သက္ကရာဇ် ၁၁၉၆ခု တပေါင်းလပြည်ကျော် ၅ ရက်နေ့တွင် ဇီးပေါက်ရွာနေ ကြေးထန်း မောင်ပန်းကြွယ် မောင်မွှေးတုပ်တို့က ကျနုပ်ရာဆိုင်ပိုင်ထိုက်သည့် ဇီးပေါက်နယ်မြေအတွင်း လင်းတသေတော လယ်မြေတောကုန်းသစ်ဝါးများကို သစ်စင်နယ်နမိတ် အပိုင်းအခြားများနှင့် ပေါင်ထားလိုသည် ၊ အပေါင်ခံထားနှင့်ပါ တပရင်းမြို့အ၀င် ကုန်စွာရွာနေ မောင်မြတ်နန်း ညီ မောင်ပြောင်တို့ကို ဆိုလျင် ၎င်း မောင်ပန်းကြွယ် မောင်မွှေးတုပ်တို့ အဆိုအတိုင်း လင်တသေတော လယ်ကုန်းအပိုင်းအချားမှာ မွေးနီကင်းလယ်ကြီးကစင်း အနောံတောကို လျောံ၍ ၆င်္ကျဲလယ်အောက်ကစင်းထိ၊ တောင်ကစင်း လျောံ၍ အနောံအလား လယ်ကောကြီးမြောံကစင်း၊ အနောံအလား တောင်ပြိုးခင်းလယ်ကစင်းထိ၊ တောင်အလား လန်းမထိ၊ အရှေ့လမ်းမရှောံ၍ ၀ါးရုံပင်လယ်ချင်းထိ၊ အရှေ့အလား မြေခုနယ်ချုပ်စပ်၊ အရှေ့မြောံအလား နှောပင်လယ်အထက်ကစင်း မြောံပြိုးမြောံကစင်းအရှေ့ နှောပင်ထိ မြောံအလား သတ်မှတ်ရင်း မွေးနီကင်းလယ်ထိ ၊၎င်းပတ်ဝိုက်သည့်မြေပေါ် ပေါံရောံရှိသည့် သစ်ဝါး အစို အချောက် များကို ခုပ်ယူလုပ်စားပါတော့ ဆို၍ လယ်မြေရှင် မောင်ပန်းကြွယ် မောင်းမွှေးတုပ်တို့ ဆိုချက်အတိုင်း ငွေမွေရွက်နီ အချိန် ၅၇ိ၃ံ။ ဇီးပေါက်သူကြီးမောင်ရွသို့ စားရန် ငွေ၁ိချိန် ၆ိ၁ံ ၂စုငွေ ၆၄ိကို ကြေးထန်း မောင်ပန်းကြွယ် မောင်မွှေးတုပ်သို့ ပေး၍ ပေါင်နှံထားသည့် လယ်မြေတောထန်းသစ်ဝါးများကို အထက်ကြေးထန်းတို့ ပေါင်ရင်း သက္ကရာဇ် ရှိသည့်အတိုင်း လင်းတသေတော လယ်မြေ တောကုန်းသစ်ဝါးများကို ရွေးနုပ်လုပ်စားနှင့်ပါ ဇီးပေါက်ရွာ သူကြီး မောင်ရွက ထန်းတောကုန်းရွာနေ စာတိုက်တကာ မောင်ကျောကိုဆိုလျင် သူကြီးမောင်ရွအဆိုအတိုင်း သက္ကရာဇ် ၁၂၀၂ခု တပိုတွဲလပြည့်ကျော် ၅ရက်နေ့တွင် လင်းတသေတော လယ်မြေတောကုန်း သစ်ဝါးများကို ကြေးထန်း မောင်ပန်းကြွယ် မောင်မွှေးတုပ်တို့ ပေါင်ရင်းငွေ ရွက်နီအချိန် ၅၇ိ၃ံ ။ သူကြီးမောင်ရွယူငွေ ၁င်္ချိန် ၆ိ၁ံ ၂စုငွေ ၆၄ိကို စာတိုက်တကာ မောင်ကျောက သူကြီးမောင်ရွသို့ပေး၍ အထက် ကြေးထန်းတို့ ပေါင်ရင်း သက္ကရာဇ် အတိုင်း ရွေးနုပ်လုပ်စားသည်။ လယ်မြေတောကုန်း သစ်ဝါးတို့အပေါ်မှာ အထက် ဇီးပေါက်သူကြီး ဘေးဘိုးဘတို့က