ရွှေကျင်၁၃ရွာ ရွှေမှူး။ရွှေခေါင်း ကန်ကလေးကုန်းရွာ အစီအရင် မြေတိုင်းသူကြီးတို့ တည်တောလွှတ်စေလုင် သွောံကြီးခေါင်းတို့က တည်တောလွှတ်စေအစုပေး ၄၅ခု၊၆၄ခု၊ စာရင်းပါ သားမြေး ရွှေကျင်၁၃ရွာစီရင်စု ကန်ကလေးကုန်းရွာနေ ငတေစ ငကွန် ညီ ငပေါ်သစ် ညီ ငပြူးတို့ လွှတ်စေအစုစာရင်းပါ သားမြေးမှန်သည်နှင့်အညီ မင်းမှုမင်းခင် စရိတ်ကြေးငွေ အသေးအဘွဲ အခွဲအခန့် မရှိစေနှင့် ဆိုင်ရာစာပေးအပ်ရှိသည်ဖြစ်ပါ၍ လွတ်ငြိမ်းပါရမည်အကြောင်းနှင့် လျှောက်ချက်အတိုင်း ရွှေကျင်၁၃ရွာစီရင်စု ကန်ကလေးကုန်းရွာနေ ငတေစ ညီ ငပေါ်သစ် ညီ ငပြူးတို့ကို လွှတ်စေအစု ၄၅ခု၊၆၄ခု စာရင်းပါ သားမြေးမှန်လျင် ရွှေကျင်၁၃ရွာ ရွှေမှူး။သူကြီးတို့က မင်းမှုမင်းခင် စရိတ်ကြေးငွေ အသေးအဘွဲ အခွဲအခန့် မရှိစေနှင့်။ အစုဆိုင်ရာ ထမ်းရွက်စေ။ ဘုန်းတော်အလွန်ကြီးမြတ်တော်မူလှသော ဘုရားညီတော် အိမ်ရှေ့မင်း အမိန့်တော်ကို ဥိးထိပ် ရွက်ရသည် ဖြစ်သည်။ ရွှေကျင်၁၃ရွာစီရင်စု ကန်ကလေးကုန်းရွာနေ ငတေစ ညီ ငပေါ်သစ် ညီ ငပြူးတို့ကို လွှတ်စေအစု ၄၅ခု၊၆၄ခု စာရင်းပါ သားမြေးမှန်လျင် ရွှေကျင်၁၃ရွာ ရွှေမှူး။သူကြီးတို့က မင်းမှုမင်းခင်း စရိတ်ကြေးငွေ အသေးအဘွဲ အခွဲအခန့် မရှိစေနှင့်။ အစုဆိုင်ရာ ထမ်းရွက်စေရမည်။
No comments:
Post a Comment