Thursday, August 12, 2021

 

ရွှေကျင်၁၃ရွာဒေသမှ ပျောက်ကွယ်သွားသောကျေးရွာများ အပိုင်း(၂)

 

၁၃၊  လွန်ဘိုဦးရွာ

 

လွန်ဘိုဦးရွာအကြောင်း ပါရှိသည့် ပုရပိုက်ကလေးသည် မှုန်ဝါးဝါးနျင့် အတော်ကလေး ဖတ်ာုရသည်။ အစပထမစာကြောင်းသည် မပါရှိတော့သည့်အပြင် ဒုတိယအကြောင်းနောက်ဆုံးပိုင်း စာလုံးရေ လေးငါးလုံးစာခန့်ကလည်း ပုရပိုက်ပျက်ဆီးနေသဖြင့် ပါမလာတော့ပေ။ ကျန်ရှိနေသော အပိုင်းကလေးက သမိုင်းတစွန်းတစ်စကို ပြောပြနေနိုင်သေးသဖြင့် ၀မ်းမြောက်ရပေသည်။

သည်အတိုင်း ၃ခုနှစ်  ထန်းရင်းအိံ(အိမ်)ံ မရုတ်မလျော့စေရ။ပေးဆောင် ထန်းရွက်ရမည် ဆိုင်ရာ ၀န်မင်း……သောကြောင့်  ..ပေးချိန်ဆောင်ရွက်ရသည်ဖြစ်ပါ၍ သစ္စး၆ရွာအ၀င် စင်းသင်းစီရင်စု လွန်ဘိုဦးရွာနေ ငပြောင် ငထွန်းအောင် ငနီတို့မှာ အခွဲခန့်ငွေများကို လျှောံထားတောင်းခံရှိသည့်အမှုမှာ၂မြေ ၁မြေ နယ်နီး ပယ်စပ် နေထိုင်ကြသူခြင်း ဖြစ်၍ ပြောဆိုကြက အမှုစကား ကြယ်ပွားရန် ရှိသည်ဖြစ်၍ ၃ခုနှစ် ငွေတော် ပေးချိန်ပြီးနောံ ပြောင်းရွှေ့နေထိုင်သူတို့ ၁အိမ်လျင် ၃ပြားကျ ငွေကို ပေးပြီးလျင် နောင့်နောင် နယ်ရှင် သူကြီးတို့က တမြို့တနယ် ပြောင်းရွှေ့နေထိုင် စရင်း အတင်အပေးအလွှဲ မရှိစေနှင့် ငြိမ်ဝပ်စွာ နေထိုင်စေရမည်။

၁၂၃၄ခု သတင်းကျွတ်လပြည့်ကျော် ၁၀ရက်နေ့ ၃ခရိုင် ဂိုဏ်းအုပ် ဂိုဏ်းထောံ ဆရာတော်တို့ မိန့်ချက်။

 

ပုရပိုက်အရဆိုသော် လွန်ဘိုဦးရွာသည် သစ်စေး ၆ရွာ အ၀င် စင်းသ်းစီရင်စု အောက်တွင် တည်ရှိခဲ့သည်ကို တွေ့ရသည်။ ၁၂၃၄ခုနှစ် သီတင်းကျွတ်လပြည့်ကျော် ၁၀ရက်နေ့ဟု ဖော်ပြထားသဖြင့် ကုန်းဘောင်ခေတ်နှောင်ပိုင်း မင်းတုန်းမင်းလက်ထက်ထိ အဆိုပါရွာကလေးသည် ရှိနေသေးသည်ကို တွေ့ရသည်။ မည်သည့်အချိန်တွင် ရွာပျက်သွားကြောင်း အိမ်ခြေမည်မျှရှိကြောင်း ရှာမတွေ့ရချေ။ အဆိုပါ  လွန်ဘိုဦးရွာကား  ယနေ့ခေတ်တွင် လွန်ဘိုဦးလယ်ခြင်း ဟူ၍သာ သိကြတော့သည်။ ဤပုရပိုက်မှတ်တမ်းသာ ရှာမတွေ့ခဲ့လျင် မည်သူမျှ လွန်ဘိုဦးရွာ ရှိခဲ့သည်ကို သိရှိကြမည် မဟုတ်ချေ။                          လွန်ဘိုဦးလယ်ခြင်းကား လက်ရှိစင်းသင်းရွာ၏ အရှေ့တောင်ဘက် စည်ပတုန်းချောင်းဘေးတွင် တည်ရှိသည်။

 

၁၄။ မှန်တောရွာ

ပုရပိုက်ထဲတင် မှန်တောရွာကို မြို့တင်စီရင်စု မှန်တောရွာ ဟု တွေ့ရသည်။ မှန်တောရွာသည် ကန်းကလေးကုန်းရွာ၏ မြောက်ဘက် နတ်ကြီးတောသည် မှန်တောရွာဟောင်းနေရာပင် ဖြစ်သည်။ နတ်ကြီးတော၏ အနောက်ဘက်နားတွင် မှန်တော ဘိုးတော်ကြီးနတ်စင်ရှိသည်။ မှန်တောရွာဟောင်း၏ မြောက်နားရှိ ပိုးထိလယ်ခြင်းခေါ် လယ်နေရာတွင် ပိုးထိသေပြီး နတ်ဖြစ်လာသည့်အတွက် မှန်တောနတ်ကြီး ဟ၍ ခေါ်ကြသည်။ အဆိုပါ မှန်တောဘိုးတော်ကြီး ပိုးထိသည့်လယ်ခြင်းကိုလည်း ပိုးထိလယ် ဟု ယနေ့တိုင် ခေါ်တွင်လျက်ရှိသည်။ ဇီးပေါက်ရွာရှိ ဗုံကြီးမှာ အဆိုပါ မှန်တောဘိုးတော်ကြီး ပိုင်ဆိုင်ခဲ့သည့် ဗုံကြီးများ ဟု သိရသည်။

