Tuesday, September 21, 2021

အင်ရေအိုး၅ရွာ

 

အခန်း(၂၀)                                                   အင်ရေအိုး၅ရွာ

 

                                                            

အင်ရေအိုး၅ရွာ ဟူသောအမည်ပါရှိသည့် ပုရပိုက်မှာ ပိုးကိုက်နေသဖြင့် မည်သည့်အကြောင်းအရာကို ရေးထားမှန်း ကောင်းကောင်းမွန်မွန် မသိရပေ။ ဖတ်ရသလောက်သောစာလုံးများက အခွန်ဆောင်သည့် ကိစ္စ နှင့်သာ ဆပ်စပ်နေသည်ကို တွေ့ရသည်။ ။ အင်ရေအိုးရွာ ပတ်ဝန်းကျင်ကို ရှေးက အင်ရေအိုး၅ရွာ ဟု ခေါ်ဆိုခဲ့ကြဟန်ရှိသည်။ အဆိုပါ ပုရပိုက်ထဲတွင် အင်ရေအိုး၅ရွာ အမှုထမ်းတို့က ဟု တွေ့ရသည်။                                                              ပုရပိုက်တစ်ခုထဲတွင် အင်ရေအိုး စီရင်စု မျက်ဆွဲလဲရွာ ဟု တွေ့ရသည်။ ဦးကုဏ္ဍလ၏ ပုရပိုက်များအရ ၁၂၄၅ခုတွင် ဘုန်းတော်ကြိးများ ဂိုဏ်ချုပ်ဆရာတော်ထံ အမိန့်တော်ဥပဒေတော်အတိုင်း နာခံပါမည် ဟု ခံဝန်ချက် ပေးရသော ပုရပိုက်ထဲတွင် ဘုန်းကြီးကျောင်းများမှာ သူ့အစုနှင်သူ အချင်းချင်း ခံဝန်ချက် ပေးကြရသည်ကို တွေ့ရသည်။

(၁)

ကန်များကျောင်း

ဇီးပေါက်တောရကျောင်း

အင်းပက်လက်ကျောင်း

ရွာသစ်ကုန်းကျောင်း

ဝါးရုံသာကျောင်း

(၂)

ပကာ

ရွာမုန်တောင်

တောကျင်

ဝိုင်းဂြို

မောက်တက်

တောင်ဦး

(၃)

စိန်းနန်း

အင်လှ

မြနှစ်

အင်း

ခေါင်တုန်း

ကောက်ကြီးကျောင်း

မုံပင်ကျောင်း

(၄)

အင်ပင်အိုင်ကျောင်း

အင်ရေအိုးကျောင်း

ရကဲကျောင်း

ရှေရင်ရေလယ်ကျောင်း

ရေရှင်ပြသဒ်ကျောင်း

(၅)

မြေခုမြောက်ကျောင်း

မြေခုတောင်ကျောင်း

ရသာကျောင်း

ကျေးကန်ကျောင်း

သစ္စေးပင်လှအရှေ့ကျောင်း

သစ္စေးပင်လှအနောက်ကျောင်း

(၆)

အင်းကြီးကျောင်း

ပလူးစ၀ကျောင်း

အင်တိုင်းယင်းကျောင်း

ရင်းကျောင်း

တောင်ပြင်ငယ်ကျောင်း

ပေါကျောင်း

စသဖြင့်  သူ့အစုနှင့်သူ အတူတကွ ခံဝန်ချက် ပေးကြရသည်ကို တွေ့ရသည်။                                     ဤပုရပိုက်အရဆိုသော် အင်ပင်အိုင်သည် အင်ရေအိုးစီရင်စု အောက်တွင် တည်ရှိသည်။ အဆိုပါ ပုရပိုက်အရဆိုလျင် အင်ရေအိုး၅ရွာမှာ

၁။အင်ရေအိုး                                                                                                                                               ၂။အင်ပင်အိုင်                                                                                                                                         ၃၊ ရေရှင်                                                                                                                                                    ၄။ရကဲ                                                                                                                                                                   ၅။ မျက်ဆည်းလဲ ရွာတို့ကို ခေါ်ဆိုဖွယ်ရာ ရှိနိုင်ပေသည်။                                                                  သို့သော် ရေရှင်ရွာမှာ ရွှေကျင်၁၃ရွာ စာရင်းတွင်ပါသဖြင့် အင်ရေအိုး၅ရွာထဲ ထည့်သွင်းရေတွက်၍ မရပြန်ချေ။ ရေရှင်ရွာသည် အိမ်ခြေ(၁၀၀)ကျော်ရှိပြီး အင်ရေအိုးမှာ (၄ဂ)အိမ်ခန့်မျှသာ ရှိသည်။ ရေရှင်ရွာ  ပတ်ဝန်းကျင်၌ပင်လျင် ရှေးက ရွာပေါင်း(၉)ရွာ ရှိသည်ဟု ဆိုသည်။ အကယ်၍ ရေရှင်သည် အင်ရေအိုး ရွာအောက်ရှိသည် ဆိုလျင်  ရွှေကျင်၁၃ရွာ စာရင်းတွင် စီရင်စုရွာဖြစ်သည့် အင်ရေအိုးရွာသာလျင် အမည်ပါဝင်ဖွယ်ရာ ရှိသည်။ သို့သော် ရွှေကျင်၁၃ရွာတွင် ရေရှင်ရွာကိုသာ ခေါင်တပ်ထားသဖြင့် အင်ရေအိုးသည်သာလျင် ရေရှင်ရွာအောက်တွင် ရှိရပေလိမ့်မည်။                                                                                                သို့နှင့် အင်ရေအိုး၅ရွာ သမိုင်းကို လိုက်လံစုံစမ်းရှာဖွေလေရာ  မြောက်တောရွာဇာတိ ပင်ပင်အိုင်ရွာတွင် အိမ်ထောင်ကျ သော ဘကြီး ဦးဘလူကို ဖုန်းဆက်မေးမြန်းကြည့်ရာ အင်ရေအိုး (၅)မှာ

အင်ရေအိုး

အင်ပင်အိုင်

မျက်ဆွဲလဲ

ပန်းတိမ်ကုန်း

မြောက်တော တို့ကို ခေါ် ခြင်း ဖြစ်ကြောင်း သိရှိရသည်။                                                              

          ၁၃၀၃ခုနှစ် ဘုန်းကြီးပျံ ကျောင်းစာရင်းတွင်ပင် ပန်းတိမ်ကုန်းကျောင်းမပါပဲ အင်ရေအိုးအရှေကျောင်း နှင့် အင်ရေအိုးကျောင်းကြီးတိုက်ဟုသာ ပါရှိသည်။ အဆိုပါကျောင်းကြီ်းတိုက်မှာ ယနေ့ ပန်းတိမ်ကုန်း ကျောင်း ဖြစ်သည်။ ပန်းတိမ်ကုန်းရွာမှာ အင်းပက်လက်ရွာမှ လူများ ပြောင်းရွှေ့ရာမှ ရွာဖြစ်လာသည်ဟုလည်း လူကြီးသူမတို့ ပြောသည်ကို မှတ်သားခဲ့ရဖူးသည်။ မောင်ဦးကုန်းရွာငယ်ကလေးသည် အင်းပက်လက်သားများ မိမိတို့နေရာဟောင်းကို ပန်းတိမ်ကုန်းရွာမှနေ ပြန်၍ တည်ကြသောကြောင့် မောင်းဦးကုန်း ဖြစ်လာသည်ဟု ဆိုသည်၊။               ပန်းတိမ်းကုန်းရွာအမည်ကို ၁၂၅၅ခုနှစ် ကန်ကလေးကုန်းရွာ ဦးပေါ်သစ်၏ အမျိုးသမီး ဒေါ်နန်းခိုင် အသုဘအခန်းစာရင်းကြမှသာ တွေ့ရတော့သည်။မြောက်တောရွာ အမည်ကို ၁၂၆၈ ခု ကန်များကျောင်းဆရာတော် ဦးဥက္ကံသ ၏ ဘုန်းကြီးပျံစာရင်းတွင် တွေရသည်။ အဆိုပါ ပန်းတိမ်ကုန်းနှင့် မြောက်တော ရွာနှစ်ရွာသည် မည်သူက ရှေးကျသည်ကို ဝေဖန်ရခက်လှသည်။ မြောက်တောရွာသည် မျက်ဆွဲလဲရွာ၏ အနောက်ဘက် မိုင်ဝက်ခန့်သာသာတွင် တည်ရှိသည်။

