ပုရပိုက်ထဲမှ ရှာဖွေတွေ့ရှိရသော ထိမ်းမြားမင်္ဂလာပြုအပ် မပြုအပ်သောလများ
အမျိုးသားတို့ မှတ်သားကြွယ်လူ တကူးကဆုံ ထိမ်းမြားတုံမူ ပြည့်စုံကြွယ်ဝ ချမ်းသာရ၍ နေလဖော်စုံ လနယုံမူ ဆွေစုံနှင့်သာ ကြည်သာစိတ်ဝမ်း ရွှင်လမ်းမေတ္တာ ချစ်ကြည်ရာ၏။လူ့ရွာပြော်ထွဋ် သီတင်းကျွတ်မူ လူနတ်ရဟန်း ရွှင်လန်းပြင်ညီး သားသမီးနှင့် စည်ပြီးလူ့ထံ ကောင်းစွာစံအံ့။မိုးယံအဆုံး တဆောင်မုန်းမူ အသုံးအဆောင် အိမ်ထောင်ခန်းနား စပါးရေဆံ ပြည့်စုံမှံ၏။ဇီဝန်စိုရွှဲ တပို့တွဲမူ ပုလဲသန္တာ ရတနာရွှေငွေ လက်ယက်ရေသို့ များထွေကုံလုံ လွှန်ပြည့်စုံသည် လူ့ဘုံထင်ရှား အမျိုးသားတို့ ထိမ်းများရာလှ ဤချောက်လကို မှတ်ကျဆောင်ကုန်ရာသတည်း။မှတ်သားနောင်လာ မျိုးလေးဖျာတို့ ၀ါခေါင်ဝါဆို ထိမ်းမြားလိုမူ မိမ္မတို့မှာ ဖျားနာသေပြောံ ဘေးထိရောက်၏။ထို့နောက်တော်သလင်း ဆောင်တွင်းနတ္တော် ထိမ်းမြားသော်မူ ပုတ္တဓိတာ သားသမီးလျင်ဖြစ်ရာမရှိ သေပြောံဘိ၏။ချမ်းဘိနှင်းစို လပြာသိုမူ ယွင်းယိုဥစ္စာ မကျာပြက်စီး ကိုယ်တီးချေသာ ဖြစ်လေရာရှောင်း လတပေါင်းတွင် ထိမ်းမြားခြင်သော် သေကင်းရှင်းကွာ ဖြစ်လေရာသည် မှန်စွာမချွတ်မယွင်းတည်း။
အခါနာရီ ချင့်တွက်လီအံ့ ထုံးမှီဤသို လင်္ဂာပြိုကာ လူတို့မြက်စိ တမှိတ်ရှိက တခဏသာ မှံလှစွာ၏။ဆယ်ခါခဏ တဏယတည်း။နရဆယ်ခါ တခရာလျင် ခယာဆယ်တန် တပြံဟူပေ တသွေဆိုဟံ တပြံခြောက်လီ တဗီဇနာ မှန်လှစွာ၏။ဗီဇနာအား တဆဲ့ငါးမူ တပတ်ဟူ၏ ပတ်မူ၎လီ တနာရီတည်း။နာရီခြောက်ဆယ် တရက်ဝယ်တည်း။ရက်၃၀ကို တလဆို၏။ထိုထိုကြွင်းမဲ ရေတွက်ခဲသော် တဆဲ၂လ တနှစ်ရ၏။ကာလရှည်မှီ တနာရီတွင် ထွက်ဝင်အသက် သင်္ချာတွက်သော် ၀င်သက်တို့မှာ ၃၆၀ ထွက်သက်ဝယ်လည်း ထို့နှယ်လည်းကောင်း ဖြစ်တုံရှောင်းသည် မြဲကြောင်းမှတ်စေ ကုန်သတည်း။

No comments:
Post a Comment