ထူးခြားသည်မှာ သူ့တောင်ဘက်ကပ်လျက် တည်ရှိသည့် ကန်ကလေးကုန်းရွာသည် မြေခု စီရင်စုအောက်၌ တည်ရှိသော်လည်း မှန်တောရွာမှာမူ မြို့တင်စီရင်စု အောက်၌ တည်ရှိသည်ကို တွေ့ရပြန်သည်။ မှန်တောကဲ့သို့ပင် ရာဇဂြိုဟ်ရွာဟောင်းသည်လည်း မြို့တင်စီရင်စု အောက်၌ ရှိသည်ကို တွေ့ရသည်။ သစ်စေးပင်လှ ကျေးကန် တို့ကား မြေခုစီရင်စုအောက်တွင် ရှိခဲ့သည်။                                 မှန်တောရွာသည် မှန်တောပယ်အတွင်းတွင်တည်ရှိပြီး မြို့တင်နယ်အတွင်းရှိ ပယ်(၁၂)ခုအနက် တစ်ခု အပါအ၀င်ဖြစ်သည်။ ရှေးက မြို့တင်နယ်သည် ရွှေကျင်၁၃ရာနယ် ဆပ်သွားရွာနယ်များကဲ့သို့ သီးခြားတည်ရှိခဲ့သည်။ မြိုတင်နယ်သည် အရှေ့ဘက်တွင် ဆပ်သွားနယ် တောင်ဘက်နှင့် အနောက်ဘက်တွင် ရွှေကျင်၁၃ရွာနယ်၊ မြောက်ဘက်တွင် နွားကောင်းတင်နယ်တည်ရှိသည်။ မြို့တင်နယ်မြေ အပိုင်းအခြားကို ဖော်ပြသော ပုရပိုက်သည် အတော်ကလေး ပျက်ဆီးနေလေရာ ဖတ်ရ အင်မတန် ခက်လှသည်။ ဖတ်၍ ရသလောက် နယ်မြေအပိုင်းအခြားကား ထန်းတောကုန်းရွာအနီး ၀က်လူးအိုင်ထိ (ဘော်ကတောအရှေ့နားဆီ) ၊ ထိုမှ အင်ပင်အိုင်ရွာ အရှေ့မြောက်နားရှိ ယုကြောင်ပယ်၊ ရာဇဂြိုပယ် ကျွဲခိုးပယ် ထိုမှတစ်ဖန်  ကန်ကလေးကုန်းရွာမြောက်ဘက်ရှိ  မှန်တောပယ် ထိုမှ မြောက်ကိုလားသော် အိုင်ဗျဲတော ကုန်းပေါ်ရှိ ပိတောက်ပင်အထိ ဟူ၍ ပါရှိသည်ကို တွေ့ရသည်။ အိုင်ဗျဲတောကား နွားကောင်တင်နယ်အတွင်းတွင် တည်ရှိသည်။ မှန်တောပယ်ဋ္ဌ အနောက်ဘက် လင်းတသေတော၊ ခြောက်တင်းကျေးတောတို့သည် ဇီးပေါက်စီရင်စုအောက်တွင် တည်ရှိသည်။ ယုကြောင်နတ်ကြီးတောသည် ကျေးကန်ရွာ၏ အနောက်နား အုန်းကုန်းရွာဟောင်း၏ တောင်ဘက်တွင် တည်ရှိသည်။  ယုကြောင်ပယ်နှင့် ပတ်သက်၍ ပုရပိုက်တစ်ခုတွင် အောက်ပါအတိုင်း ယုကြောင်ကျွဲခေါင်း ၁၂ဦးကို ဖော်ပြထားသည်ကို တွေ့ရသည်။ ကွဲခေါင်းဟူသည် အဆိုပါ ပယ်နယ်အတွက် ခန့်ထားသော အကြီးအကဲပင်။ ယနေ့ခေတ် မြောင်းခေါင်းနှင့် အလားတူပင်။

 

သက္ကရာဇ် ၁၁၄၅ခု ၊ခုနျစ် ၁၁၆၄ခုနှစ် ၁၁၆၇ခု မြေဒူးမြို့ အ၀င် မြို့တင်နယ်၎ရပ်၈ရပ်နယ်မြေများကို ပဲဖွယ့်ရာ (ပယ်ဖွဲ့ရာ) ကျွဲခေါင်း ၁၂ ခန့်သည့်စာရင်း

 