            အင်ရေအိုးရွာနှင့် ပတ်သက်သည့် အခြားပုရပိုက်တစ်ခုတွင် ငပေါ်သစ်က အင်ရေအိုးရွာသား ငစံမင်း နှောင့်ယှက်သဖြင့် ကန်းကလေးကုန်းရွာသားများ ဒုက္ခရောက်ကြရပုံကို   တိုင်တန်းထားသည့် ပုရပိုက်တစ်ခုကို တွေ့ရ လေရာ ဗဟုသုတအလို့ငှာ ဖော်ပြလိုက်ပါသည်။

 

 ဘုရားကျွန်တော် လွှတ်စည် အမှုထန်း ငပေါ်သစ် ငရံကျော် ငမြူးးတို့ ရှိခိုးအစီရင်ခံပါသည်ဘုရား။ ရွှေကျင်၁၃ရွာအ၀င် မြေခုရွာ နယ်မြေအစွန်အဖျားတွင် ဘိုးဘက ကျွန်တော်တိုင် ရေတွင်း ရေကံ ဘုရားကျောင်းကံတည်ထား၍ အကျိုးတော်ဖြစ် ကြေးရွာအိုးအိမ်၄၀ကျော် ပြုစု၍ ကြရောံသည့် အခွန်တော်မင်းမှုရင်းများကို ...လည်ဆောင်၍ ထည်းဘုရားအဆက်ဆက် (ထီးဘုရား) ဘုရားရွှေလက်ထက်တိုင် နေထိုင်သည့်အတွင်း အင်ရေအိုးရွာ..ငစံမင်းက ကြေးထန်းကြီးဆို၍ အစုအမှုထန်းလူတို့ မလုပ်မဆောင်နိုင်မနေနိုင် ကြေးရွာပျက်ပြား.. ၎င်းမြေကို နှောင့်ယှက်၍ ကိုဏ်းထောံဆရာတော်တို့ထံ ထန်းရွံစာ(ထန်းရွက်စာ) ၂ဘက်ချွန်ကို ရေးသား၍ ..... ပြုလုပ်သောကြောင့် ကြေးငွေအများ ကြကုန်ရပါသည် ငစံမင်းကဲ့သို တောခြေရွာများမှာ .....လုပ်လျင် ဆင်းရဲသား ကျွန်တော်မျိုးတို့မှာ အမှုတော်မျာ ထန်းဆောင်နိုင်တော့မည် မဟုပ်ပါ ...အရှင်သာဖြစ်ပါ၍ ရှိခိုးအစီရင်တော့ခံပါသည်ဘုရား။

 

ဝါးရုံသာကျောင်း နှင့် သင်္ဂဇာဆရာတော်

 

ဝါးရုံသာကျောင်းသည် မျက်ဆည်းရွာ၏ အနောက်ဘက် ရေကန်ကြီး၏ အနောက်တောင်နား၊ ယုကြောင်မြောင်းခဲ့၏ အရှေ့ဘက်၊ မြောက်တောရွာ၏ အရှေ့ဘက် တည့်တည့်လောက်တွင် တည်ရှိသည်။ ကျောင်းနာမည်ကို မေးမြန်းမရသော်လည်း ပုရပိုက်ထဲတွင် ပါရှိသည့်  ဘုန်းကြီးကျောင်းများစာရင်းတည်ရှိရာအရပ်တွင် တည်ရှိနေသဖြင့် ၀ါးရုံသာကျောင်းဟုသာ တစ်ထစ်ချ မှတ်ယူရပေသည်။ (မြေပုံတွင် ကြည့်ပါရန်)

၁၂၄၅ခုနှစ် သာသနာပိုင်ဆရာတောဘုရားကြီး၏ အမိန့်တော် ဥပဒေတော်များကို လိုက်နာကြပါမည်ဟု  ဘုန်းတော်ကြီးများ အချင်းချင်း ခံဝန်ကတိပြုကြရသည်။ အဆိုပါ ခံဝန်ကတိ ပေးကြရာတွင် ဘုန်းတော်ကြီးများသည် မိမိတို့ ပတ်ဝန်းကျင်ရှိ ဘုန်းတော်ကြီးကျောင်းများရှိ ဘုန်းတော်ကြီးများနှင့် အချင်းချင်း ကတိခံဝန်ပြုကြရသည်ကို တွေ့ရသည်။

 

၁၂၄၅ခု ပထမ၀ါဆိုလပြည့်ကျော် ၁၀ရက်နေ့ ကန်များကျောင်းဆရာ ရှင်ဥဂ္ဂံသ ခံဝန်ချက်။ အမိန့်တော် ဥပဒေတော်အရ မသွေမလှန်စောင့်ရှောက် ထိန်းသိမ်းပါမည်။ စည်းပေါက်တောရကျောင်းဆရာ။ အင်းပက်လက်ကျောင်းဆရာ။ ရွာသစ်ကုံးကျောင်းဆရာ။ ၀ါးရုံသာကျောင်းဆရာမှစ၍ ၎င်းဆရာတို့နှင့်ပေါင်းဘက် နေထိုင်သူ ရဟန်းသာမဏေ တို့ကိုလည်း အမိန်တော်ဥပဒေတော်အရ အုပ်ကျောင်းတိုက်အုပ်ဆရာတော် ဆင့်ဆိုဆုမ္မ သြ၀ါဒပေးတော်မူသည်ကို တင်းတင်းကြပ်ကြပ် တင်ပတ်ပြသဆုမ္မ၍ စောင့်ရှောက်ထိန်း သိမ်းကျင့်သုံးပါစေမည်။ နောင်အမိန့်တော် ဥပဒေတော်များကို မကြားမသိ မဆုမ္မကြောင်း များကို ၎င်းဆရာတို့က ပြောဆိုလျှောက်ကြားသိရှိလျင် ဆရာတော်တို့ပေးရာ အပစ်ဒါဏ်ကို ခံပါမည်။                                                                     

 

