွေဆောင်ရန် ငွေ အသုံးလိုပါသည် ကျနုပ်ရာဆိုင်သည့် သပြေရင်း ၃တွင်းပေါင်း လယ်မြေကုန်းရပ်များကို နယ်မြေပတ်ဝိုက် သစ်ပင်အပိုင်းအချားများနှင့် ပေါင်ထားလိုပါသည် အပေါင်ယူလုပ်စားနှင့်ပါ သစ္စေးပင်လှရွာနေ မောင်ပြည့် သ္မီးခင်ပွန်းတို့ကို ဆိုလျင် လယ်မြေကုန်းရပ်များကို ဆေးပိုင်းချား၍ ပေါင်ထားပါတော့ဆိုသောကြောင့် နယ်နိမိတ်မှာ ၀က်လူးအိုင်က အနောံ လမ္မရှောံ၍ မိမွန်ဂေါံ ငနုမြေချုပ်စပ်၊ အနောံတောင်အလား ငနုမြေအစပ်။ အုန္နဲပင်တောင်ပို့၊ .....အလား ဇောင်ချမ်းပင်၊ မောင်ပေါ်စတို့ မြေအစပ် ကုက္ကိုပင် ၊ မြောံအလား ပေါံပင်အိုင်ပေါံ မောင်ပေါ်စတို့မြေအစပ်။ ၎င်းမြောံအလား လယ်ကျံအောံကစင်းကို ရှောံ၍ ယုကြောင်ရေယူမြောင်း။ ၎င်းအရှေ့လားသော် ယုကြောင်မြောင်းကို ရှောံ၍ သပြေရင်းလယ်ကြီး သပြေရင်းလယ်မြောံကစင်း။ ၎င်း အရှေ့လားသော်..............၎င်းအရှေ့ကို မြောင်းကိုရှောံ၍ သတ်မှတ်ရင်း ၀က်လူးဆေးအိုင် ...ငနုမြေတဘက်။ ပတ်ဟိုက်သည့်နယ်မြေအတွင်း လယ်မြေမျိုး ၁၅င်္ကျဲ ကုန်းမြေ၁၀င်္ကျဲ ထန်းသစ်ဝါးတို့ပါ ငွေပေးလယ်ပေါ်ကုန်းပေါ် အပေါင်ပြု၍ မောင်ပြည့်သ္မိးခင်ပွန်းတို့က ငွေမွေ၂ိချိန် ၄၀ တရပ် ၂ဲ၅ိချိန် ၃၅ိ ၂စုငွေ ၇၅ိကို လယ်မြေရင် မောင်စံမဲတို့သို့ ပေး၍.......လုပ်သည်ကာလ သိရှိသူ မောင်ကျော်စွာ ပတာစိုး မောင်မှံ မောင်ဝင် မောင်အောင်ဘာစီ မောင်ဘာမွန် စာရေး....
အကုသလ အမိတ္တ ပါပရန် ဆဲ့၂တန်ကင်းထောံမှ လွတ်မြောက်ခွာရည်သံ မြိုက်အမတ နိဗ္ဗာန်ကို ဆွတ်ယူပန် စိတ်သုံးနှင့် ကျင့်နှုံးတော် စာမရီ မြဲဓလေ့ယှည်မှလျက် ငှက်ကိကီပုံမယုတ် ၀ါယာဟူ အားထုတ်လျက် ပါဌ်ကုတ်ကျမ်းအလာ သံဝရလေးဖြာကို သက်ပမာသားဥသါင် လွန်ခင်မင်သဒ္ဓါဇော ရှင်ပီတိပြန်ပပြောလျက် သဘောတော်ဆံတသွေ့ ရှုလစ်လျူမမေ့ဘဲ ကျင့်ဆောင်လေ့ရှိပေသော ၀တ်တွားကြည်နူး လက်ဆယ်စုံညွတ်ဖူးလျက် ကံထူးမတိုက်အတွင်း သီတင်းသုံးနေပါသော တပည့်တော် ရှင်သုဇာတ လျှောံဝံ့ပါသည် အရှင်မြတ်ဘုရား ။ တပည့်တော်မှာ သီတာသတ္တရသန် တောင်ရံရစ်ခို မြင့်မိုမမျှ ဂုဏဆင့်ဆင့် ထူးမြတ်မြင့်သော အသက်၇၀အရွယ်သူ အဘတကာကြိးသည် ပျက်စီးခြင်း ခယ၀ယ ဘင်္ဂသဘော ရွေ့လျောဖောံပြန် ဆက်ဆံမလွဲ မမြဲတတ်သောဓမ္မ အနိစ္စ လက်တွင်းမှာ မကင်းမလွတ်နိုင်သူဖြစ်၍ ဘ၀တပါး ပြောင်းသွားကွယ်လွန်ရာ ရုပ်ခန္ဓာအလောင်းကို သူတော်ကောင်းတို့ သွားမြဲသောလမ်းမဖြင့် ဈာပနကိစ္စကို လှပအဆင့် ချီးမြှင့်ရွက်ဆောင်လိုပါသည်ဖြစ်၍ သက္ကရာဇ် ၁၂၃၂ခု ၀ါဆိုလပြည့်ကျော်၁၁ရက်နေ့ ကထူးမတိုက်သို့ နေ့ဆွမ်းမှီ ကြွရောံတော်မူပြီးလျင် ပစ္ဆာဘတ္တ သမယအခါ ၄င်းရွာအနောံတွင် သုသန်ခွင်အရပ်သို့ ချည်းကပ်တော်မူပြီးခါ အသုဘသညာကို မြဲမကွာသတိ သိဝထိန၀တွင် ပထမအခန်းဖြင့် စီးဖြန်းတော်မူပါမည့်အကြောင်းကို တောင်းပန်ညွတ်တွား လျောံထားဝံ့ပါသည် အရှင်ဘုရား။
၁၂၃၇ခု နတော်လပြည့်ကျော် ၁၂ ရက်နေ့တွင် ကံထူးမရွာနေ ကျေးထန်းကြီး မောင်ရိပ် မောင်ကျံနှစ် မောင်ခဲ မောင်တေဘေ မောင်ပြောင် မောင်စံကောင်း မောင်ရွှေအဲတို့နှင့် မောင်ပေါ်သစ် သဘောတူ စာချုပ်။ မြေခုခရိုင်မှာ သသာမေဓငွေတော်ပျင် ကြေးပို ငွေပို အိံချေ ထိန်ကျံ စားရူ ရှိသောကြောင့် လွှတ်တော်ဆိုင်ရာ ရုံးတော်မှာကုန်အတူ ရလျင်အညီ ခံပါမည် ဆိုပါမည် နောင် စာချုပ်အတိုင်မတည် ပေါံပျံ၍ တဦးဦးက ရှိလျင် ရောံကြားတကိုဖိုးငွေ ဒင်္ဂါးပျားရေ ၃၀ ကို ပေးပါမည် ဆို၍ သဘောတူစာချုပ်ကျသည် ကာလစာစီစာရေး ကိုဝိုင်။
သရက်ခါးကျောင်း ပုရပိုက်များ
သရက်ခါး ကျောင်းဆရာ အမိန့်ရှိလိုက်သည်။ သစ္စေး၆ရွာနယ်အတွင်း သတင်းသုံး နေထိုင်ကြသည့် ဂိုဏ်းဝင်သံဃာတော်တို့နှင့် အထိမ်းအအုပ်ပြုလုပ်သူ သစ္စေမှူး၊ အစီ အရင် စာရေးခေါင်းလူကြီးတို့ သာသနာဒါယကာ ဧကရာဇ်မင်းမြတ်က သာသနာတော် ပွင့်လင်းစည်ပင်ခြင်းကို ရည်သံတော်မူသဖြင့် သာသနာပိုင် ဆရာတော် ဘုရားကြီးကို ရွှေနန်းတော်သို့ ပင့်ဖိတ်တော်မူ၍ သာသနာတော်ကို သုတ်သင်ပြုစုတော်မူပါ တောင်းပန် တော်မူချက်အရ သာသနာပိုင်ဆရာတော်ကြီးက သာသနာရေးသာသနာမှု မြို့ရေးရွာမှု တို့ကို ကျင့်သုံးဆောက်တည် ဆုမ္မသြ၀ါဒပေးရန် အမိန့်တော် ဥပဒေတော်များကို ပေးအပ်ဖို့ လာရောက်ရှိသည်ဖြစ်၍ အမိန့်တော် ဥပဒေတော်များကို တင်ပတ်နာခံစေရန် နယ်တွင်းရှိသံဃာနှင့် အထိမ်းအအုပ်ပြုလုပ်သူ လူအရာရှိ တို့ကို ပင့်ခေါ်သင့်သော်လည်း ပင်ပန်းနွမ်းရိရှိမည်ကို ထောက်သဖြင့် တောင်ဦးကျောင်း ဆရာတော် ရှင်ရေ၀တကို အမိန့်ဥပဒေများကို တင်ပတ် ဆုမ္မစေရန် ဆင့်ဆိုပေးအပ် ရှိသည်။ တောင်ဦးကျောင်းဆရာ ရှင်ရေ၀တက အမိန့်တော်၊ ဥပဒေတော်များကို ကြပ်ကြပ်တည်းတည်း တင်ပတ်၊ ဆုမ္မ၊ သြ၀ါဒ ပေးရမည်။ ရွာနယ်အတွင်းရှိ ဂိုဏ်းဝင်သံဃာတော်တို့နှင့် သစ္စေမှူး၊ အစီအရင် စာရေး ခေါင်းလူကြီးတို့ကလည်း တောင်ဦးကျောင်းဆရာတော် ရှင်ရေ၀တ တင်ပတ် ဆုမ္မ သြ၀ါဒပေးရာ နာခံကျင့်သုံး ဆောက်တည် နေထိုင်ကြ ရမည့်အကြောင်း အမိန့်ရှိလိုက်သည်။ ဂိုဏ်းဝင်သံဃာတော်တို့နှင့် အထိမ်းအအုပ်ပြုလုပ်သူ လူအရာရှိကြီးတို့။