မြွှိုတင်ရွာမခေါင်း မောင်နှာင်                             ၆၀င်္ကျဲ           ၃၇ိ                            ကြေးကိုင်မောင်စံပွင့် ပေါံတော တခေါင်း                     ၅၀င်္ကျဲ          ၃၁ိ၁ံ                                   ကြိုရင်ပျင်တော မောင်နေကျော် တခေါင်း                          ၅၀င်္ကျဲ                    ၃၁ိ၁ံ                         ညောင်ကံတောခေါင်း မောင်တင်ကြီး                            ၈၀င်္ကျဲ                    ၅၀                ပျင်ဝင်အုတောခေါင်း မောင်မြတ်အောင်                          ၅၀င်္ကျဲ                    ၃၁ိ၁ံ              တောင်ကျွဲကိုးတောခေါင်း မောင်ရွှေသာ                        ၅၀င်္ကျဲ                     ၃၁ိ၁ံ              ရာဇဂြိုတောခေါင်း မောင်ရွှေစိန်                                  ၅၀င်္ကျဲ           ၃၁ိ၁ံ                             ယုကြောင်တောခေါင်း မောင်မြတ်ညွန်                           ၁၃၀င်္             ၈၁ိ၁ံ                             ရသရာတောခေါင်း မိသာလှေး                            ၇၀င်္ကျဲ                    ၄၃ိ၃ံ              မြောံကျွဲကိုးတောခေါင်း မောင်မွေ                                   ၅၀င်္ကျဲ           ၃၁ိ၁ံ                                   မှံတောခေါင်း ရှင်ဝင်                                     ၁၃၀င်္ကျဲ         ၈၁ိ၁ံ              ညံအိုင်တောခေါင်း မောင်ခြစ်နှောင်                     ၅၀င်္ကျဲ                    ၃၁ိ၁ံ

                                                                                      ၅ါ၁၂ိ

တင်းကျဲပေါင်း                              ……

အခွန်ထန်းပဲပေါင်း               ၄၁၀င်္                                                                                                               ၁ပဲလျင် ၁ိ၁ံကျငွေပေါင်း                 ၅၁၀ိ

 

ဤပုရပိုက်သည် ၁၁၄၅၊ ၁၁၆၄၊ ၁၁၆၇ ခုနှစ်က ပုရပိုက်မှတ်တမ်းဖြစ်သဖြင့် ဘိုးတော် ဦးဝိုင်းလက်ထက်ပင်ဖြစ်သည်။ ဘိုးတော်ဦးဝိုင်း လက်ထက်တွင် မှန်တော ရွာမ(မြို့တင် အနီးပတ်ဝန်းကျင် လယ်တောကို ညွှန်းဆိုခြင်း ဖြစ်ပေလိမ့်မည်။)၊ပေါက်တော၊ကြိုးရင်းပြင်တော၊ ညောင်ကန်တော၊ ပြင်ပင်ဥတော၊ တောင်ကွဲခိုးတော ၊ မြောက်ကျွဲခိုးတော၊ ရာဇဂြိုတော ၊ ယုကြောင်တော၊ ရသယာတော၊ မှန်တော၊ ညံအိုင်တော စသဖြင့် ပယ်(၁၂)ခု ရှိခဲ့သည်ကို တွေ့ရသည်။ ညောင်ကန်တောကား မြို့ထင်ဘုရား၏ မြောက်ဘက်မှ လယ်တောဟု သိရသည်။  ဗဟုသုတမျှသာ။

 

 

ရွှေကျင်၁၃ရွာ စီရင်စု ကန်ကလေးကုန်းရွာနေ ကျောင်းတကာ ငပေါ်သစ် လျောံချက်။                 ။ကျွန်တော် အရှင်..ကြေးရွာဆင်းရဲသားအကြိုးကို ကြိုးမှုများနှင့် ရွှေဘွားတော်အောံ ခစ်တ ဆင်းသွား တရားရေး ပြောဆိုနေသည့်အတွင်း မြေတူးမြို့အ၀င် မြို့တင်နယ်အုပ်စု မှံတောရွာနေ ငမာနှင့် လူ၎ရောံသားတို့ ကျနုပ်နေအိမ်ကို ကျူးလွံကျော်နင်း၍  သားမယားတရားမလိမ်မာသူတို့ကို မှူးများသွေးဆောင် သမီးငယ် မိမင်းမိတ်ကို မိနန်းအုံ သား ငဘိုးဝန်နှင့် တောင်းဆို မင်္ဂလပြုလုပ်သည်များ ခံနေရပါသည်။ အဘ အစိုးရ မရှိသည်အတွင်း နေအိမ်ကျူးလွံကျော်နင်းမင်္ဂလာပြုလုပ်တောင်းဆိုသူ ငမာကို တရားနှင့် စစ်မေးတော်မူပါ မှံရာဖြစ်ပါရမည့်အကြောင်း။  

 

