အကုသလ အမိတ္တ ပါပရန် ဆဲ့၂တန်ကင်းထောံမှ လွတ်မြောက်ခွာရည်သံ မြိုက်အမတ နိဗ္ဗာန်ကို ဆွတ်ယူပန် စိတ်သုံးနှင့် ကျင့်နှုံးတော် စာမရီ မြဲဓလေ့ယှည်မှီလျက် ငှက်ကိကီပုံမယုတ် ၀ါယာဟူ အားထုတ်လျက် ပါဌ်ကုတ်ကျမ်းအလာ သံဝရလေးဖြာကို သက်ပမာသားဥသွင် လွန်ခင်မင်သဒ္ဓါဇော ရှင်ပီတိပြန့်ပြောလျက် သဘောတော်ဆံတသွေ့ ရှုလစ်လျူမမေ့ဘဲ ကျင့်ဆောင်လေ့ရှိပေသော ၀တ်တွားကြည်နူး လက်ဆယ်စုံညွတ်ဖူးလျက် ကံထူးမတိုက်အတွင်း သီတင်းသုံးနေပါသော တပည့်တော် ရှင်သုဇာတ လျှောံဝံ့ပါသည် အရှင်မြတ်ဘုရား ။ တပည့်တော်မှာ သီတာသတ္တရသန် တောင်ရံရစ်ခို မြင့်မိုမမျှ ဂုဏဆင့်ဆင့် ထူးမြတ်မြင့်သော အသက်၇၀အရွယ်သူ အဘတကာကြိးသည် ပျက်စီးခြင်း ခယ၀ယ ဘင်္ဂသဘော ရွေ့လျောဖောံပြန် ဆက်ဆံမလွဲ မမြဲတတ်သောဓမ္မ အနိစ္စ လက်တွင်းမှာ မကင်းမလွတ်နိုင်သူဖြစ်၍ ဘ၀တပါး ပြောင်းသွားကွယ်လွန်ရာ ရုပ်ခန္ဓာအလောင်းကို သူတော်ကောင်းတို့ သွားမြဲသောလမ်းမဖြင့် ဈာပနကိစ္စကို လှပအဆင့် ချီးမြှင့်ရွက်ဆောင်လိုပါသည်ဖြစ်၍ သက္ကရာဇ် ၁၂၃၂ခု ၀ါဆိုလပြည့်ကျော်၁၁ရက်နေ့ ကထူးမတိုက်သို့ နေ့ဆွမ်းမှီ ကြွရောံတော်မူပြီးလျင် ပစ္ဆာဘတ္တ သမယအခါ ၄င်းရွာအနောံတွင် သုသန်ခွင်အရပ်သို့ ချည်းကပ်တော်မူပြီးခါ အသုဘသညာကို မြဲမကွာသတိ သိဝထိန၀တွင် ပထမအခန်းဖြင့် စီးဖြန်းတော်မူပါမည့်အကြောင်းကို တောင်းပန်ညွတ်တွား လျောံထားဝံ့ပါသည် အရှင်ဘုရား။
No comments:
Post a Comment