၁၂၄၅ခု ပထမ၀ါဆိုလပြည့်ကျော် ၁၀ရက်နေ့ ရွှေ၁၃ရွာသစ်စေး၆ရွာ စိန်းနန်းရွာ သုံးခရိုင် သံဃာတော်တို့ သဘောဆန္ဒတူ သမုတိထားသည့် သရက်ခါးကျောင်းနေ သမုတိဆရာ ရှင်ရေ၀တ ခံဝန်ချက်။ အမိန့်တော် ဥပဒေတော်အရ တိုက်အုပ်ဆရာတော် ဆင့်ဆို ဆုမ္မသြ၀ါဒ ပေးတော်မူသည်ကို မသွေမလှန် စောင့်ရှောက် ထိန်းသိမ်းပါမည်။ ဂိုဏ်တွင်းရှိ ဂိုဏ်းသံဃာတော်တို့ကို နွံနာပိပျားရှိအောင် ဆင့်ဆိုဆုမ္မပါမည်။ အမိန့်တော် ဥပဒေတော်တို့ကို လေးစားမမူ ကြောင့်ကြမဲ့၊ မိမိလည်း အားမထုပ်၊ ဂိုဏ်းသံဃာတို့ကို လည်း တင်းတင်းကြပ်ကြပ် မဆင့်မဆို နေရာတကျ မရှိသည်မြားကို နောင်ကြားသိတော်မူ လျင် ပေးတော်မူသည့် အပစ်ဒါဏ်ကို ခံပါမည်။ ရွှေ၁၃ရွာ၊ သစ္စေး၆ရွာ၊ စိန်းနန်းရွာ ၎င်း သုံးခရိုင် သံဃာတော်တို့ သမုတိထားအပ်သည့် သရက်ခါးကျောင်းနေ သမုတိဆရာ ဦးရေ၀တ ခံဝန်လျှောက်ဆိုသည်။
၁၂၄၅ခု ပထမ၀ါဆိုလပြည့်ကျော် ၁၀ရက်နေ့ ကန်များကျောင်းဆရာ ရှင်ဥဂ္ဂံသ ခံဝန်ချက်။ အမိန့်တော် ဥပဒေတော်အရ မသွေမလှန်စောင့်ရှောက် ထိန်းသိမ်းပါမည်။ စည်းပေါက်တောရကျောင်းဆရာ။ အင်းပက်လက်ကျောင်းဆရာ။ ရွာသစ်ကျောင်းဆရာ။ ၀ါးရုံသာကျောင်းဆရာမှစ၍ ၎င်းဆရာတို့နှင့်ပေါင်းဘက် နေထိုင်သူ ရဟန်းသာမဏေ တို့ကိုလည်း အမိန်တော်ဥပဒေတော်အရ အုပ်ကျောင်းတိုက်အုပ်ဆရာတော် ဆင့်ဆိုဆုမ္မ သြ၀ါဒပေးတော်မူသည်ကို တင်းတင်းကြပ်ကြပ် တင်ပတ်ပြသဆုမ္မ၍ စောင့်ရှောက်ထိန်း သိမ်းကျင့်သုံးပါစေမည်။ နောင်အမိန့်တော် ဥပဒေတော်များကို မကြားမသိ မဆုမ္မကြောင်း များကို ၎င်းဆရာတို့က ပြောဆိုလျှောက်ကြားသိရှိလျင် ဆရာတော်တို့ပေးရာ အပစ်ဒါဏ်ကို ခံပါမည်။
၁၂၄၅ခု ပထမ၀ါဆိုလပြည့်ကျော် ၁၀ရက်နေ့ အင်ပင်အိုင်ကျောင်းဆရာ ရှင်ကေတု ခံဝန်ချက်။ အမိန့်တော်ဥပဒေတော်အရမသွေမလှန်စောင့်ရှောက်ထိန်းသိမ်းပါမည်၊။မုန်တိုင်ခြင်းကျောင်းဆရာ၊ ရေရှင်ပြသဒ် ကျောင်းဆရာ၊ ၎င်းရေလယ်ကျောင်းဆရာ၊ ရကဲ တောရကျောင်းဆရာ။ အင်ရေအိုး ကျောင်းဆရာမှစ၍ ၎င်းဆရာတို့နှင့်ပေါင်းဘက် နေထိုင် သူ ရဟန်းသာမဏေတို့ကိုလည်း အမိန်တော် ဥပဒေတော်အရ အုပ်ကျောင်း တိုက်အုပ် ဆရာတော် ဆင့်ဆိုဆုမ္မ သြ၀ါဒပေးတော်မူသည်ကို တင်းတင်းကြပ်ကြပ် တင်ပတ်ပြသ ဆုမ္မ၍ စောင့်ရှောက် ထိန်းသိမ်းကျင့်သုံးပါစေမည်။ နောင်အမိန့်တော် ဥပဒေတော်များကို မကြားမသိ မဆုမ္မကြောင်းများကို ၎င်းဆရာတို့က ပြောဆိုလျှောက်ကြားသိရှိလျင် ဆရာတော်တို့ပေးရာ အပစ်ဒါဏ်ကို ခံပါမည်။
၁၂၄၅ခု ပထမ၀ါဆိုလပြည့်ကျော် ၁၀ရက်နေ့ မြေခုတောင်ကျောင်းဆရာ ရှင်မာလိန္ဒ ခံဝန်ချက်။အမိန့်တော် ဥပဒေတော်အရ မသွေမလှန်စောင့်ရှောက် ထိန်းသိမ်းပါမည်။ သစ္စေးပင်လှ နောက်ကျောင်းဆရာ၊ ၎င်းအရှေ့ကျောင်းဆရာ၊ ကျေးကန်ကျောင်းဆရာ၊ မြေခုတောင်ကျောင်းဆရာ ၊ရသာကျောင်းဆရာမှစ၍ ၎င်းဆရာတို့နှင့်ပေါင်းဘက် နေထိုင်သူ ရဟန်းသာမဏေတို့ကိုလည်း အမိန့်တော် ဥပဒေတော်အရ အုပ်ကျောင်း တိုက်အုပ်ဆရာတော် ဆင့်ဆိုဆုမ္မသြ၀ါဒပေးတော်မူသည်ကို တင်းတင်းကြပ်ကြပ် တင်ပတ် ပြသဆုမ္မ၍ စောင့်ရှောက်ထိန်းသိမ်း ကျင့်သုံးပါစေမည်။ နောင်အမိန့်တော် ဥပဒေတော် များကို မကြားမသိ မဆုမ္မကြောင်းများကို ၎င်းဆရာတို့က ပြောဆိုလျှောက်ကြားသိရှိလျင် ဆရာတော်တို့ပေးရာ အပစ်ဒါဏ်ကို ခံပါမည်။
၁၂၄၅ခု ပထမ၀ါဆိုလပြည့်ကျော် ၁၀ရက်နေ့ သစ္စေး၆ရွာ စီရင်စု တောင်ဦးကျောင်း ဆရာရှင်ရေ၀တ ခံဝန်ချက်အမိန့်တော် ဥပဒေတော်အရ မသွေမလှန်စောင့်ရှောက် ထိန်းသိမ်းပါမည်။ ရွာမုံတောင် ကျောင်းဆရာ၊ ၀ိုင်ဂြိုကျောင်းဆရာ၊ တောကျင်ကျောင်း ဆရာ၊ မောံတက်ကျောင်းဆရာ၊ ဘဂါကျောင်းဆရာမှစ၍ ၎င်းဆရာတို့နှင့်ပေါင်းဘက် နေထိုင်သူ ရဟန်းသာမဏေတို့ကိုလည်း အမိန့်တော်ဥပဒေတော်အရ အုပ်ကျောင်း တိုက်အုပ်ဆရာတော် ဆင့်ဆိုဆုမ္မသြ၀ါဒပေးတော်မူသည်ကို တင်းတင်းကြပ်ကြပ် တင်ပတ် ပြသဆုမ္မ၍ စောင့်ရှောက်ထိန်းသိမ်းကျင့်သုံးပါစေမည်။ နောင်အမိန့်တော် ဥပဒေတော်များ ကို မကြားမသိ မဆုမ္မကြောင်းများကို ၎င်းဆရာတို့က ပြောဆိုလျှောက်ကြားသိရှိလျင် ဆရာတော်တို့ပေးရာ အပစ်ဒါဏ်ကို ခံပါမည်။