၁၂၂၅ခု ကဆုန်လပြည့်ကျော် ၁၂ရက်နေ့တွင် မျို့တင်စီရင်စု မှန်တောပယ် ယုချောင်ပယ် လယ်မြေကုန်းတို့ကို ၅ဘို အမွေခံ သားမြေးမှန်သူ နေမျိုးရဲလှရာဇာကျော်ထင် မောင်အောင် မောင်ပျား မောင်လှိုင်  ငကျွယ်ပေါ မောင်ဝေ မောင်ပုံကျော် နေမျိုးရဲလှ ကျော်ထင် သီရိသမံနော်ရထာ မောင်တေဥမောင်ဝင် မောင်မိတ် မောင်ရွှေပေါတို့ သဘောတူ စာချုပ် ထားကြသည်။  ၅ဘိုတို့ ရာဇိုင်သည့် မှန်တောလယ် ယုချောင်လယ်မြေရပ်များကို ကာလရှေကျာ ရွေ့လျောလာ၍ သူတထူးထန် ပေါင်နှန် နစ်မွန်တိန်ဂေါ်ရှိသည်များကို   ၅ဘိုတို့ အမွေသားမြေးမှံသသည့်အတိုင်း  သဘောတူရာကျခံ တရားအဘက်ပေါ်ရှိလျင် တူညီကျကုန် ပျောဆိုပါမည် စာချုပ်မတည် မပျောမဆို ဖောံပျန်ကပ်ခိုနေလျင် ဆွေမျိုးတို့ တရားကို ဖောံပျန်သောသူမှန်သည်ဖြစ်၍ ဆွေမျိုးတို့ကို ရောံကျားတကိုပိုးငွေရွံနီ ၃၀ိ ကတော့ပါမည်ဆို၍ ၄င်္စာချုပ်သန်လူတို့ သဘောတူစာချုပ်နှင့် လဘက်လှန်စားကျသည် ကာလ စာစီစာရေး အချုပ်ဝင်လူ နေမျိုးရဲလှရာဇကျော်ထင် လဘက်ပေးသူ စာချုပ်ဝင်လူ ငကျွယ်ပေါ၊

 

၁၂၄၄ခု ပြာသိုလပြည့်ကျော် ၇၇က်နေ့ မြေထူးမြို့ စီရင်စု ရွှေကတန်းရွာနေ ငညှာ ငဘေတို့ချက်။။   ကျွန်တော် မြေတူးမြို့ဝန်လူဆို၍ ထားလှံစွဲကိုင် .မဘံမဆီး။ ငတေဦး ငရွှေတိုး ပြေးမပြေးမသိ။ မိအိမ်ဆောင်ကို ကျွန်တော် ကိုလက်ရောံ မဆွဲမကိုင်။ ကျိုးနှင့် မချီမတုပ်။ ရွှေကတန်းရွာ ရောံကာလ မိအိမ်ဆေင်ကို အကျင်း မခပ်မထား။  ငရွှေနီက ငတေဦး သား ငဘိုးခိုင်သည် ရွှေငွေအကွင်းအချီအထည်အလိပ်များကို ခိုးယူ။ သူခိုး ငဘိုးခိုင် အဘ ငတေဦးသည် မှန်တောရွာနေ ငရွှေတိုး မာား မိအိမ်ဆောင်တို့ နေအိမ်တွင် ပုံးအောင်းရှိနေကြောင်း  ငရွှေနီက မြို့ရုံးမှာ လျောံထားသောကြောင့် ၄င်းငတေဦး သား ငရွှေတိုးကို စစ်မေးရန်ရှိကြောင်းနှင့် လမ်းခရီး မထွက်မလွတ်စေရ အတူပါအောင် ခေါ်ချကဲ့ရမည် မြို့ဝန်စာနှင့် နယ်ရှင်သူကြီးကို တောင်းလျင် ငတေဥ သား ငရွှေတိုးကို တိမ်းရှောင်ထွက်ပြေးရှိသောကြောင့် သူခိုးလက်ခံသူ ငရွှေတိုး ထွက်ပြေးရှိကြောင်း မယား မိအိမ်ဆောင်ကို ခံဝန်ယရှိ သူကြီးက ထည့်အပ်သည်နှင့် ကျွန်တော် မိအိမ်ဆောင်ကို ချခေါ်လာရာ လမ်းစဉ်တလျောံ ညင့်အချိန်ရောံလျင် ထွက်ပြေးလိန့်မည်ကို ကျောံရွံ့သောကြောင့်  နယ်ရှင် သူကြီး ရွာအုပ်ခေါင်းတို့သို့ အပ်နှံချုပ်ထားသည်ကို အစွဲပြု၍ လက်ရောံမှုစကားနှင့်သာ မ ………

 

မှန်တောရွာကို ၁၂၄၄ခုနှစ်အထိ တွေ့နေရသေးသည်။ မည်သည့်အချိန်က ရွာပျက်သွားကြောင်း မသိရပေ။ ပါတော်မူပြီးနောက် ကန်ကလေးကုန်းရွာသို့ ပေါင်းသွားဖွယ်ရာ ရှိပေသည်။

 

 

၁၅။ကုန်းသာရွာ  ကုန်းသာရွာဟောင်းနေရာကား လက်ရှိ ဆံဆွဲရွာအနီးရှိ ပန်းတောင်းကျောင်း၏ အနောက်ဘက်နားစတွင် တည်ရှိသည်။ ကုန်းသာတောဟု သာ သိကြတော့သည်။  ဆံဆွဲရွာမှ ဒေါက်တာ ခင်မောင်ညွန်တို့ မိဘများ ပိုင်ဆိုင်သည့် လယ်တောနေရာပင်။ လက်ရှိတွင် ဦးခင်မောင်ညွန့်၏ ညီများ လုပ်ကိုင်လျက်ရှိသည်။

ကုန်းသာရွာက ၁၁၃၅ခုနှစ် ပုရပိုက်မှာ ဘုရင့်ထံ အခွန်ထမ်ဆောင်ပြီး လုပ်ကိုင်ကြရသည့် လယ်​​တောများ စာရင်းတွင်လည်ကောင်း။ ၁၁၃၅မှ ၁၁၉၀ထိ တစ်ဆက်တည်း လုပ်ကိုင်လာကြသည့် လယ်လုပ်သူနှင့် လယ်​​တောစာရင်းတွင်လည်ကောင်တွေ့ရသည်                                                             ၁၁၃၅ ပုရပိုက်တွင် ငသက်နှင်း သား မောင်မြတ်ဆီ သား မောင်​​ရွှေမိတ် ည်ီ ငရွှေရိပ် ငပြို ကုန်းသာရွာအနောံ မခြေငုပ်တို၊ ညောင်ပင်ရှိုထိ ၄၀င်္  လယ်လုပ်သူ(ဖတ်မရ) ကုန်းသာရွာအရှေ့ ကံအောက်ရှိုထိ လယ်မြေ ၁၀င်္ကျဲ ဟူ၍ လည်ကောင်း ၊ 

၁၁၂၅၊၁၁၃၅၊၁၁၄၅၊၁၁၅၅၊၁၁၆၄၊၁၁၇၅၊၁၁၈၂၊၁၁၈၅၊ ၁၁၈၈၊၁၁၉၀ ခုနှစ်များပါရှိသည့် လယ်​​တောစာရင်းတွင်လည် မှော် သား ငလှေလယ် ကုန်းသာရွာအရှေ့ ကံအောက်လယ် ၊ငသက်နှင်း သား ငမြတ်ဆီ သူး ငမိတ် ကုန်းသာရွာအနောက် မချည်းငုပ်ရှိုတော ဟု ၍ ရေးသားဖော်ပြထားသည်ကို တွေ့ရသည်                  ဖော်ပြပါ ပုရပိုက်နှစ်ခုတွင် ပါရှိသည့် လယ်​​တောစာရင်းများမှာ ရွှေကျင် ၁၃ရွာနယ်နှင့် မြို့တင် နယ်အတွင်း တည်ရှိသည့် လယ်​​တောစာရင်းများ ဖြစ်ကြလေရာ ရွှေကျင်၁၃ရွာ နယ်သည် အဆိုပါ ကုန်သာရွာ၏ အရှေ့ဘက်နောက်ဘက်လယ်များထိ ပါဝင်သည်ကို တွေ့ရသည်။ ထိုမှ တောင်ဘက်သွားသော် ပိတ်​​တောအင်းအနီးရှိ လယ်​​တောများကို ထပ်မံဖော်ပြထားသည်။ ဤသို့ဆိုလျင် ကုန်းသာရွာ အနီးထိသည် ရွှေကျင်၁၃ရွာနယ် အတွင်းတွင် တည်ရှိသည်ဟု ယူဆရသည်                                                                   

အခြား ပုရပိုက်မှတ်တမ်းတစ်ခုတွင် သက္ကရာဇ် ၁၂၂၁ခု တော်သလင်းလအတွင်း တပရင်းမြို့ စီရင်စု  ကုန်သာရွာ ဆိုထားလေရာ အဆိုပါ ကုန်သာရွာသည် ဒီပဲယင်းနယ်အဆုံးရှိ နယ်ခြားရွာပင် ဖြစ်သည်။ကုန်း သာ ရွာအရှေ့ဘက် ကံအောက်ရှိုသည် ရွှေကျင်နယ်အဆုံးဖြစ်​​ပေလိမ့်မည်။ ရွှေကျင်နယ်မှာ ရေရှင်ကုန်းရွာ အနောက် ၀ါးရုံပင် တောင်ပို့ထိ ဟုဖော်ပြထားသည်ကိုလည်တွေ့ရသဖြင်ရေရှင်ကုန်းရွာအနီးမှ ကုန်းသာရွာအနီး၊ ထိုမှ ပိတ်​​တောအင်း၊ မြေခုဘက်ဆီသို ရွှေကျင်၁၃ရွာ နယ်သည် ဆက်လက်လာခဲ့ပြီး အရာတော်ဘုရားသည် တောင်ဘက်မှ ရွာသူကြီးနယ်စပ်ပင်ဖြစ်သည်

သက္ကရာဇ် ၁၂၂၁ခု တော်သလင်းလအတွင်း တပရင်းမြို့ စီရင်စု  ကုန်သာရွာနေ ငရွှေမြတ် မျင်းမိသားကို တူတော်သူ ငကျော် ငလှောက် င.တို့က ငွေ ၂ဲဝိ ချိန် ၂၃ိ ကြောင်းတကာ ငတေဥထံ ၀ယ်ယူသည့်မြင်းက

 

 

 

 

 

 

၁၆။ ထန်းတောကုန်းရွာ

 

ထန်းတောကုန်းရွာကား ကံထူးမရွာ၏ မြောက်ဘက် တစ်မိုင်ခန့် ကျေးကန်သွားသည့်လမ်းဘေးတွင် တဘ်ရှိခဲ့သည်။  ကျနုပ်တို့ ငယ်စဉ်က အဆိုပါ ရွာဟောင်းနေရာတွင် အင်မတန်ကြီးမားသော သပြေပင်ကြီး တစ်ပင် ရှိခဲ့ဖူးလေသည်။ ယခုသော်ကား အဆိုပါ သပြေပင်ကြီးသည်လည်း မရှိရှာတော့ပေ။

