Tuesday, August 17, 2021

 ကျနုပ် မှတ်မှတ်ရရ သိသည်ကတော့ ကျနုပ်အသက် ၆နှစ်၊၇နှစ်ရွယ်တွင် ကျနုပ်အောက်မှ အသက်လေးငါးနှစ်အရွယ် နှမဖြစ်သူသည် အခြားကလေးငယ်များနှင့် ရွာ့တောင်ဘက် လယ်ခြင်းသို့ လျောက်သွားကြသည်။ ထိုစဉ်က ရွာတောင်ဘက်သည် ယခုလောက် လူသူမရှိချေသေး။ ဒေါ်ထွေးကြည်၏ အိမ်တောင်ဘက်ထွက်လျင် လယ်ခြင်းသို့ ရောက်ချေပြီ။ အနှီ ဒေါ်ထွေးကြည်၏ အိမ်တောင်ဘက် ကပ်လျက် ထန်းမပင်နှင့် ညောင်ကြွတ်ပင်ကပ်လျက်ရှိသည်။ တစေကလေးတစ်ကောင်သည် ထိုအပင်၌ ကျနုပ်၏ နှမသည် ခဏနေသော် ငိုပြန်လာသည်။ ဘယ်လိုမှ ချော့မရချေ။ အိမ်ဘေးမှ ဒွေးကြီးထီမေသည် ကလေးငိုသံကြားသော် အိမ်ရောက်လာပြီး ဘာလို့ ငိုတာတုန်းဆိုတော့ ဗိုက်နာလို့ ဟု ဆိုသည်။ ဘယ်သွားခဲ့တာတုန်း မေးကြည့်တော့ ရွာ့တောင်ဘက်တဲ့ ။ သို့နှင့် ဒွေးကြီးလည်း စလောင်ဖု့းလေးထဲ ထမင်းကလေးထည့်ကာ ရေနှင့်ဖျော်ပြီး ထန်းမပင် တစေကလေး ၊ကလေးတွေကို မနျောင့်ယှက်ပါနှင့် မစပါနှင့် ။ သည်ထမင်းလေးကို စားသောက်ပြီး မိမိနေရာကို ပြန်ပါ ဟုဆိုကာ အိမ်ပေါက်ဝမှ တောင်ဘက်သို့ လှည့်ကာ စလောင်းဖုံးကို  သွန်ပစ်လိုက်သည် ။ ပြန်ဝင်လာတော့ ကျနုပ်အား ကျွတ်ပြီ လွတ်ပြီလား ဟု မေးရာ ကျနုပ်လည်း ကျွတ်ပြီ လွတ်ပြီ ဟု ပြန်အော်လိုက်သည်။ ထူးဆန်းပေစွ။ ကျနုပ်၏ နှမသည် ချက်ချင်း အငိုတိတ်သွားသည်။ ဗိုက်နာလည်း ချက်ချင်း ပျောက်သွားသည် ဆို၏။

No comments:

Post a Comment