၁၂၄၅ခု ပထမ၀ါဆိုလပြည့်ကျော် ၁၀ရက်နေ့ စိန်းနန်းရွာစီရင်စု ကောက်ကြီး ကျောင်းဆရာ ရှင်နန္ဒမာလာ ခံဝန်ချက်အမိန့်တော် ဥပဒေတော်အရ မသွေမလှန်စောင့် ရှောက်ထိန်းသိမ်းပါမည်။ အင်လှကျောင်းဆရာ၊ မြနှစ်ကျောင်းဆရာ၊ မုံပင်ကျောင်းဆရာ၊ ချပ်တောကျောင်းဆရာ၊ စိန်းနန်းရွာသာကျောင်းဆရာ၊ အင်းကျောင်းဆရာ၊ ခေါင်တုန်း ကျောင်းဆရာမှစ၍ ၎င်းဆရာတို့နှင့်ပေါင်းဘက် နေထိုင်သူ ရဟန်းသာမဏေတို့ကိုလည်း အမိန်တော် ဥပဒေတော်အရ အုပ်ကျောင်းတိုက်အုပ်ဆရာတော် ဆင့်ဆိုဆုမ္မ သြ၀ါဒ ပေးတော်မူသည်ကို တင်းတင်းကြပ်ကြပ် တင်ပတ်ပြသဆုမ္မ၍ စောင့်ရှောက်ထိန်သိမ်း ကျင့်သုံးပါစေမည်။ နောင်အမိန့်တော် ဥပဒေတော်များကို မကြားမသိ မဆုမ္မကြောင်းများကို ၎င်းဆရာတို့က ပြောဆိုလျှောက်ကြားသိရှိလျင် ဆရာတော်တို့ပေးရာ အပစ်ဒါဏ်ကို ခံပါမည်။
ဆိုင်ရာဝန်ထောံတော်မင်း ခံဝန်ချက်ဘုရား
ဘုရားတပည့်တော် ဆိုင်ရာဝန်ထောံ တော်မင်း ခံဝန်ချက်ဘုရား။ ရွှေကျင်၁၃ရွာ သစ္စေး၆ရွာ စိန်းနန်းရွာ ၃ ခရိုင်နယ်ပယ်အတွင်း မြို့ရှင်ရွာရှင် အထိမ်းအအုပ်ပြုလုပ်သူတို့မှာ ဥပဒေတော်ပါရှိသည့်အတိုင်း အထက်ဆရာတော်အရှင်မြတ်တို့ထံ အသီးသီး ခံဝန်လျောက် ထားရသည်ဖြစ်၍ နိုင်ငံတော် အဝေးမြို့ ကျေးရွာ မြို့ဝန်၊ စစ်ကဲ၊ ရွှေမှူး၊ သူကြီး၊ ခေါင်အကြီး အစီအရင်စာရေးတို့ သဿာမေဓ ငွေတော်ပြင် မဟုတ်မတျား မှုကင်းရှာကျန် ဆင်းရဲသား ကျွန်တော်မျိုးတို့ကို ညှင်းပန်းနှိပ်စက် နိုင်ထက်စီးကဲ ပြုကျင့်သည်များကို ကြားသိတော်မူလျင် တပည့်တော် ဆိုင်ရာဝန်ထောံနှင့်တကွ အရှင်ဧကရာဇ်မင်းမြတ်ထံ ပန်ကြား၍ ဆုမ္မစီရင်တော်မူပါဘုရား။ ၎င်းဆုမ္မစီရင်သည်ကို နောင်မတည် တစုံတရာ ဖောက်ပြားကြားသိတော်မူလျင် အပြစ်ရှိရာ ဆုမ္မတော်မူပါ လျောက်ထားခံဝန်သည်။
မြေဒူမြို့ဝန် သင်သ္နေတ်ဗိုလ် မင်းထင်မင်းလှရာဇ လျောံထားခံဝန်သည်။ ဘုရား တပည့်တော် မြေဒူးမြို့ဝန် ခံဝန်ချက်ဘုရား။ ရွှေကျင်၁၃ရွာ သစ္စေး၆ရွာ စိန်းနန်းရွာ ၃ ခရိုင် နယ်ပယ်အတွင်း ၀န်စုပါမြို့ကျေးရွာများမှာ အသီး၊ အလာ၊ ၀င်နေ၊ ကပ်ပါး၊ ဆင်းရဲသား ကျွန်တော်မျိုးတို့ကို အထက်ဥပဒေတော်ပါရှိသည့်အတိုင်း ဆင့်ဆိုဆုမ္မ စီရင်ပါမည်။ ဥပဒေတော်ကို ကျူးလွန်ကျော်နင်း၍ မှုကင်းရှာကျန် ညှင်းပန်းနှိပ်စက် ပြုကျင့်သည်များကို ကြားသိတော်မူလျင် တပည့်တော်မြို့ဝန်နှင့်တကွ လူအရာရှိတို့ကို အရှင်ဧကရာဇ် မင်းမြတ်ထံ ရွှေနားတော်ကြား မေတ္တာဆက်သွင်း၍ အရှင်မြတ်တို့ ဆုမ္မစီရင်ရာ မသွေမလှန် နာခံ စောင့်ထိမ်းပါမည်။ နောင်တစုံ ကြားသိတော်မူလျင် အပြစ်ထိုက်ရာ ဆုမ္မ စီရင်တော်မူပါ လျောံထားခံဝန်သည်။
ရွှေမှူး သူကြီး ခေါင်းအကြီး အစီအရင်စာရေးတို့