ထန်းတောကုန်းရွာကို မြေဒူးမြို့ အ၀င် မြို့တင်နယ်စစ်တန်းပါ ထန်းတောကုန်းရွာ ဟု ဆိုသဖြင့် ထန်းတောကုန်းရွာသည်  မြို့တင်စီရင်စု အောက်၌ တည်ရှိခဲ့သည်ကို တွေ့ရသည်။ ထန်းတောကုန်းရွာကို ၁၁၉၁ခုနှစ် ထန်းတောကုန်းရွာနေ မောင်အော အစ်မ မရှင်ရွေး ၊(အခြားပုရပိုင်တွင် ၁၂၆ခု မောင်အော အစ်မ မရှင်ရွေးဟု ပါပြန်ရာ ၁၁၂၆ ဆိုလျင် ဝေးသွားပြန်သဖြင့် ၁၂၂၆ ဟုသာ ကောက်ချက်ဆွဲရပေးသည်။) ၁၂၂၀ပြည့် ကဆုန်လပြည့်ကျော် ၈ရက်နေ့နေ့စွဲများဖြင့် တွေ့ရလေရာ မင်းတုန်းမင်း လက်ထက်ထိ ထန်းတောကုန်းရွာသည် ရှိနေသေးသည်ကို တွေ့ရသည်။

အဆိုပါ ၁၂၂၀ပြည့်နျစ် ပုရပိုက်တွင်  ကျေးရွာပြုစုနေထိုင်လိုသဖြင့် မောင်အောက ၂ပယ်ကျဲခန့်ကို ပနာငွေ (အခွန်ငွေ) ရွက်နီချိန် ၃၀ ဆက်သ၍ အရပ်ရပ်ဆောင်ရွက်ရန် ကုနငွေများကို မောင်အောက ပေးဆောင်၍ ကျေးရွာအဖြစ် ပြုစုနေထိုင်ရကြောင်း ဖော်ပြထားသည်။ သက်သေအဖြစ် မြို့တင်သူကြီး မောင်ကျန်၊ မြေကုရွာနေ မောင်ရန်ပြေ၊ ကံထူးမရွာနေ မောင်ခန့် ၊ ကျေးကံရွာနေ မောင်နွဲ၊ သပြေရင်းရွာနေ မောင်သာစံ ၊ ကျေးကံရွာနေ မောင်ချင်ဖြူ၊ ပနာချစားသူ လက်ဆည်ရွာနေ ဦးမောင်လှိုင် စာရေး မောင်ပြန် တို့ ပါဝင်ကြသည် ဟုလည်း ဖော်ပြထားသည်။

ဤ၁၂၂၀ပြည့် ထန်းတောကုန်း ပုရပိုက် ကလေးသည် သမိုင်းကို အတော်ကလေး ပြောပြနိုင်ပေးသည်။ အဆိုပါနှစ်က မြေခုသူကြီး ငတုပ်ကြီး ဟု သိရသဖြင့် အခြားပုရပိုက်တစ်ခုတွင် ပါရှိသည့် မြေခု သူကြီး အရိုးဆက် စာရင်းနှင့်လည်း ကိုက်ညီသည်ကို တွေ့ရသည်။

မြေခုရွာ သူကြီးအရိုးဆက်စာရင်း

၁၁၄၅ခု ဘိုးတော်ဦးဝိုင်းလက်ထက်

        ငအောင်စို

        |

        သား ငစို ၁၁၆၄ခုစာရင်း

        |

        သား ငတုပ်ကြီး

        |

        သားငရွှေဘီ

 

          ငရွှေဘီသည် ငတုပ်ကြီး၏ သားပင်ဖြစ်သည်။ ဤအရိုးဆက်စာရင်းနှင့် ထန်းတောကုန်း ပုရပိုက်ပါ ငတုပ်ကြီးကို တွေရရှိရသည်ကား ဆရာကြီး ဦးကျော်ရှင်း မြေခု သူကြီး အရိုးဆက် စာရင်း လွဲနေသည်ကို ထောက်ပြနိုင်သဖြင့် အင်မတန်မှပင် တန်ဖိုးကြီးလှပါပေသည်။

 

သက္ကရာဇ် ၁၂၆ ခုနှစ် တော်သလင်းလ္ဆန်း ၅ရက်နေ့တွင် မောင်အော အစ်မ မရှင်ရွေးက ယုကြောင်ပယ်အတွင်း ယာဆိုင်ပိုင်ထိုက်သည့် သတွန့်ယင်းကြီး မိသားစု မျိုးကျ ၇င်္ကျဲလယ်ကို အပေါင်ခံယူပါ တပ်စာရေး မောင်ထွန်းကောင်း သ္မီးခင်ပွန်းက ရွှေအချိမ်.......ရွှေသွေး ၉ူးး ၁ဲနေ။ ၎င်းတရတ်။ ငွေချိန် ၇ိ၃ံငွေမွေ ရွံနီမှီ။ ၎င်းတရတ် ၁ိ၃ံငွေမွေ ၁ိ ရှင်ရွေးသို့ ပေး၍ ကျေးပေးလယ်ပေါ် အပေါင်ခံယူကျသည်ကာလ ငွေချိန်ငွေခန့် မောင်ချောအင် သိရှိသူ မောင်ရွေး စာရေး ငွေရင် တပ်စာရေး မောင်စုစူ ၁၆ိ၃ူး

