သခင်ကိုယ်တော်မှိုင်း မှိုင်းဋီကာ(၁၅)
ရှေးက၀ိဆရာတွေက အရေးရှိလာရင်
ပြေးကြည့်စရာမလိုအောင် နောင်လာနောက်သားတွေအတွက်
ပြေးကြည့်စရာမလိုအောင် နောင်လာနောက်သားတွေအတွက်
သက္ကရာဇ်အမှန်ကို တွက်စစ်ကာ ကြံဆနိုင်ဖို့
ကဗျာလင်္ကာ စာစဉ်ကာရေးထားခဲ့သမို့
နှောင်းလူတွေ ခေါင်းဖြူအောင် စဉ်းစားစရာမလိုပဲ
မယွင်းမမှားနဲ့ အရှင်းသား သိရပေသကိုး ကိုမင်းရာရဲ့။
ကဗျာလင်္ကာ စာစဉ်ကာရေးထားခဲ့သမို့
နှောင်းလူတွေ ခေါင်းဖြူအောင် စဉ်းစားစရာမလိုပဲ
မယွင်းမမှားနဲ့ အရှင်းသား သိရပေသကိုး ကိုမင်းရာရဲ့။
ဂငယ်သုံးခု ဥသျှစ်ထု။
ဥသြအော်မည် ကုန်းဘောင်တည်။
အင်းအိုင်ဝိုက်လည် အမရတည်။
ဥသြရေသောက် မုနိရောက်။
အုတ်ကျစ်ကျော်အေး မန္တလေး။
ဦးကောင်းလိမ်ထုတ် မင်းဆက်ပြုတ်။
ဥသြအော်မည် ကုန်းဘောင်တည်။
အင်းအိုင်ဝိုက်လည် အမရတည်။
ဥသြရေသောက် မုနိရောက်။
အုတ်ကျစ်ကျော်အေး မန္တလေး။
ဦးကောင်းလိမ်ထုတ် မင်းဆက်ပြုတ်။
သက္ကရာဇ် ၈၈၈ ခု(မှန်နန်းကတော့ ၉၀၁)
သိုဟန်ဘွား ရှမ်းဓမြဘုရင် နန်းရစဉ်အခါက
ပန်းယနဲ့အ၀တစ်ခွင်လုံးမှာ သတင်းသုံးပြီးနေရှာကြတဲ့
ဘုန်းကြီးရဟန်းတွေကို တပည့်တပန်းထားပြီး
ပုန်ကန်ကာ သောင်းကျန်းလျင် အကြောင်းအကမ်းမသင့်က ခက်ချိမ့်မည်။
ရဟန်းဘုန်းကြီးတွေကို ဖမ်းဆီးကာ လက်ဆတုံးလေပါမှ
အသက်တမျှအဆုံး နေရာကြလိမ့်မည်ဟု မတော်မရာစိတ်ကူးပြီး
တောင်ပလူလယ်ပြင်ထိပ်မှာ ဆွမ်းဖိတ်ကျွေးသလိုမျိုးနဲ့
အတေးအငြိုးထားသတ်လိုက်တာ ကျမ်ဂန်စာအင်မတန်တတ်ရှာတဲ့
ရဟန်းသံဃာအရှင်မြတ် ၃၀အပါအ၀င် သံဃာပေါင်း ၃၆၀ကို
သတ်ကာမျှောလို့ မြစ်ဧရာနဒီတကြောမှာ
သွေးချင်းချင်းနီကာမြောရတဲ့အဖြစ်ကို
ရှေးက၀ိဆရာရယ်က တွေး ကြည့်ကာ အလွယ်ပြုရအောင်
ဂငယ်သုံးခု ဥသျှစ်ထု လို့ လင်္ကာပြုလို့ ထားခဲ့သကိုး ကိုမင်းရာရဲ့။

ရှေးဆရာတွေကတော့ အရေးအရာတွေကို
မနှေးမကြာပဲ ရေးကာထားခဲ့သလို
နှောင်းဆရာတွေကလည်း အကြောင်းအရာ
ဇာတ်လမ်းအခွင်ခွင်ကို မပြတ်တမ်းယှဉ်လို့
မှတ်တမ်းတင်ဖို့ လိုသေးသကိုး ကိုမင်းရာရဲ့။
မနှေးမကြာပဲ ရေးကာထားခဲ့သလို
