Tuesday, August 24, 2021

 

ငဆိုနှင့် ငတို ငပေခွေ မိတုပ်ကြီး သား ငကျာထွန်းတို့ တရားရာန်စစ်ဖြစ်ပွားကျသည် လယ်မြေကုန်းမြေများကို စစ်လျင် ငဆို ဘိုး ငစိန်ခက် ရှိစင်   မှန်ထားပေးဝေလက်ရှိအတိုင်း ငတိုမှာ ၃င်္ကျဲ ငပေခွေမှာ ၃င်္ကျဲ မိတုံကြီးမှာ အင်ပင်လယ်တိုက် ပေါက်ရင်းကြီး ၂င်္ကျဲ လက်ရှိတည်စေ။ ငဆိုမှာ လယ်မြေ ၂င်္ကျဲသာ ရသည်ဖြစ်၍ တင်းကျဲညီမျှအောင် ကုန်းမြေ ၁င်္ကျဲကို အမွေစားတို့က ထပ်ပေးစေ။ ကျံကုန်းမြေမှာ ငဆိုနှစ်ကာလအရှည် ထိန်းသိန်းသူဖြစ်၍ ၁င်္ကျဲကိုနှုတ်ယူပြီးလျင် ကျံ ကုန်းမြေရပ်ကို မိလှမှုံ အမွေခံ မြေးဖြစ်မှံသူ ငဆို ငတို ငပေခွေ ညီမျ ဆိုးကောင်းဖက်ထုပ်ဝေယူ ခံစံကျစေ။ မိတုန်ကြီး သား ငကျာထွန်းတို့မှာ ကုန်းမြေအုမ်းထန်းတို့ကို ရကောင်းသည် မပြောမဆိုသာ လပ်စေ။ ကုန်းပေါ်တွင်  ပေါက်ရောက်သည့် သစ်ပင်တို့မှာ စိုက်ပြိုးသူတို့နှင့် မြို့ရွာထုံးစံရှိရာ ခွဲဝေပြီးလျင် အမွေစား ၃ ဦးသားတို့ အညီအမျှ  ဝေယူကျစေ။ ငဆို ငဘွယ်နှင့် ငတို ငပေခွေတို့မှာ စရိပ်ရင်း စရိပ်ထိန်၍ တရားအညီ ကျခံနုပ်သိန်းဆောင်ရွက်စေ။ နောံ ငတို ငပေခွေ မိတုန်ကြီး တို့ ကုန်စရိပ်ကို ငတို ငပေခွေတို့က ခံစေ။ မိတုန်ကြီး သား ငကျော်ထွန်း တို့မှာ လပ်စေ။ အမွေမကုမ် ကျွင်းကျံရှိလျင် အညီပြောဆို ယူကျစေ။ ငစိန်ခက် စိုက်သည့် အုမ်းပင်မှာ ငဆိုက ရစေ။ မိလှစံဝင်းရသင့်သည့် ပေါက်တောကြီး ပေါ်တွင် ငဘွယ် ထပ်ယူသည့် ငွေကို ငဘွယ် ရွေးစေ။ အင်ပင်လယ် မိသားတစု ၅င်္ကျဲ တည်ပင်လယ် မိသားတစု ၅င်္ကျဲမှာ  ငဆိုက သက္ကရာဇ် ပေါင်စာရှိသည် ဆိုသည့်အတိုင်း ပေါင်စာ သက္ကရာဇ်ကို ငဆိုက ချုပ်နေ့က ၂ရက်နှင့် တင်ပြစေ။ တင်နိုင်လျင် သက္ကရာဇ် တွက်ငွေ ရစေ။မတင်မပြနိုင်လျင် တည်ပင်လယ်မှာ အမွေပုံသွင်း ဝေစေ။ အင်ပင်လယ်ပေါင်မှာ မိတုပ်ကြီးက ရွေးနုပ်ယူစေ။ ငဆို ငဘွယ် ငတို ငပေခွေ မိတုပ်ကြီး သား ငကျော်ထွန်းတို့ နောင် တဦးကိုတဦး ဘိုးဘွားမိဘသေစရိပ်ရှိသည့် တရားစရိပ်ကုန်ကျရသည်ငွေရှိသည် လယ်ကုန်းအုမ်းထန်းပေး။ ပြောစုဆိုရာန် ကျွင်းကျန်ရှိသည် မပြောမဆိုသာ ပလပ်စေ။ သက္ကရာဇ် အတိုအရှေ အမှတ်အသား ရှိသည်များကို လည်း အမွေစားတစုတို့ စုံညီ ဖြက်သိန်းကျစေ။ ဟူ  ၁၂၂၄ခု  နယုန်လပြည့်ကျော် ၉ရက်နေ့ အမိန့်တော်ရ ဦးကျည် အရင်းခေါင် သွောံကြီး နေမျိုးရဲလှရာဇာ။ ကုန်းရိုးရွာနေ ကျောင်းတကာ ရဲလှရဲသူ တို့ ဆုမ်းမ ပြေပြန်စီရင်ချက်ကို အမှုသည် ငဆို ငတို ငပေခွေ ငထွန်းကျော်တို့ အစုံအညီ ငဆို ငတို ငထွန်းကျော်တို့  လဘက်လှန်စားကျသည် ကာလ လဘက်ပေး ငလူသစ်။

 

ငတို ငဘွယ် ငအို ငမုံ ငကလား ငမှန်တို့နှင့် ငဆို စာချုပ်။ ကျွန်တော်တို့ လယ်မြေအမွေမှု မရှင်းမလင်းရှိ၍ တရားရာန်စစ်ဖြစ်ကြသည်ကို ၂ဦးအဆိုဆင်ချေ လဘက်စားဖြတ်စာများကို တင်၍ အရင်းခေါင်ကျောင်းတကာ မင်းနေမျိုးရဲကောင် ကောံယူစီရင်ချက်ကို မပေါံမပျံ ပြီးငြိမ်းပါမည် ငတို ငဘွယ် သား ငအို ငမုံ ငကလား ငမှန် ငဆိုတို့ စုံညီ၍ ၁၂၂၄ခု တပိုတွဲလပြည့်ကျော် ၁၁ ရက်နေ့ အရင်းကောင်းရွာအုပ် မင်းနေမျိုးကျော်ထင်ရာဇာရှေ့ လဘက်လှန်စားကျသည် ကာလ လဘက်ပေး ငတို။

No comments:

Post a Comment