 

သက္ကရာဇ် ၁၁၉၁ခု နယုံလပြည့်ကျော် ၈ရက်နေ့တွင် ထမ်းတောကုမ်းရွာနေ မောင်အော အစ်မ မရှင်ရွေးနှင့် ငွေ ၁၂ိ ၆ူး၁ဲငွေမွေရွံနီ ၎င်းနောံ ဦးဘေ ထပ်မာန်ပေါင်ပျံသည့် ငွေမွေရွံနီ ၂၂ိ၆ူးး။ ၎င်းသက္ကရာဇ်ကို ဆံဆွဲရွာနေ ငထွေး ကျေးကံရွာနေ ငခဲတို့ ရွေးယူသည်။

 

သက္ကရာဇ် ၁၁၉၁ခု နယုံလပြည့်ကျော် ၈ရက်နေ့တွင် ထမ်းတောကုမ်းရွာနေ မောင်အောက ငွေသုံးရန်လိုပါသည်။ အ္ထံ တပ်စာရေးမင်း သ္မီးခင်ပွန်းတွင် မှန်တော အောံ လယ်ကောံကြီးမိသားစု မျိုးကျ ၅င်္ကျဲ အပေါ်တွင် ငွေမွေရွံနီ ၂၅ဲ ၆ူး၁ဲ ထပ်ဖြည့်ပေးပါ မောင်ကူ သ္မီးလင်ပွန်းကို ဆိုလျင် ၎င်းမောင်အောဆိုချက်စကားအတိုင်း မောင်ကူ သ္မီးခင်ပွန်းက ငွေမွေရွံနီ အချိန် ၂၅ဲ ၆ူး၁ဲ

 

သက္ကရာဇ် ၁၂၂ပြည့်ကဆုံလပြည့်ကျော်၂ရက်နေ့ မြေခုရွာသူကြီးငတုပ်ကြီးက မြေဒူးမြို့အ၀င် မြို့တင်နယ် စစ်တန်းပါ ထန်းတောကုန်းရွာတောင် ယုချောင်ရေယူမြောင်းကွဲ အရှေ့လားသော် ၀က်လူးရှိုကို ရှောက်၍ ၀က်လူးအိုင် အရှေ့လမ်းမထိ၊ မြောက်ကိုလားသော် လမ်းမရှောက်၍ နွားမပေးမြောင်းထည့်(ထိ)၊ အနောံလားသော် မြောင်းရှောက် နတ်ကွန်းထိ၊ အနောံကိုလားသော် မြောင်းကိုရှောက်၍ သပ်မှတ်ရင်းမြောင်းရာ၊ ၎င်းလယ်မြေကုံးရပ်ဒေါင့်စွန်း ၂ပယ် ကျဲခန့်ရှိသည်များကို ကျေးရွာ ပြုစုနေထိုင်လုပ်စားပါရအောင် နယ်မြေအစိုးရသူတို့ထံ လျောက်ထားပြောဆိုပါ။ မောင်အောက အစီရင်ခံသည်ဖြစ်ပါ၍ ၎င်းနယ်မြေ၂ပယ်ကျဲခန့်ကို ပနာငွေ ရွံနီချိမ် ၃၀(ရွက်နီချိန်)ကို ဆက်သ။ မစတော်မူပါမည်အကြောင်းနှင့် အစီရင်ခံချက်အရ မြေဒူးမြို့စစ်တန်းခံ ၀က်လူးရှိုမြောံဘက် လယ်မြေကုန်းရပ် ၂ပယ် ကျဲများတွင် အိမ်ချေလူနေကျေးရွာပြုစုလိုသူ မောင်အောက ပနာငွေရွံနီချိန်၃၀ကို ဆက်သ၍ အရပ်ရပ် ဆောင်ရွက်ရန် ရှိသည်များကို မောင်အောက ပေးဆောင်ပြီးလျင် ၎င်းမြေပေါ်တွင်ကျေးရွာတည်လုပ်စားစေ၍ မောင်အောကို ပနာချ စားပေးအပ်ရှိသည့်ကာလ။ သိရှိသူ မြို့တင်သူကြီးမောင်ကျံ၊ မြေကုရွာနေ မောင်ရန်ပြေ၊ ကံထူးမရွာနေ မောင်ခန့် ၊ ကျေးကံရွာနေ မောင်နွဲ၊ သပြေရင်းရွာနေ မောင်သာစံ ၊ ကျေးကံရွာနေ မောင်ချင်ဖြူ၊ ပနာချစားသူ လက်ဆည်ရွာနေ ဦးမောင်လှိုင် စာရေး မောင်ပြန်။

 

 

၁၇။ ပကားရွာ

 

