Friday, August 20, 2021

 

သားငှက်ညောင်ပင်း နဂါးဆင်း ရှေးမင်းခေါ်ကြ ပဉ္စာလ  ဟု စာချိုးထားသည့် ရသား၊ ငှက်ပျောတိုင်၊ ညောင်ပင်သာ၊ နဂါးဆင်း၊ပင်းသာ တို့ကို ပဉ္စာလ၅မြို့ဟု ခေါ်သည်။ အဆိုပါ  ပဉ္စာလ၅မြို့ကို ကျနုပ်ထံတွင် သိမ်းဆည်းထားသော ပုရပိုက်စာရင်းထဲရှိ ရွှေအလယ်ကြောင်း သစ်စေးဆောက်လက်ခွန်စာရင်း၊ သစ်စေးတောနှင့် ထိုးသူလုပ်သားစာရင်းများတွင် တွေ့ရသည်။ ပဉ္စာလ ၅မြို့တွင် စဟ်စေးထိုးစူ ဆောက်လက်လုပ်သားပေါင်း (၁၂၀) ရှိသည်ကို တွေံရသည်။အဆိုပါ စာရင်းများသည် ရွှေအလယ်ကြောင်းရှိ သစ်စေးတောများစာရင်းဖြစ်သဖြင့် အဆိုပါ ပဉ္စာလ၅မြို့သည် ရွှေအလယ်ကြောင်းတွင် ပါဝင်ဖွယ်ချေသလောဟု တွေးတောမိသည်။ အခြားပုရပိုက်အတိုအထွာကလေးထဲတွင် ပဉ္စာလ၅မြို့ကို ရွှေအရှေ့ကြောင်းဟု ရေးထားပြန်လေရာ ပဉ္စာလ၅မြို့သည် ရွှေအရှေ့ကြောင်းတွင် ပါဝင်သည်ဟုသာ ယူဆရချေတော့သည်။       ကုန်းဘောင်ခေတ်က မြှိုဝန်၊ရွှေမှူး၊သူကြီး စသည်တို့သည် အခွန်အတုပ်ကို မတရားခွဲတောင်း စားကြဟန်တူသည်။ ကျနုပ်တို့ ရွှေကျင်၁၃ရွာနယ်တွင် ရွှေမှူးနှင့် သူကြီးတို့က သသာမေဓ အခွန်တော်များ၊ အခြား အခွန်တော်များကို ပိုမို ခွဲတောင်းစားခဲ့ကြသည်ကို တွေ့ရသည်။ ကြာလာသော် ကျေးရွာနေ ရွာသူရွာသားတို့မှာ မခံနိုင်ကြတော့ပဲ ဘုရင်လွှတ်တော်ထိ တက်ရောက်တိုင်ကြားခဲ့ကြသည်ကို တွေ့ရသည်။ ထိုကဲ့သို့ လွှတ်ရုံးတော်များသို့ တိုင်ကြားရန်အတွက် ကုန်ကျသမျှကို အတူမျှခံကြရန် သဘောတူစာချုပ်များ ချုပ်ဆိုကြသည်ကို တွေ့ရသည်.။ ရွှေကျင်၁၃ရွာနယ်တွင် မင်းတုန်းမင်လင်ထက် ၁၂၃၇ခုနှစ်က တစ်ကြိမ်၊ သိပေါမင်းလက်ထက် ၁၂၄၄၊၄၅၊၄၆ခုနှစ်များဆီက တစ်ကြိမ် ကြေးငွေပိုမို ခွဲတောင်းခံရသည်ကို  မခံမရပ်နိုင်သဖြင့် ဘုရင့်ရုံးတော်သို့ တိုင်ကြားခဲ့ကြသည်ကို တွေ့ရသည်။

၁၂၃၇ခု တော်သလင်းလပြည့်ကျော် ၈ ရက်နေ့တွင် ကန်ကလေးကုန်းရွာ ကျေးပေးကြီးငယ်တစုတို့  သဘောတူစာချုပ် ကျသည်။ ၇ ခုနှစ် သသာမေဓငွေတော် တအိန် ၁၀ပျားကျပျင် ခေါင်း ငပြောင်က  ပိုမိုခွဲတောင်းစားယူသည့်ငွေကို လျောံထားပြောဆိုပေးပါ။ ကျွန်တော် ကျွန်တော်တို့ ရယူကြခံကြပါမည် အုပ်ကျောင်းတကာဦးပေါ်သစ်ကိုဆို ၄င်းလူတို့က စာချုပ်နှင့် သဘောတူ အပ်သည်  အပ်ပေးကျသည့်  ကာလသိရှိသူ စာစီ မောင်ပု စာရေး မောင်သာလူ