အဆိုပါ ပုရပိုက်မှတ်တမ်းတွင် ကံများကျောင်းဆရာတော် ဦးဥက္ကံသ ၊ ဇီးပေါက်တောရကျောင်း ဆရာတော် ဦးတေဇ၀န္တ၊ အင်းပက်လက်ကျောင်းဆရာတော် ဦးကလျာဏ၊ ရွာသစ်ကုန်းကျောင်းဆရာတော် ဦးဇာဂရ နှင့် ၀ါးရုံသာကျောင်း ဆရာတော်တို့ အတူတကွ ခံဝန်ကတိပြုကြသည်ကို တွေ့ရသည်။                                                             အဆိုပါ  ပုရပိုက်တွင် ပါရှိသည့် ၀ါးရုံသာကျောင်းမှာ ဘယ်လိုမှ မေးမြန်းစုံစမ်း မရချေ။ ဖော်ပြပါ ဘုန်းတော်ကြီးကျောင်းများ တည်ရှိသည့် ဒေသတွင်းတွင်လည်း ၀ါးရုံသာ တောက မရှိပြန်ချေ။ သည်နေ့မှ မလေးရှားတွင် နေသော အင်ပင်အိုင်သားကြီးကို ရါာကို မေးမြန်းစုံစမ်းကြည့်ပေးစမ်းပါ ဟု ပြောရာ မျက်ဆဲလဲရွာ အနောက်ဘက်တွင် သူတို့ ငယ်စဉ်က ဘုရားအိုတစ်ဆူ တွေ့မြင်ခဲ့ဖူးကြောင်း ပြောပြသဖြင့် ဖုန်းအတန်အတန် ဆက်၍ မေးမြန်းရတော့သည်။ နောက်ဆုံးတွင် မြောက်တာဇာတိ ဦးဘလူကို မေးကြည့်လျင် သိနိုင်ကောင်းသည်ဟု ဆိုကြသဖြင့်  အင်ပင်အိုင်ရွာနေ ဘကြီး ဦးဘလူထံ မေးမြန်းကြည့်ရာ သူတို့ ငယ်စဉ် (၁၀)နှစ်သားလောက်ထိ အဆိုပါနေရာတွင် ဘုန်းကြီးကျောင်းတိုင်ကြီးများ ရှိသေးငြောင်း၊ ကျောင်းတိုင် အလုံး၂၅လုံးခန့်ထိ ရှိသေးကြောင်း သိရှိရသည်။                                                                                                                                 ရှေးယခင်က အင်ရေအိုး၊ အင်ပင်အိုင်၊ ပန်းတိမ်ကုန်း၊ မြောက်တော၊ မျက်ဆွဲလဲ စသည့် ၅ရွာကို အင်ရေအိုး၅ရွာ ဟု ခေါ်ဆိုကြောင်း၊ အဆိုပါ ဘုန်းကြီးကျောင်းနေရာမှ ဘုရားကြီးကို ဖြိုချပြီး ဘုရားပျက်ထဲရှိ ဓာတ်တော်မွေတော်များကို ပန်းတိမ်ကုန်းရွာကျောင်း (ယခင် အင်ရေအိုးကျောင်းကြီးတိုက်)ထဲတွင် ဓာတ်ပေါင်းစု စေတီအဖြစ် တည်ထားကိုးကွယ်ခဲ့ကြကြောင်း၊ ယခုလက်ရှိ ကျိုက်ထီးရိုးပုံစံတူဘုရားမှာ အဆိုပါ ဓာတ်ပေါင်းစု ဘုရားပျက်ထဲမှ ဓာတ်တော်တော်မွေတော်များကို ထည့်သွင်းကာ အသစ်တည်ထားသော ဘုရားဖြစ်ကြောင်းလည်း သိရှိရသည်။                                                                                                                  ဘကြီးဦးဘလူတို့ မှတ်သားမိသမျှတွင် ရှေးက နာမည်ကြီး ဆရာတော်ကြီး ဖြစ်သော သင်္ဂဇာဆရာတော် ဘုရာကြီးပင်လျင် အဆိုပါ ကျောင်းသို့ လာရောက် တစ်ဝါ ဆိုဖူးကြောင်း သိရှိရသည်။ (မေးမြန်းစုံစမ်းရပေဦးမည်၊) ဘုရားပျက်ထဲမှ ဓာတ်တော်မွေတော်များကို အင်ရေအိုးကျောင်းကြီးတိုက်ထဲသို့ ပင့်ဆောင်ကိုးကွယ် ကြသော်ငြားလည်း အဆိုပါ ဘုရားပျက်ထဲမှ ရောင်ခြည်တော်များ ကွန့်မြူးနေသေးသည်ကို ဖူးတွေ့ကြရကြောင်းလည်း သိရှိရလေသည်။                                                                                                                                 လက်ရှိအချိန်တွင် ဘုရားပျက်နေရာသည် တောင်ဖို့သဖွယ် အနည်းငယ်မြင့်နေသည်ကိုသာ တွေ့ရှိရတော့ကြောင်း သိရှိရသည်။ ရောင်ခြည်တော်များ ဆက်လက်ကွန့်မြူးနေခဲ့သည်ကို ထောက်ရှုသော် အဆိုပါ ဘုရားပျက်နေရာတွင် ဓာတ်တော်မွေတော်များ ကျန်ရှိနေဦးမည် ဖြစ်သဖြင့် ကျနုပ်တို့ ထိန်းသိမ်းသင့်လှပေသည်။

 

Sunday, September 19, 2021

pst

 

ပဉ္စာလ ၅မြို့

 

ဘုရားကျွန်တော် ၅၀တော်သွောံကြီး ________ထန်းတပင် ပဉ္စာလ ၅မြို့ ကြေးထမ်းကြီးတို့ ရှိခိုး အစီရင်တော်ခံပါသည်ဘုရား။ ၁၂၃၄ခုနှစ် ပဉ္စာလ ရသားမြို့မှာ မြို့ဝန်မင်း နေမြိုးမင်းထင်သိင်္ခကျော် သသာမေဓ ခွဲတောင်းကောံခံ ရရှိသည့်အတိုင်း အခွန်တော်ကို မဆက်သွင်း ထိန်ချံ စားယူရှိပါသောကြောင့်။ တင်လျှောံ ရွှေလွှတ်တော်မှာ ရှင်းလင်းကြရာ ကြေးမှုစကား မဆုံးမခန်းမှီ ၁၂၄၄ခုနှစ် ရသားမြို့ သသာမေဓ ကောံခံ ခွဲတောင်း ငွေ ပယ်ဖြက်ကြေးဆို၍ ခွဲတောင်းငွေ နောံတိုးကြေးဆို၍ ခွဲတောင်းငွေ အသေးသုံးဆို၍ ခွဲတောင်းငွေ အရပ်ရပ်ငွေပေါင်း ၆၀၀၀ ကျော် ခွဲတောင်း။ အခွန်ရုံးတော်မှာ ၄၀၀၀ကျော်ကိုသာ ဆက်သွင်း။ ၂၀၀၀ကျော်ကို မဆက်သွင်း ထိန်ချန် စားယူ လူကို ညှင်းပန်း နှိပ်စက် စေခိုင်းများပျား ကျွန်တော်မျိုး လူတို့ကိုလည်း မငြိမ်မသက် ရှိပါသောကြောင့် ထန်းတပင် ပဉ္စာလ မြို့ဝန်နှင့် ရွှေလွှတ်တော်တွင် မှန်ရာဖြစ်ပါရမည့်အကြောင်း ကိုးကွယ်ရာ အရှင်သာ ဖြစ်ပါ၍ ရှိခိုး အစီရင်တော်ခံပါသည်ဘုရား။ ၁၂၄၄ခုနှစ် ပဉ္စာလ ရသားမြို့ ထမ်းခံအိမ်တို့မှာ သသာမေဓငွေတော် ပယ်ဖျက်ကြေးဆို၍ တအိမ် ၁ိ ကျ။ နောံတိုးကြေးဆို၍ ခွဲငွေ ။ အသေးသုံးဆို၍ တအိမ် ၂ူး ၁ဲကျ ခွဲငွေ စုစု ၆၀၀၀ကျော်ခွဲတောင်းငွေ စာရင်းဘုရား။

ပင်းသာမြို့သူကြီး နေမြိုး သမန္တရဲကျော် မေးချက်ဘုရား။

 

သင်တောရွာအမှုတွဲ

 