ပကားရွာ ပါရှိသည့် ပုရပိုက်ကို ကျနုပ် အိမ်ကလေူ အသစ်ဆောက်စဉ် ရွာမှ သူငယ်ချင် လက်သမားဆရာအား ခေါ်ဆောက်ခိုင်းစဉ်က အဆိုပါပုရပိုက်ကလေးကို အမှတ်မထင် ဖတ်ပြမိလိုက်သည်။ သို့သော် ကျနုပ်ပဲ အမှတ်မှားလိုက်ချေသလော ရှန်းမနီရွာနှင့် လွဲမှတ်လိုက်ချေသလော မသိချေ။ ဘယ်လိုမှ ပြန်ရှာမရချေ။ ရှိသမျှ ပုရပိုက်များကို အဖန်ဖန်တလဲလဲ ပြန်ဖတ်ရာ လုံးဝပင် ရှာမတွေ့တော့ချေ။ အမှတ်လွဲသည်ဟုသာ မှတ်ယူရပေတော့မည်။

ပကားရွာသည် အိုင်လျားရှည်ရွာမှ ကြောင်ဆင်းအိုင်ရွာသို့ သွားသည့် လမ်းမ၏ တောင်ဘက် တွင် တည်ရှိသည်။ ကြောင်ဆင်းအိုင်ရွာမရောက်မီ တောင်ဘကရှိ အိုင်လျားရှည်ရွာမှ ဦးဝင်းအောင်၏ သရက်ခြံ၏ အနောက်ဘက် တည်ရှိသည်။ လက်ရှိတွင် ဘုရားအို နှစ်ဆူသာ ကျန်ရစ်တော့သည်။

ဘုရားအို နှစ်ဆူအနက် အရှေ့ဘက်က ကုန်းထဲရှိ ဘုရားမှာ ဖောင်းရစ်အထိ  ကျန်ရှိနေသေးသည်ကို တွေ့ရသည်။ လက်ရှိတွင် ကျောင်းကုန်းရွာမှ ကိုမိုးဆွေ၏ ယာတောနေရာဖြစ်ပြီး ဦးမိုးဆွေမှ ဘုရားကလေးကို တံတိုင်းခတ်ပေး ထားသည်ကို တွေ့ရသည်။ အနောက်ဘက် ခပ်လှမ်းလှမ်းရှိ တစ်ဆူမှာ မုဒ်ပေါက် အထက်နေရာလောက်မှ ပျိုကျနေသည်။ ဤဘုရားနှစ်ဆူ၏ ထူးခြားချက်ကား တစ်နယ်လုံးရှိ မည်သည့်ဘုရားတွင်မှ မတွေ့ခဲ့ဖူးသည့် ဘုရားဆင်းတုတော် ထားသည့် မုဒ်ပေါက်များမှာ ကျဉ်းလွန်းနေခြင်းပင်။ အ၀ကျဉ်းပြီး အထက်အောက်ကား အတော်ကလေး ရှည်နေသည်ကို တွေ့ရသည်။

 

၁၈။ ရှမ်းမနီရွာ

 

ရှမ်းမနီရွာသည်  ရကဲဘုရားများတည်ရှိရာ ရကဲတော၏ အရှေ့ဘက် ကပ်လျက်တွင် တည်ရှိသည်။ ယခု ကြောင်းဆင်းအိုင်ရွာ ဦးဆန်းမင်းအောင်၏ ယာတောနှင့် ကပ်လျက်ပင်။ ဤရှမ်းမနီရွာကို ၁၂၄၅ခု သစ်စေးဆောက်လက်ခွန်များ စာရင်းတွင် ကြောင်ဆင်းအိုင်ရွာ ဆောက်စာရင်းတွင် ရှန်းမနီ ရွာရင်းတော ဟု တွေ့ရသဖြင့် အဆိုပါ ၁၂၄၅ခုနှစ်ထိ ရှမ်းမနီရွာသည် ရှိနေသေးသည်ကို တွေ့ရှိရလေသည်။ ရွာငယ်ရွာသိမ်ကလေးသား ဖြစ်ပေမည်။

ပါတော်မူပြီးနောက် အင်္ဂလိပ်လက်ထက်တွင် ကျေးရွာများကို အုပ်ချုပ်ရ လွယ်ကူစေရန် အိမ်ခြေအနည်းးဆုံး  ၂၀ ရှိရမည်ဟု အမိန့်ထုတ်ကာ ရွာသိမ်ရွာငယ်များကို နီးစပ်ရာ ရွာကြီးများသို့ ပေါင်းစေသည် ဟု ဆိုသည်။ သို့နှင့် အဆိုပါ ရှမ်းမနီရွာ နှင့် အနောက်ဘက်ရှိ ရကဲရွာတို့သည် ကြောင်ဆင်းအိုင်ရွာသို့ ပေါင်းသွားကြမည်ဟုသာ ယူဆရပေတော့သည်။

 

မြင်းကျအိုင်တော                                          မှာ ငစံဆေးတော

ကျွဲကမတော                                                      မှာ ငပြင်အိုးတာ
လျှိုအနောံဘက်တော                                              မှာ ငသောင်းတော
ရှန်မနီရွာရင်းတော                                                မှာ ငကျော်တော
ရေပျာကွင်းတော                                                  မှာ ငပေါတော
သဌေးကုန်းတော                                                  မှာသူကြီးမမိလှိုင်တော
မြင်းကျအိုင်အနောံပိုင်းတော                                      မှာငစံဆေးတော
သင်္ဂြိုင်းကုန်းကြောင်နားတော                                                             မှာငပြင်းအိုးတော

ပေါင်း                                             

 

No comments:

Post a Comment