နှောင်းဆရာတွေကလည်း အကြောင်းအရာ
ဇာတ်လမ်းအခွင်ခွင်ကို မပြတ်တမ်းယှဉ်လို့
မှတ်တမ်းတင်ဖို့ လိုသေးသကိုး ကိုမင်းရာရဲ့။
ရေလျှံကာ အခက်ဖြစ်နေတဲ့
ပြေမြန်မာ သက္ကရာဇ်ကို
ဝေဖန်ကာ တွက်စစ်လိုက်တော့
တစ်နှစ်လုံးအလွန်ထူးကာဆန်းစေမယ့်
တစ်သုံးခွန်ပူး(၁၃၇၇)ဂဏန်းကို တွေ့သကွဲ့။
ပြေမြန်မာ သက္ကရာဇ်ကို
ဝေဖန်ကာ တွက်စစ်လိုက်တော့
တစ်နှစ်လုံးအလွန်ထူးကာဆန်းစေမယ့်
တစ်သုံးခွန်ပူး(၁၃၇၇)ဂဏန်းကို တွေ့သကွဲ့။
ဗိုလ်အညှီအပုပ် ခရိုနီငယုတ်တွေကြောင့်
အညစ်အကြေးအစုံစုံ ညစ်ထေးကာ ဖုန်တက်နေတဲ့
ယမ်းနံ့တဝေေ၀ သွေးနံ့ညှီထောင်းနေတဲ့မြေကို
မွှေးရနံ့ဆီနဲ့လောင်းကာ သင်းပျံ့ကာကြည်
ရှင်းသန့်ကာစည်ပင်ဖြိုးစေဖို့ ပြေမြန်မာ ဝေဆာဖြိုးစေဖို့
မနေသာ ဒေ၀ါမိုးရယ်က ရေဇလာ ချွေကာပေးလို့ရယ်
ချေးညှော်တွေ ပြောင်အောင်မနှေး ဆေးကြောကာပေးပြန်သမို့
တိုင်းမြန်ပြည် မြေပြင်ကျယ်အစစ်ကနေ
ှနှိုင်းစံမမှီ ရေပင်လယ်ဖြစ်ရတဲ့
သက္ကရာဇ် သည်ခုနစ်ပူး ၀ါထပ်ကာထူးတဲ့နှစ်ဟာဖြင့်
ကဗျာစပ်ကာ စာစပ်ကာသာ မြူးပစ်လိုက်ချင်သဟဲ့
လပ်ကီး ဂဏန်းထက် နှစ်ခါပူးတော့
ပြည်သူတွေ အမြတ်ကြီးမြတ်ပြီး အစွမ်းထက်ကာ
စန်းတက်ခါ နှစ်ခါမြူးစေရော့လဟယ်။

အောင်ဆန်းတိုက်ထုတ် (၁၃၇၇) ကလေးမြုပ်။
အောင်ဆန်းတိုက်ထုတ် ကောလင်းမြုပ်။
အောင်ဆန်းတိုက်ထုတ် ပွင့်ဖြူမြုပ်။
အောင်ဆန်းတိုက်ထုတ် ကောလင်းမြုပ်။
အောင်ဆန်းတိုက်ထုတ် ပွင့်ဖြူမြုပ်။
အောင်ဆန်းတိုက်ထုတ် ဖွတ်ကြီးပြုတ်။
အောင်ဆန်းတိုက်ထုတ် ဖွတ်တွေပြုတ်။
အောင်ဆန်းတိုက်ထုတ် ခရိုနီပြုတ်။
အောင်ဆန်းတိုက်ထုတ် စစ်အာဏာပြုတ်။
အောင်ဆန်းတိုက်ထုတ် ဖွတ်တွေပြုတ်။
အောင်ဆန်းတိုက်ထုတ် ခရိုနီပြုတ်။
အောင်ဆန်းတိုက်ထုတ် စစ်အာဏာပြုတ်။
ရေလျှံကာတစ်ပြင်လုံးဖုံးနေတဲ့ ပြေမြန်မာတစ်ခွင်လုံး
ဘေးဘယာအပေါင်းမှ ဝေးကွာညောင်းကြပါစေကြောင်း
တိုင်းတစ်ခွင်သာအောင် မှိုင်းသခင်ဆရာက
မေတ္တာစာခွေ ဆက်သကာချွေလိုက်ပါကြောင်း။
တိုင်းတစ်ခွင်သာအောင် မှိုင်းသခင်ဆရာက
မေတ္တာစာခွေ ဆက်သကာချွေလိုက်ပါကြောင်း။
No comments:
Post a Comment