ဘုရားကျွန်တော် စားတော်ကွံရည်တော်မင်းထင်နော်ရထာ။ ရှိခိုး အစီရင်တော်ခံပါသည်ဘုရား။ အဘ စားတော်ကွံရေတော် သီပေါမြို့ဝန်ဟောင်း သေ အဘပိုင် ရွှေငွေဥစ္စာ လယ်ယာမြေမှု အရပ်ရပ်များကို တရားအပြီးပြတ်မှီအတွင်း ကျွန်တော်က ချထားထိမ်းသိမ်း၍ အဘ အစီးအနင်းပေါင်းနားတောင်းစလွယ်များနှင့် ကွံရေတော်တွင် စားတော်ကွံရေသားတို့ကို ပေးချတည်လုပ်သနားတော်မူ တိုက်နေအိမ်များကို အဘ ကြေးသိမ်းကျွန်မယားငယ်တို့နှင့် အမိန့်တော်ရှိရာ နာခံပြီးပြတ်ပါရမည်အကြောင်း ရှိခိုးအစီရင်တော် ခံပါသည်ဘုရား။                                                                                                    ဘုရားကျွန်တော် စားတော်ကွံရည်တော်မင်းထင်နော်ရထာ။ ရှိခိုး အစီရင်တော်ခံပါသည်ဘုရား။ အဘ စားတော်ကွံရေတော် သီပေါမြို့ဝန်ဟောင်း သေ အဘပိုင် ရွှေငွေဥစ္စာ လယ်ယာမြေမှု အရပ်ရပ်များကို တရားမပြီးပြတ်မှီအတွင်း

 

စွန်တာမွေးဘွားသူ မင်းထင်နော်ရထာ ဖြစ်ပါသည်။ လင် သီပေါမြို့ဝန် သေကာလလည်း ကျွန်တော်မ နာမကျန်း ပရိဒေ၀ဒုက္ခရှိသည်အတွင်း အမိန့်တော်ခံ၍ ကောင်းမွန်စွာ သင်္ဂြိုဟ်ရအောင် ငွေဒင်္ဂါး ၁၀၀၀ ပေးပါ မင်းထင်နော်ရထာတောင်းလျှင်  ငယ်လင်ဖြစ်သည်နှင့် သင်္ဂြိုဟ်လို၍  ကျွန်တော်မ လက်ထက်ပွား ငွေ ဒင်္ဂါး ၁၀၀၀ ပေးအပ်ရာ မင်းထင်နော်ရထာ လိမ်လည် ချင်းအမည်နှစ်တင်လျောံ ငွေဒင်္ဂါး ၁၄၀ကိုသာ ၀ယ်ခြမ်း ကျန်ငွေ ဒင်္ဂါး ၈၀၀ကျော်ကို မင်းထင်နော်ရထာ ယူငင် ၀ှက်ထားရှိသောကြောင့် အနည်းငယ် ပရိက္ခရာကို ကျွန်တော်မ ခဲအို ငသဲသို့ ပေးအပ် စေလွှတ် သင်္ဂြိုဟ်ပါရသည်ကို သာရာပြတ်ခြား သန္ဓေနှင့် စွန်တာမွေးဘွားသူ မင်းထင်နော်ရထာ ကျွန်တော်မလင် သီပေါမြို့ဝန်ထံ ကပ်ရပ်မှီးကိုနေထိုင်သူတို့ကဲ့သို့ မစသည်ကို စွဲလမ်း သားကောင်းသြရသအခြေပြုလုပ် ကျွန်တော်မ ကြေးသိမ်မယားဖြစ်လေဟံ လိန်လည်ယူငွေ ၈၀၀ကျော်ကို မပေးလိုသမှု ပြန်ကာစီကာ ကြိုလျှောံဆိုသော်လည်း ကျွန်တော်မ မရားကောင်းမှန်၍ ပွဲတက် စာပေးအပ်မည်ရှိကာလ သားဆိုးမင်းထင်နော်ရထာ နှောင့်ရှက်သောကြောင့် လင်သီပေါမြို့ဝန်ထံ ပြောဆိုရာ မယားဖြစ်ကြောင်း လျှောံထားရန် လင်သီပေါမြို့ဝန်က စားတော်ကွံရေခေါင်း ၃၀ စောဘွာကြီးထံ ရေးသားပေးအပ်လိုက်သည် စားစောင်ဝ မေးမြန်းကာလ  တင်လျောံရန် ကျွန်တော်မထံ ရေးသား ပေးအပ်လိုက်သည် စာများ ထင်ရှား။ မင်းထင်နော်ရထာ အမိကို လင်သီပေါမြို့ဝန်က မတောင်းမရန်းသည်မှန်၍ မခြေမဆိုဝံ။ သာမညသူတော်ကောင်းထမ်မြင်သမြင့်မွေးဘွား သားဖြစ်ကြောင်း ၄င်းအဆိုတွင် ထင်ရှားနှင့် ဖြစ်ပါသည်။

 

သီပေါမြို့ဝန် မယားမိညွန့်လျှောံချက်ဘုရား

 

ကျွန်တော်မ နေအိမ်သို့ မတင်မထား မသိမ်းမယူ ကျွန်တော်မလင်မယားတို့ပိုင် နွား၎ လှည်း။ဗောင်းနားတောင်းစလွယ်များကို မိစာဥနှင့် မဆိုင်။ လယ်မြေ ၁၀ကျော်များမှာ။

 

သက္ကရာဇ်၁၂၄၄ခု ပြာသိုလဆန်း ၄ ရက်နေ့တွင် ကန္နီမြို့ စီရင်စု သင်တောရွာသူကြီး ငစံတင်ချက်။  ။ ငမှော် သင်တောရွာသူကြီးရိုး မဟုတ်။ ငကံသာ။ ငမှောသာ။ ဟုတ်မဟုတ်မသိ ၄၅ခု စစ်တမ်းခံ သင်တောရွာသူကြီး ငပြေသာ ငကံသာ ဘီ မဟုတ်။ ငပြေသာတွင် သား ငမင်းပေါ မရှိ။ ၆၄ခု စစ်တမ်းခံ မဟုတ်။ မိုးနဲကြောင်း အရေးတော်ရှိရာ ငမင်းပေါက ငကလေကို အမိန့်တော်စာချွန်ဆိုင်ရာ စာများနှင့် သူကြီးအရာ မလွှဲမအပ်။ မကြီးမစိုး မလိုက် မထမ်း။ ငမှောမှာလည်း သင်တောရွာကို ဆက်ခံကြီးစိုးရဘူးသည် မရှိ။ ကျွန်တော် ဘ ငပေါံ ထူးက ကျေးရွာကို ကြီးစိုးလိုကြောင်းနှင့် ကြီးဝန်နှင့် မပူးမပေါင်း။ မှုခင်း မရှာမကြံ မပြုမလုပ် တောရှောင်သည် မတိမ်းရှောင်သည်ကိုလည်း မသိ။ ဘ ငပေါံတူး အရိုးမှန်သည့်အတိုင်း ဆိုင်ရာစာများနှင့် ဆက်ခံ ကြီးစိုးပါသည် ၈ခုနှစ် အရေးတော်ပုံမှာ သူဘုံဘက်ပါ ကန္နီဝန် ခေါခံငမြဲနှင့် ဘုရားကျွန်တော် စားတော်ကွံးရေတော် မင်းထင်နော်ရထာ ရှိခိုးအစီရင်တော် ခံပါသည်ဘုရား။အဘစားတော်ကွံရေတော် သီပေါမြို့ဝန်ဟောင်း သေ အဘပိုင် ရွှေငွေဥစ္စာ လယ်ယာမြေမှု အရပ်ရပ်များကို တရား မပြီးမပြတ်မှီအတွင်း ကျွန်တော်က ချထားထိမ်းသိမ်း၍ အဘ အစီးအနင်းပေါင်းနားတောင်းစလွယ်များနှင့် ကွံရေတော်တွင် စားတော်ကွံရေသား တို့ကို ပေးချတည်လုပ်သနားတော်မူ တိုက်နေအိမ်များကို အမှုတော်ထမ်းဖြစ်သည့်အတိုင်း ရယူပြီးလျင် ကျံရွှေငွေစ္စာလယ်ယာ ၄၀၀၀ကျော်တန် ပစ္စည်းရပ်များကို အဘ ကြေးသိမ်းကျွန်မယားငယ်တို့နှင့် အမိန့်တော်ရှိရာ နာခံပြီးပြတ်ပါရမည်အကြောင်း ရှိခိုးအစီရင်တော်ခံပါသည်ဘုရား။                                                   ဘုရားကျွန်တော် စားတော်ကွံရေတော်မင်းထင်နော်ရထာ။ ရှိခိုး အစီရင်တော်ခံပါသည်ဘုရား။ အဘ စားတော်ကွံရေတော် သီပေါမြို့ဝန်ဟောင်း သေ အဘပိုင် ရွှေငွေဥစ္စာ လယ်ယာမြေမှု အရပ်ရပ်များကို တရားအပြီးပြတ်မှီအတွင်း

pyw

 