လျောံထား ခံဝန်ချက်ဘုရား။
ဘုရားတပည့်တော် ရွှေကျင်၁၃ရွာ သစ္စေး၆ရွာ သစ္စေမှူး၊ ရွှေမှူး၊ သူကြီး၊ ခေါင်းအကြီး အစီအရင်စာရေးတို့
လျောံထား ခံဝန်ချက်ဘုရား ၃ခရိုင်နယ်ပယ်အတွင်း
ဆင်းရဲသား ကျွန်တော်မျိုးတို့ကို ဥပဒေတော် ပါရှိသည့်အတိုင်းသဿာမေဓ ငွေတော်ပြင် မဟုတ်မတျား
မှုကင်းရှာကျန် ကောံခံခွဲတောင်းသည်များကို ကြားသိတော်မူလျင် အရှင်ဧကရာဇ်မင်းမြတ် ထံ ရွှေနားတော်ကြား မေတ္တာဆက်သွင်း သင့်သည်။ အရှင်မြတ်တို့က ခေါ်ငှင်ဆုမ္မ သြ၀ါဒပေးတော်သည်များကို
ဆုမ္မသြ၀ါဒပေးတော်မူရာ မသွေမလှန် နာခံစောင့်ထိမ်း ပါမည်။ နောင်မတည် တစုံတရာ ကြူးလွန်ကျော်နင်းရှိလျင်
အပြစ်အလျောက် ဆုမ္မ စီရင်တော်မူပါ လျောံထားခံဝန်သည်။
ရွှေကျင်၁၃ရွာ ခေါင်းအကြီး ဆအိမ်ခေါင်းတို့ အသီးသီး လျောံခံဝန်ချက်ဘုရား
။
ဘုရားတပည့်တော်တို့ ခေါင်းစုပါ ကျေးရွာများအတွင်း အသီး၊ အလာ၊ ၀င်နေ၊ ကပ်ပါး၊ ထမ်းသား
ကြီးငယ်တစုတို့ကို ကျွန်တော်မျိုးတို့ကို အထက်ဥပဒေတော် ပါရှိသည့်အတိုင်း ဆင့်ချက်။
သဿာမေဓ ငွေတော်ပြင် ကြေးပိုငွေပို အမှုသေးဖွဲ အခွဲအခန့် မဟုတ်မတျား လှည့်ပတ်ဖြတ်ချား
စားသောံသည်ကို ကြားသိတော်မူလျင် အရှင်ဆရာတော်မြတ်တို့ ဆုမ္မသြ၀ါဒပေးရာ မသွေမလှန် နာခံ
စောင့်ရှောက်ထိမ်းသိန်းပါမည်။ နောင်ဆုမ္မသည်ကို မတည် တစုံတရာ ဖောံပြားကြားသိတော်မူလျင်
အပြစ်နှင့်တကွ ဆုမ္မ စီရင်တော်မူပါ လျောံထားခံဝန်သည်။
ရွှေသိမ်တော်ဘုရား၊ ကျောင်းကုန်းရွာ
ရွှေကျင်၁၃ရွာ ရွှေခွန်တော်မှူး။ က့ထူးမရွာ ကြောင်ဆင်းအိုင်ရွာ လယ်မရွာနေ ကျောင်းတကာ ကြီးငယ်တို့ မေတ္တာစကား ဖိတ်ကြားပါသည်။ ကန်ကလေးကုန်းရွာ။ ဇီးပေါက်ရွာ ကျောင်းတကာ ကြီးငယ်တို့။ ကျနုပ်တို့မှာ ဗုဒ္ဓသာသနံ စိရံတိဌတု။ ဒိန္နေ ဒိန္နေ ဘဝေါစ ဘဂ၀ါ။ ဂါထာအရ ရောဇနဖြင့် ဇေတ၀နံ ကျောင်းဗိမာန်၌ နှစ်ခြိုက်မွေ့လျော် စံပြော်တော်မူစဉ် ရာဟုလာမြက်ရှင်သို့ ထင်မှတ်တော်မူ၍ သတ္တ၀ါအဟို များလူဗိုလ်အား သနားကြင်နာ မဟာဂရုဏာတော်မြတ် ပြတ်ဌာန်းတော်မူရကား ဒိန္နေ ဒိန္နေ နေ့တိုင်းနေ့တိုင်း ဗုဒ္ဓသာသနံ ငါဘုရားသာသနာသည် စိရံ အနှစ်၅၀၀၀ မြင့်ရှည်သမျှကာလပတ်လုန်း တိဌတုရတာ တည်စေခြင်းငှါ ဓာတုသရိယန္တံ ဓာတ်တော်တို့သည် ဗြာတိဟာသန အမျဲမပြတ် ဆည်းကပ်ကိုးကွယ်ပါသော စေတီတော် မြတ်တို့ဝယ် အမ္ပရုက္ခမူလကံ သရက်ဖြူပင်၏အရင်း၌ ပြအပ်သော တခိုးဗြာဒိပ်ဟာခဲ့သို့ တေဇတိ လောကဓာတ်လုံး သိန်းကျုံးမလှပ် ပြရစ်လတံ့။ ဣတိ ဤသို့ ဘက၀ါ မြတ်စွာဘုရားသည် ဘဝေါစ မိန့်တော်မူ၏။ တဿ မာ ထို့ကြောင့် ပဝေသန အာစရိယ။ ဟိုကာလက သိင်္ဃရန်အောင် ကုန်ဘောင်မဏ္ဍပ် ဘိုးတော်မြတ်၏ ဥဂ္ဂတ်ရတနာ ဧကဇာမည် မဟာထေရ်သည် ဓွန့်ရှည်အရေး မျှော်ထောက်တွေးလျက် စက်လေးမချို့ ဖြိုးဖြိုးဖြို့သား မြေတို့နေရာ အင်ရှစ်ဖြာတွင် မင်္ဂလာပညတ် ဘုမ္မိရပ်ဝယ် လက္ခနတ္တရံ ရထားပျံနှင့် ယူစံမစ လိုဆန္ဒကြောင့် အရည၀ါသီ တောရပ်မှီလျက် ဓမ္မစက်ကို ဖြစ်ပြက်သမျှ ပေးဝေငှ၍ ကံထူးမရွာ၏ ဒက္ခိဏဟု မည်ရပညတ် ထိုအရပ်၌ ကိမ်းဝပ်တော်မူသော သရီယဓာတ် မွေရှင်မြတ်ကို ကြီးကျပ်လုလ္လ ဥဿ ဘဖြင့် ဇာတယူပကျုတ် မှန်စွာလုပ်၍ အုပ်ရိုးရုပ်ပွား တည်ထားကိုးကွယ်ပါသော ရွှေသိမ်တော်တိုက် ဒီပင်္ကရာ မြတ်စွာဘုရားရှင်တော်အား ထားခါဗြာဒိပ် တဆိပ်မယွင်း လင်းလင်းညီညာ ဗြာဒိဟာည် ............ ၁၂၄၁ ခု တဆောင်မုန်းလဆန်းကစ ၍ လပြည့်ကျော်တိုင် နေ့ညဥ့်မဟူ ပြတော်မူ၍ ရှင်လူရဟန်း ဖြန်းဖြန်းအုပ်ကျက် ပဲ့တင်အက်မျှ နေစက်လစက် ရောယှက်ထိမ်ဝါ ညီးညီးဖြာလျက် သဒ္ဒါထပ်ဆင့် ပွားသဖြင့်ကြောင့် မဂ္ဂင်အခြေ ဖြစ်ပါစေဟု တိုင်ပင်ပြု၍ သပ္ပညုဘုရား ရှင်တော်အားကို ၃ပါးစေတနာ ကြည်သဒ္ဒါဖြင့် ပဉ္စမာလိန် ၀တိံပညတ် နတ်အရပ်သို့ ကြီးကျပ်လုပ်ဆောင်၍ ၁၂၄၁ခု နတ်တော်လဆန်း ၇ရက်နေ့ည ဆိမီးပူဇော်ပြီးလျင် ၈ရက်နေ့နံက် သံဃာတော်မြတ်တို့အား သံဃဒါနဆွမ်းလှူဒါန်းလိုသည်တရပ် စေတည်တော်မြတ်ဝယ် ပြင်ဆင်လိုသည်က တကာများကြောင့် သဒ္ဓါတရား တိုးပွားစေလိုသည်ဖြစ်၍ ဘိတ်ကျား အပ်ပါသည် ကျောင်းတကာအပေါင်း သူတော်ကောင်းတို့။
၁၂၇၈ခုနှစ် ဦးဝိလာသ
၁။ ကံကုန်းကျောင်း
၂။ ၎င်း ဦးအာဒိစ္စ
၃။သရက်ယင်း
၎။သရက်ခါးကျောင်းကြီး
၅။သရက်ခါးတောင်ကျောင်း
၆။မြို့ထင်ကျောင်း
၇။ကျည်းကန်
၈။သစ္စေးပင်လှအနောံကျောင်း
၉။ သစ္စေးပင်လှ အရှေ့ကျောင်း
ကံကလေးကုံး အနောံကျောင်း
၁၀။ ကံကလေးကုံး အရှေ့ကျောင်း
၁၁။ ဇည်းပေါက်တောရကျောင်း
၁၂။ ရွာသစ်ကုန်းကျောင်း
၁၃။ နွားကူးတောင်ကျောင်း
၁၄။ မုန်တိုက်ကျင်းကျောင်း
၁၅။ အင်္ရေအိုးအနောံကျောင်း
၁၆။ အင်္ရေအိုး အရှေ့ကျောင်း
၁၇။ ရေရှင်တောရကျောင်း
၁၈။ ရှစ်မျက်နှာ တောရကျောင်း
၁၉။ ...........