၁၂၃၇ခု နတော်လပြည့်ကျော် ၁၂ ရက်နေ့တွင် ကံထူးမရွာနေ ကျေးထန်းကြီး မောင်ရိပ်  မောင်ကျံနှစ် မောင်ခဲ မောင်တေဘေ မောင်ပြောင် မောင်စံကောင်း မောင်ရွှေအဲတို့နှင့် မောင်ပေါ်သစ် သဘောတူ စာချုပ်။ မြေခုခရိုင်မှာ သသာမေဓငွေတော်ပျင် ကြေးပို ငွေပို အိံချေ ထိန်ကျံ စားရူ ရှိသောကြောင့် လွှတ်တော်ဆိုင်ရာ ရုံးတော်မှာ ကုန်အတူ ရလျင်အညီ ခံပါမည် ဆိုပါမည် နောင် စာချုပ်အတိုင်မတည် ပေါံပျံ၍ တဦးဦးက ရှိလျင် ရောံကြားတကိုဖိုးငွေ ဒင်္ဂါးပျားရေ ၃၀ ကို ပေးပါမည် ဆို၍ သဘောတူစာချုပ်ကျသည် ကာလစာစီစာရေး ကိုဝိုင်။

၁၂၃၇ခု ပျာသိုလဆန်း၅ရက်နေ့တွင် အင်ပအိုင်ရွာနေ ကျောင်းတကာ ဦးထိန် ဦးကံဘေနှင့် ကံကလေးကုန်းရွာနေ ကျောင်းတကာ ဦးပေါ်သစ်တို့ သဘောတူ စာချုပ်ကြသည်။ မြေခုခရိုင် ကျေးပေးတို့မှာ ၄ခုနှစ် တုတိယရဇ် ငွေတော်မှစ၍ ၇ ခုနှစ်တိုင် သသာမေဓငွေတော်ပျင် သူကြီးကြေးခေါင်းတို့က ငွေအပိုအမို စားယူခွဲတောင်းသည်။ ငွေစပါးများ အမှုကို ဆိုင်ရာ မြို့ရုံးမှာ …….ရှင်းလင်းကြရာ သူကြီးကျေးခေါင်းတို့က ပိုမိုပျံပေးရရှိလျင် တူညီရယူကြခံ စုံညီကိုက်ပြောပါမည်။ စာချုပ်ရှိသည့်အတိုင်း မတီ ။တဦးဦးက ဖောံပျန်၍ရှိလျင် ရောံကျားတကိုဖိုးငွေ ဒင်္ဂါးပျားရေ ၃၀ ကို ပေးပါမည်.သဘောတူစာချုပ်ထားကြသည်။ ကာလ စာစီ ဦးထိန်။စာရေး ဦးကံဘေ။