၁၁၃၅ခုနှစ် တပေါင်းလပြည့်ကျော် ၁၀ရက်နေ့တွင် အထက် အမိန့်တော်မြတ်ရင်းအတိုင်း ပဏာဆက်သ၇ာန်  အခွန်တော် ထန်းရွက်သူတို့ ကိုတိုင် စာရင်းကြနှင့် လယ်ရာဦရင်ကုန်းမြေများ အခွန်တ်ာတိုင်ကျများနှင့်  ချထားပေးအပ်သည့်စာရင်း

 

ငထွေကြီး သား ငစံမဲ                      သပြေရင်းတောလယ် မျိုး၁၅င်္ကျဲ လယ်တောင်ကုန်းမြေ ၁၀င်္ကျဲထုပ်သင်                                                                           

ငချမ်းမင်း သား ငပေါ်စံ                    လယ်ကောံကြီး တော မျိုး၁၅င်္ကျဲ လယ်တောင်ဘက်ကုန်                                                                ၁၀င်္ကျဲ  ထုပ်သင်                                       

ငချမ်းသာသားငစံဘ                       မချေပင်လယ်တော မျိုး ၁၅င်္ကျဲ လယ်တောင်ဘက်ကုန်း ၁၀င်္ကျဲ ထုပ်သင်                                                                          

ငရွှေအေး                                   သစ်ရာပင်လယ်တောမျိုး ၁၅င်္ကျဲ လယ်တောင်ဘက်ကုန်း                                                     ၁၀င်္ကျဲ  ထုပ်သင်                                                         

ငကြွယ်ညွန့်                                 ခန္တီအိုင်အောံပိုင်းမျိုး ၁၅င်္ကျဲ လယ်တောင်ဘက်ကုန်း ၁၀င်္ကျဲထုပ်သင်

ငကြွယ်ဝ                                              ခန္တီအိုင်အလယ်တိုက် မျိုး၁၅င်္ကျဲ ကုန်းတော၁၀င်္ကျဲ ထုပ်သင်

ငကျွယ်အင်                                 ခန္တီအိုင်အထက်ပိုင်းလယ် မျိုး ၁၅င်္ကျဲ ကုန်းတော၁၀င်္ကျဲ ထုပ်သင်

ငချပ်အောင်                                 သထွန်ရင်းလယ် မျိုး ၁၅င်္ကျဲ လယ်မြောံကုန်း ၁၀င်္ကျဲ ထုပ်သင်

ငကျော်အေး                                မှန်တောလယ်တိုက် မျိုး ၁၅င်္ကျဲ လယ်တောင်ကုန်း ၁၀င်္ကျဲ ထုပ်သင်                                                            

ငပန်ပြိုမယားမိမွှေးသာ သား ငရွှေမှိုင်၁   ကျွန်းရင်းကြီးလယ်တိုက်မျိုး၃၀င်္  ကျဲလယ်မြောံဘက်ကုန်းတော                                                                မျိုး ၁၀င်္ကျဲ ထုပ်သင်                                                        ငပန်းဆိုင် ညီ ငပန်းဆည်                            သတွတ်အိုင်အောံပိုင်း မျိုး ၃၀င်္ကျဲ လယ်မြော့တောကုန်း ၁၀င်္ကျဲ ထုပ်သင်    

ငကြွယ်ဘုံ                                   မယ်ဇလီပင်တိုက် မျိုး ၂၀င်္ကျဲ လယ်တောင်ဘက်ကုန်း ထုင်သင် ငဲကျွက် သား ငထွန်ေးကာင်း                    ကန်ကုန်းလယ်ကြီးတော မျိုး ၂၀င်္ကျဲ တောင်ဘက်မြောံဘက်                                                                   ကုန်း ၁၀င်္ကျဲ ထုပ်သင်                                                                  ငအေး သား ငအောင်နီ                           တောင်မြိုးခင်းလယ်တိုက် မျိုး၃၀င်္ကျဲ တောကုန်းထုပ်သင်                                ငစို                                           ရေတွင်းတောလယ်ရားတိုက် မျိုးကျ ၂၀င်္ကျဲ လယ်တောင်ကုန်း ၁၅င်္ကျဲ ငကျော်ဦး ညီ ငကျော်                     သစ္စေးပင်လှတောင်လယ်ဂေါံကြီး မျိုးကျ ၂၀င်္ကျဲ လယ်မြောံ                                                                   ဘက် ကုန်း ၁၀င်္ကျဲ ထုပ်သင်                                                    မိမွန်ဂေါင် သား ငနု                            ၄င်္ရွာရှေ့တော မျိုးကျ၁၅င်္ကျဲ ကုံး၁၀င်္ကျဲ  ထုပ်သင်                           ငအော                                           သုံးဆယ်ရိုးလယ် မျိုး ကျ ၂၀င်္ကျဲ လယ်မြောံဘက် တောကုံး၁၅င်္ကျဲ ထုပ်သင် ငထွန်းကြွယ်                                  အုန်းကုန်းလယ်အထက်တော စန်းဂံ လယ်တိုက် မျိုးကျ ၁၅င်္ကျဲ                                                                 တောကုန်းတောင်ဘက်မြောံဘက် ထုပ်သင်                                    ငအိုးရ သားငစို                                 အုန်းကုန်းတောလယ်တိုက် မျိုးကျ၂၀င်္ကျဲ                       ငကောင်အိုး သားငကျော်ညိန်          အရှေပတော မျိုးကျ ၁၅င်္ကျဲ                                         ငကောင်းညွန့် မယား မိကျန်                       ငွေပေါင်ရွာရှေ့တောမျိုးကျ ၂၀င်္ကျဲ                                                မိလှဦး သားငမှော်                                    ငွေပေါင်ရွာနောက်တောမျိုးကျ ၂၀င်္ကျဲ                                                  ငအောင်လှုင်  မယား မိရော                      က္ခားရွာမြောက်တောမျိုး ၃၀င်္ကျဲ                                                                   ငစံဦး မယား မိဇံညို သား ငနဲ မယား မိချည် ၁ သတွဋ်အိုင်တော မျိုးကျ ၂၅င်္ကျဲ                                                  ငအယ်ပေါ မယား မိအေ သား ငတော မယားမိလှ ၁         မျက်ဆွဲလဲရွာရှေ့တော မျိုးကျ ၁၅င်္ကျဲ     