၂၀။ ရှစ်မျက်နှာတောရ တိုက်ခွဲ မဂ္ဂင်
၂၁။ အင်ပင်ပိုင်ကျောင်း
၂၂။ရေရှင်ကျောင်း
၂၃။ကျောင်ဆင်းအိုင်မျောံကျောင်း
၂၄။ ကျောင်ဆင်းအိုင်တောင်ကျောင်း
၂၅။လယ်မကျောင်း
၂၆။ လယ်ထီးကျောင်း
၂၇။ မြေခုကျောင်း
၂၈။ ကံကြီးကျောင်း
၂၉။ ရေရှင်ကုန်းကျောင်း
၃၀။ ကံထူးမတောက်ကျောင်း
၃၁။ ကံထူးမပြဿယ ဒ်ကျောင်း
၃၂။၎င်း ဦးရမ္မန
၃၃။ ကံထူးမမျောံ့ကျောင်း
၃၄။ကျောငိဆင်းအိုင်ရွာကျောင်း
ချောင်းဦးရွာ
"ချောင်းဦးရွာသည် ၁၂၂၃ နတ်တော်လဆန် ၁၁ရက် ပုရပိုက်တွင် ချောင်းဦးရွာနေ မယ်လှရင်"
"သက္ကရာဇ် ၁၂၂၁ခု နယုံလပြည့်ကျော် ၃ရက်နေ့တွင် ချောင်းဦးရွာနေ ကျောင်းတကာ ဦးရွှေစိုး၊ ကိုဘိတ်၊ ဦးအိုင်၊ ဦးဆိုကြီးတို့က အ္ထံ ဘိုးဘအမိတို့ ရှိဇင် မြို့လှဘုရားဝတ်တော်မြေအတွင်း ၀က်တောင်ရင်းလယ်ကြိး မိသားတစု ၉တွင် ၎င်းကျွန်းရင်းကြိး မိသားတစု ၁၄တွင် ၂စု လယ်ပေါင်း တွင် ရေ ၂ခု မျိုကျ ၂၀င်္ကျဲ လ်ာမြေများ....
၁၁၉၅ခုက မောင်ရွှေအုံ ၊ သမီးခင်ပွန်းတို့ထံ ငွေမွှေ ၂၅ိ ငွေချိန် ၇၅ိ နှင့် ပေါင်ထားသည့်လယ်မြေပေါ်မှာ ထပ်ပေးပါ မောင်ရွှေအုံ သမီးခင်ပွန်းကို ဆိုလျင် စာဝင်လူ ကျောင်းတကာ ဦးရွှေစို ကိုဘိတ်၊ ဦးအိုင်၊ ဦးဆိုကြိး တို့ အဆိုအတိုင်း ပေါင်ရင်း ၀က်တောင်ရင်း လယ်မိသား ၉တွင်....အစုံအညီ ချုပ်မှတ်ထားကြသည့်ကာလ ငွေချိန် ငွေကန် စာစီ ဘုရားတကာ နေမျိုးကျော်ထင်။ စာရေး ကျောင်းတကာ မောင်ကျေး။ပွဲ တဖက်၁ိစီ မောင်ရွှေအုံက စိုက်။ ၁၂၅၃ ဦးပြို ဦးချို သီးဖတ် ထပ်ငွေ ၅၀၊၄င်္အမွေခံသားချင်းတို့ ထပ်ယူငွေ ၃၀ ၂စုငွေ ၈၀ ငွေ။ ၁၂၆၈ခုနှစ် ချောင်းဦး အမွေးစားအနက် မောင်ဖတ် မောင်အား သား မောင်စံညွမ်တို့ ထပ်တောင်း ရင်းမောင်ဖတ်မောင်အား ထပ်ယူငွေ ၅၀ကို ရှင်လယ်ရစ်က ထပ်ပေးသည်။
No comments:
Post a Comment