စာတိုက်တကာ မောင်ကျောထံ အရပ်ရပ် ချေးယူသုံးစားကြသည့် ငွေစ္ပားရှိသည်များကို လင်းတသေတောခေါ် လယ်မြေပေါင်စား သက္ကရာဇ်ပေါ်မှာ ထပ်မံ သွတ်သွင်းပါရစေ။ သူကြီးမ အမယ်ဘဲ သား မောင်ရန်နုတို့က ပြောဆို၍ ၁၂၂၀ခု ပျာသိုလပြည့်ကျော် ၅ရက်နေ့ သူကြီးတို့ ချေးယူငွေ ၂၀ဲချိန် ၇၆ိ စ္ပားတင်းချင် ၁၅၉င်္ များနှင့် ယ္ခုသူကြီးမ အမယ်ဘဲ သား မောင်ရန်နိုင်တို့ သုံးစားရံယူငွေ မွေ ၂၀ဲချိန် ၁၅ိ ၊၂ရပ်ငွေ ၉၁ိ စ္ပား ၁၅၉င်္ ငွေစ္ပားများကို ထပ်ပေး၍ လင်းတသေတော လယ်မြေကို လက်ရှိအတိုင်း လုပ်ကိုင်စားသောံသည်။ တရပ် ၁၂၂၆ခု ကဆုံလပြည့်ကျော် ၃ရက်နေ့တွင် ဇီးပေါက်ရွာသူကြီး မောင်ထွန်းက လင်းတသေတော လယ်မြေပေါ်မှာ ထပ်ပေးပါ မောင်ဖိုးကျော် မောင်ထွန်းလှတို့ကိုဆို၍ သူကြီး မောင်ထွန်းသို့ ငွေ ၁၀ဲချိန် ၃၀ကို မောင်ဖိုးကျော် မောင်ထွန်းလှတို့က ထပ်ပေးရသည်။ တရပ် ၁၂၃၈ခု ၀ါဆိုလပြည့်ကျော် ၅ရက်နေ့တွင် သူကြီးမောင်ဘိုးသန့်က ငွေအသုံးလိုပါသည် လင်းတသေတောပေါ်မှာ ထပ်ပေးပါဆို၍ မောင်ဖိုးကျော် မောင်ထွန်းလှတို့က ငွေမွေ၂၀ဲငွေချိန် ၂၀ကို သူကြီး မောင်ဘိုးသန့်သို ထပ်ပေးရသည်တရပ်။ ၁၂၃၉ခု တပိုတွဲလဆန်း ၄ရက်နေ့တွင် သူကြီး မောင်ထွန်းဝက လင်းတသေတော လယ်မြေပေါ်မှာ ထပ်ပါ ဆို၍ မောင်ဖိုးကျော် မောင်ထွန်လှတို့က ထပ်ရငွေ ဒင်္ဂါးပျားရေ ၂၀ကို မောင်ထွန်းဝကို ထပ်ပေးရသည်။ တရပ် ၁၂၄၁ခု ၀ါဆိုလပြည့်ကျော် ၃ရက်နေ့တွင် ဇီးပေါက်သူကြီးမောင်ရံနုက မောင်ရွှေဘုံး မောင်ကြွက်ဖြူတို့ကို ငွေ ပေးဆပ်ရံ လင်းတသေ တောပေါ်မှာ ထပ်ပေးပါဆို၍ မောင်ဖိုးကျော် မောင်းထွန်လှတို့က ငွေ၁ိသုံး ဒင်္ဂါး ၂၂ိ၅ူးး ငွေကို သူကြီးမောင်ရံနုသို့ အပ်ပေးရသည်တရပ်။ ၁၂၅၃ခု နယုံလဆန်း၃ရက်နေ့တွင် သူကြီး မောင်ရံနိုင်က ငငယ် ငရွှေသန်းတို့အတွက် မောင်ဘုံးထံ ပေးအပ်ရန် ငွေအသုံးလိုပါ၍ ကင်းတသေတောပေါ်မှာ ထပ်ပါဆို၍ တရပ် ၁၂၅၃ခု နယုံလဆန်း ၃ရက်နေ့ ယ္ခုသူကြီး မောင်ရံနိုင်က ငငယ် ငရွှေသန်းတို့အတွက် မောင်ဘုံးထံ ပေးအပ်ရံ ငွေအသုံးလိုပါ၍ လင်းတသေတောမှာ ထပ်ပေးပါဆို၍ မောင်စို နှမ ရှင်ကောံ အမွေခံတို့ ငွေ ၁ိဒင်္ဂါး ၂၅ပျား သူကြီးမောင်ရံနိုင်သို့ ထပ်ပေးရသည်။
No comments:
Post a Comment