ငကလားညို မယား  မိဇ၀ယ် သမီး မိရွှေဇက်               န္တီအိုင်တိုက် မျိုးကျ ၂၀င်္ကျဲ                                                           ငပေါ်ထွား မယား မိညိမ်းအေး            ကျေးကံကျောင်းတောင်တော မျိုးကျ ၃၀င်္ကျဲ                             ငလွှန်းကျော်                             ၄တွင်းဇင်တော မျိုးကျ ၁၅င်္ကျဲ                                                      ငပုလယ်                                             ကျေးကံရွာအရှေ့တော   မျိုးကျ ၁၅င်္  ကျဲ                                                        ငကူလယ်                             အင်ပင်လှကုန်းအရှေ့တောမျိုးကျ၁၅င်္ကျဲ                           ငအောင်တုပ် မယား မိဇက် သမီးမိနှင်း၁          အင်ရေအိုးရွာအရှေ့အင်သစ်ခုပ်တောမျိုးကျ၃၀င်္ကျဲ                                           ငကျော်                                             လယ်တောရှည်တော မျိုးကျ၃၀င်္ကျဲ                                                       ငကြွယ်လှေ သား ငပြည့်                     အင်ရေအိုးကျောင်းရှေ့တော မျိုးကျ၂၀င်္ကျဲ တောကုန်၁၅ျင်္ကျဲ          ငသက်နှင်းသားငမြတ်ဆီ သား                                                                                                           ငရွှေမိတ် ညီ ငရွှေရိပ် ငပြို                              ကုန်းသာရွာအနောံ မခြေးငုတ်တို ညောင်ပင်ရှိုထိ မျိုးကျ ၂၀င်္ကျဲ                                      ငအီ သား ငမှုံ                                    မြိုတင်ရွာအနောံ ၂တွင်းပေါင်းလယ်တိုက် မျိုးကျ၁၅င်္ကျဲ                            ..                                               ကုန်းသာရွာကန်အောက်ရှိုထိ လယ်မြေ ၁၀င်္ကျဲ 

         

 

သက္ကရာဇ်၁၁၂၅ခုနှစ်၊ ၁၁၃၅ခုနှစ်၊၁၁၄၅ခုနှစ်၊၁၁၅၅ခုနှစ်၊၁၁၆၄ခုနှစ်၊ ၁၁၇၅ခုနှစ်၊ ၁၁၈၂ခုနှစ်၊ ၁၁၈၅ခုနှစ်၊ ၁၁၈၈ခုနှစ်၊၁၁၉၀ပြည့်နှစ်တိုင် အစု အမှုထန်း၊အခွန်တော်ထန်း ဆင်းရဲသား ကျွန်တော်မျိုးတို့ကို စမုံမြေတာ လယ်ယာဦရင် ကိုင်းကျွန်းလုပ်ဆောင်ရန် အမိန့်တော်မြတ်နှင့် ချထားသနားတော်မြတ်ခံ ရင်းအတိုင်း နှစ်စဉ် မပျက် လုပ်ဆောင် အခွန်တော်ထန်းရွက်စေရန် စမုံမြေတာ ဦရင်လယ်မြေများကို အသီးအသီး အပ်ပေးချထား လုပ်စားစေသည့် စာရင်း။

ငစော မယားမိမွှေးအိမ် သား ငဘေ                     မယ်ဇယ်တောလယ်တိုက်                 ၃၀င်္                            ငစို မယားမိမိသာ                                            လယ်ရားကြီးကုန်းလယ်တိုက်            ၃၀င်္                                       ငကွတ် မယား မိညှင်း သား ငထွန်းအောင်                       ရွှေအင်ပင်အောကံပိုင်းလယ်တိုက်                ၃၀င်္ ငကြွယ်လှေ မယား မိမိသာ သား ငကျော်                        ၄တွင်းပေါင်းတောလယ်တိုက်           ၂၅င်္ ငထွေကြီး မယား မိမိ သား ငစံမဲ မယား မိစိန်            သပြေရင်းတောလယ်တိုက်              ၂၀င်္ ငချမ်းမင်း နှမ မိပိန် သား ငပေါ်စ ညီငအာ                          လယ်ကောံကြီး တောကုန်းပါ            ၂၀င်္     ငကြွယ်ညွန့် ညီငကြွယ်အင်          ညီငကြွယ်ဝ            ခန္တီအိုင်အထက်တောလယ်တိုက်         ၃၀င်္ ငချမ်းသာသားငစံဘသားငဘေသားငသီပေါ                  မချေရင်းလယ်တိုက်                       ၂၀င်္  ငကောင်းညွန့် မယား မိကျံ                                     ငွေပေါင်ရွာရှေ့တောလယ်တိုက်                   ၁၅င်္ ငချပ်အောင် ညီငချပ်လှောံ ညီ ငချပ်ပြေ                      သထွန်ရင်းလယ်တိုက်                    ၂၀င်္ ငကျော်အေး ညီ ငကျော်မျှ သားငတိုက်                       မှန်တောနှောပင်လယ်တိုက်              ၂၀င်္ ငပန်ပြိုမယားမိမွှေးသာ သား       ငရွှေမှိုင်                             ကျွန်းရင်းကြီးတောလယ်တိုက်          ၃၀င်္

ငပန်းဆိုင် ညီ ငပန်းဆည် သားငနဲ                       သတွတ်အိုင်အောံတောလယ်တိုက်     ၃၀င်္

ငကြွယ်ဘုံ အမွေခံ ငကေ မယား မိမျိုး                           မယ်ဇလီပင်တော်လယ်တိုက်             ၂၀င်္ ငကျော်ဦး မယား မိသွယ် မတ် ငကျော်ရာ                           သစ္စေးပင်လှတောင်လယ်ဂေါံတော    ၂၀င်္ မိမွန်ဂေါင် သား ငရွှေနု မယား မိရေ                      သစ္စေးပင်လှရွာ ရှေ့တောလယ်တိုက်   ၁၅င်္ ငအော သား ငစွဖြူ                                              သုံးဆယ်ပျားရိုးလယ်တိုက်               ၂၅င်္ သခင်မ မယ်ရွဲလယ်                                               ပိတ်တောအနောံဘက်ယိုး                ၂၅င်္ ငအိုးရ သားငစို သားငနေမင်း သား ငရောံ                             အုန်းကုန်းတော အထက်ပိုင်းတော     ၂၀င်္ ငကောင်အိုး သားငညိန်                                           အုန်းကုန်းအနောံတောလယ်တိုက်                ၂၀င်္ မိလှဦး သားငမှော်                                     ငွေပေါင်ရွာ အနောံတောလယ်တိုက်         ၂၀င်္ ငအောင်ကြီး မယား မိရော သား ငအီ                       က္ခားရွာမြောက် တောင်လယ်တိုက်        ၃၀င်္ ငစံဦး မယား မိဇံညို သား ငနဲ မယား မိချည်                သတွဋ်အိုင်တောင်တောလယ်တိုက်          ၂၅င်္ ငအယ်ပေါ မယား မိအေ သား ငတော မယားမိလှ                  မျက်ဆွဲလဲရွာရှေ့တော          လယ်တိုက်          ၁၅င်္ ငကလားညို မယား  မိဇ၀ယ် သမီး မိရွှေဇက်                  ခန္တီအိုင်အောံပိုင်းလယ်တိုက်             ၂၀င်္ ငပေါ်ထွား မယား မိညိမ်းအေး                            ကျေးကံကျောင်းတောင်လယ်တိုက်    ၃၀င်္ ငလွှန်းကျော် ညီ ငလွှန်းတင်                                 လေးတွင်းဇင်တောင်ဘက်တော                ၅င်္ ငပုလယ်                                                   ကျေးကံရွာအရှေ့တောလယ်             ၁၀င်္ ငကူလယ် မယား မိညိမ်ေးအး                                   အင်ပင်လှကုန်းအရှေ့တောလယ်        ၁၅င်္ ငကျော်လယ် မယား မိမိရေ                                      လယ်တောရှည်တိုက်                      ၃၀င်္ အောင်တုပ် မယား မိဇက် သမီးမိနှင်း                          အင်ရေအိုးရွာအရွှေအင်သစ်ခုပ်တော  ၃၀င်္ ငသက်နှင်းသားငမြတ်ဆီ သား ငမိတ်                         ကုန်းသာရွာနောံ မချိးငုပ်ရှိုတော                 ၂၀င်္  င၀သာ ညီ ငပဦး ညီး ငပပြူးလယ်                                      က္ခားကံမြောံ လယ်ကြီးတိုက်                        ၂၅င်္  ငအီ သား ငမှုံလယ် မိကြွယ်လှ သား ငပြို                               ၂တွင်းပေါင်လယ်တိုက်                             ၂၀င်္ ငမှော် သား ငလှလယ်                                            ကုန်းသာရွာအရှေ့ ကံအောံလယ်                  ၁၅င်္ မိကြွယ်လှ သား ငပြို                                              ကျက်ဆူကန်ရွာတောင် ၇င်္တော                   ၁၅င်္ ငပန်းညို မယား မိဇံ၇                                             ၉င်္ကျဲတောလယ်တိုက်                     ၁၅င်္  ငအီ မယား မိလန်                                                သတွဋ်အိုင်တောင် အောံလန်းတော    ၂၀င်္ ငမြိုင် မယား မိမိ                                                   ဘော်ကကုန်းအရှေ့တောလယ်          ၂၀င်္  ငကျော် မယား မိဇိန် သား ငပေါင်                                       ညောင်ရင်းတော လယ်တိုက်            ၂၀င်္  ငတုံ သား ငမှိုင်                                                    ညောင်ရင်းငယ်တောလယ်တိုက်                  ၁၅င်္ ငပန်းအောင် သား ငအီ မယား မိလုံမ                          သရက်ရင်းတောလယ်တိုက်              ၁၅င်္ ငချပ်အို မယား မိညို                                              အင်ပင်လှတောလယ်ကြိးတိုက်                   ၁၅င်္ ငကျော်ရ မယား မိမိုးကုန်                                        ကစွန်းခင်းတောလယ်တိုက်              ၁၅င်္ ငစံလင်း သား ငမှူး မယား မိဘေး                                       အင်ရေအိုးရွာတောင်လယ်တိုက်                  ၂၀င်္  ငကူ မယား မိကောံ သားငနန်                                  ညောင်ရင်းတောလယ်တိုက်             ၂၅င်္ ငအောင်ကြိုင် မယား မိဘောအ သား ငဖိုးနီ                 က္ခားရွာတောင်လယ်မြေ              ၃၀င်္ ငဖြိုးလှ မယားမိမိ သား ငကြွယ်ဇ                              အုံးကုံးတောအထက်ပိုင်းတောင်ရိုး     ၁၂င်္ ငပြိုင် မယား မိမိ                                                   ကျေးက.ံ…….                              ၁၅င်္

