Friday, August 14, 2015

သခင်ကိုယ်တော်မှိုင်း မှိုင်းဋီကာ(၁၈)

သခင်ကိုယ်တော်မှိုင်း မှိုင်းဋီကာ(၁၈)

နှိုင်းမမြင်စရာ မသတီစရာ ငတိတွေရဲ့ လုပ်ရပ်ကို
တိုင်းခွင်ကမ္ဘာချီကာ သိအောင်
မှိုင်းသခင်ဆရာ ဋီကာနဲ့ ကလိလာလိုက်တာ 
တိုင်းတစ်ခွင်ဟီစရာ မှိုင်းသခင် ဋီကာ
မပြတ်အစဉ် လျှောက်လာလိုက်တာ
အမှတ်စဉ်(၁၈) ရောက်ပါပေါ့ ကိုမင်းရာရဲ့။
နေ့ခင်းအိပ်မက် ကယောက်ကယက် ဆိုလား ကိုမင်းရာရယ်။
တစ်နေ့ နေ့လယ်က ဝေ့လည်စရာကလည်းမမြင်
အင်တာနက်ကလည်း အလုပ်မလုပ်
ဖွဘုတ်ကလည်း တက်မလာ
ရှက်စရာတကယ် ကောင်းနေတာက
 ပြေမြန်မာမှာ မရွှင်မသာစရာ အက်ကြောင်းတစ်ခုရှိရင် 
အင်တာနက်ခေါင်းကထိပြီသာ မှတ်ဟဲ့။
ဒါနဲ့ မှိုင်းသခင်ဆရာလည်း နှိုင်းမမြင်သာအောင် ရှက်စရာကောင်းတဲ့
လိုင်းဝင်မလာတဲ့အင်တာနက် ဖွဘုတ်ကို ပထုတ်ပြီး
ရုပ်သေးဇာတ်ဆရာတွေရဲ့အကြောင်း မှတ်စရာကောင်းသမို့
ဖတ်ကောင်းကောင်းနဲ့ဖတ်နေမိပါတယ်
ထိနမိဒ္ဒ နှိပ်စက်လို့ အိပ်မက်ကမ္ဘာ တမဟုတ်ကလေးထဲ
စိတ်ပျက်စရာ ရုပ်သေးပွဲ ရောက်သွားပါပေါ့ ကိုမင်းရာရယ်။
အိပ်မက်ကလည်း စိတ်လက်များ မကြည်စရာ
ပလီပလာပြောတယ်တောင် ထင်ချင်စရာကောင်းရဲ့
ဘ၀င်မှာအဟုတ်ဆွေးစရာပ ရုပ်သေးဆရာရွှေဖူးညိုရဲ့
မသွေထူးတယ်ဆိုရမယ့် ဇာတ်လမ်းအပြတစ်ကွက်နဲ့
စထွက်လို့ လာပါရော ကိုမင်းရာရယ်။
ငါးမန်းလေးတစ်ကောင် ကမ်းဘေးသောင်ပိုင်းအစပ်မှာ
လှိုင်းခတ်ကာ အရိုက်နှက်ခံရသမို့
တလှိုက်လှိုက်နဲ့ အခက်ဖြစ်နေရှာသဟဲ့။
အဲသည်အချိန်မှာပဲ သိန်းငှက်ကြီးကြီးတစ်ကောင်က
ချိန်းချက်ပြီးတောင်ထားသလားမသိ 
အရှိန်အဟုန်ပြင်းပြင်းနဲ့ တိမ်ဘုံကိုခွင်းကာ
ဇွဲမာန်သွင်းပြီး ၀ဲပျံဆင်းလာကာ
ငါးမန်းပေါက်လေးကို လှမ်းပေါက်ကာ
 ခြေသည်းနဲ့ကုတ်ပြီး လေထဲကို သုတ်သွားပါရောလား။
သခင်မှိုင်းလည်း အရင်အတိုင်းပဲ
စူးစမ်းချစ်စိတ်က မပြတ်ချင်တော့ 
အမှတ်မထင် ဇာတ်စင်ဘေးကနေ
အကြောင်းသိအောင် ချောင်းကြည့်မိပါတယ် 
အမယ်မင်းဟဲ့ ကိုမင်းရာရယ် အကျိုးနဲကွယ်
ကြိုးဆွဲတဲ့လူက တစ်ယောက်ထဲပါလားဟရို့။

No comments:

Post a Comment