ထန်းတပင် ပဉ္စာလ ၅မြို့ ဘက်တွင်လည်း ရွှေကျင်နယ်ကဲ့သို့ မြို့ဝန်၊သူကြီးတို့၏ သသာမေဓငွေတော် နှင့် အခြားအခွန်အခများကို  ပိုမို ခွဲတောင်းစားသည့် ဒါဏ်ကို နယ်သူနယ်သားတို့ ခံခဲ့ကြရသည်။  သို့နှင့် သွေးသောက်ကြီးများ၊ ဌာနေကြေးထန်းကြီးများက ရုံးတော်သို့ တက်ရောက်တိုင်ကြားခဲ့ကြသည်ကို တွေ့ရသည်။ ၁၂၃၄ခုနှစ် မင်းတုန်းမင်းလက်ထက်က ပိုမိုခွဲတောင်းစားသဖြင့် တိုင်ကြားခဲ့သည့် အမှုစကား မပြီးသေး သီပေါမင်းလက်ထက် ၁၂၄၄ ခုနှစ်တွင် သသာမေဓငွေတော် ခွဲတောင်းငွေ ပယ်ဖျက်ကြေးဆိုပြီး ဒင်္ဂါး ၆၀၀၀ကျော် ခွဲတောင်းပြီး ရုံးတော်သို့ ၄၀၀၀ သွင်းကာ ဒင်္ဂါး ၂၀၀၀ကျော်ကို ထိန်ချန်ကွယ်ဝှက် စာရင်းဖြောင်ကြောင်း တိုင်ကြားထားသည်ကို တွေ့ရသည်။                                                             ပဉ္စာလ ၅မြို့ ပုရပိုက်မှာ ရွှေကျင်၁၃ရွာ ပုရပိုက်များ အကြားတွင် တစ်ချပ်တည်း တွေ့ရသော ပုရပိုက်ကလေးပင်။ ပုရပိုက်မှာ အတော်ကလေးပင် မှုန်မွှားနေချေရာ ဖတ်ရအင်မတန် ခက်လှသည်။ ပထမဆုံးအကြောင်း၏ အလယ်ရှိစာများမှာ လုံးဝ ဖတ်မရချေ။  ဖတ်၍ရသလောက်သော အပိုင်းကလေးများက သမိုင်းတစ်စွန်းတစ်စကိုတော့ ဖော်ပြပေးနိုင်သေးသည်ကို တွေ့ရသဖြင့် ကျနုပ်တို့ ၀မ်းမြောက်ကြရပေမည်။ အဆိုပါ ပုရပိုက်ကလေးအရ ၁၂၃၄ခုနှစ်တွင်  ရသားမြို့ မြို့ဝန်မင်း နေမျိုးင်းထင်သိင်္ခကျော် ၊ ၁၂၄၄ ခုနှစ်တွင် ပင့်သာသူကြီးမင်း နေမျိုး သမန္တရဲကျော် ဟူ၍လည်းကောင်း တွေ့ရသဖြင့် သမိုင်းဟာကွက်ကလေးများကို ဖြည့်စွမ်းပေးနိုင်သေးသည်ကို တွေ့ကြရပေသည်။

ဘုရားကျွန်တော် ၅၀တော်သွောံကြီး………………ထန်းတပင် ပဉ္စာလ ၅မြို့ ကြေးထမ်းကြီးတို့ ရှိခိုး အစီရင်တော်ခံပါသည်ဘုရား။ ၁၂၃၄ခုနှစ် ပဉ္စာလ ရသားမြို့မှာ မြို့ဝန်မင်း နေမြိုးမင်းထင်သိင်္ခကျော် သသာမေဓ ခွဲတောင်းကောံခံ ရရှိသည့်အတိုင်း အခွန်တော်ကို မဆက်သွင်း ထိန်ချံ စားယူရှိပါသောကြောင့်။ တင်လျှောံ ရွှေလွှတ်တော်မှာ ရှင်းလင်းကြရာ ကြေးမှုစကား မဆုံးမခန်းမှီ ၁၂၄၄ခုနှစ် ရသားမြို့ သသာမေဓ ကောံခံ ခွဲတောင်း ငွေ ပယ်ဖြက်ကြေးဆို၍ ခွဲတောင်းငွေ နောံတိုးကြေးဆို၍ ခွဲတောင်းငွေ အသေးသုံးဆို၍ ခွဲတောင်းငွေ အရပ်ရပ်ငွေပေါင်း ၆၀၀၀ ကျော် ခွဲတောင်း။ အခွန်ရုံးတော်မှာ ၄၀၀၀ကျော်ကိုသာ ဆက်သွင်း။ ၂၀၀၀ကျော်ကို မဆက်သွင်း ထိန်ချန် စားယူ လူကို ညှင်းပန်း နှိပ်စက် စေခိုင်းများပျား ကျွန်တော်မျိုး လူတို့ကိုလည်း မငြိမ်မသက် ရှိပါသောကြောင့် ထန်းတပင် ပဉ္စာလ မြို့ဝန်နှင့် ရွှေလွှတ်တော်တွင် မှန်ရာဖြစ်ပါရမည့်အကြောင်း ကိုးကွယ်ရာ အရှင်သာ ဖြစ်ပါ၍ ရှိခိုး အစီရင်တော်ခံပါသည်ဘုရား။ ၁၂၄၄ခုနှစ် ပဉ္စာလ ရသားမြို့ ထမ်းခံအိမ်တို့မှာ သသာမေဓငွေတော် ပယ်ဖျက်ကြေးဆို၍ တအိမ် ၁ိ ကျ။ နောံတိုးကြေးဆို၍ ခွဲငွေ ။ အသေးသုံးဆို၍ တအိမ် ၂ူး ၁ဲကျ ခွဲငွေ စုစု ၆၀၀၀ကျော်ခွဲတောင်းငွေ စာရင်းဘုရား။

ပင်းသာမြို့သူကြီး နေမြိုး သမန္တရဲကျော် မေးချက်ဘုရား။      

No comments:

Post a Comment