 

၁၁၆၅ခုပေါင်းငွေ၇၀                                                                                                                      ၁၁၇၅ခု ပေါင်းငွေ ၈၀                                                                                                                         ၁၁၉၀ခု ပေါင်းငွေ ၄၀                                                                                                                  

၁၁၅၈ခု ပေါင်းငွေ ၄၀                                                                                                                          ၁၁၇၅ခု ပေါင်းငွေ ၈၀

 

၆၄ခုနှစ် ရွှေကျင်နယ်ရှိ လယ်မြေများ အခွန်တော်ဆောင်ရန်ငွေနှင့် မင်းသမီး မယ်ဇထံ သူကြီးတို့ ရောင်းချသည့် စာရင်။                                                                                                                                                  မြေခုနယ် ပိတ်တောအနောံရှိုလယ်တိုက်မျိုးကျ                            ၂၅င်္                              သုံးဒေါင်လယ်ရာရှည်တိုက်မျိုးကျ                                             ၂၅င်္                      လယ်တော်ရှည်တိုက်လယ်မျိုးကျ                                             ၃၀င်္                       ကံထူးမရွာအရှေ့တောလယ်မျိုးကျ                                  ၁၅င်္                                                                ပေါင်း ၉၅င်္မှာ လယ်ခေါင်း င၀င်း                                                                                                                  

၁၂၄၁ခုနှစ် သစ်းစေးပင်လှရွာက သူကြီးငပေါထံ အရပ်ရပ်ဆောင်စာရင်း                                                                             

 

ငစံမဲ ခေါင်းအခွဲကျဆောင်ငွေ                    ၇၇ိ      ၇ိ                                                                      ငတိုက် ခေါင်းအခွဲကျဆောင်ငွေ                           ၇၇ိ      ၇ိ                                                                         ငစံ ခေါင်းအခွဲကျဆောင်ငွေ                           ၇၇ိ      ၇ိ                                                                               ငရေစစ် ခေါင်းအခွဲကျဆောင်ငွေ                          ၈၈ိ                                              ငရွှေပြည့်ခေါင်းအခွဲကျဆောင်ငွေ                         ၆၅ိ

 

 

 

 

 

 

 

 

 

 

 

 

 

ရွာသစ်ကြီးနယ် ပုရပိုက်များ

 

ပေကုန်းရွာ

 

ဘုရားတကာ ဦချို အမွေခံ နတ်ကြီးကုံးရွာနေ မောင်သော် သမီးခင်ပွန်းက ၁၂၂၁ခု ၀ါခေါင်လပြည့်ကျော် ၁၂ရက်နေ့ ငွေမွေရွံနီရှန် ငွေချိမ် ၅ိကို အပပေးလိုက်သည် ကာလ ငွေချိမ် ငွေရှင်။  ငွေခန် ဆန်ဆွဲရွာနေ မောင်ရွှေဝါ စာစီစာရေး နတ်ကြီးကုံရွာနေ မောင်ထူး။ သက္ကရာဇ်၁၂၂၁ခု ၀ါခေါင်လဆန်း ၃ရက်နေ့တွင် မြင်းကျအိုင်တော လယ်ကုံးထန်းတော အစိုအချောံများကို အမမဘိုမ မောင် မောင်နှင်တို့က  အမွေခံ  ပေကုံးရွာနေ မောင်ကျော်လှိုင်က ရလိုကျောင်းနှင့် တောင်းခံပြောဆို ရှိပျန်၍ ဘုရားတကာ ဦးချိုအမွေခံ နတ်ကြီးကုံးရွာနေ မောင်သော် သမီးခင်ပွန်းက ငွေမွေ ၂ဲ၅ိချိမ် ၂၀ကို ပေကုံးရွာနေ မောင်ကျော်လှိုင်သို့ ပေး၍ သားစင်မျေးဆက် ဆုံးပိုင်…….

 

ရွာသစ်ရွာ

၁၂၂၁ခု တဘိုတွဲလဆန်း ၃ရက်နေ့တွင် ရွာသစ်ရွာနေ မင်းကျော်ရဲလှ နတ်မီးသွေးက တောင်သားချင်းဆို၍ ကုန်းသာရွာနေ ငကျော်က မျင်းကျားမသမီးကို  ကန်ကလေးကုန်းရွာ ကြောင်းတကာ ငတေဥထံ အဘိုးငွေ ၂ဲဝိ ၂၃ိပေး၍ ၀ယ်ယူထားသည့်မြင်းကို

 

ကုန်းသာရွာ

သက္ကရာဇ် ၁၂၂၁ခု တော်သလင်းလအတွင်း တပရင်းမြို့ စီရင်စု  ကုန်သာရွာနေ ငရွှေမြတ် မျင်းမိသားကို တူတော်သူ ငကျော် ငလှောက် င.တို့က ငွေ ၂ဲဝိ ချိန် ၂၃ိ ကြောင်းတကာ ငတေဥထံ ၀ယ်ယူသည့်မြင်းက

                                                                                                        

ဆေးခါးကုန်း

သက္ကရာဇ်၁၂၂၅ခု ၀ါခေါင်လပြည့်ကျော် ၅ရက်နေ့တွင် အထက်……ငနောံဆွဲက  ဆံဆွဲစီရင်စု ဆေးကားကုန်းရွာနေ ငမှန် ငညှင်းတို့ ငွေကို မောင်ရွှေထူးတို့ထံ ခံဝန်ယူပေးသည့်ငွေမှာ ဦးမောင်ရွှေ ..အစ်ကို မောင်ရွှေထူး အ၀င်သွင်း ငွေမွေ ၂၀ိချိန် ၁၀ ခံဝန်သူသို့ (အ၀င်သွင်း..သည်) ကာလသိရှိသူ ဦးတေဇ ကိုပေါ်သစ် ကိုပြောင် . ကျောင်းတကာ ကိုလန်း။

 

ညောင်ဈေးကုန်း

၁၂၂၆ခု ပျာသိုလပြည့်ကျော် ၂ရက်နေ့တွင် တပရင်းစီရင်စု ညောင်စေးကုန်းရွာနေ ဒေါင်းလှောင်တကာ ဦးပေရေက ကံကလေးကုန်းရွာနေ စာတိုက်တကာ မင်းရွှေတောင်ရဲသူ တွင်ရှိသည့် မြင်းမ။၁။ကို အဖိုးငွေ ၂၀ဲချိန် ၃၀ိထား၍ ပေးနှင့်ပါ ။ ယ္ခုနှစ် တပေါင်းလဆန်း ၅ရက်နေ့တိုင်ရောံလျင် မြင်းမဖိုးငွေ ၂၀ဲချိန် ၃၀ိကို လဘက်အသားချိန် အခွက် ၆၀ိကို ...ရကာသားကျိုက်လဘက်ကို သွင်းပါရစေ ပေးနှင့်ပါဆို၍ ၎င်း ဦးပေရေ အဆိုအတိုင်းနှင့် စာတိုက်တကာ မင်းရွှေတောင်ရဲသူက ကိုယ်ပိုင်မြင်းမနီ။ ၁။ကို အဖိုးငွေ ၂၀ဲချိန် ၃၀ိကို ပေးလိုက်သည်။ ကာလသိရှိသူ ကြောင်းတကာ ကိုတေဥ မောင်မှာ မောင်တုပ်ကြီး မောင်သာအောင် စာစီစာရေး ကိုးဆူတကာ မောင်ပေါ်သစ်

 

သင်ပေါင်းချင်း

သက္ကရာဇ်၁၂၅၇ခု နယုံလဆန်း ၇ရက်နေ့တွင် ရှင်မင်း သား မောင်ပေါ်တို့က ကျနုပ်တို့ အမွေစားဖက် မောင်ပြောင်က မှံတောနယ်မြေအတွင်း အထက်ပိုင်း ကံလယ်ကြီး မျိုးကျ၁၂င်္ကျဲကို တပရင်းမြို့ အုပ်စုပါ သင်္ဘောချင်းရွာနေ ဦးအောင်ကေ သား မောင်အုံတို့ထံ အပေါင်ရောံ စပါးတင်းချင် ၈၀၃င်္။ တရပ် ကံလယ်ကြီး အထက် တန်ပွင့်လယ်မိသားတစု မောင်ထွန်းလှ မိကောံ လင် မောင်ဖိုးမှီတို့ထံ အပေါင်ရောံသည်ငွေ ၈ိ။ ၂စုငွေ စပါးများကို ရွေးနုပ်၍ ၄င်းလယ်မြေအထက် ဘဲကော်ကို သွတ်သွင်း ပေါင်ထားလိုပါသည်။ ရွေးနုပ်အပေါင်ခံယူနှင့် မောင်ဖိုးဆင် မောင်အောင်ပြည့်တို့ကို ဆိုလျင် ၄င်းရှင်မင် သား မောင်ပေါ်ရေတို့ အဆိုအတိုင်း ကံလယ်ကြီး မိသားစု တွင်းရေ ၈တွင်း မျိုးကျ ၄င်္၂ီကျဲကို ငွေပေးလယ်ပေါ် အပေါင်ပြု၍ မောင်ဖိုးဆင် မောင်အောင်ပြည့်တို့က ငွေ၁ိသုံး ဒင်္ဂါးရေ ၂၅ပျားကို ရှင်မင်း သား မောင်ပေါ်ရေ တို့သို့ ပေး၍  မောင်ပြောင် ပေါင်ထားသည် သက္ကရာဇ် ၂ဆောင်ထွက်ငွေကို ရွေးနုပ်ပေါ်ယူလုပ်စားကြသည်။

 

ကုန်းရိုးရွာ

 

သက္ကရာဇ်၁၂၂၂ခု နယုံလဆန်း ၇ရက်နေ့တွင် ဦးသာတင် သား မောင်ကောင်ဖြူ မောင်ဘိုတို့က ဆြာဦးခြစ်ပြူထံ ပေါင်ထားသည့် ကုန်းတောထန်းများကို မလုပ်မစားရကြောင်းနှင့် ဦးခြစ်ပြူ သားမြေးတို့က မြေခုသူကြီးထံ ..ဆွဲတရားနှင့်တောင်းရာ သက္ကရာဇ်တွက်ငွေများကို ရွေးအပ်ရသည်ငွေပေါင်း ရပ် ၆၇ိ၂ံ ရွက်နီပေး၍  ရွေးရသည်။ ၄င်းသူတို့ကစိုးမင်းတို့ထံ အပ်နှမ်၍ တောင်ကုန်ငွေစာရင်း ။                                                                    ၄င်းမှုနှင့် သူကြီးက ချခေါ်လာရာ လုင်ပေးငွေ           ၇ံ                                                                                     ၄င်းမှုနှင့် ခံချက်ရေး ပေးငွေ                                ၂ံ                                                              ၄င်းမှုနှင့် ညံဘူဇော် လွှခေါင်း ဦးဖြူ ပေးငွေ               ၂ိ၂ံ                                                          ဖြတ်စာရေး ပေးငွေ                                                 ၂ံ                                                               ၄င်းမှုနှင့် ချလှာရာလုင်အေးငွေ                               ၂ံ

 

၎င်းနှစ် ၀ါဆိုလဆန်း ၁၁ရက်နေ့တွင် ဦးသာတင် မောင်ဘိုတို့က ထန်းပင်လယ်ကို ဦးနွယ်ထံ ငွေရွက်နီ ၂၀နှင့် ပေါင်ထားပြီးလျင် မလုပ်မစားရကျောင်းနှင့် ဦးနွယ် အမွေခံ သားမြေးတော်သူ ငကျွက်က လွှတ်ခေါင်းဦးဖြူထံ အစီရင်ခံ၍ တောင်းရာ    ပေးသင့် ပေးသင့်များကို ရှင်လင်းရာ ကုန်စာရင်း။

 

၁၂၂၃ခုဝါဆိုလပြည့်ကျော် ၁၂ရက်နေ့တွင် ရှိုဝန်တောလယ်မြေတွင် ထန်းပင်လယ်ကို ဘေး ဦးသာတင်က ဦးနွယ်ထံ ငွေရွက်နီ ၂၀၁ံနှင့် အပေါင်ရောံကျောင်းကို ဦးနွယ်သားမြေးတော်သူ ကုန်းရိုးရွာနေ ငကြွက် မယား မိသိုင်းတို့က ရွေးနုပ်သင့်ကျောင်းနှင့် လွှတ်ခေါင်း ဦးဖြူထံ အစီရင်ခံ၍ တောင်းရာ ထန်းပင်လယ်ကို ဘေးတော်သူ ဦးသာတင် ပေါင်ကို မှံသည်ဖြစ်၍ ရွေးနုပ်ရသည် ငွေရွက်နီ ၂၀ိ၁ံ ၄င်ပြင် အစီရင်ခံ ၍ နုပ်သိမ်းရငွေ ၃ိ၁ံ လယ်ကို မလုပ်မစားရ၍ လယ်မှုတွက် ပေးရစပါး ၁၅င်္ကို ကုန်းရိုးရွာနေ ကြောင်းတကာ ဦးစံပျား ကြောင်းတကာ ဦးခက်တို့ ရှေ့ ကုန်ရသည့်စာရင်း။